မင်္ဂလာမရှိသော်လည်း လင်းတငှက်များကို သဘာဝပတ်ဝန်းကျင်အတွက် ရှင်သန်ခွင့်ပေးသင့်ကြောင်း အကြံပြု
2669
စော (NP News) - နိုဝင်ဘာ ၁
မင်္ဂလာမရှိသော ငှက်ဟုသတ်မှတ်ထားသည့် လင်းတငှက်များသည် သဘာဝပတ်ဝန်းကျင်ကို သန့်စင်စေရန် အကျိုးပြုသည့်အတွက် ရှင်သန်ခွင့်ပေးသင့်ကြောင်း Native Species Conservation & Identification ၏အချက်အလက်များအရ သိရသည်။
လင်းတငှက်များသည် အခြားသားရဲတိရစ္ဆာန်များဖြစ်သော စွန်ငှက်၊ သိမ်းငှက်၊ လင်းယုန်ငှက် ကဲ့သို့ အကောင်အရှင်များကို ဖမ်းစားခြင်းမရှိဘဲ သတ္တဝါ အသေကောင်များကိုသာ စားသောက်သဖြင့် အပုပ်အသိုး သုတ်သင်ရှင်းလင်းရာတွင် များစွာအကူအညီရကြောင်း သိရသည်။ ထိုသို့ အပုပ်အသိုးများကို စားသောက်ပေးသောကြောင့် အသေကောင်များမှ ပိုးမွှား များ လူနှင့်တိရစ္ဆာန်များသို့ ကူးစက်ပြန့်ပွားမှု မရှိဘဲ ကာကွယ်ပေးသဖြင့် သဘာဝပတ်ဝန်းကျင်ဂေဟစနစ်ကို အကျိုးပြုနေသော ငှက်ဖြစ်ကြောင်းလည်း သိရသည်။
“သူတို့ကိုလည်း ရှင်သန်ခွင့်ပေးရမယ်။ လင်းတအကောင်တွေရှိနေမှ အကောင်တွေတိုးပွားနေမှ ဒီတောထဲတောင်ထဲတွေ ဒီတောင်ထိပ်တွေမှာရှိတဲ့ သားကောင်အသေတွေ ရှင်းလင်းပြီးသားဖြစ်မယ်။ ပြီး ရင် အစားကွင်းဆက်လည်း သူ့ဟာနဲ့သူ လည်ပတ်နေမယ်”ဟု ရှားပါးတိရစ္ဆာန်များအရေး လှုံ့ဆော်နေသူ တစ်ဦးက NP News ကိုပြောသည်။
မြန်မာနိုင်ငံတွင် ကျက်စားသော လင်းတမျိုးစိတ် (၆)မျိုးရှိသည့်အနက် လင်းတကျောဖြူ၊ လင်းတ နှုတ်သီးရှည်၊ လင်းတခေါင်းနီမျိုးစိတ်မှာ သားပေါက်နေထိုင်သော ဌာနေငှက်မျိုးစိတ်ဖြစ်ပြီး ၎င်းတို့ကို အပြည်ပြည်ဆိုင်ရာ သဘာဝအရင်းအမြစ်များထိန်းသိမ်းရေးအဖွဲ့ (IUCN)တွင် မျိုးတုံးရန်အန္တရာယ် ရှိမျိုးစိတ်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။ ထို့ပြင် ဟိမဝန္တာလင်းတ၊ လင်းတမည်းမျိုးစိတ်များ သည် မြန်မာနိုင်ငံသို့ ဆောင်းလာခိုသော ဆောင်းခို ငှက်များဖြစ်ပြီး လင်းတဖြူမျိုးစိတ်အနေဖြင့် ပုံမှန်လာရောက် ဆောင်းခိုလေ့မရှိကြောင်း သိရသည်။
“တချို့ရပ်ရွာတွေမှာရှိတယ်။ လင်းတတွေလာပြီးတော့ အစာရှာကြတယ်။ ဝဲကြတယ်ဆိုရင် ထောင် ချီပြီးတော့ ဖမ်းပြီးတော့ သတ်တာမျိုးတွေရှိတယ်။ အချို့ကျတော့ နိမိတ်မကောင်းဘူးလို့ ယူဆပြီးတော့ တစ်ခါတည်းသတ်ပစ်တယ်။ အချို့မြို့ရွာတွေမှာ ဘယ်လောက်တောင်ဆိုးလဲဆိုရင် ပခုက္ကူမြို့နယ်ဘက်မှာ မြို့တော်ခန်းမကို လင်းတတစ်ကောင်လာပြီး တော့ နားဖူးတာ မြို့တော်ခန်းမရဲ့ အမိုးပေါ်ကို လာ နားဖူးတာ။ ဘယ်လောက်တောင်အယူသီးလဲဆိုရင် အဲဒီလိုမျိုးလားနားလို့ ဒီခန်းမက လာဘ်တိတ်တယ်။ ကျက်သရေမရှိတော့ဘူးဆိုပြီး ဘယ်သူမှမငှား တော့၊ မသုံးတော့တဲ့အထိကိုရောက် သွားတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
လင်းတငှက်များသည် မြန်မာနိုင်ငံအနှံ့အပြားတွင် ကျက်စားလေ့ရှိသော်လည်း ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံးတွေ့နိုင်ကြောင်း သိရသည်။ ယခုနှစ်၊ ဇန်န ဝါရီလက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်း မြို့နယ်ရှိ ရတနာနှင်းဆီအိမ်ရာတိုက်အမိုးတစ်ခုပေါ်သို့ လင်းတအကောင်ရေ (၅၀)ခန့် ခေတ္တခဏလာရောက် ဆောင်းခိုရာတွင် နိမိတ်မကောင်းဘူးဟုဆိုကာ လူအချို့က ရိုက်သတ်လိုက်၍ (၃)ကောင်သေဆုံးသွားခဲ့သည်။ ထို့ပြင် ၂၀၁၂ ခုနှစ်တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရားပေါ်သို့ ဟိမဝန္တာလင်းတငှက်(၆)ကောင်ခန့် ဆောင်းလာခိုသည့်ဖြစ်စဉ်လည်း ရှိခဲ့သည်။
zawgyi version
မဂၤလာမရွိေသာ္လည္း လင္းတငွက္မ်ားကို သဘာဝပတ္ဝန္းက်င္အတြက္ ရွင္သန္ခြင့္ေပးသင့္ေၾကာင္း အႀကံျပဳ
ေစာ (NP News) - ႏိုဝင္ဘာ ၁
မဂၤလာမရွိေသာ ငွက္ဟုသတ္မွတ္ထားသည့္ လင္းတငွက္မ်ားသည္ သဘာဝပတ္ဝန္းက်င္ကို သန႔္စင္ေစရန္ အက်ိဳးျပဳသည့္အတြက္ ရွင္သန္ခြင့္ေပးသင့္ေၾကာင္း Native Species Conservation & Identification ၏အခ်က္အလက္မ်ားအရ သိရသည္။
လင္းတငွက္မ်ားသည္ အျခားသားရဲတိရစာၦန္မ်ားျဖစ္ေသာ စြန္ငွက္၊ သိမ္းငွက္၊ လင္းယုန္ငွက္ ကဲ့သို႔ အေကာင္အရွင္မ်ားကို ဖမ္းစားျခင္းမရွိဘဲ သတၱဝါ အေသေကာင္မ်ားကိုသာ စားေသာက္သျဖင့္ အပုပ္အသိုး သုတ္သင္ရွင္းလင္းရာတြင္ မ်ားစြာအကူအညီရေၾကာင္း သိရသည္။ ထိုသို႔ အပုပ္အသိုးမ်ားကို စားေသာက္ေပးေသာေၾကာင့္ အေသေကာင္မ်ားမွ ပိုးမႊား မ်ား လူႏွင့္တိရစာၦန္မ်ားသို႔ ကူးစက္ျပန႔္ပြားမႈ မရွိဘဲ ကာကြယ္ေပးသျဖင့္ သဘာဝပတ္ဝန္းက်င္ေဂဟစနစ္ကို အက်ိဳးျပဳေနေသာ ငွက္ျဖစ္ေၾကာင္းလည္း သိရသည္။
“သူတို႔ကိုလည္း ရွင္သန္ခြင့္ေပးရမယ္။ လင္းတအေကာင္ေတြရွိေနမွ အေကာင္ေတြတိုးပြားေနမွ ဒီေတာထဲေတာင္ထဲေတြ ဒီေတာင္ထိပ္ေတြမွာရွိတဲ့ သားေကာင္အေသေတြ ရွင္းလင္းၿပီးသားျဖစ္မယ္။ ၿပီး ရင္ အစားကြင္းဆက္လည္း သူ႔ဟာနဲ႔သူ လည္ပတ္ေနမယ္”ဟု ရွားပါးတိရစာၦန္မ်ားအေရး လႈံ႕ေဆာ္ေနသူ တစ္ဦးက NP News ကိုေျပာသည္။
ျမန္မာႏိုင္ငံတြင္ က်က္စားေသာ လင္းတမ်ိဳးစိတ္ (၆)မ်ိဳးရွိသည့္အနက္ လင္းတေက်ာျဖဴ၊ လင္းတ ႏႈတ္သီးရွည္၊ လင္းတေခါင္းနီမ်ိဳးစိတ္မွာ သားေပါက္ေနထိုင္ေသာ ဌာေနငွက္မ်ိဳးစိတ္ျဖစ္ၿပီး ၎တို႔ကို အျပည္ျပည္ဆိုင္ရာ သဘာဝအရင္းအျမစ္မ်ားထိန္းသိမ္းေရးအဖြဲ႕ (IUCN)တြင္ မ်ိဳးတုံးရန္အႏၲရာယ္ ရွိမ်ိဳးစိတ္အျဖစ္ သတ္မွတ္ထားေၾကာင္း သိရသည္။ ထို႔ျပင္ ဟိမဝႏၲာလင္းတ၊ လင္းတမည္းမ်ိဳးစိတ္မ်ား သည္ ျမန္မာႏိုင္ငံသို႔ ေဆာင္းလာခိုေသာ ေဆာင္းခို ငွက္မ်ားျဖစ္ၿပီး လင္းတျဖဴမ်ိဳးစိတ္အေနျဖင့္ ပုံမွန္လာေရာက္ ေဆာင္းခိုေလ့မရွိေၾကာင္း သိရသည္။
“တခ်ိဳ႕ရပ္႐ြာေတြမွာရွိတယ္။ လင္းတေတြလာၿပီးေတာ့ အစာရွာၾကတယ္။ ဝဲၾကတယ္ဆိုရင္ ေထာင္ ခ်ီၿပီးေတာ့ ဖမ္းၿပီးေတာ့ သတ္တာမ်ိဳးေတြရွိတယ္။ အခ်ိဳ႕က်ေတာ့ နိမိတ္မေကာင္းဘူးလို႔ ယူဆၿပီးေတာ့ တစ္ခါတည္းသတ္ပစ္တယ္။ အခ်ိဳ႕ၿမိဳ႕႐ြာေတြမွာ ဘယ္ေလာက္ေတာင္ဆိုးလဲဆိုရင္ ပခုကၠဴၿမိဳ႕နယ္ဘက္မွာ ၿမိဳ႕ေတာ္ခန္းမကို လင္းတတစ္ေကာင္လာၿပီး ေတာ့ နားဖူးတာ ၿမိဳ႕ေတာ္ခန္းမရဲ႕ အမိုးေပၚကို လာ နားဖူးတာ။ ဘယ္ေလာက္ေတာင္အယူသီးလဲဆိုရင္ အဲဒီလိုမ်ိဳးလားနားလို႔ ဒီခန္းမက လာဘ္တိတ္တယ္။ က်က္သေရမရွိေတာ့ဘူးဆိုၿပီး ဘယ္သူမွမငွား ေတာ့၊ မသုံးေတာ့တဲ့အထိကိုေရာက္ သြားတယ္” ဟု ၎က ဆက္လက္ေျပာသည္။
လင္းတငွက္မ်ားသည္ ျမန္မာႏိုင္ငံအႏွံ႔အျပားတြင္ က်က္စားေလ့ရွိေသာ္လည္း ကခ်င္ျပည္နယ္၊ စစ္ကိုင္းတိုင္းေဒသႀကီးႏွင့္ ရွမ္းျပည္နယ္တို႔တြင္ အမ်ားဆုံးေတြ႕ႏိုင္ေၾကာင္း သိရသည္။ ယခုႏွစ္၊ ဇန္န ဝါရီလက ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံဆိပ္ကမ္း ၿမိဳ႕နယ္ရွိ ရတနာႏွင္းဆီအိမ္ရာတိုက္အမိုးတစ္ခုေပၚသို႔ လင္းတအေကာင္ေရ (၅၀)ခန႔္ ေခတၱခဏလာေရာက္ ေဆာင္းခိုရာတြင္ နိမိတ္မေကာင္းဘူးဟုဆိုကာ လူအခ်ိဳ႕က ႐ိုက္သတ္လိုက္၍ (၃)ေကာင္ေသဆုံးသြားခဲ့သည္။ ထို႔ျပင္ ၂၀၁၂ ခုႏွစ္တြင္ ရန္ကုန္ၿမိဳ႕ရွိ ေ႐ႊတိဂုံဘုရားေပၚသို႔ ဟိမဝႏၲာလင္းတငွက္(၆)ေကာင္ခန႔္ ေဆာင္းလာခိုသည့္ျဖစ္စဥ္လည္း ရွိခဲ့သည္။