မကြာသေးမီကကွယ်လွန်သွားသော One Direction အဖွဲ့ဝင်ဟောင်း လိုင်ယန်ပိန်းပါဝင်သည့် သီချင်းအသစ်ထွက်ရှိလာမည့်ရက် ရွှေ့ဆိုင်း
43
Pika (NP News) - အောက်တိုဘာ ၃၁
ယခုလအစောပိုင်းတွင် အာဂျင်တီးနားနိုင်ငံ ဘူရီနိုအေးရိစ်မြို့ရှိ ဟိုတယ်တစ်ခုပေါ်မှပြုတ်ကျကာသေဆုံးသွားခဲ့သော One Direction အဖွဲ့ဝင်ဟောင်း လိုင်ယန်ပိန်းပါဝင်သည့် သီ ချင်းအသစ်ထွက်ရှိလာမည့်ရက်ကို ရွှေ့ဆိုင်းလိုက်ကြောင်း ပူးပေါင်းဆောင်ရွက်သူတစ်ဦးက အောက်တိုဘာလ(၂၉)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
Do No Wrong သီချင်းကို နိုဝင်ဘာလ(၁)ရက်တွင် ထုတ်လွှင့်မည်ဟု အမေရိကန်အဆို တော်နှင့်တေးရေးဆရာဆမ်ပေါင်စ်က အစောပိုင်းတွင် ထုတ်ပြန်ပြောကြားခဲ့သည်။ သို့ သော်လည်း အောက်တိုဘာလ(၂၈)ရက်နှောင်းပိုင်းတွင် ဆမ်ပေါင်စ်က Do No Wrong သီချင်း ထွက်ရှိလာမည့်ရက်ကို ရွှေ့ဆိုင်းလိုက်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။ ဆမ်ပေါင်စ်က "ကျွန်တော်တို့အားလုံးက ဒီသီချင်းကိုနှစ်သက်ကြမှာဆိုတာ သေချာပေမယ့် ထုတ်လွှင့်ဖို့ အချိန်မကျသေးပါဘူး။ ကျွန်တော်တို့အားလုံး လိုင်ယန်ပိန်းသေဆုံးမှုအတွက် ဝမ်းနည်းပူးဆွေးနေကြဆဲဖြစ်ပါတယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့အားလုံး စောင့်ဆိုင်းသင့်ပါတယ်"ဟု ပြောဆိုခဲ့သည်။
လိုင်ယန်ပိန်းသည် ပြီးခဲ့သည့်အောက်တိုဘာလ(၁၆)ရက်တွင် ဘူရီနိုအေးရိစ်မြို့ရှိဟိုတယ်တစ်ခု၏ သုံးလွှာမှ ပြုတ်ကျကာသေဆုံးခဲ့ခြင်းဖြစ်သည်။ အသက်(၃၁)နှစ်အရွယ် လိုင်ယန်ပိန်းသေဆုံးမှုနှင့်အတူ ကမ္ဘာတစ်ဝန်းရှိ ပရိသတ်များကြားတွင် ကြီးမားသောဝမ်းနည်းပူဆွေးမှုများကို ဖြစ်ပေါ်စေခဲ့ကြောင်းလည်း သိရသည်။ ထို့ပြင် ကမ္ဘာတစ်ဝန်းရှိ ပရိသတ်များသည် လိုင်ယန်ပိန်းသေဆုံးမှုအတွက် ဝမ်းနည်းပူဆွေးမှုပွဲများကို လုပ်ဆောင်ခဲ့ကြကြောင်းလည်း သိရသည်။ Liam Payne သည် One Direction အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သည့် Niall Horan ၏ဖျော်ဖြေပွဲကိုတက်ရောက်ရန်အတွက် Buenos Aires မြို့ကိုရောက်ရှိနေစဉ်အချိန်အတွင်း ယခုလိုသေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းမီဒီယာများက ရေးသားဖော်ပြခဲ့သည်။
အမေရိကန်အဆိုတော်ချာလီပွတ်က "ကျွန်တော်တကယ်ကို တုန်လှုပ်သွားတာပါ။ Liam Payne က ကျွန်တော့်အပေါ် အမြဲတမ်းကြင်ကြင်နာနာနဲ့ ဆက်ဆံခဲ့တာပါ။ သူက ကျွန် တော်ပထမဆုံးလက်တွဲလုပ်ခဲ့ဖူးတဲ့ အဓိကအနုပညာရှင်တွေထဲက တစ်ဦးပါ။ Liam Payne သေဆုံးသွားပြီဆိုတာကို ကျွန်တော်တကယ်မယုံနိုင်သေးပါဘူး"ဟု ရေးသားဖော်ပြခဲ့သည်။
zawgyi version
မၾကာေသးမီကကြယ္လြန္သြားေသာ One Direction အဖြဲ႕ဝင္ေဟာင္း လိုင္ယန္ပိန္းပါဝင္သည့္ သီခ်င္းအသစ္ထြက္ရွိလာမည့္ရက္ ေ႐ႊ႕ဆိုင္း
Pika (NP News) - ေအာက္တိုဘာ ၃၁
ယခုလအေစာပိုင္းတြင္ အာဂ်င္တီးနားႏိုင္ငံ ဘူရီႏိုေအးရိစ္ၿမိဳ႕ရွိ ဟိုတယ္တစ္ခုေပၚမွျပဳတ္က်ကာေသဆုံးသြားခဲ့ေသာ One Direction အဖြဲ႕ဝင္ေဟာင္း လိုင္ယန္ပိန္းပါဝင္သည့္ သီ ခ်င္းအသစ္ထြက္ရွိလာမည့္ရက္ကို ေ႐ႊ႕ဆိုင္းလိုက္ေၾကာင္း ပူးေပါင္းေဆာင္႐ြက္သူတစ္ဦးက ေအာက္တိုဘာလ(၂၉)ရက္တြင္ ထုတ္ျပန္ေျပာၾကားခဲ့သည္။
Do No Wrong သီခ်င္းကို ႏိုဝင္ဘာလ(၁)ရက္တြင္ ထုတ္လႊင့္မည္ဟု အေမရိကန္အဆို ေတာ္ႏွင့္ေတးေရးဆရာဆမ္ေပါင္စ္က အေစာပိုင္းတြင္ ထုတ္ျပန္ေျပာၾကားခဲ့သည္။ သို႔ ေသာ္လည္း ေအာက္တိုဘာလ(၂၈)ရက္ေႏွာင္းပိုင္းတြင္ ဆမ္ေပါင္စ္က Do No Wrong သီခ်င္း ထြက္ရွိလာမည့္ရက္ကို ေ႐ႊ႕ဆိုင္းလိုက္ေၾကာင္း ျပန္လည္ေျပာၾကားခဲ့သည္။ ဆမ္ေပါင္စ္က "ကြၽန္ေတာ္တို႔အားလုံးက ဒီသီခ်င္းကိုႏွစ္သက္ၾကမွာဆိုတာ ေသခ်ာေပမယ့္ ထုတ္လႊင့္ဖို႔ အခ်ိန္မက်ေသးပါဘူး။ ကြၽန္ေတာ္တို႔အားလုံး လိုင္ယန္ပိန္းေသဆုံးမႈအတြက္ ဝမ္းနည္းပူးေဆြးေနၾကဆဲျဖစ္ပါတယ္။ ဒါေၾကာင့္မလို႔ ကြၽန္ေတာ္တို႔အားလုံး ေစာင့္ဆိုင္းသင့္ပါတယ္"ဟု ေျပာဆိုခဲ့သည္။
လိုင္ယန္ပိန္းသည္ ၿပီးခဲ့သည့္ေအာက္တိုဘာလ(၁၆)ရက္တြင္ ဘူရီႏိုေအးရိစ္ၿမိဳ႕ရွိဟိုတယ္တစ္ခု၏ သုံးလႊာမွ ျပဳတ္က်ကာေသဆုံးခဲ့ျခင္းျဖစ္သည္။ အသက္(၃၁)ႏွစ္အ႐ြယ္ လိုင္ယန္ပိန္းေသဆုံးမႈႏွင့္အတူ ကမာၻတစ္ဝန္းရွိ ပရိသတ္မ်ားၾကားတြင္ ႀကီးမားေသာဝမ္းနည္းပူေဆြးမႈမ်ားကို ျဖစ္ေပၚေစခဲ့ေၾကာင္းလည္း သိရသည္။ ထို႔ျပင္ ကမာၻတစ္ဝန္းရွိ ပရိသတ္မ်ားသည္ လိုင္ယန္ပိန္းေသဆုံးမႈအတြက္ ဝမ္းနည္းပူေဆြးမႈပြဲမ်ားကို လုပ္ေဆာင္ခဲ့ၾကေၾကာင္းလည္း သိရသည္။ Liam Payne သည္ One Direction အဖြဲ႕ဝင္ေဟာင္းတစ္ဦးျဖစ္သည့္ Niall Horan ၏ေဖ်ာ္ေျဖပြဲကိုတက္ေရာက္ရန္အတြက္ Buenos Aires ၿမိဳ႕ကိုေရာက္ရွိေနစဥ္အခ်ိန္အတြင္း ယခုလိုေသဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္း ေဒသတြင္းမီဒီယာမ်ားက ေရးသားေဖာ္ျပခဲ့သည္။
အေမရိကန္အဆိုေတာ္ခ်ာလီပြတ္က "ကြၽန္ေတာ္တကယ္ကို တုန္လႈပ္သြားတာပါ။ Liam Payne က ကြၽန္ေတာ့္အေပၚ အၿမဲတမ္းၾကင္ၾကင္နာနာနဲ႔ ဆက္ဆံခဲ့တာပါ။ သူက ကြၽန္ ေတာ္ပထမဆုံးလက္တြဲလုပ္ခဲ့ဖူးတဲ့ အဓိကအႏုပညာရွင္ေတြထဲက တစ္ဦးပါ။ Liam Payne ေသဆုံးသြားၿပီဆိုတာကို ကြၽန္ေတာ္တကယ္မယုံႏိုင္ေသးပါဘူး"ဟု ေရးသားေဖာ္ျပခဲ့သည္။