အမျိုးသမီးများအပေါ် လိင်အမြတ်ထုတ်၍ Telegram တွင် ရောင်းချသည့် ပုံစံသစ်တစ်မျိုးပေါ်ပေါက်နေ
4195
သတင်းအဖွဲ့ (NP News) - အောက်တိုဘာ ၃၁
အမျိုးသမီးများအပေါ် လိင်အမြတ်ထုတ်ခြင်း သည် ဒီဂျစ်တယ်ခေတ်တွင် ပုံစံသစ်တစ်မျိုးပြောင်း လဲကာ အနက်ရောင်စီးပွားရေး ဖြစ်လာနေကြောင်း NP News ကမြင်တွေ့ရသော အချက်အလက်များအရ သိရသည်။
(၂၀၂၁)ခုနှစ် နောက်ပိုင်းမှစတင်ကာ မြန်မာ နိုင်ငံတွင် ဆက်သွယ်ရေးအတွက် တယ်လီဂရမ်ကို အသုံးပြုမှုများပြားလာခြင်းနှင့်အတူ အဆိုပါ လူမှုကွန်ရက်ကိုအသုံးပြုကာ လိင်ကိစ္စနှင့်ပတ်သက်၍ ဖော်ပြပြီး စီးပွားရှာခြင်းမျိုး တွင်တွင်ကျယ်ကျယ် ဖြစ် လာကြောင်းတွေ့မြင်ရသည်။ NP News ကကောက်ယူရရှိသော အချက်အလက်များအရ တယ်လီဂရမ် လူမှုကွန်ရက်တွင် ချန်နယ်များဖွင့်ပြီး Video များကိုရောင်းစားရာတွင် အကြမ်းဖျင်းအား ဖြင့် သုံးပိုင်းခွဲခြားနိုင်ရာ အပြာဗီဒီယိုတင်သော အုပ် စု၊ ကိုယ်တိုင်ရိုက် ဗီဒီယိုများကိုတင်သော အုပ်စုနှင့် ပုဂ္ဂိုလ်ရေးလျှို့ဝှက်ချက်ကိုချိုးဖောက်ကာ အမျိုးသ မီးများ၏ အနောက်ဘက် ခါးအောက်ပိုင်းနေရာများ၊ မမြင်ကွယ်ရာနေရာများကို လျှို့ဝှက်ကင်မရာများဖြင့် ခိုးရိုက်ပြီး တင်သောအုပ်စုဟူ၍ တွေ့ရသည်။
"ခိုးရိုက်တယ်ပေါ့နော်၊ ဆိုပါစို့ သမီးရည်းစား ချိန်းတွေ့တာကို ကင်မရာနဲ့ခိုးရိုက်ပြီးတော့ တင်တာ လည်းရှိတယ်။ Leak ခေါ်တာပေါ့။ နှစ်ဦးပဲသိတဲ့ Video က အပြင်ကိုပေါက်ကြားလာတာမျိုးကို တင် တာမျိုးလည်း ရှိတယ်။ အဆုံးဆိုးဖြစ်ပြီး လိင်အမြတ် ထုတ်တယ်လို့ တိတိကျကျ ပြောနိုင်တာကတော့ အများပြည်သူဆိုင်ရာနေရာတွေမှာ အမျိုးသမီးတွေရဲ့ နောက်ပိုင်း အထူးသဖြင့် ခါးအောက်ပိုင်းကို ခိုးရိုက် ပြီးတော့ ချန်နယ်ထောင်ပြီး ပုံတွေ၊ Video တွေ ရောင်းစားတာကတော့ တော်တော်ဆိုးတဲ့အထဲပါသ လို ဒီနောက်ပိုင်းမှာ တော်တော်လေးလည်း တွေ့လာ ရတယ်။ ပြီးတော့ဗျာ ဥပမာ အရပ်သုံးစကားနဲ့ထောက် လှမ်းရေးပေါ့ဗျာ။ ကားပေါ်မှာ အသားယူတာပေါ့။ ဒါ တွေကိုလည်း တစ်ယောက်က အသားယူ၊ နောက်တစ် ယောက်က Video ရိုက်ပြီးတော့ အဲဒီ Video ကို ရောင်းစားတာဗျ။ ဒါကတော့ လိင်အမြတ်ထုတ်တာလို့ ပြောလို့ရပါတယ်။ ပုံစံတစ်မျိုးနဲ့ လိင်အမြတ်ထုတ် တာပေါ့"ဟု အဆိုပါ တယ်လီဂရမ်ချန်နယ်များနှင့် ပတ်သက်၍ သိရှိသူ လူငယ်တစ်ဦးက ဆိုသည်။
ခါးအနောက်ပိုင်းကို ဓာတ်ပုံရိုက်တင်ခြင်းများ သည် ယခင် တယ်လီဂရမ်အသုံးပြုမှု မများမီကပင် မြန်မာနိုင်ငံက အင်တာနက်သုံးစွဲသူများအကြားBlog site များ၊ လူမှုကွန်ရက်များထက်တွင် ပျံ့နှံ့ခဲ့သော်လည်း ယခုကဲ့သို့ အရေအတွက်မများလှဘဲ စီး ပွားဖြစ်ရောင်းချခြင်းမျိုးလည်း နည်းပါးခဲ့သည်။ တယ် လီဂရမ်ချန်နယ်များထောင်ကာ ခိုးရိုက်ထားသော အမျိုးသမီးများ၏ အောက်ပိုင်းဓာတ်ပုံများ Video များကိုရောင်းချသော တယ်လီဂရမ်ချန်နယ်များတွင် ဝင်ကြေးအမျိုးမျိုးရှိနေရာ ကျပ်သုံးထောင်မှ ကျပ် တစ်သောင်းအထိရှိပြီး အဆိုပါငွေကြေးကို တစ်ခါ သွင်းပြီးလျှင် တစ်သက်လုံး ဂရုသို့ဝင်ခွင့်ရမည်ဟု ဆို သည်။ ထိုသို့ အမျိုးသမီးများကို လိင်အမြတ်ထုတ် ခြင်းသည် မလုပ်သင်သောကိစ္စဖြစ်ပြီး အမျိုးသမီးများ ကို စော်ကားခြင်းလည်းဖြစ်ကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သော ဒေါ်နော်အုန်းလှ ကပြောသည်။ "တယ်လီဂရမ်ကနေပြီးတော့မှ ဒီလို မျိုးလုပ်တဲ့ဟာတွေကျတော့ မဖွယ်မရာကိစ္စတွေက တော့ မလုပ်သင့်တဲ့ ကိစ္စတွေဖြစ်ပါတယ်။ အဲဒီအ တွက် ဒါတွေက အမျိုးသမီးတွေကို တမင်တကာပေါ့ နော် ဒါကိုရည်ရွယ်ချက်ရှိရှိနဲ့ အမျိုးသမီးတွေကို တစ် နည်းတစ်ဖုံ စော်ကားတဲ့ကိစ္စလို့ပြောချင်ပါတယ်" ဟု ၎င်းက ဆိုသည်။ ထို့ပြင် ယခုကဲ့သို့ကိစ္စမှာ လိင်အ မြတ်ထုတ်မှုလည်းဖြစ်ကြောင်း ဒေါ်နော်အုန်းလှက အခိုင်အမာ ဆိုသည်။ "ဒီကိစ္စက လိင်အမြတ်ထုတ်မှု ဖြစ်ပါတယ် လို့ ပြောချင်ပါတယ်။ ဖြစ်ကိုဖြစ်နေတာပါ။ အမျိုးသမီး တွေကို မလုပ်သင့်တဲ့ကိစ္စတွေဖြစ်တယ်။ ဒီလိုမျိုးဖြန့်တဲ့ Channel ကိုတော့ တာဝန်ရှိတဲ့လူတွေ အရေးယူ သင့်ပါတယ်"ဟု ၎င်းက ဆို သည်။
ယခုကဲ့သို့လုပ်ရပ်မှာ ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း အသက်(၂၂)နှစ်အရွယ် တက္ကသိုလ် ကျောင်းသူတစ်ဦးက ဆိုသည်။ "အဲဒီလိုမျိုးဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ဒါက သူတို့က ဥပဒေကို ချိုးဖောက် တာပဲလေ။ ဥပမာ နောက်ပိုင်းပုံမပြောနဲ့ ရှေ့ပုံ တောင်မှ ကိုယ်မသိဘဲ၊ ခွင့်ပြုချက်မရှိဘဲ ရိုက်ခွင့်မရှိ ဘူးလေ။ အဲဒါကိုတင်တယ်။ တင်တဲ့ Channel တွေ ကရှိသေးတယ်"ဟု၎င်းကဆိုသည်။
ထိုသို့ လိင်အမြတ်ထုတ်သည့် တယ်လီဂရမ် ချန်နယ်များ၊ လူပုဂ္ဂိုလ်များကို အရေးယူရမည့် ဥပဒေ လည်းရှိပြီး စနစ်တကျအရေးယူခြင်းကို ဆောင်ရွက် နိုင်ကြောင်းလည်း သိရသည်။ "နည်းပညာက အဓိ က။ ဥပဒေကတော့ ရှိတယ်။ အရေးယူလို့ရတယ်။ သို့ သော် နည်းပညာကလိုအပ်တယ်။ သူကိုဖော်ထုတ်ဖို့ လေ။ တယ်လီဂရမ်အကောင့်သိပြီးတော့ ဖော်ထုတ် တာတို့၊ ဖေ့စ်ဘွတ်အကောင့်ကြည့်ပြီး ဖော်ထုတ်တာ တို့။ အဲဒါတွေလုပ်မယ်ဆိုရင် ဖော်ထုတ်လို့ရတယ်။ အရေးယူပြရမယ်။ အဲဒါကိုလည်း အရေးယူတဲ့အ ကြောင်း Public ကို ချပြ အသိပေးတာမျိုး လုပ်ရမယ်။ အဲဒီတော့မှ ဒါက ဆင်ခြင်လို့ ရမှာပေါ့။ များ သောအားဖြင့် အွန်လိုင်းပေါ်မှာ ကြည့်တဲ့လူတွေက ဒါလုပ်လို့ရတာပဲဆိုပြီးတော့ လုပ်နေကြတာလေ"ဟု အငြိမ်းစား ရဲမှူးကြီးတစ်ဦးက သုံးသပ်ပြောကြားသည်။
zawgyi version
အမ်ိဳးသမီးမ်ားအေပၚ လိင္အျမတ္ထုတ္၍ Telegram တြင္ ေရာင္းခ်သည့္ ပုံစံသစ္တစ္မ်ိဳးေပၚေပါက္ေန
သတင္းအဖြဲ႕ (NP News) - ေအာက္တိုဘာ ၃၁
အမ်ိဳးသမီးမ်ားအေပၚ လိင္အျမတ္ထုတ္ျခင္း သည္ ဒီဂ်စ္တယ္ေခတ္တြင္ ပုံစံသစ္တစ္မ်ိဳးေျပာင္း လဲကာ အနက္ေရာင္စီးပြားေရး ျဖစ္လာေနေၾကာင္း NP News ကျမင္ေတြ႕ရေသာ အခ်က္အလက္မ်ားအရ သိရသည္။
(၂၀၂၁)ခုႏွစ္ ေနာက္ပိုင္းမွစတင္ကာ ျမန္မာ ႏိုင္ငံတြင္ ဆက္သြယ္ေရးအတြက္ တယ္လီဂရမ္ကို အသုံးျပဳမႈမ်ားျပားလာျခင္းႏွင့္အတူ အဆိုပါ လူမႈကြန္ရက္ကိုအသုံးျပဳကာ လိင္ကိစၥႏွင့္ပတ္သက္၍ ေဖာ္ျပၿပီး စီးပြားရွာျခင္းမ်ိဳး တြင္တြင္က်ယ္က်ယ္ ျဖစ္ လာေၾကာင္းေတြ႕ျမင္ရသည္။ NP News ကေကာက္ယူရရွိေသာ အခ်က္အလက္မ်ားအရ တယ္လီဂရမ္ လူမႈကြန္ရက္တြင္ ခ်န္နယ္မ်ားဖြင့္ၿပီး Video မ်ားကိုေရာင္းစားရာတြင္ အၾကမ္းဖ်င္းအား ျဖင့္ သုံးပိုင္းခြဲျခားႏိုင္ရာ အျပာဗီဒီယိုတင္ေသာ အုပ္ စု၊ ကိုယ္တိုင္႐ိုက္ ဗီဒီယိုမ်ားကိုတင္ေသာ အုပ္စုႏွင့္ ပုဂၢိဳလ္ေရးလွ်ိဳ႕ဝွက္ခ်က္ကိုခ်ိဳးေဖာက္ကာ အမ်ိဳးသ မီးမ်ား၏ အေနာက္ဘက္ ခါးေအာက္ပိုင္းေနရာမ်ား၊ မျမင္ကြယ္ရာေနရာမ်ားကို လွ်ိဳ႕ဝွက္ကင္မရာမ်ားျဖင့္ ခိုး႐ိုက္ၿပီး တင္ေသာအုပ္စုဟူ၍ ေတြ႕ရသည္။
"ခိုး႐ိုက္တယ္ေပါ့ေနာ္၊ ဆိုပါစို႔ သမီးရည္းစား ခ်ိန္းေတြ႕တာကို ကင္မရာနဲ႔ခိုး႐ိုက္ၿပီးေတာ့ တင္တာ လည္းရွိတယ္။ Leak ေခၚတာေပါ့။ ႏွစ္ဦးပဲသိတဲ့ Video က အျပင္ကိုေပါက္ၾကားလာတာမ်ိဳးကို တင္ တာမ်ိဳးလည္း ရွိတယ္။ အဆုံးဆိုးျဖစ္ၿပီး လိင္အျမတ္ ထုတ္တယ္လို႔ တိတိက်က် ေျပာႏိုင္တာကေတာ့ အမ်ားျပည္သူဆိုင္ရာေနရာေတြမွာ အမ်ိဳးသမီးေတြရဲ႕ ေနာက္ပိုင္း အထူးသျဖင့္ ခါးေအာက္ပိုင္းကို ခိုး႐ိုက္ ၿပီးေတာ့ ခ်န္နယ္ေထာင္ၿပီး ပုံေတြ၊ Video ေတြ ေရာင္းစားတာကေတာ့ ေတာ္ေတာ္ဆိုးတဲ့အထဲပါသ လို ဒီေနာက္ပိုင္းမွာ ေတာ္ေတာ္ေလးလည္း ေတြ႕လာ ရတယ္။ ၿပီးေတာ့ဗ်ာ ဥပမာ အရပ္သုံးစကားနဲ႔ေထာက္ လွမ္းေရးေပါ့ဗ်ာ။ ကားေပၚမွာ အသားယူတာေပါ့။ ဒါ ေတြကိုလည္း တစ္ေယာက္က အသားယူ၊ ေနာက္တစ္ ေယာက္က Video ႐ိုက္ၿပီးေတာ့ အဲဒီ Video ကို ေရာင္းစားတာဗ်။ ဒါကေတာ့ လိင္အျမတ္ထုတ္တာလို႔ ေျပာလို႔ရပါတယ္။ ပုံစံတစ္မ်ိဳးနဲ႔ လိင္အျမတ္ထုတ္ တာေပါ့"ဟု အဆိုပါ တယ္လီဂရမ္ခ်န္နယ္မ်ားႏွင့္ ပတ္သက္၍ သိရွိသူ လူငယ္တစ္ဦးက ဆိုသည္။
ခါးအေနာက္ပိုင္းကို ဓာတ္ပုံ႐ိုက္တင္ျခင္းမ်ား သည္ ယခင္ တယ္လီဂရမ္အသုံးျပဳမႈ မမ်ားမီကပင္ ျမန္မာႏိုင္ငံက အင္တာနက္သုံးစြဲသူမ်ားအၾကားBlog site မ်ား၊ လူမႈကြန္ရက္မ်ားထက္တြင္ ပ်ံ႕ႏွံ႔ခဲ့ေသာ္လည္း ယခုကဲ့သို႔ အေရအတြက္မမ်ားလွဘဲ စီး ပြားျဖစ္ေရာင္းခ်ျခင္းမ်ိဳးလည္း နည္းပါးခဲ့သည္။ တယ္ လီဂရမ္ခ်န္နယ္မ်ားေထာင္ကာ ခိုး႐ိုက္ထားေသာ အမ်ိဳးသမီးမ်ား၏ ေအာက္ပိုင္းဓာတ္ပုံမ်ား Video မ်ားကိုေရာင္းခ်ေသာ တယ္လီဂရမ္ခ်န္နယ္မ်ားတြင္ ဝင္ေၾကးအမ်ိဳးမ်ိဳးရွိေနရာ က်ပ္သုံးေထာင္မွ က်ပ္ တစ္ေသာင္းအထိရွိၿပီး အဆိုပါေငြေၾကးကို တစ္ခါ သြင္းၿပီးလွ်င္ တစ္သက္လုံး ဂ႐ုသို႔ဝင္ခြင့္ရမည္ဟု ဆို သည္။ ထိုသို႔ အမ်ိဳးသမီးမ်ားကို လိင္အျမတ္ထုတ္ ျခင္းသည္ မလုပ္သင္ေသာကိစၥျဖစ္ၿပီး အမ်ိဳးသမီးမ်ား ကို ေစာ္ကားျခင္းလည္းျဖစ္ေၾကာင္း လူ႔အခြင့္အေရး တက္ႂကြလႈပ္ရွားသူ တစ္ဦးျဖစ္ေသာ ေဒၚေနာ္အုန္းလွ ကေျပာသည္။ "တယ္လီဂရမ္ကေနၿပီးေတာ့မွ ဒီလို မ်ိဳးလုပ္တဲ့ဟာေတြက်ေတာ့ မဖြယ္မရာကိစၥေတြက ေတာ့ မလုပ္သင့္တဲ့ ကိစၥေတြျဖစ္ပါတယ္။ အဲဒီအ တြက္ ဒါေတြက အမ်ိဳးသမီးေတြကို တမင္တကာေပါ့ ေနာ္ ဒါကိုရည္႐ြယ္ခ်က္ရွိရွိနဲ႔ အမ်ိဳးသမီးေတြကို တစ္ နည္းတစ္ဖုံ ေစာ္ကားတဲ့ကိစၥလို႔ေျပာခ်င္ပါတယ္" ဟု ၎က ဆိုသည္။ ထို႔ျပင္ ယခုကဲ့သို႔ကိစၥမွာ လိင္အ ျမတ္ထုတ္မႈလည္းျဖစ္ေၾကာင္း ေဒၚေနာ္အုန္းလွက အခိုင္အမာ ဆိုသည္။ "ဒီကိစၥက လိင္အျမတ္ထုတ္မႈ ျဖစ္ပါတယ္ လို႔ ေျပာခ်င္ပါတယ္။ ျဖစ္ကိုျဖစ္ေနတာပါ။ အမ်ိဳးသမီး ေတြကို မလုပ္သင့္တဲ့ကိစၥေတြျဖစ္တယ္။ ဒီလိုမ်ိဳးျဖန႔္တဲ့ Channel ကိုေတာ့ တာဝန္ရွိတဲ့လူေတြ အေရးယူ သင့္ပါတယ္"ဟု ၎က ဆို သည္။
ယခုကဲ့သို႔လုပ္ရပ္မွာ ဥပေဒကို ခ်ိဳးေဖာက္ျခင္း ျဖစ္ေၾကာင္း အသက္(၂၂)ႏွစ္အ႐ြယ္ တကၠသိုလ္ ေက်ာင္းသူတစ္ဦးက ဆိုသည္။ "အဲဒီလိုမ်ိဳးဆိုရင္ ဘယ္လိုပဲျဖစ္ျဖစ္ ဒါက သူတို႔က ဥပေဒကို ခ်ိဳးေဖာက္ တာပဲေလ။ ဥပမာ ေနာက္ပိုင္းပုံမေျပာနဲ႔ ေရွ႕ပုံ ေတာင္မွ ကိုယ္မသိဘဲ၊ ခြင့္ျပဳခ်က္မရွိဘဲ ႐ိုက္ခြင့္မရွိ ဘူးေလ။ အဲဒါကိုတင္တယ္။ တင္တဲ့ Channel ေတြ ကရွိေသးတယ္"ဟု၎ကဆိုသည္။
ထိုသို႔ လိင္အျမတ္ထုတ္သည့္ တယ္လီဂရမ္ ခ်န္နယ္မ်ား၊ လူပုဂၢိဳလ္မ်ားကို အေရးယူရမည့္ ဥပေဒ လည္းရွိၿပီး စနစ္တက်အေရးယူျခင္းကို ေဆာင္႐ြက္ ႏိုင္ေၾကာင္းလည္း သိရသည္။ "နည္းပညာက အဓိ က။ ဥပေဒကေတာ့ ရွိတယ္။ အေရးယူလို႔ရတယ္။ သို႔ ေသာ္ နည္းပညာကလိုအပ္တယ္။ သူကိုေဖာ္ထုတ္ဖို႔ ေလ။ တယ္လီဂရမ္အေကာင့္သိၿပီးေတာ့ ေဖာ္ထုတ္ တာတို႔၊ ေဖ့စ္ဘြတ္အေကာင့္ၾကည့္ၿပီး ေဖာ္ထုတ္တာ တို႔။ အဲဒါေတြလုပ္မယ္ဆိုရင္ ေဖာ္ထုတ္လို႔ရတယ္။ အေရးယူျပရမယ္။ အဲဒါကိုလည္း အေရးယူတဲ့အ ေၾကာင္း Public ကို ခ်ျပ အသိေပးတာမ်ိဳး လုပ္ရမယ္။ အဲဒီေတာ့မွ ဒါက ဆင္ျခင္လို႔ ရမွာေပါ့။ မ်ား ေသာအားျဖင့္ အြန္လိုင္းေပၚမွာ ၾကည့္တဲ့လူေတြက ဒါလုပ္လို႔ရတာပဲဆိုၿပီးေတာ့ လုပ္ေနၾကတာေလ"ဟု အၿငိမ္းစား ရဲမႉးႀကီးတစ္ဦးက သုံးသပ္ေျပာၾကားသည္။