ခွေး(၃၈)ကောင်နှင့်အတူ တစ်ပြိုင်နက်လမ်းလျှောက်ခဲ့ပြီး ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့တဲ့ ကနေဒါအမျိုးသား
119
Pika (NP News) - အောက်တိုဘာ ၃၁
ကနေဒါနိုင်ငံမှ ခွေးချစ်တတ်သည့် အမျိုးသားတစ်ဦးသည် ၎င်း၏ ခွေး(၃၈)ကောင်နှင့်အတူ မိုင် ဝက်ကျော် လမ်းလျှောက်ခဲ့ပြီးနောက် ကမ္ဘာ့ဂင်း နစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်းသိရသည်။ မီချဲလ်ရူဒီ ဟုခေါ်သော အမျိုးသားသည် အကွာအဝေး မိုင်ဝက်ကျော်ကို ခွေး(၃၈)ကောင်နှင့်အတူ လမ်းလျှောက် ခဲ့ပြီးနောက် လူတစ်ဦးတည်းက ခွေးအကောင်ရေအများဆုံးနှင့်အတူ လမ်းလျှောက်ခဲ့သည့် ကမ္ဘာ့ဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ ဂင်းနစ်စံချိန်ကို ယခင်ကိုင်ဆောင်ထားသူမှာ တောင်ကိုရီးယားနိုင်ငံ ဂိုဆန်မြို့မှဖြစ်ပြီး ခွေး(၃၆)ကောင်နှင့်အတူ လမ်းလျှောက်ကာ ဂင်းနစ် စံချိန်တင်ခဲ့ခြင်းဖြစ်သည်။ မီချဲလ်ရူဒီ၏ ကြိုးပမ်းမှု တွင် ပါဝင်ခဲ့သည့်ခွေးများကို Korean K9 Rescue အေဂျင်စီက ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီချဲလ်ရူဒီက “ဒီခွေးတွေအားလုံးထဲက တချို့ခွေးတွေဟာ ခွေးသားထုတ်တဲ့စက်မှုလုပ်ငန်း တွေကပဲဖြစ်ပါတယ်။ ဒီခွေးတွေအားလုံးကို Korean K9 Rescue အေဂျင်စီက ကယ်တင်ခဲ့တာဖြစ်ပါ တယ်။ ဒီခွေးလေးတွေအားလုံးဟာ အိမ်ကောင်းကောင်းနဲ့နေ ထိုင်ရဖို့ ထိုက်တန်ပါတယ်။ ပြီးတော့ လူတွေရဲ့ချစ်ခြင်း ကိုလည်း သူတို့ရသင့်ပါတယ်” ဟု ပြောခဲ့သည်။ ထို့ပြင် ခွေးမွေးစားခြင်းကို မြှင့်တင် ရန်အတွက် အဆိုပါဂင်းနစ်စံချိန်ကို ကြိုးပမ်းရန်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း မီချဲလ်ရူဒီကပြောကြားခဲ့ သည်။ မီချဲလ်ရူဒီက “ ဒီခွေးတွေအားလုံးကို ချန်ပီယံဖြစ်အောင် ကျွန်တော်တို့ တစ်ခုခုလုပ်ပေးခဲ့ချင်တာ ပါ။ ဒီခွေးတွေ အားလုံးက ခွေးကောင်းလေးတွေပဲဖြစ်ပါတယ်။ သူတို့ အားလုံး နေအိမ်ကောင်းကောင်း လေးတွေနဲ့ ထိုက်တန်ပါတယ်” ဟုပြောသည်။
zawgyi version
ေခြး(၃၈)ေကာင္ႏွင့္အတူ တစ္ၿပိဳင္နက္လမ္းေလွ်ာက္ခဲ့ၿပီး ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ခဲ့တဲ့ ကေနဒါအမ်ိဳးသား
Pika (NP News) - ေအာက္တိုဘာ ၃၁
ကေနဒါႏိုင္ငံမွ ေခြးခ်စ္တတ္သည့္ အမ်ိဳးသားတစ္ဦးသည္ ၎၏ ေခြး(၃၈)ေကာင္ႏွင့္အတူ မိုင္ ဝက္ေက်ာ္ လမ္းေလွ်ာက္ခဲ့ၿပီးေနာက္ ကမာၻ႔ဂင္း နစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္းသိရသည္။ မီခ်ဲလ္႐ူဒီ ဟုေခၚေသာ အမ်ိဳးသားသည္ အကြာအေဝး မိုင္ဝက္ေက်ာ္ကို ေခြး(၃၈)ေကာင္ႏွင့္အတူ လမ္းေလွ်ာက္ ခဲ့ၿပီးေနာက္ လူတစ္ဦးတည္းက ေခြးအေကာင္ေရအမ်ားဆုံးႏွင့္အတူ လမ္းေလွ်ာက္ခဲ့သည့္ ကမာၻ႔ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
အဆိုပါ ဂင္းနစ္စံခ်ိန္ကို ယခင္ကိုင္ေဆာင္ထားသူမွာ ေတာင္ကိုရီးယားႏိုင္ငံ ဂိုဆန္ၿမိဳ႕မွျဖစ္ၿပီး ေခြး(၃၆)ေကာင္ႏွင့္အတူ လမ္းေလွ်ာက္ကာ ဂင္းနစ္ စံခ်ိန္တင္ခဲ့ျခင္းျဖစ္သည္။ မီခ်ဲလ္႐ူဒီ၏ ႀကိဳးပမ္းမႈ တြင္ ပါဝင္ခဲ့သည့္ေခြးမ်ားကို Korean K9 Rescue ေအဂ်င္စီက ေထာက္ပံ့ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
မီခ်ဲလ္႐ူဒီက “ဒီေခြးေတြအားလုံးထဲက တခ်ိဳ႕ေခြးေတြဟာ ေခြးသားထုတ္တဲ့စက္မႈလုပ္ငန္း ေတြကပဲျဖစ္ပါတယ္။ ဒီေခြးေတြအားလုံးကို Korean K9 Rescue ေအဂ်င္စီက ကယ္တင္ခဲ့တာျဖစ္ပါ တယ္။ ဒီေခြးေလးေတြအားလုံးဟာ အိမ္ေကာင္းေကာင္းနဲ႔ေန ထိုင္ရဖို႔ ထိုက္တန္ပါတယ္။ ၿပီးေတာ့ လူေတြရဲ႕ခ်စ္ျခင္း ကိုလည္း သူတို႔ရသင့္ပါတယ္” ဟု ေျပာခဲ့သည္။ ထို႔ျပင္ ေခြးေမြးစားျခင္းကို ျမႇင့္တင္ ရန္အတြက္ အဆိုပါဂင္းနစ္စံခ်ိန္ကို ႀကိဳးပမ္းရန္ဆုံးျဖတ္ခဲ့ျခင္း ျဖစ္ေၾကာင္း မီခ်ဲလ္႐ူဒီကေျပာၾကားခဲ့ သည္။ မီခ်ဲလ္႐ူဒီက “ ဒီေခြးေတြအားလုံးကို ခ်န္ပီယံျဖစ္ေအာင္ ကြၽန္ေတာ္တို႔ တစ္ခုခုလုပ္ေပးခဲ့ခ်င္တာ ပါ။ ဒီေခြးေတြ အားလုံးက ေခြးေကာင္းေလးေတြပဲျဖစ္ပါတယ္။ သူတို႔ အားလုံး ေနအိမ္ေကာင္းေကာင္း ေလးေတြနဲ႔ ထိုက္တန္ပါတယ္” ဟုေျပာသည္။