မကြာသေးမီကထွက်ရှိခဲ့တဲ့ BTS အဖွဲ့ဝင် Jin ရဲ့သီချင်းအသစ် 'I'll Be There' က ကမ္ဘာတစ်ဝန်းအောင်မြင်မှုများရရှိနေ
33
Pika (NP News) - အောက်တိုဘာ ၃၁
တောင်ကိုရီးယားနာမည်ကျော် အမျိုးသားအဆိုတော်အဖွဲ့ BTS ၏အဖွဲ့ဝင်တစ်ဦးဖြစ်သူ Jin၏ တစ်ကိုယ်တော်သီချင်း "I'll Be There" သီချင်းသည် ထွက်ရှိပြီးနောက် ရက်ပိုင်းအကြာတွင် ကမ္ဘာတစ်ဝန်းတွင် အောင်မြင်ကျော်ကြားမှုများကို ရရှိခဲ့ကြောင်း သိရသည်။Jin ၏ နောက်ဆုံးထွက်ရှိထားသည့် "I'll Be There"သီချင်းသည် Spotify ပလက်ဖောင်းတွင် အောင်မြင်မှုများရရှိခဲ့ပြီး စတင်ထွက်ရှိခဲ့သည့် အောက်တိုဘာလ(၂၅)ရက်မှာပင် ကြည့်ရှုသူ(၄ ဒသမ ၆၉)သန်းကျော်ရှိခဲ့ပြီး Daily Top Songs Global ဇယားတွင် အဆင့်(၉)နေရာဖြင့် ပွဲဦးထွက်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါအောင်မြင်မှုသည် Spotify ပလက်ဖောင်းတွင် Jin ၏ တစ်ကိုယ်တော်အမြင့်ဆုံးအဆင့်ကို အမှတ်အသားပြုနိုင်ခဲ့ပြီး "The Astronaut" သီချင်းဖြင့် အဆင့်(၁၇)နေရာတွင်ရရှိခဲ့သော ယခင်စံချိန်ကို ကျော်တက်သွားခဲ့ကြောင်း သိရသည်။ ဂျပန်နိုင်ငံတွင် Jin ၏ တစ်ကိုယ်တော်သီချင်း "I'll Be There" သည် Oricon Daily Digital Single Ranking တွင် အမြင့်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။ Jin ၏ ယခင်ကထွက်ရှိခဲ့သော တစ်ကိုယ်တော်သီချင်း "Super Tuna" သည် အောင်မြင်မှုများရရှိခဲ့ပြီးနောက် နောက်ဆုံးထွက်ရှိထားသည့် သီချင်းက ယခုလိုအောင်မြင်မှုများ ထပ်မံဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ထို့ပြင် "I'll Be There" သီချင်းသည် ဗြိတိန်၊ အမေရိကန် နှင့် ဂျာမနီတို့အပါအဝင် နိုင်ငံပေါင်း(၇၀)ရှိ iTunes အပ်ပ်တွင် အဆင့်(၁)နေရာကို ရယူနိုင်ခဲ့ပြီး Worldwide iTunes Song နှင့် European iTunes Song ဇယားများတွင် နှစ်ရက်ဆက်တိုက် ထိပ်ဆုံးမှဦးဆောင်နေခဲ့ကြောင်းလည်း သိရသည်။
"I'll Be There" သီချင်းသည် လာမည့်နိုဝင်ဘာလ(၁၅)ရက်တွင် ထွက်ရှိရန်စီစဉ်ထားသည့် Jin ၏တစ်ကိုယ်တော် အယ်လ်ဘမ် 'Happy' မှ အကြိုထွက်ရှိထားသော သီချင်းတစ်ပုဒ်ဖြစ်ကြောင်းလည်း သိရသည်။
zawgyi version
မၾကာေသးမီကထြက္ရွိခဲ့တဲ့ BTS အဖြဲ႕ဝင္ Jin ရဲ႕သီခ်င္းအသစ္ 'I'll Be There' က ကမာၻတစ္ဝန္းေအာင္ျမင္မႈမ်ားရရွိေန
Pika (NP News) - ေအာက္တိုဘာ ၃၁
ေတာင္ကိုရီးယားနာမည္ေက်ာ္ အမ်ိဳးသားအဆိုေတာ္အဖြဲ႕ BTS ၏အဖြဲ႕ဝင္တစ္ဦးျဖစ္သူ Jin၏ တစ္ကိုယ္ေတာ္သီခ်င္း "I'll Be There" သီခ်င္းသည္ ထြက္ရွိၿပီးေနာက္ ရက္ပိုင္းအၾကာတြင္ ကမာၻတစ္ဝန္းတြင္ ေအာင္ျမင္ေက်ာ္ၾကားမႈမ်ားကို ရရွိခဲ့ေၾကာင္း သိရသည္။Jin ၏ ေနာက္ဆုံးထြက္ရွိထားသည့္ "I'll Be There"သီခ်င္းသည္ Spotify ပလက္ေဖာင္းတြင္ ေအာင္ျမင္မႈမ်ားရရွိခဲ့ၿပီး စတင္ထြက္ရွိခဲ့သည့္ ေအာက္တိုဘာလ(၂၅)ရက္မွာပင္ ၾကည့္ရႈသူ(၄ ဒသမ ၆၉)သန္းေက်ာ္ရွိခဲ့ၿပီး Daily Top Songs Global ဇယားတြင္ အဆင့္(၉)ေနရာျဖင့္ ပြဲဦးထြက္ႏိုင္ခဲ့ေၾကာင္း သိရသည္။
အဆိုပါေအာင္ျမင္မႈသည္ Spotify ပလက္ေဖာင္းတြင္ Jin ၏ တစ္ကိုယ္ေတာ္အျမင့္ဆုံးအဆင့္ကို အမွတ္အသားျပဳႏိုင္ခဲ့ၿပီး "The Astronaut" သီခ်င္းျဖင့္ အဆင့္(၁၇)ေနရာတြင္ရရွိခဲ့ေသာ ယခင္စံခ်ိန္ကို ေက်ာ္တက္သြားခဲ့ေၾကာင္း သိရသည္။ ဂ်ပန္ႏိုင္ငံတြင္ Jin ၏ တစ္ကိုယ္ေတာ္သီခ်င္း "I'll Be There" သည္ Oricon Daily Digital Single Ranking တြင္ အျမင့္ဆုံးေနရာမွာ ရပ္တည္ႏိုင္ခဲ့ေၾကာင္း သိရသည္။ Jin ၏ ယခင္ကထြက္ရွိခဲ့ေသာ တစ္ကိုယ္ေတာ္သီခ်င္း "Super Tuna" သည္ ေအာင္ျမင္မႈမ်ားရရွိခဲ့ၿပီးေနာက္ ေနာက္ဆုံးထြက္ရွိထားသည့္ သီခ်င္းက ယခုလိုေအာင္ျမင္မႈမ်ား ထပ္မံဆြတ္ခူးႏိုင္ခဲ့ျခင္းျဖစ္သည္။ထို႔ျပင္ "I'll Be There" သီခ်င္းသည္ ၿဗိတိန္၊ အေမရိကန္ ႏွင့္ ဂ်ာမနီတို႔အပါအဝင္ ႏိုင္ငံေပါင္း(၇၀)ရွိ iTunes အပ္ပ္တြင္ အဆင့္(၁)ေနရာကို ရယူႏိုင္ခဲ့ၿပီး Worldwide iTunes Song ႏွင့္ European iTunes Song ဇယားမ်ားတြင္ ႏွစ္ရက္ဆက္တိုက္ ထိပ္ဆုံးမွဦးေဆာင္ေနခဲ့ေၾကာင္းလည္း သိရသည္။
"I'll Be There" သီခ်င္းသည္ လာမည့္ႏိုဝင္ဘာလ(၁၅)ရက္တြင္ ထြက္ရွိရန္စီစဥ္ထားသည့္ Jin ၏တစ္ကိုယ္ေတာ္ အယ္လ္ဘမ္ 'Happy' မွ အႀကိဳထြက္ရွိထားေသာ သီခ်င္းတစ္ပုဒ္ျဖစ္ေၾကာင္းလည္း သိရသည္။