ဆေးရုံတင်ထားစဉ် လူနာစောင့်အမျိုးသမီးကို တစ်ပတ်ရိုက်ပြီး ခိုးယူသွားသော (၉)ရက် သားအရွယ် ကလေးငယ်ကို ပြန်လည်တွေ့ရှိ

 5148

နာမူ (NP News) - အောက်တိုဘာ ၃၁

ရန်ကုန်မြို့ရှိ ဗဟိုအမျိုးသမီးဆေးရုံ၌ ဆေးရုံတင်ထားစဉ် လူနာစောင့်အမျိုးသမီးကို တစ်ပတ်ရိုက်ပြီး ခိုးယူသွားသော(၉)ရက်သားအရွယ် ကလေးငယ်ကို ပြန်လည်တွေ့ရှိပြီ ဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါ ကလေးငယ်သည် ယမန်နေ့ (အောက်တိုဘာလ ၃၀ ရက်) နံနက်ပိုင်း ၄ နာရီအ ချိန်ခန့်က ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် ခိုးယူခံလိုက်ရခြင်းဖြစ်သည်။ ဖြစ်စဉ်မှာ ကလေး၏ မိခင်က အိပ်ပျော်နေစဉ် အမျိုးသမီးတစ်ဦးက လူနာစောင့်အမျိုးသမီးကို လူနာစောင့်အချင်းချင်း ဖြစ်လေဟန်ဖြင့် ရောနှောစကားပြောပြီး လူနာစောင့် အမျိုးသမီးဖြစ်သူမျက်နှာသစ်ပြီး ပြန်လာချိန်နှင့် အဆိုပါ အမျိုးသမီး နှင့် ကလေး ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့နောက် ကလေးပျောက်ဆုံးသွားသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ မိသားစုက တာဝန်ရှိသူ များထံ တိုင်တန်းသည့်အပြင် လူမှုကွန်ယက်ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင်လည်း က လေးပျောက်ဆုံးကြောင်းနှင့်တွေ့ရှိပါက ဆက်သွယ်ပေးပါရန် ပို့စ်တင်ရှာဖွေခဲ့ရာ အင်တာနက် အသုံးပြုသူအများအပြားက ပြန်လည်မျှဝေခဲ့ကြသည်။ NP News က ကနဦး စုံစမ်းသိရှိရသော အချက်အလက်များအရ ကလေးငယ်မှာ အောက်တိုဘာလ ၃၀ ရက် တစ်ရက်လုံးနီးပါးပျောက်ဆုံးပြီးနောက် အောက်တိုဘာလ ၃၁ ရက်တွင် ပြန်လည်တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

“ပြန်ရှာတွေ့ပြီဆိုတာကတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ခိုးသွားရတဲ့အကြောင်းရင်းနဲ့ တခြားအကြောင်းတွေကတော့ ကိစ္စလေးတွေရှင်းနေလို့ အကြောင်းစုံသိရရင်ပြန်ပြောပေးပါ့မယ်”ဟု ကလေးမိသားစုနှင့် နီးစပ်သူက ဆိုသည်။

အဆိုပါ ကလေးပျောက်ဖြစ်စဉ်တွင် မသမာသူ အချို့က ကလေးငယ်၏ မိသားစုထံ တယ် လီဖုန်းဖြင့်ဆက်သွယ်ကာ လိမ်လည်ငွေညှစ်ခြင်းမျိုးရှိခဲ့ကြောင်းလည်း စုံစမ်းသိရှိရသည်။

zawgyi version
ေဆး႐ုံတင္ထားစဥ္ လူနာေစာင့္အမ်ိဳးသမီးကို တစ္ပတ္႐ိုက္ၿပီး ခိုးယူသြားေသာ (၉)ရက္ သားအ႐ြယ္ ကေလးငယ္ကို ျပန္လည္ေတြ႕ရွိ
နာမူ (NP News) - ေအာက္တိုဘာ ၃၁

ရန္ကုန္ၿမိဳ႕ရွိ ဗဟိုအမ်ိဳးသမီးေဆး႐ုံ၌ ေဆး႐ုံတင္ထားစဥ္ လူနာေစာင့္အမ်ိဳးသမီးကို တစ္ပတ္႐ိုက္ၿပီး ခိုးယူသြားေသာ(၉)ရက္သားအ႐ြယ္ ကေလးငယ္ကို ျပန္လည္ေတြ႕ရွိၿပီ ျဖစ္ေၾကာင္း မိသားစုႏွင့္နီးစပ္သူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါ ကေလးငယ္သည္ ယမန္ေန႔ (ေအာက္တိုဘာလ ၃၀ ရက္) နံနက္ပိုင္း ၄ နာရီအ ခ်ိန္ခန႔္က ဗဟိုအမ်ိဳးသမီးေဆး႐ုံႀကီးတြင္ ခိုးယူခံလိုက္ရျခင္းျဖစ္သည္။ ျဖစ္စဥ္မွာ ကေလး၏ မိခင္က အိပ္ေပ်ာ္ေနစဥ္ အမ်ိဳးသမီးတစ္ဦးက လူနာေစာင့္အမ်ိဳးသမီးကို လူနာေစာင့္အခ်င္းခ်င္း ျဖစ္ေလဟန္ျဖင့္ ေရာေႏွာစကားေျပာၿပီး လူနာေစာင့္ အမ်ိဳးသမီးျဖစ္သူမ်က္ႏွာသစ္ၿပီး ျပန္လာခ်ိန္ႏွင့္ အဆိုပါ အမ်ိဳးသမီး ႏွင့္ ကေလး ေပ်ာက္ဆုံးသြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ထို႔ေနာက္ ကေလးေပ်ာက္ဆုံးသြားသည့္ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ မိသားစုက တာဝန္ရွိသူ မ်ားထံ တိုင္တန္းသည့္အျပင္ လူမႈကြန္ယက္ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာထက္တြင္လည္း က ေလးေပ်ာက္ဆုံးေၾကာင္းႏွင့္ေတြ႕ရွိပါက ဆက္သြယ္ေပးပါရန္ ပို႔စ္တင္ရွာေဖြခဲ့ရာ အင္တာနက္ အသုံးျပဳသူအမ်ားအျပားက ျပန္လည္မွ်ေဝခဲ့ၾကသည္။ NP News က ကနဦး စုံစမ္းသိရွိရေသာ အခ်က္အလက္မ်ားအရ ကေလးငယ္မွာ ေအာက္တိုဘာလ ၃၀ ရက္ တစ္ရက္လုံးနီးပါးေပ်ာက္ဆုံးၿပီးေနာက္ ေအာက္တိုဘာလ ၃၁ ရက္တြင္ ျပန္လည္ေတြ႕ရွိရျခင္း ျဖစ္ေၾကာင္း သိရသည္။

“ျပန္ရွာေတြ႕ၿပီဆိုတာကေတာ့ ဟုတ္ပါတယ္။ ဒါေပမဲ့ ခိုးသြားရတဲ့အေၾကာင္းရင္းနဲ႔ တျခားအေၾကာင္းေတြကေတာ့ ကိစၥေလးေတြရွင္းေနလို႔ အေၾကာင္းစုံသိရရင္ျပန္ေျပာေပးပါ့မယ္”ဟု ကေလးမိသားစုႏွင့္ နီးစပ္သူက ဆိုသည္။

အဆိုပါ ကေလးေပ်ာက္ျဖစ္စဥ္တြင္ မသမာသူ အခ်ိဳ႕က ကေလးငယ္၏ မိသားစုထံ တယ္ လီဖုန္းျဖင့္ဆက္သြယ္ကာ လိမ္လည္ေငြညႇစ္ျခင္းမ်ိဳးရွိခဲ့ေၾကာင္းလည္း စုံစမ္းသိရွိရသည္။

Related news

© 2021. All rights reserved.