စက်သုံးဆီထည့်ပြီး ငွေမပေးဘဲ မောင်းနှင်မည့်ကားကို တားဆီးသည့်ဝန်ထမ်း လက်နက်ငယ်ဖြင့် ပစ်ခတ်ခံရ

 3492

ချယ်ရီ (NP News) - နိုဝင်ဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့တွင် စက်သုံးဆီထည့်ပြီး ငွေမပေးဘဲ မောင်းနှင်မည့်ကားကို တားဆီးသည့်ဝန်ထမ်း လက်နက်ငယ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

အဆိုပါဖြစ်စဉ်မှာ ယနေ့ (နိုဝင်ဘာ(၁)ရက်)၊ နံနက်(၇)နာရီအချိန်ခန့်တွင် ချောင်းဦးမြို့ရှိ "သံလွင်မြန် မာ" စက်သုံးဆီအရောင်းဆိုင်၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ငါးယှန်ကျေးရွာဘက်မှာ မောင်းနှင်လာသည့် အပြာရောင်(၆)ဘီးကားတစ်စီးသည် အဆိုပါစက်သုံးဆီဆိုင်သို့ ဆီဝင်ထည့်ပြီးနောက် ငွေမပေးဘဲမောင်းနှင်မည်ပြုသောကြောင့် ဝန်ထမ်းဖြစ်သူ အသက်(၆၇)နှစ်အရွယ်ရှိ ဦးဖိုးသာက တားဆီးတောင်းခံခဲ့ကြောင်း သိရသည်။ ထိုသို့တောင်းခံခဲ့ရာ ယာဉ်တွင်လိုက်ပါလာသည့် အကြမ်းဖက်အဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး ချောင်းဦးမြို့၊ အရှေ့ဘက်၊ သန်းပင်ကန်ရွာသို့ မောင်းနှင်ထွက်သွားကြောင်း သိရသည်။

ပစ်ခတ်ခံရမှုကြောင့် ဦးဖိုးသာ၏ ဝဲဘက်တင်ပါးတွင် ကျည်ဖောက်ဝင်ဒဏ်ရာ ရရှိခဲ့ခြင်းကြောင့် ချောင်းဦးမြို့ နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက်အဖွဲ့သည် ဒေသအတွင်းရှိ လုပ်ငန်းရှင်များထံမှလည်း လစဉ်ကြေးနှင့် နှစ်စဉ်ကြေး အစရှိသည်တို့ကို အကြောင်းအမျိုးမျိုးပြကာ တောင်းခံရုံမျှမက ယခုကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျမှုများစွာ ပြုလုပ်လေ့ရှိနေကြောင်းလည်း ကြားသိရသည်။

zawgyi version
စက္သုံးဆီထည့္ၿပီး ေငြမေပးဘဲ ေမာင္းႏွင္မည့္ကားကို တားဆီးသည့္ဝန္ထမ္း လက္နက္ငယ္ျဖင့္ ပစ္ခတ္ခံရ

ခ်ယ္ရီ (NP News) - ႏိုဝင္ဘာ ၁

စစ္ကိုင္းတိုင္းေဒသႀကီး၊ ေခ်ာင္းဦးၿမိဳ႕တြင္ စက္သုံးဆီထည့္ၿပီး ေငြမေပးဘဲ ေမာင္းႏွင္မည့္ကားကို တားဆီးသည့္ဝန္ထမ္း လက္နက္ငယ္ျဖင့္ ပစ္ခတ္ခံခဲ့ရေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူတစ္ဦးထံမွ သိရသည္။

အဆိုပါျဖစ္စဥ္မွာ ယေန႔ (ႏိုဝင္ဘာ(၁)ရက္)၊ နံနက္(၇)နာရီအခ်ိန္ခန႔္တြင္ ေခ်ာင္းဦးၿမိဳ႕ရွိ "သံလြင္ျမန္ မာ" စက္သုံးဆီအေရာင္းဆိုင္၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ငါးယွန္ေက်း႐ြာဘက္မွာ ေမာင္းႏွင္လာသည့္ အျပာေရာင္(၆)ဘီးကားတစ္စီးသည္ အဆိုပါစက္သုံးဆီဆိုင္သို႔ ဆီဝင္ထည့္ၿပီးေနာက္ ေငြမေပးဘဲေမာင္းႏွင္မည္ျပဳေသာေၾကာင့္ ဝန္ထမ္းျဖစ္သူ အသက္(၆၇)ႏွစ္အ႐ြယ္ရွိ ဦးဖိုးသာက တားဆီးေတာင္းခံခဲ့ေၾကာင္း သိရသည္။ ထိုသို႔ေတာင္းခံခဲ့ရာ ယာဥ္တြင္လိုက္ပါလာသည့္ အၾကမ္းဖက္အဖြဲ႕က လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္ၿပီး ေခ်ာင္းဦးၿမိဳ႕၊ အေရွ႕ဘက္၊ သန္းပင္ကန္႐ြာသို႔ ေမာင္းႏွင္ထြက္သြားေၾကာင္း သိရသည္။

ပစ္ခတ္ခံရမႈေၾကာင့္ ဦးဖိုးသာ၏ ဝဲဘက္တင္ပါးတြင္ က်ည္ေဖာက္ဝင္ဒဏ္ရာ ရရွိခဲ့ျခင္းေၾကာင့္ ေခ်ာင္းဦးၿမိဳ႕ နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ အၾကမ္းဖက္အဖြဲ႕သည္ ေဒသအတြင္းရွိ လုပ္ငန္းရွင္မ်ားထံမွလည္း လစဥ္ေၾကးႏွင့္ ႏွစ္စဥ္ေၾကး အစရွိသည္တို႔ကို အေၾကာင္းအမ်ိဳးမ်ိဳးျပကာ ေတာင္းခံ႐ုံမွ်မက ယခုကဲ့သို႔ အႏိုင္က်င့္ ဗိုလ္က်မႈမ်ားစြာ ျပဳလုပ္ေလ့ရွိေနေၾကာင္းလည္း ၾကားသိရသည္။

Related news

© 2021. All rights reserved.