အစ္စရေးက ဟစ္စဘိုလာအဖွဲ့ကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေပြီး အနည်းဆုံး (၁၉)ဦး ထပ်မံသေဆုံး
164
ဂျန်ဇက် (NP News) - အောက်တိုဘာ ၃၁
အစ္စရေးနိုင်ငံဟာ လက်ဘနွန်ကို တိုက်ခိုက်မှုများလုပ်ဆောင်လျက်ရှိနေရာ အောက်တိုဘာ ၃၀ ရက်မှာ ပြုလုပ်ခဲ့တဲ့တိုက်ခိုက်မှုကြောင့် Baalbek အရပ်ဒေသမှာလူပေါင်း (၁၉)ဦးသေဆုံးခဲ့တယ်လို့ လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
အစ္စရေးစစ်တပ်ဟာ Baalbek အရပ်ဒေသရှိ ဒေသခံများကို ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ ညွှန်ကြားခဲ့ပြီးနောက် ဒေသခံထောင်ချီ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရကြောင်း သိရပါတယ်။ဒေသခံတွေ တိမ်းရှောင်ခဲ့ပြီးနောက် အစ္စရေးဟာ Baalbek အရပ်ဒေသကို လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြင့်တက်လာတယ်လို့ သိရပါတယ်။ ဟစ္စဘိုလာအဖွဲ့ခေါင်းဆောင်အသစ်က အပစ်ခတ်ရပ်စဲရေးရယူနိုင်ဖို့ အစ္စရေးကို ငိုကြွေးတောင်းဆိုနေမှာမဟုတ်ဘဲ အစ္စရေးကို စစ်ရေးအစီအစဉ်အတိုင်း တုံ့ပြန်သွားမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပြီးနောက် အစ္စရေးက လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ Baalbek မြို့တော်ဝန်က အစ္စရေးဟာ အောက်တိုဘာ ၃၀ ရက်မှာ လေကြောင်းတိုက်ခိုက်မှု (၂၆)ကြိမ်လုပ် ဆောင်ခဲ့ကြောင်း ပြောပါတယ်။ အစ္စရေးစစ်တပ်က ၎င်းတို့ဟာ လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ ဟစ္စဘိုလာအဖွဲ့ အမိန့်ပေးထိန်းချုပ်ရေးစင်တာနဲ့ တပ်စခန်းတွေကိုပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ပြောပါတယ်။
ဒါ့ပြင်အဲဒီအရပ်ဒေသက Bekaa Valley ရှိ လောင်စာဆီ သိုလှောင်ရာနေရာတွေကိုလည်းပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။ အစ္စရေးဟာ ၎င်းနိုင်ငံဘက်ခြမ်းကိုရော့ကဒ် ဒုံးကျည်တွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ ဟစ္စဘိုလာအဖွဲ့တွေကိုတိုက်ခိုက်ဖို့ စက်တင်ဘာ ၂၃ ရက် နောက်ပိုင်းတည်းက လက်ဘနွန်နိုင်ငံကိုပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
zawgyi version
အစၥေရးက ဟစၥဘိုလာအဖြဲ႕ကို ပစ္မွတ္ထားတိုက္ခိုက္မႈေတြ ဆက္လက္လုပ္ေဆာင္ေနၿပီး အနည္းဆုံး (၁၉)ဦး ထပ္မံေသဆုံး
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၃၁
အစၥေရးႏိုင္ငံဟာ လက္ဘႏြန္ကို တိုက္ခိုက္မႈမ်ားလုပ္ေဆာင္လ်က္ရွိေနရာ ေအာက္တိုဘာ ၃၀ ရက္မွာ ျပဳလုပ္ခဲ့တဲ့တိုက္ခိုက္မႈေၾကာင့္ Baalbek အရပ္ေဒသမွာလူေပါင္း (၁၉)ဦးေသဆုံးခဲ့တယ္လို႔ လက္ဘႏြန္ က်န္းမာေရးဝန္ႀကီးဌာနက ေျပာပါတယ္။
အစၥေရးစစ္တပ္ဟာ Baalbek အရပ္ေဒသရွိ ေဒသခံမ်ားကို ေဘးလြတ္ရာကို ေ႐ႊ႕ေျပာင္းဖို႔ ၫႊန္ၾကားခဲ့ၿပီးေနာက္ ေဒသခံေထာင္ခ်ီ ေနရပ္စြန႔္ခြာတိမ္းေရွာင္ခဲ့ရေၾကာင္း သိရပါတယ္။ေဒသခံေတြ တိမ္းေရွာင္ခဲ့ၿပီးေနာက္ အစၥေရးဟာ Baalbek အရပ္ေဒသကို ေလေၾကာင္းတိုက္ခိုက္မႈေတြ အရွိန္ျမင့္တက္လာတယ္လို႔ သိရပါတယ္။ ဟစၥဘိုလာအဖြဲ႕ေခါင္းေဆာင္အသစ္က အပစ္ခတ္ရပ္စဲေရးရယူႏိုင္ဖို႔ အစၥေရးကို ငိုေႂကြးေတာင္းဆိုေနမွာမဟုတ္ဘဲ အစၥေရးကို စစ္ေရးအစီအစဥ္အတိုင္း တုံ႔ျပန္သြားမွာျဖစ္တယ္လို႔ ေျပာဆိုခဲ့ၿပီးေနာက္ အစၥေရးက ေလေၾကာင္းတိုက္ခိုက္မႈလုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။ Baalbek ၿမိဳ႕ေတာ္ဝန္က အစၥေရးဟာ ေအာက္တိုဘာ ၃၀ ရက္မွာ ေလေၾကာင္းတိုက္ခိုက္မႈ (၂၆)ႀကိမ္လုပ္ ေဆာင္ခဲ့ေၾကာင္း ေျပာပါတယ္။ အစၥေရးစစ္တပ္က ၎တို႔ဟာ လက္ဘႏြန္ႏိုင္ငံေတာင္ပိုင္းရွိ ဟစၥဘိုလာအဖြဲ႕ အမိန႔္ေပးထိန္းခ်ဳပ္ေရးစင္တာနဲ႔ တပ္စခန္းေတြကိုပစ္မွတ္ထားတိုက္ခိုက္ခဲ့တာျဖစ္ေၾကာင္း ေျပာပါတယ္။
ဒါ့ျပင္အဲဒီအရပ္ေဒသက Bekaa Valley ရွိ ေလာင္စာဆီ သိုေလွာင္ရာေနရာေတြကိုလည္းပစ္မွတ္ထားတိုက္ခိုက္ခဲ့ေၾကာင္း အစၥေရးစစ္တပ္က ေျပာပါတယ္။ အစၥေရးဟာ ၎ႏိုင္ငံဘက္ျခမ္းကိုေရာ့ကဒ္ ဒုံးက်ည္ေတြနဲ႔ ပစ္မွတ္ထားတိုက္ခိုက္ေနတဲ့ ဟစၥဘိုလာအဖြဲ႕ေတြကိုတိုက္ခိုက္ဖို႔ စက္တင္ဘာ ၂၃ ရက္ ေနာက္ပိုင္းတည္းက လက္ဘႏြန္ႏိုင္ငံကိုပစ္မွတ္ထားတိုက္ခိုက္ခဲ့ေၾကာင္း သိရပါတယ္။