ထိုင်ဝမ်မှာအင်အားပြင်းမုန်တိုင်းကြောင့် ကျွန်းအရှေ့ပိုင်းရှိ မြို့နဲ့ကောင်တီတွေရှိ လုပ်ငန်းတွေကို ပိတ်ထား

 288

ဂျန်ဇက် (NP News) - အောက်တိုဘာ ၃၁

ထိုင်ဝမ်မှာ အင်အားပြင်းမုန်တိုင်းဝင်ရောက်တိုက်ခတ်မှုကြောင့် ကျွန်းအရှေ့ဘက်ပိုင်းရှိ မြို့ နဲ့ ကောင်တီများကို ပိတ်ထားရကြောင်း သိရပါတယ်။ Typhoon Kong-rey အမည်ရှိမုန်တိုင်းဟာ အောက်တိုဘာ ၃၁ ရက်မှာ ထိုင်ဝမ်ကျွန်းအရှေ့ဘက်ပိုင်းရှိ အရပ်ဒေသများကို ဝင်ရောက်တိုက်ခတ်နေပြီး ဘဏ် နဲ့ ငွေကြေးဆိုင်ရာလုပ်ငန်းတွေ၊ ပိတ်ထားရသလို လေကြောင်းခရီးစဉ်ရာချီကို ဖျက်သိမ်းခဲ့ရကြောင်းသိရပါတယ်။

အဆိုပါ မုန်တိုင်းဟာထိုင်ဝမ်ကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းတွေထဲမှာအားအပြင်း ဆုံးဖြစ်ဖွယ်ရှိနေပြီး လေပြင်းတိုက်ခတ်ခြင်းအပြင်မိုးသည်းထန်စွာရွာသွန်းမှုတွေ ဖြစ်ပွားလျက်ရှိနေကြောာင်း သိရပါတယ်။ မုန်တိုင်းဟာ တစ်နာရီ လေတိုက်နှုန်း ၂၅၀ ကီလိုမီတာနှုန်းနဲ့ တိုက်ခတ်နေပြီး ၁၉၉၆ ခုနှစ်နောက်ပိုင်း အားအပြင်းဆုံးမုန်တိုင်းဖြစ်ဖွယ်ရှိတယ်လို့ ထိုင်ဝမ် အာဏာပိုင်တွေကပြောပါတယ်။

ထိုင်ဝမ်သမ္မတလိုင်ချန်တေးက "ထိုင်ဝမ်ဒေသအတွင်းရှိ လူတိုင်းဟာ သဘာဝဘေး အန္တရာယ်ကနေ ရှောင်ရှားနိုင်အောင် ပူးပေါင်းဆောင်ရွက်ရမယ်။ မုန်တိုင်းဝင်ရောက်ချိန်အတွင်း ဘေးအန္တရာယ် ဖြစ်ပွားမယ့်နေရာတွေက ရှောင်ရှားနေထိုင်ဖို့ တိုက်တွန်းပါတယ်။" လို့ပြောပါတယ်။ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ကူညီပေးနိုင်အောင် တပ်ဖွဲ့ဝင် ၃၆၀၀၀ ကို အဆင့်သင့်လုပ်ထားကြောင်း၊ လက်ရှိအချိန်မှာ မုန်တိုင်း ဝင်ရောက်ပြီး ဘေးအန္တရာယ်ဖြစ်နိုင်မယ့် နေရာတွေမှာနေထိုင်နေသူ လူပေါင်း ၁၃၀၀ ကိုဘေးလွှတ်ရာကိုရွှေ့ပြောင်းပေးထားကြောင်း သိရပါတယ်။

zawgyi version
ထိုင္ဝမ္မွာအင္အားျပင္းမုန္တိုင္းေၾကာင့္ ကြၽန္းအေရွ႕ပိုင္းရွိ ၿမိဳ႕နဲ႔ေကာင္တီေတြရွိ လုပ္ငန္းေတြကို ပိတ္ထား
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၃၁

ထိုင္ဝမ္မွာ အင္အားျပင္းမုန္တိုင္းဝင္ေရာက္တိုက္ခတ္မႈေၾကာင့္ ကြၽန္းအေရွ႕ဘက္ပိုင္းရွိ ၿမိဳ႕ နဲ႔ ေကာင္တီမ်ားကို ပိတ္ထားရေၾကာင္း သိရပါတယ္။ Typhoon Kong-rey အမည္ရွိမုန္တိုင္းဟာ ေအာက္တိုဘာ ၃၁ ရက္မွာ ထိုင္ဝမ္ကြၽန္းအေရွ႕ဘက္ပိုင္းရွိ အရပ္ေဒသမ်ားကို ဝင္ေရာက္တိုက္ခတ္ေနၿပီး ဘဏ္ နဲ႔ ေငြေၾကးဆိုင္ရာလုပ္ငန္းေတြ၊ ပိတ္ထားရသလို ေလေၾကာင္းခရီးစဥ္ရာခ်ီကို ဖ်က္သိမ္းခဲ့ရေၾကာင္းသိရပါတယ္။

အဆိုပါ မုန္တိုင္းဟာထိုင္ဝမ္ကို ဝင္ေရာက္တိုက္ခတ္ခဲ့တဲ့ မုန္တိုင္းေတြထဲမွာအားအျပင္း ဆုံးျဖစ္ဖြယ္ရွိေနၿပီး ေလျပင္းတိုက္ခတ္ျခင္းအျပင္မိုးသည္းထန္စြာ႐ြာသြန္းမႈေတြ ျဖစ္ပြားလ်က္ရွိေနေၾကာာင္း သိရပါတယ္။ မုန္တိုင္းဟာ တစ္နာရီ ေလတိုက္ႏႈန္း ၂၅၀ ကီလိုမီတာႏႈန္းနဲ႔ တိုက္ခတ္ေနၿပီး ၁၉၉၆ ခုႏွစ္ေနာက္ပိုင္း အားအျပင္းဆုံးမုန္တိုင္းျဖစ္ဖြယ္ရွိတယ္လို႔ ထိုင္ဝမ္ အာဏာပိုင္ေတြကေျပာပါတယ္။

ထိုင္ဝမ္သမၼတလိုင္ခ်န္ေတးက "ထိုင္ဝမ္ေဒသအတြင္းရွိ လူတိုင္းဟာ သဘာဝေဘး အႏၲရာယ္ကေန ေရွာင္ရွားႏိုင္ေအာင္ ပူးေပါင္းေဆာင္႐ြက္ရမယ္။ မုန္တိုင္းဝင္ေရာက္ခ်ိန္အတြင္း ေဘးအႏၲရာယ္ ျဖစ္ပြားမယ့္ေနရာေတြက ေရွာင္ရွားေနထိုင္ဖို႔ တိုက္တြန္းပါတယ္။" လို႔ေျပာပါတယ္။ ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးဌာနကကူညီကယ္ဆယ္ေရးလုပ္ငန္းေတြကို ကူညီေပးႏိုင္ေအာင္ တပ္ဖြဲ႕ဝင္ ၃၆၀၀၀ ကို အဆင့္သင့္လုပ္ထားေၾကာင္း၊ လက္ရွိအခ်ိန္မွာ မုန္တိုင္း ဝင္ေရာက္ၿပီး ေဘးအႏၲရာယ္ျဖစ္ႏိုင္မယ့္ ေနရာေတြမွာေနထိုင္ေနသူ လူေပါင္း ၁၃၀၀ ကိုေဘးလႊတ္ရာကိုေ႐ႊ႕ေျပာင္းေပးထားေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.