လွိုင်လင်မြို့နယ်တွင် TOYOTA CROWN ကားပေါ်မှ ငွေကျပ်သိန်း(၈၄၀)တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

 849

ချယ်ရီ (NP News) - နိုဝင်ဘာ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်တွင် TOYOTA CROWN ကားပေါ်မှ ငွေကျပ်သိန်း (၈၄၀)တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ပြီးခဲ့သည့် (အောက်တိုဘာလ ၂၉ ရက်)၊ ညနေ ၄ နာရီ အချိန်ခန့်တွင် လွိုင်လင်မြို့နယ်၊ ဟိုတင့်ကျေးရွာအနီး၊ လွိုင်လင် - တောင်ကြီးသွားကားလမ်းတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကားလမ်းပေါ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က စိုင်းဝမ်းဆိုင် မောင်းနှင်ပြီး မောင်မောင်လှ၊ ငြိမ်းခိုင်၊ စိုင်းထွန်းခေါင် နှင့် မချယ်ရီ တို့လိုက်ပါလာသော TOYOTA CROWN ကားကို စစ်ဆေးရှာဖွေခဲ့ရာ ၎င်းတို့ထံမှ ငွေကျပ်သိန်း (၈၄၀) တန်ဖိုးရှိသော အိုက်စ်(မက်သ်အဖက်တမင်း)၊ အလေးချိန် ၆ ကီလိုနှင့် လက်ကိုင်ဖုန်း ၃ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူ စိုင်းဝမ်းဆိုင်(၂၁)နှစ်၊ မောင်မောင်လှ(၄၃)နှစ်၊ ငြိမ်းခိုင်(၂၉)နှစ်၊ စိုင်းထွန်းခေါင်(၃၅)နှစ် နှင့် မချယ်ရီ(၃၀)နှစ် တို့ကို လွိုင်လင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များကို ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် အောက်တိုဘာလ (၂၇)ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့တွင် TOYOTA LANDCRUISER PRADO ကားပေါ်မှ ငွေကျပ်သိန်း (၁၂၀၀) ကျော်တန်ဖိုးရှိသော မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိသည့်ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားခဲ့ဖူးသည်။

zawgyi version
လြိဳင္လင္ၿမိဳ႕နယ္တြင္ TOYOTA CROWN ကားေပၚမွ ေငြက်ပ္သိန္း(၈၄၀)တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားဖမ္းဆီးရမိ

ခ်ယ္ရီ (NP News) - ႏိုဝင္ဘာ ၁

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ လြိဳင္လင္ၿမိဳ႕နယ္တြင္ TOYOTA CROWN ကားေပၚမွ ေငြက်ပ္သိန္း (၈၄၀)တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားကို ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕ထံမွ သိရသည္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က ၿပီးခဲ့သည့္ (ေအာက္တိုဘာလ ၂၉ ရက္)၊ ညေန ၄ နာရီ အခ်ိန္ခန႔္တြင္ လြိဳင္လင္ၿမိဳ႕နယ္၊ ဟိုတင့္ေက်း႐ြာအနီး၊ လြိဳင္လင္ - ေတာင္ႀကီးသြားကားလမ္းတြင္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ကားလမ္းေပၚတြင္ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕က စိုင္းဝမ္းဆိုင္ ေမာင္းႏွင္ၿပီး ေမာင္ေမာင္လွ၊ ၿငိမ္းခိုင္၊ စိုင္းထြန္းေခါင္ ႏွင့္ မခ်ယ္ရီ တို႔လိုက္ပါလာေသာ TOYOTA CROWN ကားကို စစ္ေဆးရွာေဖြခဲ့ရာ ၎တို႔ထံမွ ေငြက်ပ္သိန္း (၈၄၀) တန္ဖိုးရွိေသာ အိုက္စ္(မက္သ္အဖက္တမင္း)၊ အေလးခ်ိန္ ၆ ကီလိုႏွင့္ လက္ကိုင္ဖုန္း ၃ လုံးတို႔ကို သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ျပစ္မႈက်ဴးလြန္သူ စိုင္းဝမ္းဆိုင္(၂၁)ႏွစ္၊ ေမာင္ေမာင္လွ(၄၃)ႏွစ္၊ ၿငိမ္းခိုင္(၂၉)ႏွစ္၊ စိုင္းထြန္းေခါင္(၃၅)ႏွစ္ ႏွင့္ မခ်ယ္ရီ(၃၀)ႏွစ္ တို႔ကို လြိဳင္လင္ၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အမႈဖြင့္ အေရးယူထားရွိၿပီး ကြင္းဆက္မ်ားကို ေဖာ္ထုတ္လ်က္ရွိေၾကာင္း သိရသည္။

အလားတူ ၿပီးခဲ့သည့္ ေအာက္တိုဘာလ (၂၇)ရက္က ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ရပ္ေစာက္ၿမိဳ႕တြင္ TOYOTA LANDCRUISER PRADO ကားေပၚမွ ေငြက်ပ္သိန္း (၁၂၀၀) ေက်ာ္တန္ဖိုးရွိေသာ မူးယစ္ေဆးဝါးမ်ားကို ဖမ္းဆီးရမိသည့္ျဖစ္စဥ္တစ္ခုလည္း ျဖစ္ပြားခဲ့ဖူးသည္။

Related news

© 2021. All rights reserved.