အောင်မှတ်ကို(၉၇ ဒသမ ၅)မှတ် သတ်မှတ်ခဲ့သည့် ကိုရီးယား(EPS) စာမေးပွဲ စည်းမျဥ်းကြောင့် ကျောင်းသားများ အခွင့်အရေးဆုံးရှုံးမှုများရှိနေ
607
ယွန်း (NP News) - အောက်တိုဘာ ၃၁
အောင်မှတ်ကို(၉၇ ဒသမ ၅)မှတ် သတ်မှတ်ခဲ့သည့် ကိုရီးယား(EPS)စာမေးပွဲစည်းမျဥ်းကြောင့် ကျောင်းသားများအခွင့်အရေးဆုံးရှုံးမှုများရှိနေကြောင်း ကျောင်းသားအချို့နှင့်
ကိုရီးယားသင်တန်းကျောင်းများထံ ဆက်သွယ်မေးမြန်းထားချက်များအရ သိရသည်။
၂၀၂၄ ခုနှစ်၊ (၁၆)ကြိမ်မြောက် EPS ကုန်ထုတ်ပထမသုတ်စာမေးပွဲကို ထပ်တိုးဖြေဆိုသူများအပါအဝင်ကျောင်းသားများက ဇွန် (၃)ရက်မှ အောက်တိုဘာ (၁၅)ရက်ထိ ဖြေဆိုခဲ့ရပြီး စုစုပေါင်းဖြေဆိုသူဦးရေ (၄၈၀၀၀)ဦးတွင် အောင်မြင်သူဦးရေ (၅၅၄၀)ဦးရှိခဲ့သည်။အဆိုပါစာမေးပွဲတွင် ပေးမှတ်ကို(၁၀၀)မှတ်သတ်မှတ်ထားပြီး အောင်မှတ်ကို(၉၇ ဒသမ ၅)မှတ်ဖြင့် သတ်မှတ်ခဲ့ခြင်းကြောင့် ဖြေဆိုသူ(၁၀)ယောက်တွင် (၁)ယောက်နှုန်းဖြင့်သာ အောင်မြင်ခဲ့ကြောင်း သိရသည်။
"အခုဖြေတာဆိုရင်တော့ (၁၆)ကြိမ်ရှိပြီ။ အဲဒီလောက်ထိ အမှတ်ဖြတ်တာတော့ မမြင်ဖူးသေးဘူး။ ၈၀ ကျော်လောက်တောင်တော်တော်များနေပြီ။ အဲဒီလောက်ပဲဖြတ်သွားတာတွေ့ဖူးတယ်။ ဒီနှစ်ကျတော့ လူကလည်းများတယ်။ ပြီးရင် ကျောင်းသားတွေက (၉၀)ကျော်ရတဲ့သူ တော်တော်များတယ်။ အခုက အယောက်(၄၀၀၀၀)ကျော်ဖြေတဲ့အထဲမှာ (၅၄၀၀)အောင်တယ်ဆိုတော့ (၁၀)ယောက်ဖြေရင် (၁)ယောက်လောက်ပဲအောင်တဲ့သဘောပေါ့" ဟု ကိုရီးယားသင်တန်းကျောင်းဖွင့်လှစ်ထားသည့် တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ယခု ၂၀၂၄ ခုနှစ်၌ ကိုရီးယား(EPS)စာမေးပွဲဖြေဆိုမည့် အရေအတွက်မှာ(၈၀၀၀၀)နီးပါးခန့်ရှိပြီး ဒုတိယအသုတ်ကို လာမည့် ၂၀၂၅ ခုနှစ်၊ နှစ်စပိုင်းတွင် စတင်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လက်ရှိဖြေဆိုခဲ့သည့် (၁၆)ကြိမ်မြောက် EPS ကုန်ထုတ်ပထမသုတ်စာမေးပွဲတွင် သတ်မှတ်ခဲ့သည့် အောင်မှတ်ကြောင့် ကျောင်းသားများအတွက် အခွင့်အရေးဆုံးရှုံးမှုများအပြင် နစ်နာမှုများ ရှိခဲ့ကြောင်း ၎င်းကဆက်လက်ပြောသည်။
"ကျောင်းသားတွေတင်မဟုတ်ဘူး။ ဆရာ/ဆရာမတွေရော အကုန်လုံးစိုးရိမ်သွားကြတယ်။ ညံ့လို့ရှုံးတဲ့ကျောင်းသားကနည်းတယ်။ အမှတ်(၉၀)ကျော်ရပြီးရှုံးတာဆိုတော့ သူတို့ဘက်ကကြည့်ရင် တစ်နှစ်လုံးရင်းထားရတာလေ။ တချို့မရှိတဲ့သူတွေကျတော့ အလုပ်မလုပ်ရပဲနဲ့ ဒီမှာပဲလာပြီးအချိန်ကုန်ခံပြီးရင်းထားရတာဆိုတော့ သူတို့အတွက်က အရမ်းနစ်နာတယ်။ (၉၅)လောက်ရအောင်ဖြေဖို့ဆိုတာကလည်း မလွယ်ပါဘူး။ အဲဒါကို ၉၇ ဒသမ ၅ မှအောင်မယ်ဆိုတာမျိုးကျတော့ ကျောင်းသားတွေဘက်ကကြည့်ရင်တော့ မကောင်းဘူးပေါ့။ အခုကျသွားတဲ့သူတွေအတွက်က ၂၀၂၅ ခုနှစ်ထဲမှာ စာမေးပွဲရှိတယ်ဆိုရင်တော့ ထပ်ဖြေရမှာပေါ့။ ၂၀၂၆ မှလည်းရှိရင်ရှိမယ်။ ဒါကတော့ပြောလို့မရဘူး"ဟု အထက်ပါ တာဝန်ရှိသူက ဆက်လက်ပြောသည်။
အဆိုပါစာမေးပွဲကြောင့် ကျောင်းသားများအနေဖြင့် အချိန်နှင့်ငွေကြေးကုန်ကျမှုများရှိခဲ့သော်လည်း ၎င်းတို့အတွက်အခွင့်အရေးမရရှိခြင်းကြောင့် ထပ်မံဖြေဆိုရန် မသေချာတော့သည် အခြေအနေတွင်ရှိနေကြသည်။
"ကြိုးစားတာအရာမထင်တော့ စိတ်တော့ညစ်တာပေါ့။ ကိုယ်ကဖြေနိုင်ပေမယ့် ကျသွားတယ်။ ကျွန်တော်က ၉၅ မှတ်ရတယ်။ တစ်ပုဒ်ပဲမရတာ။ တစ်ခါသွားရဖို့ကို သုံး၊ လေးနှစ်တောင် ရင်းထားရတာ။ အခုကတော့ လမ်းပျောက်သွားတာပေါ့။ စာမေးပွဲရှိသေးရင်တော့ဝင်ဖြေမယ်။ မရှိရင်တော့လည်းမဖြေတော့ဘူး။ အခြေအနေအရပဲ။ မသေချာတော့ဘူးပေါ့။ ဖြေတာက အခက်အခဲမရှိဘူး။ လွယ်တာကအကုန်လွယ်တယ်။ အပြင်က လေးပုဒ်လောက်ပဲပါတာ။ ကျွန်တော်တို့ကျောင်းက(၁၇၀)ကျော် ဖြေတာ (၅၂)ယောက်ပဲအောင်တယ်" ဟု EPS စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့သည့် ကျောင်းသားတစ်ဦးက ပြောသည်။
ထို့ပြင် အဆိုပါစာမေးပွဲ၌ သတ်မှတ်ထားသည့်အတိုင်း(၉၇ ဒသမ ၅)မှတ် ရရှိခဲ့သော်လည်း ကျရှုံးခဲ့သည့်ကျောင်းသားများလည်းရှိနေကြောင်းသိရပြီး တစ်ဖက်ရှိကိုရီးယားနိုင်ငံမှ ခေါ်ယူသည့်အရေအတွက်အတိုင်း အမှတ်အများဆုံးမှ စတင်ခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။
zawgyi version
ေအာင္မွတ္ကို(၉၇ ဒသမ ၅)မွတ္ သတ္မွတ္ခဲ့သည့္ ကိုရီးယား(EPS) စာေမးပြဲ စည္းမ်ဥ္းေၾကာင့္ ေက်ာင္းသားမ်ား အခြင့္အေရးဆုံးရႈံးမႈမ်ားရွိေန
ယြန္း (NP News) - ေအာက္တိုဘာ ၃၁
ေအာင္မွတ္ကို(၉၇ ဒသမ ၅)မွတ္ သတ္မွတ္ခဲ့သည့္ ကိုရီးယား(EPS)စာေမးပြဲစည္းမ်ဥ္းေၾကာင့္ ေက်ာင္းသားမ်ားအခြင့္အေရးဆုံးရႈံးမႈမ်ားရွိေနေၾကာင္း ေက်ာင္းသားအခ်ိဳ႕ႏွင့္
ကိုရီးယားသင္တန္းေက်ာင္းမ်ားထံ ဆက္သြယ္ေမးျမန္းထားခ်က္မ်ားအရ သိရသည္။
၂၀၂၄ ခုႏွစ္၊ (၁၆)ႀကိမ္ေျမာက္ EPS ကုန္ထုတ္ပထမသုတ္စာေမးပြဲကို ထပ္တိုးေျဖဆိုသူမ်ားအပါအဝင္ေက်ာင္းသားမ်ားက ဇြန္ (၃)ရက္မွ ေအာက္တိုဘာ (၁၅)ရက္ထိ ေျဖဆိုခဲ့ရၿပီး စုစုေပါင္းေျဖဆိုသူဦးေရ (၄၈၀၀၀)ဦးတြင္ ေအာင္ျမင္သူဦးေရ (၅၅၄၀)ဦးရွိခဲ့သည္။အဆိုပါစာေမးပြဲတြင္ ေပးမွတ္ကို(၁၀၀)မွတ္သတ္မွတ္ထားၿပီး ေအာင္မွတ္ကို(၉၇ ဒသမ ၅)မွတ္ျဖင့္ သတ္မွတ္ခဲ့ျခင္းေၾကာင့္ ေျဖဆိုသူ(၁၀)ေယာက္တြင္ (၁)ေယာက္ႏႈန္းျဖင့္သာ ေအာင္ျမင္ခဲ့ေၾကာင္း သိရသည္။
"အခုေျဖတာဆိုရင္ေတာ့ (၁၆)ႀကိမ္ရွိၿပီ။ အဲဒီေလာက္ထိ အမွတ္ျဖတ္တာေတာ့ မျမင္ဖူးေသးဘူး။ ၈၀ ေက်ာ္ေလာက္ေတာင္ေတာ္ေတာ္မ်ားေနၿပီ။ အဲဒီေလာက္ပဲျဖတ္သြားတာေတြ႕ဖူးတယ္။ ဒီႏွစ္က်ေတာ့ လူကလည္းမ်ားတယ္။ ၿပီးရင္ ေက်ာင္းသားေတြက (၉၀)ေက်ာ္ရတဲ့သူ ေတာ္ေတာ္မ်ားတယ္။ အခုက အေယာက္(၄၀၀၀၀)ေက်ာ္ေျဖတဲ့အထဲမွာ (၅၄၀၀)ေအာင္တယ္ဆိုေတာ့ (၁၀)ေယာက္ေျဖရင္ (၁)ေယာက္ေလာက္ပဲေအာင္တဲ့သေဘာေပါ့" ဟု ကိုရီးယားသင္တန္းေက်ာင္းဖြင့္လွစ္ထားသည့္ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ယခု ၂၀၂၄ ခုႏွစ္၌ ကိုရီးယား(EPS)စာေမးပြဲေျဖဆိုမည့္ အေရအတြက္မွာ(၈၀၀၀၀)နီးပါးခန႔္ရွိၿပီး ဒုတိယအသုတ္ကို လာမည့္ ၂၀၂၅ ခုႏွစ္၊ ႏွစ္စပိုင္းတြင္ စတင္ေျဖဆိုသြားမည္ျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ လက္ရွိေျဖဆိုခဲ့သည့္ (၁၆)ႀကိမ္ေျမာက္ EPS ကုန္ထုတ္ပထမသုတ္စာေမးပြဲတြင္ သတ္မွတ္ခဲ့သည့္ ေအာင္မွတ္ေၾကာင့္ ေက်ာင္းသားမ်ားအတြက္ အခြင့္အေရးဆုံးရႈံးမႈမ်ားအျပင္ နစ္နာမႈမ်ား ရွိခဲ့ေၾကာင္း ၎ကဆက္လက္ေျပာသည္။
"ေက်ာင္းသားေတြတင္မဟုတ္ဘူး။ ဆရာ/ဆရာမေတြေရာ အကုန္လုံးစိုးရိမ္သြားၾကတယ္။ ညံ့လို႔ရႈံးတဲ့ေက်ာင္းသားကနည္းတယ္။ အမွတ္(၉၀)ေက်ာ္ရၿပီးရႈံးတာဆိုေတာ့ သူတို႔ဘက္ကၾကည့္ရင္ တစ္ႏွစ္လုံးရင္းထားရတာေလ။ တခ်ိဳ႕မရွိတဲ့သူေတြက်ေတာ့ အလုပ္မလုပ္ရပဲနဲ႔ ဒီမွာပဲလာၿပီးအခ်ိန္ကုန္ခံၿပီးရင္းထားရတာဆိုေတာ့ သူတို႔အတြက္က အရမ္းနစ္နာတယ္။ (၉၅)ေလာက္ရေအာင္ေျဖဖို႔ဆိုတာကလည္း မလြယ္ပါဘူး။ အဲဒါကို ၉၇ ဒသမ ၅ မွေအာင္မယ္ဆိုတာမ်ိဳးက်ေတာ့ ေက်ာင္းသားေတြဘက္ကၾကည့္ရင္ေတာ့ မေကာင္းဘူးေပါ့။ အခုက်သြားတဲ့သူေတြအတြက္က ၂၀၂၅ ခုႏွစ္ထဲမွာ စာေမးပြဲရွိတယ္ဆိုရင္ေတာ့ ထပ္ေျဖရမွာေပါ့။ ၂၀၂၆ မွလည္းရွိရင္ရွိမယ္။ ဒါကေတာ့ေျပာလို႔မရဘူး"ဟု အထက္ပါ တာဝန္ရွိသူက ဆက္လက္ေျပာသည္။
အဆိုပါစာေမးပြဲေၾကာင့္ ေက်ာင္းသားမ်ားအေနျဖင့္ အခ်ိန္ႏွင့္ေငြေၾကးကုန္က်မႈမ်ားရွိခဲ့ေသာ္လည္း ၎တို႔အတြက္အခြင့္အေရးမရရွိျခင္းေၾကာင့္ ထပ္မံေျဖဆိုရန္ မေသခ်ာေတာ့သည္ အေျခအေနတြင္ရွိေနၾကသည္။
"ႀကိဳးစားတာအရာမထင္ေတာ့ စိတ္ေတာ့ညစ္တာေပါ့။ ကိုယ္ကေျဖႏိုင္ေပမယ့္ က်သြားတယ္။ ကြၽန္ေတာ္က ၉၅ မွတ္ရတယ္။ တစ္ပုဒ္ပဲမရတာ။ တစ္ခါသြားရဖို႔ကို သုံး၊ ေလးႏွစ္ေတာင္ ရင္းထားရတာ။ အခုကေတာ့ လမ္းေပ်ာက္သြားတာေပါ့။ စာေမးပြဲရွိေသးရင္ေတာ့ဝင္ေျဖမယ္။ မရွိရင္ေတာ့လည္းမေျဖေတာ့ဘူး။ အေျခအေနအရပဲ။ မေသခ်ာေတာ့ဘူးေပါ့။ ေျဖတာက အခက္အခဲမရွိဘူး။ လြယ္တာကအကုန္လြယ္တယ္။ အျပင္က ေလးပုဒ္ေလာက္ပဲပါတာ။ ကြၽန္ေတာ္တို႔ေက်ာင္းက(၁၇၀)ေက်ာ္ ေျဖတာ (၅၂)ေယာက္ပဲေအာင္တယ္" ဟု EPS စာေမးပြဲ ဝင္ေရာက္ေျဖဆိုခဲ့သည့္ ေက်ာင္းသားတစ္ဦးက ေျပာသည္။
ထို႔ျပင္ အဆိုပါစာေမးပြဲ၌ သတ္မွတ္ထားသည့္အတိုင္း(၉၇ ဒသမ ၅)မွတ္ ရရွိခဲ့ေသာ္လည္း က်ရႈံးခဲ့သည့္ေက်ာင္းသားမ်ားလည္းရွိေနေၾကာင္းသိရၿပီး တစ္ဖက္ရွိကိုရီးယားႏိုင္ငံမွ ေခၚယူသည့္အေရအတြက္အတိုင္း အမွတ္အမ်ားဆုံးမွ စတင္ေခၚယူျခင္းျဖစ္ေၾကာင္း သိရသည္။