၂၀၂၄-၂၀၂၅ ရာသီ ပရီးမီးယားလိဂ် ပွဲစဉ်(၁၀) ပွဲကြိုသုံးသပ်ချက်များ
462
ရဲထက် (NP News) - နိုဝင်ဘာ ၁
ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ပွဲစဉ်(၁၀)ကို ရောက်ရှိလာချိန်မှာတော့ အသင်းကြီးတွေဖြစ်တဲ့ မန်စီးတီးနဲ့လီဗာပူးလ်တို့က အမှတ်ပေးဇယားကို ဦး ဆောင်ထားပြီး ချန်ပီယံဆုအတွက် အပြန်အလှန်ဖိ အားပေးမှုတွေကို မြင်တွေ့ထားရပါတယ်။ ထူးခြားမှု အနေနဲ့ကတော့ ဒီနှစ်ရာသီ ပရီးမီးယားလိဂ်ချန်ပီယံ ယှဉ်ပြိုင်မှုမှာလည်း အသင်းကြီးတွေရဲ့ ရမှတ်အနေ အထားက ကွာဟမှုကြီးကြီးမားမားမရှိတာကိုတွေ့ရပေမယ့် အမှတ်ပေးဇယားကို ဖိအားပေးနိုင်ပြီး ခြေ စွမ်းခြေစရှိတဲ့အသင်းတွေ ပိုများလာတာဖြစ်ပါတယ်။ ဘရိုက်တန်၊အက်စတွန်ဗီလာနဲ့ စပါးစ်အသင်းတွေ ဟာ မနှစ်ကထက် အသင်းကြီးတွေကို ဒုက္ခပေးလာ နိုင်သလို အမှတ်ပေးဖလားအတွက်ပါ အဟန့်အတား ကောင်းကောင်း လုပ်လာနိုင်တာကိုတွေ့ရပါတယ်။ ဒါကြောင့် အမှတ်ပေးဇယားကို အနီးကပ်ယှဉ်ပြိုင် မယ့် အသင်းတွေအဖြစ် မန်စီးတီး၊လီဗာပူးလ်နဲ့ အာ ဆင်နယ်အသင်းတို့ကို စောင့်ကြည့်ရမှာဖြစ်သလို အ မှတ်ပေးဇယားကို ဖိအားပေးဖို့အတွက်ကတော့ ဘ ရိုက်တန်၊အက်စတွန်ဗီလာ၊ချဲလ်ဆီးနဲ့ စပါးစ်အသင်း တွေကို အဓိကစောင့်ကြည့်သွားရဖို့ရှိနေပါတယ်။ ဒီတစ်ပတ်မှာလည်း NP News ကနေ ပရီးမီးယားလိဂ်အသင်းကြီး(၅)သင်းရဲ့ ပွဲစဉ်(၁၀) ယှဉ်ပြိုင်မှုတွေကို ပွဲကြိုသုံးသပ်ချက်အနေနဲ့ တင် ဆက်ပေးသွားချင်ပါတယ်။
မန်ယူ Vs ချဲလ်ဆီး
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ချဲလ်ဆီး ၄ - ၃ မန်ယူ (၄-၅-၂၀၂၄)
မန်ယူ ၂ - ၁ ချဲလ်ဆီး (၇-၁၂-၂၀၂၃)
မန်ယူ ၄ - ၁ ချဲလ်ဆီး (၂၆-၅-၂၀၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
မန်ယူ ၂ - ၃ ချဲလ်ဆီး
မန်ယူ ၁ - ၂ ချဲလ်ဆီး
ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုက ပြိုင် ဆိုင်မှု ပြင်းထန်နိုင်ပြီး ပွဲစဉ်(၁၀)ရဲ့ အကောင်းဆုံး သောပွဲစဉ်ဖြစ်ပါတယ်။ မန်ယူအသင်းက ဒီရာသီမှာ နိုင်ပွဲရဖို့ရုန်းကန်နေရတဲ့အပြင် ခြေစွမ်းပိုင်းမှာလည်း ကောင်းမွန်မှုမရှိသေးတာကြောင့် ချဲလ်ဆီးအသင်းနဲ့ ထိပ်တိုက်တွေ့ဆုံမှုက မန်ယူအသင်းအတွက် ခက်ခဲ လာနိုင်ပါတယ်။ နည်းပြဖြစ်တဲ့ တန်းဟတ်လက် ထက်မှာ မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် တိုင်းလိုလို အားရကျေနပ်လောက်တဲ့ စွမ်းဆောင် ရည်မျိုးကို ပြသနိုင်ခြင်းမရှိသေးတာကိုတွေ့ရပါ တယ်။ မန်ယူအသင်းရဲ့ အဓိကလိုအပ်ချက်ကတော့ ဒီရာသီ အသင်းကြီးတွေနဲ့တွေ့ဆုံမှု (၃)ကြိမ်လုံး နိုင်ပွဲမရတာက မန်ယူအသင်းရဲ့ လက်ရှိခြေစွမ်းကို သုံးသပ်လို့ ရနေပါတယ်။ လီဗာပူးလ်နဲ့ စပါးစ်အသင်း ကို(၃)ဂိုးပြတ်နဲ့ ရှုံးနိမ့်ထားသလို အက်စတွန်ဗီလာ အသင်းကိုလည်း သရေကျထားတာကြောင့် အသင်း ကြီးတွေနဲ့ဆိုင် မန်ယူအသင်းရဲ့စွမ်းဆောင်ရည် ညံ့ တယ်လို့ ပြောလို့ရနေပါတယ်။ ချဲလ်ဆီးအသင်းက လည်း အသင်းငယ်တွေကိုသာ နိုင်ပွဲရယူဖို့ လွယ်ကူ နေပေမယ့် အသင်းကြီးတွေနဲ့တွေ့ရင် ပွဲတိုင်းရှုံးနိမ့် ထားပါတယ်။ ရာသီအစမှာ မန်စီးတီးအသင်းကို (၂)ဂိုးနဲ့ ရှုံးနိမ့်ထားသလို လီဗာပူးလ်အသင်းကိုလည်း (၂-၁)နဲ့ရှုံးထားတာကြောင့် ခြေစွမ်းပိုင်းက တိုးတက် လာတယ်လို့ပြောလို့မရပါဘူး။ ချဲလ်ဆီးအသင်းက ဒီရာသီမှာ ခြေစွမ်းပိုင်းရော လူစာရင်းအရပါတိုးတက် လာတယ်ဆိုပေမယ့် အဓိကလိုအပ်ချက်တစ်ခုက နည်းပြ မာရက်စကာရဲ့ ကစားကွက်အတိုင်းကစား သမားတွေ မစွမ်းဆောင်နိုင်သေးတာကိုတွေ့ရပါ တယ်။ ထိပ်တိုက်တွေ့ဆုံမှုအရပြန်ကြည့်ရင် မနှစ်က ရာသီတွေ့ဆုံခဲ့တဲ့ (၂)ကြိမ်မှာ တစ်ပွဲစီအနိုင်ရရှိထား ကြတာကိုတွေ့ရပါတယ်။ ဒါ့ပြင် တွေ့ဆုံခဲ့တဲ့ ပွဲစဉ် တိုင်းမှာ သွင်းဂိုးတွေကိုမြင်တွေ့ရလေ့ရှိပြီး ကြည့် ကောင်းတဲ့ ပွဲစဉ်တွေဖြစ်ခဲ့တာကြောင့် ဒီရာသီမှာ ဘယ်အသင်းက အနိုင်ရရှိသွားမလဲဆိုတာကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ ရလဒ်ပိုင်းအနေနဲ့ ခန့်မှန်းရမယ်ဆိုရင်တော့ မန်ယူအသင်းရဲ့ အိမ်ကွင်း ဖြစ်နေတာကြောင့် အသားစီးရယူနိုင်ပေမယ့် ချဲလ်ဆီး အသင်းရဲ့တိုက်စစ်ကို ထိန်းဖို့ စိတ်ချရတဲ့နောက် တန်းခံစစ်သာ အားနည်းခဲ့ရင် မန်ယူအသင်းအတွက် ပေးဆပ်မှုကြီးမားသွားနိုင်ပါတယ်။ ချဲလ်ဆီးအသင်း ကလည်း မန်ယူအသင်းရဲ့ လက်ရှိခြေစွမ်းကိုကြည့် ပြီးကစားရင်တော့ နိုင်ပွဲရဖို့ခက်ခဲ့နိုင်ပြီး ရှုံးပွဲပါတွေ့ သွားနိုင်ပါတယ်။ ဒါကြောင့် ဒီနှစ်သင်းရဲ့ ပွဲစဉ်က သရေကျဖို့များနေပြီး နိုင်မယ်ဆိုရင်တော့ ခြေစွမ်းပိုင်း ပိုကောင်းတဲ့ ချဲလ်ဆီးက (၁)ဂိုးအသာလောက်နဲ့ ကပ် နိုင်ပါမယ်။
နယူးကာဆယ် Vs အာဆင်နယ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
အာဆင်နယ် ၄ - ၁ နယူးကာဆယ်(၂၅-၂-၂၀၂၄)
နယူးကာဆယ် ၁-ဝ အာဆင်နယ် (၅-၁၁-၂၀၂၃)
နယူးကာဆယ် ဝ - ၂ အာဆင်နယ် (၇-၅-၂၀၂၂)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
နယူးကာဆယ် ၂ - ၂ အာဆင်နယ်
နယူးကာဆယ် ၃ - ၁ အာဆင်နယ်
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ပရီးမီး ယားလိဂ်ပွဲစဉ်(၈)မှာ မထင်မှတ်ဘဲ ဘန်းမောက်စ် အသင်းကို ရှုံးခဲ့အပြီးမှာတော့ အမှတ်ပေးဖလား အတွက် ဖိအားပေးနိုင်ဖို့ အားလျော့သွားတဲ့ အနေ အထားကို မြင်တွေ့လာရပါတယ်။ လီဗာပူးလ်နဲ့ မန်စီး တီးအသင်းတွေကို ဖိအားပေးနိုင်ဖို့ဆိုတာ အမှားနည်း နိုင်သမျှနည်းအောင် ကစားထားနိုင်မှသာ အဆင်ပြေ မှာဖြစ်ပြီး သရေပွဲတွေနဲ့ ရှုံးပွဲတွေသာဆက်နေဦး မယ်ဆိုရင်တော့ အာဆင်နယ် အသင်းအတွက် မှန်းချက်နဲ့နှမ်းထွက်မကိုက်တဲ့ရာသီတစ်ခုကို ဖြတ်သန်း သွားရမှာပဲဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ (၂)နှစ်အ တွင်းမှာ အာဆင်နယ်အသင်းဟာ ချန်ပီယံဆုနဲ့ ထိုက် တန်တဲ့အသင်းတစ်သင်းဆိုတာကို အားလုံးက လက်ခံနိုင်လောက် တဲ့အထိ ခြေစွမ်းပြထားတဲ့အ သင်းဖြစ်တာကြောင့် ရာသီအစောပိုင်းမှာ ပြောဖို့ စော နေသေးတယ်လို့လည်း ဆိုနိုင်ပါတယ်။ နယူးကာ ဆယ်အသင်းကတော့ ဒီရာသီမှာ မနှစ်ကအတိုင်း ခြေစွမ်းအရရော အမှတ်ပေးဇယားရပ်တည်မှုမှာပါ ပုံမှန်ခြေစွမ်းလို့ ပြောလို့ရနေပါတယ်။ ဒါပေမဲ့ အာ ဆင်နယ်အသင်းနဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့ ပွဲစဉ်တွေကို ပြန်ကြည့်ရင် ခြေစွမ်းပိုင်းကောင်းမွန်တာကိုတွေ့ရပြီး အပြန်အလှန်သွင်းဂိုးတွေကိုပါ မြင်တွေ့ထားရပါ တယ်။ ဒါ့ပြင် အင်အားသုံးကစားတတ်တဲ့ ကစားဟန် ကြောင့် ကစားရခက်တဲ့အသင်းဖြစ်ပြီး နိုင်ပွဲရဖို့ လည်းခက်ခဲနိုင်တာကြောင့် အာဆင်နယ်အသင်း အ တွက် နိုင်ပွဲရဖို့ မလွယ်ကူးနိုင်တဲ့ အနေအထားဖြစ် ပါတယ်။ ရလဒ်ပိုင်းအနေနဲ့ ခန့်မှန်းရရင်တော့ အာ ဆင်နယ်အသင်းက အဝေးကွင်းဖြစ်တာကြောင့် နိုင်ပွဲရဖို့ ခက်ခဲနိုင်တယ်ဆိုပေမယ့် ဒီပွဲစဉ်ကိုသာ ရှုံး ခဲ့မယ်ဆိုရင် အာဆင်နယ်အသင်းက အမှတ်ပေးဖ လားကို စိန်ခေါ်နိုင်ဖို့ ခက်ခဲသွားနိုင်တာကြောင့် ဒီ ပွဲစဉ်က အနည်းဆုံးသရေ(၁)မှတ်ရယူနိုင်ပြီး အနိုင် (၃)မှတ်လည်း ရရှိသွားနိုင်ပါတယ်။
ဘုန်းမောက်စ် Vs မန်စီးတီး
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ဘုန်းမောက်စ် ဝ - ၁ မန်စီးတီး (၂၅-၂-၂၀၂၄)
မန်စီးတီး ၆ - ၁ ဘုန်းမောက်စ် (၄-၁၁-၂၀၂၃)
ဘုန်းမောက်စ် ၁ - ၄ မန်စီးတီး (၂၆-၂-၂၀၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ဘုန်းမောက်စ် ၂ - ဝ မန်စီးတီး
ဘုန်းမောက်စ် ၂ - ၁ မန်စီးတီး
ဒီရာသီ ပရီးမီးယားလိဂ်မှာ သက်တောင့် သက်သာအရှိဆုံးနဲ့ အားကုန်ထုတ်ပြီး မကစားသေး တာက မန်စီးတီးအသင်းလို့ ပြောလို့ရပါတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ မန်စီးတီးအသင်းရဲ့ကစားဟန်က နိုင်ရမယ့်ပွဲတွေကိုလည်း သာသာယာယာအနိုင်ယူ တတ်သလို အသင်းကြီးတွေနဲ့တွေ့ဆုံမှုဆိုရင်လည်း မရှုံးအောင်ကစာထားနိုင်သလို နိုင်ပွဲရအောင် ဘယ် လိုကန်ရမလဲဆိုတဲ့ နည်းစနစ်တစ်ခုကလည်း မန်စီး တီးအသင်းရဲ့ အခြားအသင်းတွေနဲ့ မတူကွဲပြားတဲ့ အချက်ပဲဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ရှုံးပွဲမရှိ သေးတာကိုကြည့်ရင် မန်စီးတီးအသင်းက ပုံမှန်အတိုင်းလည်ပတ်နေတယ်လို့ပြောလို့ရနေပြီး (၅)နှစ် ဆက်ချန်ပီယံဖြစ်ဖို့ ဘာဖိအားမှရှိမနေတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။ တစ်ဖက်မှာ လီဗာပူးလ်အသင်းက အနီးကပ်ဖိအားပေးနေပေမယ့် လီဗာပူးလ်အသင်းက နောက်ပိုင်းပွဲစဉ်တွေမှာ ပွဲကြပ်ကာလတွေကို ရင်ဆိုင် နေတာကြောင့် မန်စီးတီးအသင်းအတွက် ဇယား ထိပ်ကို ဦးဆောင်ဖို့ အခွင့်အရေးရသွားနိုင်ပါတယ်။ မန်စီးတီးအသင်းအမှတ်ပေးဇယားထိပ်ကိုသာ ရောက်သွားခဲ့ရင် တစ်ပွဲထက်တစ်ပွဲပိုကောင်းလာတဲ့ အပြင် အမှားနည်းပြီး ပွဲစဉ်တိုင်းလိုလို နိုင်ပွဲရတတ် တာကြောင့် မန်စီးတီးအသင်းကို ဒီနှစ်မှာရော ဘယ် အသင်းက ရပ်တန့်နိုင်မလဲဆိုတဲ့ မေးခွန်းလည်းရှိ နေပါတယ်။ ဘုန်းမောက်စ်အသင်းကတော့ ခြေစွမ်း ပိုင်းအရ အာဆင်နယ်အသင်းကိုတောင်နိုင်ထားတာကြောင့် ကစားပုံကျစ်လစ်မှုရှိပြီး မန်စီးတီးအနေနဲ့ အစောပိုင်းမိနှစ်တွေမှာ ဂိုးသွင်းနိုင်ဖို့ ခက်ခဲနိုင်ပါ တယ်။ (၂)ဂိုးလောက်နဲ့သာ မန်စီးတီးအသင်းက နိုင် ပါမယ်။
လီဗာပူးလ် Vs ဘရိုက်တန်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
လီဗာပူးလ် ၂ - ၁ ဘရိုက်တန် (၃၁-၃-၂၀၂၃)
ဘရိုက်တန် ၂ - ၂ လီဗာပူးလ် (၈-၁၀-၂၀၂၃)
ဘရိုက်တန် ၃ - ဝ လီဗာပူးလ် (၁၄-၁-၂၀၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
လီဗာပူးလ် ၂ - ၁ ဘရိုက်တန်
လီဗာပူးလ် ၃ - ၂ ဘရိုက်တန်
လီဗာပူးလ်အသင်းရဲ့ ကစားဟန်က ပို ကောင်းလာတာကိုတွေ့ရတဲ့အပြင် တိုက်စစ်လိုက် ပါမှုကလည်းပိုပြီး တည်ငြိမ်ပြတ်သားလာတာဖြစ်ပါ တယ်။ ပြောရရင် လီဗာပူးလ်အသင်းရဲ့က တစ်သင်း လုံး လုပ်အားနှုန်းကောင်းကောင်းနဲ့ကစားတတ်ပြီး တိုက်စစ်လိုက်ပါမှုက မြန်ဆန်တဲ့အပြင် တစ်သင်း လုံးအတက်အဆင်းကစားတာက နည်းပြ ယာဂင်က လော့လက်ထက်မှာ နာမည်ကြီးတဲ့ ကစားဟန်တစ် ခုဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလို တစ်သင်းလုံးအတက် အဆင်းနဲ့ တစ်ဖက်အသင်းကို ဖိအားပေးပြီးချိန်မှာ ကစားအားကျလာပြီး ဂိုးတွေပြန်ပေးရတတ်ပါတယ်။ ဒါကို နည်ပြ အာနဲစလော့ကအကွက်မြင်မြင်နဲ့ ကစား အားကိုမကျအောင် ပထမပိုင်းနဲ့ ဒုတိယပိုင်းမိနှစ်(၇၀)ကျော်လောက်အထိ ပွဲထွက်ကစားသမားတွေထက် လုပ်အားနှုန်းကို ထိန်းကစားနိုင်တဲ့ ကစားသမားတွေ ကိုသာသုံးပြီး မိနှစ်(၇၀)နောက်ပိုင်းရောက်တာနဲ့ လူ စားလဲပြီး ကစားအားကျမသွားထိန်းထားနိုင်တာ တွေ့ရပါတယ်။ ဘရိုက်တန်အသင်းကလည်း အသင်း ကြီးတွေနဲ့ဆိုရင် ခြေစွမ်းပိုင်မညံ့တဲ့အသင်းဖြစ်တာ ကြောင့် ဒီနှစ်သင်းရဲ့ ပွဲစဉ်က လီဗာပူးလ်အသင်းရဲ့ အိမ်ကွင်းမှာဖြစ်တာကြောင့် ဘရိုက်တန်အနေနဲ့ နိုင် ပွဲရဖို့ခက်ခဲနိုင်ပြီး လီဗာပူးလ်အသင်းက (၁)ဂိုး အသာလောက်နဲ့ နိုင်ပါမယ်။
စပါးစ် Vs အက်စတွန်ဗီလာ
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
အက်စတွန်ဗီလာ ဝ - ၄ စပါးစ် (၁၀-၃-၂၀၂၄)
စပါးစ် ၁ - ၂ အက်စတွန်ဗီလာ (၂၆-၁၁-၂၀ ၂၃)
အက်စတွန်ဗီလာ ၂ - ၁ စပါးစ် (၁၃-၅-၂၀၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
စပါးစ် ၂ - ၃ အက်စတွန်ဗီလာ
စပါးစ် ၁ - ၂ အက်စတွန်ဗီလာ
ဒီနှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုက မြိုင် မြိုင်ဆိုင်ဆိုင်ရှိမှာဖြစ်ပြီး နှစ်သင်းလုံးရဲ့ ကစားဟန်က အပြန်အလှန်သွင်း ဂိုးတွေနဲ့ ဖိအားပေးပြီး တိုက်စစ်ပြီး ရင်း တိုက်စစ်ကစားမယ့် ပွဲကောင်းတစ်ပွဲဖြစ်လာနိုင် ပါတယ်။ အက်စတွန်ဗီလာအသင်းက နည်းပြ အူနှိုင်း အမ်မရီလက်ထက် ဥရောပပွဲစဉ်တွေကို ကစားရတဲ့ အထိ ခြေစွမ်းကောင်းနေသလို အသင်းကြီးတွေ ကိုလည်း ပခုံးချင်းယှဉ်ကစားနိုင်တဲ့ အနေအထားကို မြင်တွေ့ရပါတယ်။စပါးစ်အသင်းကတော့ခြေစွမ်းပိုင်း တက်လာတယ်လို့ ပြောလို့ရနေပြီး အမှတ်ဇယားရဲ့ အဆင့်(၅)ထဲကိုဝင်နိုင်ဖို့ အလားအလာ ကောင်းနေ ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုအရ ပြန်ကြည့်ရင် နောက်ဆုံးတွေ့ခဲ့တဲ့ (၃)ပွဲမှာ အက်စတွန်ဗီလာ အ သင်းက(၂)ပွဲနိုင်ထားပြီး စပါးစ်အသင်းက(၁)ပွဲနိုင် ထားပါတယ်။ ရလဒ်ပိုင်းအနေနဲ့ ခန့်မှန်းရရင်တော့ ဒီပွဲစဉ်က သရေကျဖို့များပြီး နိုင်မယ်ဆိုရင်တော့ အက်စတွန်ဗီလာဘက်က နေချင်ပါတယ်။
၂ -၁၁-၂၀၂၄ (စနေနေ့ညပိုင်း)
ည(ရးဝဝ) နယူးကာဆယ် Vs အာဆင်နယ်
ည(၉း၃၀) ဘုန်းမောက်စ် Vs မန်စီးတီး
ည(၉း၃၀) လီဗာပူးလ် Vs ဘရိုက်တန်
၃-၁၁-၂၀၂၄ (တနင်္ဂနွေနေ့ညပိုင်း)
ည(၈း၃၀) စပါးစ် Vs အက်စတွန်ဗီလာ
ည(၁၁းဝဝ) မန်ယူ Vs ချဲလ်ဆီး
zawgyi version
၂၀၂၄-၂၀၂၅ ရာသီ ပရီးမီးယားလိဂ္ ပြဲစဥ္(၁၀) ပြဲႀကိဳသုံးသပ္ခ်က္မ်ား
ရဲထက္ (NP News) - ႏိုဝင္ဘာ ၁
ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕ ပြဲစဥ္(၁၀)ကို ေရာက္ရွိလာခ်ိန္မွာေတာ့ အသင္းႀကီးေတြျဖစ္တဲ့ မန္စီးတီးနဲ႔လီဗာပူးလ္တို႔က အမွတ္ေပးဇယားကို ဦး ေဆာင္ထားၿပီး ခ်န္ပီယံဆုအတြက္ အျပန္အလွန္ဖိ အားေပးမႈေတြကို ျမင္ေတြ႕ထားရပါတယ္။ ထူးျခားမႈ အေနနဲ႔ကေတာ့ ဒီႏွစ္ရာသီ ပရီးမီးယားလိဂ္ခ်န္ပီယံ ယွဥ္ၿပိဳင္မႈမွာလည္း အသင္းႀကီးေတြရဲ႕ ရမွတ္အေန အထားက ကြာဟမႈႀကီးႀကီးမားမားမရွိတာကိုေတြ႕ရေပမယ့္ အမွတ္ေပးဇယားကို ဖိအားေပးႏိုင္ၿပီး ေျခ စြမ္းေျခစရွိတဲ့အသင္းေတြ ပိုမ်ားလာတာျဖစ္ပါတယ္။ ဘ႐ိုက္တန္၊အက္စတြန္ဗီလာနဲ႔ စပါးစ္အသင္းေတြ ဟာ မႏွစ္ကထက္ အသင္းႀကီးေတြကို ဒုကၡေပးလာ ႏိုင္သလို အမွတ္ေပးဖလားအတြက္ပါ အဟန႔္အတား ေကာင္းေကာင္း လုပ္လာႏိုင္တာကိုေတြ႕ရပါတယ္။ ဒါေၾကာင့္ အမွတ္ေပးဇယားကို အနီးကပ္ယွဥ္ၿပိဳင္ မယ့္ အသင္းေတြအျဖစ္ မန္စီးတီး၊လီဗာပူးလ္နဲ႔ အာ ဆင္နယ္အသင္းတို႔ကို ေစာင့္ၾကည့္ရမွာျဖစ္သလို အ မွတ္ေပးဇယားကို ဖိအားေပးဖို႔အတြက္ကေတာ့ ဘ ႐ိုက္တန္၊အက္စတြန္ဗီလာ၊ခ်ဲလ္ဆီးနဲ႔ စပါးစ္အသင္း ေတြကို အဓိကေစာင့္ၾကည့္သြားရဖို႔ရွိေနပါတယ္။ ဒီတစ္ပတ္မွာလည္း NP News ကေန ပရီးမီးယားလိဂ္အသင္းႀကီး(၅)သင္းရဲ႕ ပြဲစဥ္(၁၀) ယွဥ္ၿပိဳင္မႈေတြကို ပြဲႀကိဳသုံးသပ္ခ်က္အေနနဲ႔ တင္ ဆက္ေပးသြားခ်င္ပါတယ္။
မန္ယူ Vs ခ်ဲလ္ဆီး
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ခ်ဲလ္ဆီး ၄ - ၃ မန္ယူ (၄-၅-၂၀၂၄)
မန္ယူ ၂ - ၁ ခ်ဲလ္ဆီး (၇-၁၂-၂၀၂၃)
မန္ယူ ၄ - ၁ ခ်ဲလ္ဆီး (၂၆-၅-၂၀၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
မန္ယူ ၂ - ၃ ခ်ဲလ္ဆီး
မန္ယူ ၁ - ၂ ခ်ဲလ္ဆီး
ဒီႏွစ္သင္းရဲ႕ ထိပ္တိုက္ေတြ႕ဆုံမႈက ၿပိဳင္ ဆိုင္မႈ ျပင္းထန္ႏိုင္ၿပီး ပြဲစဥ္(၁၀)ရဲ႕ အေကာင္းဆုံး ေသာပြဲစဥ္ျဖစ္ပါတယ္။ မန္ယူအသင္းက ဒီရာသီမွာ ႏိုင္ပြဲရဖို႔႐ုန္းကန္ေနရတဲ့အျပင္ ေျခစြမ္းပိုင္းမွာလည္း ေကာင္းမြန္မႈမရွိေသးတာေၾကာင့္ ခ်ဲလ္ဆီးအသင္းနဲ႔ ထိပ္တိုက္ေတြ႕ဆုံမႈက မန္ယူအသင္းအတြက္ ခက္ခဲ လာႏိုင္ပါတယ္။ နည္းျပျဖစ္တဲ့ တန္းဟတ္လက္ ထက္မွာ မန္ယူအသင္းဟာ ပရီးမီးယားလိဂ္ပြဲစဥ္ တိုင္းလိုလို အားရေက်နပ္ေလာက္တဲ့ စြမ္းေဆာင္ ရည္မ်ိဳးကို ျပသႏိုင္ျခင္းမရွိေသးတာကိုေတြ႕ရပါ တယ္။ မန္ယူအသင္းရဲ႕ အဓိကလိုအပ္ခ်က္ကေတာ့ ဒီရာသီ အသင္းႀကီးေတြနဲ႔ေတြ႕ဆုံမႈ (၃)ႀကိမ္လုံး ႏိုင္ပြဲမရတာက မန္ယူအသင္းရဲ႕ လက္ရွိေျခစြမ္းကို သုံးသပ္လို႔ ရေနပါတယ္။ လီဗာပူးလ္နဲ႔ စပါးစ္အသင္း ကို(၃)ဂိုးျပတ္နဲ႔ ရႈံးနိမ့္ထားသလို အက္စတြန္ဗီလာ အသင္းကိုလည္း သေရက်ထားတာေၾကာင့္ အသင္း ႀကီးေတြနဲ႔ဆိုင္ မန္ယူအသင္းရဲ႕စြမ္းေဆာင္ရည္ ညံ့ တယ္လို႔ ေျပာလို႔ရေနပါတယ္။ ခ်ဲလ္ဆီးအသင္းက လည္း အသင္းငယ္ေတြကိုသာ ႏိုင္ပြဲရယူဖို႔ လြယ္ကူ ေနေပမယ့္ အသင္းႀကီးေတြနဲ႔ေတြ႕ရင္ ပြဲတိုင္းရႈံးနိမ့္ ထားပါတယ္။ ရာသီအစမွာ မန္စီးတီးအသင္းကို (၂)ဂိုးနဲ႔ ရႈံးနိမ့္ထားသလို လီဗာပူးလ္အသင္းကိုလည္း (၂-၁)နဲ႔ရႈံးထားတာေၾကာင့္ ေျခစြမ္းပိုင္းက တိုးတက္ လာတယ္လို႔ေျပာလို႔မရပါဘူး။ ခ်ဲလ္ဆီးအသင္းက ဒီရာသီမွာ ေျခစြမ္းပိုင္းေရာ လူစာရင္းအရပါတိုးတက္ လာတယ္ဆိုေပမယ့္ အဓိကလိုအပ္ခ်က္တစ္ခုက နည္းျပ မာရက္စကာရဲ႕ ကစားကြက္အတိုင္းကစား သမားေတြ မစြမ္းေဆာင္ႏိုင္ေသးတာကိုေတြ႕ရပါ တယ္။ ထိပ္တိုက္ေတြ႕ဆုံမႈအရျပန္ၾကည့္ရင္ မႏွစ္က ရာသီေတြ႕ဆုံခဲ့တဲ့ (၂)ႀကိမ္မွာ တစ္ပြဲစီအႏိုင္ရရွိထား ၾကတာကိုေတြ႕ရပါတယ္။ ဒါ့ျပင္ ေတြ႕ဆုံခဲ့တဲ့ ပြဲစဥ္ တိုင္းမွာ သြင္းဂိုးေတြကိုျမင္ေတြ႕ရေလ့ရွိၿပီး ၾကည့္ ေကာင္းတဲ့ ပြဲစဥ္ေတြျဖစ္ခဲ့တာေၾကာင့္ ဒီရာသီမွာ ဘယ္အသင္းက အႏိုင္ရရွိသြားမလဲဆိုတာကလည္း စိတ္ဝင္စားစရာေကာင္းပါတယ္။ ရလဒ္ပိုင္းအေနနဲ႔ ခန႔္မွန္းရမယ္ဆိုရင္ေတာ့ မန္ယူအသင္းရဲ႕ အိမ္ကြင္း ျဖစ္ေနတာေၾကာင့္ အသားစီးရယူႏိုင္ေပမယ့္ ခ်ဲလ္ဆီး အသင္းရဲ႕တိုက္စစ္ကို ထိန္းဖို႔ စိတ္ခ်ရတဲ့ေနာက္ တန္းခံစစ္သာ အားနည္းခဲ့ရင္ မန္ယူအသင္းအတြက္ ေပးဆပ္မႈႀကီးမားသြားႏိုင္ပါတယ္။ ခ်ဲလ္ဆီးအသင္း ကလည္း မန္ယူအသင္းရဲ႕ လက္ရွိေျခစြမ္းကိုၾကည့္ ၿပီးကစားရင္ေတာ့ ႏိုင္ပြဲရဖို႔ခက္ခဲ့ႏိုင္ၿပီး ရႈံးပြဲပါေတြ႕ သြားႏိုင္ပါတယ္။ ဒါေၾကာင့္ ဒီႏွစ္သင္းရဲ႕ ပြဲစဥ္က သေရက်ဖို႔မ်ားေနၿပီး ႏိုင္မယ္ဆိုရင္ေတာ့ ေျခစြမ္းပိုင္း ပိုေကာင္းတဲ့ ခ်ဲလ္ဆီးက (၁)ဂိုးအသာေလာက္နဲ႔ ကပ္ ႏိုင္ပါမယ္။
နယူးကာဆယ္ Vs အာဆင္နယ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
အာဆင္နယ္ ၄ - ၁ နယူးကာဆယ္(၂၅-၂-၂၀၂၄)
နယူးကာဆယ္ ၁-ဝ အာဆင္နယ္ (၅-၁၁-၂၀၂၃)
နယူးကာဆယ္ ဝ - ၂ အာဆင္နယ္ (၇-၅-၂၀၂၂)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
နယူးကာဆယ္ ၂ - ၂ အာဆင္နယ္
နယူးကာဆယ္ ၃ - ၁ အာဆင္နယ္
အာဆင္နယ္အသင္းဟာ ၿပီးခဲ့တဲ့ ပရီးမီး ယားလိဂ္ပြဲစဥ္(၈)မွာ မထင္မွတ္ဘဲ ဘန္းေမာက္စ္ အသင္းကို ရႈံးခဲ့အၿပီးမွာေတာ့ အမွတ္ေပးဖလား အတြက္ ဖိအားေပးႏိုင္ဖို႔ အားေလ်ာ့သြားတဲ့ အေန အထားကို ျမင္ေတြ႕လာရပါတယ္။ လီဗာပူးလ္နဲ႔ မန္စီး တီးအသင္းေတြကို ဖိအားေပးႏိုင္ဖို႔ဆိုတာ အမွားနည္း ႏိုင္သမွ်နည္းေအာင္ ကစားထားႏိုင္မွသာ အဆင္ေျပ မွာျဖစ္ၿပီး သေရပြဲေတြနဲ႔ ရႈံးပြဲေတြသာဆက္ေနဦး မယ္ဆိုရင္ေတာ့ အာဆင္နယ္ အသင္းအတြက္ မွန္းခ်က္နဲ႔ႏွမ္းထြက္မကိုက္တဲ့ရာသီတစ္ခုကို ျဖတ္သန္း သြားရမွာပဲျဖစ္ပါတယ္။ ဒါေပမဲ့ ၿပီးခဲ့တဲ့ (၂)ႏွစ္အ တြင္းမွာ အာဆင္နယ္အသင္းဟာ ခ်န္ပီယံဆုနဲ႔ ထိုက္ တန္တဲ့အသင္းတစ္သင္းဆိုတာကို အားလုံးက လက္ခံႏိုင္ေလာက္ တဲ့အထိ ေျခစြမ္းျပထားတဲ့အ သင္းျဖစ္တာေၾကာင့္ ရာသီအေစာပိုင္းမွာ ေျပာဖို႔ ေစာ ေနေသးတယ္လို႔လည္း ဆိုႏိုင္ပါတယ္။ နယူးကာ ဆယ္အသင္းကေတာ့ ဒီရာသီမွာ မႏွစ္ကအတိုင္း ေျခစြမ္းအရေရာ အမွတ္ေပးဇယားရပ္တည္မႈမွာပါ ပုံမွန္ေျခစြမ္းလို႔ ေျပာလို႔ရေနပါတယ္။ ဒါေပမဲ့ အာ ဆင္နယ္အသင္းနဲ႔ ထိပ္တိုက္ေတြ႕ခဲ့တဲ့ ပြဲစဥ္ေတြကို ျပန္ၾကည့္ရင္ ေျခစြမ္းပိုင္းေကာင္းမြန္တာကိုေတြ႕ရၿပီး အျပန္အလွန္သြင္းဂိုးေတြကိုပါ ျမင္ေတြ႕ထားရပါ တယ္။ ဒါ့ျပင္ အင္အားသုံးကစားတတ္တဲ့ ကစားဟန္ ေၾကာင့္ ကစားရခက္တဲ့အသင္းျဖစ္ၿပီး ႏိုင္ပြဲရဖို႔ လည္းခက္ခဲႏိုင္တာေၾကာင့္ အာဆင္နယ္အသင္း အ တြက္ ႏိုင္ပြဲရဖို႔ မလြယ္ကူးႏိုင္တဲ့ အေနအထားျဖစ္ ပါတယ္။ ရလဒ္ပိုင္းအေနနဲ႔ ခန႔္မွန္းရရင္ေတာ့ အာ ဆင္နယ္အသင္းက အေဝးကြင္းျဖစ္တာေၾကာင့္ ႏိုင္ပြဲရဖို႔ ခက္ခဲႏိုင္တယ္ဆိုေပမယ့္ ဒီပြဲစဥ္ကိုသာ ရႈံး ခဲ့မယ္ဆိုရင္ အာဆင္နယ္အသင္းက အမွတ္ေပးဖ လားကို စိန္ေခၚႏိုင္ဖို႔ ခက္ခဲသြားႏိုင္တာေၾကာင့္ ဒီ ပြဲစဥ္က အနည္းဆုံးသေရ(၁)မွတ္ရယူႏိုင္ၿပီး အႏိုင္ (၃)မွတ္လည္း ရရွိသြားႏိုင္ပါတယ္။
ဘုန္းေမာက္စ္ Vs မန္စီးတီး
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ဘုန္းေမာက္စ္ ဝ - ၁ မန္စီးတီး (၂၅-၂-၂၀၂၄)
မန္စီးတီး ၆ - ၁ ဘုန္းေမာက္စ္ (၄-၁၁-၂၀၂၃)
ဘုန္းေမာက္စ္ ၁ - ၄ မန္စီးတီး (၂၆-၂-၂၀၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ဘုန္းေမာက္စ္ ၂ - ဝ မန္စီးတီး
ဘုန္းေမာက္စ္ ၂ - ၁ မန္စီးတီး
ဒီရာသီ ပရီးမီးယားလိဂ္မွာ သက္ေတာင့္ သက္သာအရွိဆုံးနဲ႔ အားကုန္ထုတ္ၿပီး မကစားေသး တာက မန္စီးတီးအသင္းလို႔ ေျပာလို႔ရပါတယ္။ ဘာ ျဖစ္လို႔လဲဆိုေတာ့ မန္စီးတီးအသင္းရဲ႕ကစားဟန္က ႏိုင္ရမယ့္ပြဲေတြကိုလည္း သာသာယာယာအႏိုင္ယူ တတ္သလို အသင္းႀကီးေတြနဲ႔ေတြ႕ဆုံမႈဆိုရင္လည္း မရႈံးေအာင္ကစာထားႏိုင္သလို ႏိုင္ပြဲရေအာင္ ဘယ္ လိုကန္ရမလဲဆိုတဲ့ နည္းစနစ္တစ္ခုကလည္း မန္စီး တီးအသင္းရဲ႕ အျခားအသင္းေတြနဲ႔ မတူကြဲျပားတဲ့ အခ်က္ပဲျဖစ္ပါတယ္။ လက္ရွိအခ်ိန္အထိ ရႈံးပြဲမရွိ ေသးတာကိုၾကည့္ရင္ မန္စီးတီးအသင္းက ပုံမွန္အတိုင္းလည္ပတ္ေနတယ္လို႔ေျပာလို႔ရေနၿပီး (၅)ႏွစ္ ဆက္ခ်န္ပီယံျဖစ္ဖို႔ ဘာဖိအားမွရွိမေနတဲ့ ပုံစံမ်ိဳး ျဖစ္ေနပါတယ္။ တစ္ဖက္မွာ လီဗာပူးလ္အသင္းက အနီးကပ္ဖိအားေပးေနေပမယ့္ လီဗာပူးလ္အသင္းက ေနာက္ပိုင္းပြဲစဥ္ေတြမွာ ပြဲၾကပ္ကာလေတြကို ရင္ဆိုင္ ေနတာေၾကာင့္ မန္စီးတီးအသင္းအတြက္ ဇယား ထိပ္ကို ဦးေဆာင္ဖို႔ အခြင့္အေရးရသြားႏိုင္ပါတယ္။ မန္စီးတီးအသင္းအမွတ္ေပးဇယားထိပ္ကိုသာ ေရာက္သြားခဲ့ရင္ တစ္ပြဲထက္တစ္ပြဲပိုေကာင္းလာတဲ့ အျပင္ အမွားနည္းၿပီး ပြဲစဥ္တိုင္းလိုလို ႏိုင္ပြဲရတတ္ တာေၾကာင့္ မန္စီးတီးအသင္းကို ဒီႏွစ္မွာေရာ ဘယ္ အသင္းက ရပ္တန႔္ႏိုင္မလဲဆိုတဲ့ ေမးခြန္းလည္းရွိ ေနပါတယ္။ ဘုန္းေမာက္စ္အသင္းကေတာ့ ေျခစြမ္း ပိုင္းအရ အာဆင္နယ္အသင္းကိုေတာင္ႏိုင္ထားတာေၾကာင့္ ကစားပုံက်စ္လစ္မႈရွိၿပီး မန္စီးတီးအေနနဲ႔ အေစာပိုင္းမိႏွစ္ေတြမွာ ဂိုးသြင္းႏိုင္ဖို႔ ခက္ခဲႏိုင္ပါ တယ္။ (၂)ဂိုးေလာက္နဲ႔သာ မန္စီးတီးအသင္းက ႏိုင္ ပါမယ္။
လီဗာပူးလ္ Vs ဘ႐ိုက္တန္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
လီဗာပူးလ္ ၂ - ၁ ဘ႐ိုက္တန္ (၃၁-၃-၂၀၂၃)
ဘ႐ိုက္တန္ ၂ - ၂ လီဗာပူးလ္ (၈-၁၀-၂၀၂၃)
ဘ႐ိုက္တန္ ၃ - ဝ လီဗာပူးလ္ (၁၄-၁-၂၀၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
လီဗာပူးလ္ ၂ - ၁ ဘ႐ိုက္တန္
လီဗာပူးလ္ ၃ - ၂ ဘ႐ိုက္တန္
လီဗာပူးလ္အသင္းရဲ႕ ကစားဟန္က ပို ေကာင္းလာတာကိုေတြ႕ရတဲ့အျပင္ တိုက္စစ္လိုက္ ပါမႈကလည္းပိုၿပီး တည္ၿငိမ္ျပတ္သားလာတာျဖစ္ပါ တယ္။ ေျပာရရင္ လီဗာပူးလ္အသင္းရဲ႕က တစ္သင္း လုံး လုပ္အားႏႈန္းေကာင္းေကာင္းနဲ႔ကစားတတ္ၿပီး တိုက္စစ္လိုက္ပါမႈက ျမန္ဆန္တဲ့အျပင္ တစ္သင္း လုံးအတက္အဆင္းကစားတာက နည္းျပ ယာဂင္က ေလာ့လက္ထက္မွာ နာမည္ႀကီးတဲ့ ကစားဟန္တစ္ ခုျဖစ္ပါတယ္။ ဒါေပမဲ့ အဲဒီလို တစ္သင္းလုံးအတက္ အဆင္းနဲ႔ တစ္ဖက္အသင္းကို ဖိအားေပးၿပီးခ်ိန္မွာ ကစားအားက်လာၿပီး ဂိုးေတြျပန္ေပးရတတ္ပါတယ္။ ဒါကို နည္ျပ အာနဲစေလာ့ကအကြက္ျမင္ျမင္နဲ႔ ကစား အားကိုမက်ေအာင္ ပထမပိုင္းနဲ႔ ဒုတိယပိုင္းမိႏွစ္(၇၀)ေက်ာ္ေလာက္အထိ ပြဲထြက္ကစားသမားေတြထက္ လုပ္အားႏႈန္းကို ထိန္းကစားႏိုင္တဲ့ ကစားသမားေတြ ကိုသာသုံးၿပီး မိႏွစ္(၇၀)ေနာက္ပိုင္းေရာက္တာနဲ႔ လူ စားလဲၿပီး ကစားအားက်မသြားထိန္းထားႏိုင္တာ ေတြ႕ရပါတယ္။ ဘ႐ိုက္တန္အသင္းကလည္း အသင္း ႀကီးေတြနဲ႔ဆိုရင္ ေျခစြမ္းပိုင္မညံ့တဲ့အသင္းျဖစ္တာ ေၾကာင့္ ဒီႏွစ္သင္းရဲ႕ ပြဲစဥ္က လီဗာပူးလ္အသင္းရဲ႕ အိမ္ကြင္းမွာျဖစ္တာေၾကာင့္ ဘ႐ိုက္တန္အေနနဲ႔ ႏိုင္ ပြဲရဖို႔ခက္ခဲႏိုင္ၿပီး လီဗာပူးလ္အသင္းက (၁)ဂိုး အသာေလာက္နဲ႔ ႏိုင္ပါမယ္။
စပါးစ္ Vs အက္စတြန္ဗီလာ
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
အက္စတြန္ဗီလာ ဝ - ၄ စပါးစ္ (၁၀-၃-၂၀၂၄)
စပါးစ္ ၁ - ၂ အက္စတြန္ဗီလာ (၂၆-၁၁-၂၀ ၂၃)
အက္စတြန္ဗီလာ ၂ - ၁ စပါးစ္ (၁၃-၅-၂၀၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
စပါးစ္ ၂ - ၃ အက္စတြန္ဗီလာ
စပါးစ္ ၁ - ၂ အက္စတြန္ဗီလာ
ဒီႏွစ္သင္းရဲ႕ထိပ္တိုက္ေတြ႕ဆုံမႈက ၿမိဳင္ ၿမိဳင္ဆိုင္ဆိုင္ရွိမွာျဖစ္ၿပီး ႏွစ္သင္းလုံးရဲ႕ ကစားဟန္က အျပန္အလွန္သြင္း ဂိုးေတြနဲ႔ ဖိအားေပးၿပီး တိုက္စစ္ၿပီး ရင္း တိုက္စစ္ကစားမယ့္ ပြဲေကာင္းတစ္ပြဲျဖစ္လာႏိုင္ ပါတယ္။ အက္စတြန္ဗီလာအသင္းက နည္းျပ အူႏႈိင္း အမ္မရီလက္ထက္ ဥေရာပပြဲစဥ္ေတြကို ကစားရတဲ့ အထိ ေျခစြမ္းေကာင္းေနသလို အသင္းႀကီးေတြ ကိုလည္း ပခုံးခ်င္းယွဥ္ကစားႏိုင္တဲ့ အေနအထားကို ျမင္ေတြ႕ရပါတယ္။စပါးစ္အသင္းကေတာ့ေျခစြမ္းပိုင္း တက္လာတယ္လို႔ ေျပာလို႔ရေနၿပီး အမွတ္ဇယားရဲ႕ အဆင့္(၅)ထဲကိုဝင္ႏိုင္ဖို႔ အလားအလာ ေကာင္းေန ပါတယ္။ ထိပ္တိုက္ေတြ႕ဆုံမႈအရ ျပန္ၾကည့္ရင္ ေနာက္ဆုံးေတြ႕ခဲ့တဲ့ (၃)ပြဲမွာ အက္စတြန္ဗီလာ အ သင္းက(၂)ပြဲႏိုင္ထားၿပီး စပါးစ္အသင္းက(၁)ပြဲႏိုင္ ထားပါတယ္။ ရလဒ္ပိုင္းအေနနဲ႔ ခန႔္မွန္းရရင္ေတာ့ ဒီပြဲစဥ္က သေရက်ဖို႔မ်ားၿပီး ႏိုင္မယ္ဆိုရင္ေတာ့ အက္စတြန္ဗီလာဘက္က ေနခ်င္ပါတယ္။
၂ -၁၁-၂၀၂၄ (စေနေန႔ညပိုင္း)
ည(ရးဝဝ) နယူးကာဆယ္ Vs အာဆင္နယ္
ည(၉း၃၀) ဘုန္းေမာက္စ္ Vs မန္စီးတီး
ည(၉း၃၀) လီဗာပူးလ္ Vs ဘ႐ိုက္တန္
၃-၁၁-၂၀၂၄ (တနဂၤေႏြေန႔ညပိုင္း)
ည(၈း၃၀) စပါးစ္ Vs အက္စတြန္ဗီလာ
ည(၁၁းဝဝ) မန္ယူ Vs ခ်ဲလ္ဆီး