“မိန်းမလှကျွန်း တိုးချဲ့တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော”အဖြစ် ဧက တစ်သောင်းနီးပါး တိုးချဲ့ရန် ကနဦးစီစဉ်နေ
236
စော (NP News) - အောက်တိုဘာ ၃၁
“မိန်းမလှကျွန်း တိုးချဲ့တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ”ကို ဧကတစ်သောင်းနီးပါး တိုးချဲ့ရန် ကနဦးစီစဉ်နေကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါ်ဇင်မာထွန်းက NP News ကိုပြောသည်။
မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် ဧက(၃၃၇၇၆)ကျယ်ဝန်းပြီး ဧရာ ဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်ရှိ မိန်းမလှကျွန်း တွင်တည်ရှိကြောင်း သိရသည်။ “အခု ကျွန်မတို့က ထပ်ပြီးတော့ ဧရိယာ ချဲ့မယ်ပေါ့လေ။ ဧရိယာ စုစုပေါင်း ဧကတစ်သောင်း နီးပါးလောက် ထပ်တိုးချဲ့တယ်။ တိုးချဲ့တဲ့အကြောင်း အရင်းကလည်း Fly way ပေါ့။ Fly way ဆိုတာက ငှက်တွေပျံတာပေါ့။ ငှက်တွေက ဆောင်းခိုငှက်တွေ ပျံတဲ့အခါမှာ သူရဲ့လမ်း ကြောင်းကြီးရှိတယ်။ လမ်း ကြောင်းကြီးရဲ့အထဲမှာလည်း သူကကျရောက်တယ်။ ကျရောက်တဲ့ အခါကျ တော့ သူ့ကိုအရေးပါတဲ့ ရေဝပ် ဒေသသတ်မှတ်လိုက်တာပေါ့။ သတ် မှတ်လိုက်တဲ့အ ခါကျတော့ သူ့ကို ထပ်ပြီးတော့ ဧကတစ်သောင်း လောက်ထပ်တိုးပြီးတော့မှ မိန်းမလှကျွန်း တိုးချဲ့ ဘေးမဲ့တောအဖြစ်နဲ့ ဖွဲ့ဖို့လုပ်နေတယ်” ဟု ဒုတိယ အမြဲတမ်းအတွင်းဝန် ဒေါ်ဇင်မာထွန်းက ပြောသည်။
အဆိုပါ မိန်းမလှကျွန်း တိုးချဲ့ဘေးမဲ့တောအဖြစ်ဖွဲ့ရန်ရည်ရွယ်ထားကြောင်း ကြေညာထား သော်လည်း မည်သည့်အချိန်တွင် အတည်ပြုမည်ကို မသိရှိရသေးပေ။ "ရည်ရွယ်ကြောင်း ကြေညာထား တယ်။ ရည်ရွယ်ကြောင်းကြေညာထားတဲ့အခါမှာ ဒီထဲမှာ ပတ်သက်နေတဲ့လူတွေရဲ့သတင်းစကားကို နား ထောင်ပြီးတော့မှ ဒီဟာလေးကတော့ သူတို့ရဲ့ဟာလေးပါ။ အဖွဲ့ဖွဲ့ပြီးလုပ်ရတာကို ဒီလိုမျိုးလုပ်ပြီးတော့ ဒီဧကလောက်ဖြစ်ချင်လည်းဖြစ်မယ်။ လျော့ရင်လည်း လျော့သွားမယ်။ အဲဒီဧကကို မိန်းမလှကျွန်း တိုးချဲ့ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအဖြစ်နဲ့ ထပ်ပြီးတော့ ဖွဲ့မှာပါ”ဟု ၎င်းကဆက်လက်ပြောသည်။
မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့ တောတွင် ဒီရေတောများပေါက်ရောက်နေပြီး မိကျောင်း အပါအဝင် တောရိုင်းတိရစ္ဆာန်အမျိုးပေါင်းများစွာ ကျက်စားလျက်ရှိကြောင်း သိရသည်။
zawgyi version
“မိန္းမလွကြၽန္း တိုးခ်ဲ႕ေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ေတာ”အျဖစ္ ဧက တစ္ေသာင္းနီးပါး တိုးခ်ဲ႕ရန္ ကနဦးစီစဥ္ေန
ေစာ (NP News) - ေအာက္တိုဘာ ၃၁
“မိန္းမလွကြၽန္း တိုးခ်ဲ႕ေတာ႐ိုင္းတိရစာၦန္ ေဘးမဲ့ေတာ ” ကို ဧကတစ္ေသာင္းနီးပါး တိုးခ်ဲ႕ရန္ ကနဦးစီစဥ္ေနေၾကာင္း သယံဇာတႏွင့္ သဘာဝ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနမွ ဒုတိယအၿမဲ တမ္းအတြင္းဝန္ ေဒၚဇင္မာထြန္းက NP News ကိုေျပာသည္။
မိန္းမလွကြၽန္းေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ ေတာသည္ ဧက(၃၃၇၇၆)က်ယ္ဝန္းၿပီး ဧရာဝတီ တိုင္းေဒသႀကီး ဘိုကေလးၿမိဳ႕နယ္ရွိ မိန္းမလွကြၽန္း တြင္တည္ရွိေၾကာင္း သိရသည္။“အခု ကြၽန္မတို႔က ထပ္ၿပီးေတာ့ ဧရိယာ ခ်ဲ႕မယ္ေပါ့ေလ။ ဧရိယာ စုစု ေပါင္း ဧကတစ္ေသာင္း နီးပါးေလာက္ ထပ္တိုးခ်ဲ႕တယ္။ တိုးခ်ဲ႕တဲ့အေၾကာင္း အရင္းကလည္း Fly way ေပါ့။ Fly way ဆိုတာက ငွက္ေတြပ်ံတာေပါ့။ ငွက္ေတြက ေဆာင္းခိုငွက္ေတြ ပ်ံတဲ့အခါမွာ သူရဲ႕လမ္း ေၾကာင္းႀကီးရွိတယ္။ လမ္း ေၾကာင္းႀကီးရဲ႕အထဲမွာလည္း သူကက်ေရာက္တယ္။ က်ေရာက္တဲ့ အခါက် ေတာ့ သူ႔ကိုအေရးပါတဲ့ ေရဝပ္ ေဒသသတ္မွတ္လိုက္တာေပါ့။ သတ္ မွတ္လိုက္တဲ့အ ခါက်ေတာ့ သူ႔ကို ထပ္ၿပီးေတာ့ ဧကတစ္ေသာင္း ေလာက္ထပ္တိုးၿပီးေတာ့မွ မိန္းမလွကြၽန္း တိုးခ်ဲ႕ ေဘးမဲ့ေတာအျဖစ္နဲ႔ ဖြဲ႕ဖို႔လုပ္ေနတယ္” ဟု ဒုတိယ အၿမဲတမ္းအတြင္းဝန္ ေဒၚဇင္မာထြန္းက ေျပာသည္။
အဆိုပါ မိန္းမလွကြၽန္း တိုးခ်ဲ႕ေဘးမဲ့ေတာအျဖစ္ဖြဲ႕ရန္ရည္႐ြယ္ထားေၾကာင္း ေၾကညာထား ေသာ္လည္း မည္သည့္အခ်ိန္တြင္ အတည္ျပဳမည္ကို မသိရွိရေသးေပ။ "ရည္႐ြယ္ေၾကာင္း ေၾကညာထား တယ္။ ရည္႐ြယ္ေၾကာင္းေၾကညာထားတဲ့အခါမွာ ဒီထဲမွာ ပတ္သက္ေနတဲ့လူေတြရဲ႕သတင္းစကားကို နား ေထာင္ၿပီးေတာ့မွ ဒီဟာေလးကေတာ့ သူတို႔ရဲ႕ဟာေလးပါ။ အဖြဲ႕ဖြဲ႕ၿပီးလုပ္ရတာကို ဒီလိုမ်ိဳးလုပ္ၿပီးေတာ့ ဒီဧကေလာက္ျဖစ္ခ်င္လည္းျဖစ္မယ္။ ေလ်ာ့ရင္လည္း ေလ်ာ့သြားမယ္။ အဲဒီဧကကို မိန္းမလွကြၽန္း တိုးခ်ဲ႕ ေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ေတာအျဖစ္နဲ႔ ထပ္ၿပီးေတာ့ ဖြဲ႕မွာပါ”ဟု ၎ကဆက္လက္ေျပာသည္။
မိန္းမလွကြၽန္း ေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ ေတာတြင္ ဒီေရေတာမ်ားေပါက္ေရာက္ေနၿပီး မိေက်ာင္း အပါအဝင္ ေတာ႐ိုင္းတိရစာၦန္အမ်ိဳးေပါင္းမ်ားစြာ က်က္စားလ်က္ရွိေၾကာင္း သိရသည္။