အရှေ့အလယ်ပိုင်းဒေသမှာ B-52 ဗုံးကြဲလေယာဉ်တွေနဲ့ ဆီဖြည့်လေယာဉ်တွေ ဖြန့်ကျက်ချထားဖို့ အမေရိကန်စစ်ဘက် အမိန့်ပေး

 693

Pika (NP News) - နိုဝင်ဘာ ၂

အရှေ့အလယ်ပိုင်းဒေသမှာ B-52 ဗုံးကြဲလေယာဉ်တွေနဲ့ ဆီဖြည့်လေယာဉ်တွေ အများအပြား ဖြန့်ကျက်ချထားဖို့ ပင်တဂွန်စစ်ဌာနချုပ်အကြီးအကဲက အမိန့်ပေးခဲ့တယ်လို့ အမေရိကန်စစ်ဘက်အရာရှိတစ်ဦးက ပြောကြားခဲ့ပါ တယ်။
လေယာဉ်တင်သင်္ဘောအေဘရာဟမ်လင်ကွန်းတိုက်ခိုက်ရေးအဖွဲ့က ဒေသတွင်းကနေထွက်ခွာဖို့ပြင်ဆင်နေမှုနဲ့ အတူ တိုက်လေယာဉ်တွေနဲ့ ရေတပ်ဖျက်သင်္ဘောတွေပါဝင်တဲ့ ဒီဖြန့်ကျက်ချထားမှုဟာ စစ်ဘက်ဆိုင်ရာပစ္စည်း တွေ ပြန်လည်ပြင်ဆင်နေရာချထားမှုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ပြောကြားခဲ့ပါ တယ်။

အဲဒီဖြန့်ကျက်ချထားမှုကို လာမယ့်လတွေအတွင်းလုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း ပင်တဂွန်စစ်ဌာနချုပ်က ပြောကြားခဲ့ပါတယ်။ ပင်တဂွန်စစ်ဌာနချုပ်ပြောရေးဆိုခွင့်ရှိသူ လေတပ်ဗိုလ်ချုပ်ကြီး ပက်ရိုက်ဒါက "အီရန်နဲ့ ၎င်းရဲ့ မိတ်ဖက်နိုင်ငံတွေ ဒါမှမဟုတ် အီရန်ကျောထောက်နောက်ခံပြုလက်နက်ကိုင်အဖွဲ့တွေဟာ ဒေသတွင်းမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေ ဒါမှမဟုတ် အကျိုးစီးပွားတွေကို ပစ်မှတ်ထားဖို့အတွက် ဒီအခိုက်အတန့်ကို အသုံးပြုခဲ့ မယ်ဆိုရင် ကျွန်တော်တို့ပြည်သူတွေကို ကာကွယ်ဖို့အတွက် လုပ်ဆောင်ဖို့လိုအပ်တဲ့အစီအစဉ်တွေအားလုံးကို အမေရိကန်က လုပ်ဆောင်သွားမှာပါ" လို့ ပြောခဲ့ပါတယ်။

အစ္စရေး-ဟားမက်စစ်ပွဲစတင်တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလကနေစတင်ပြီး ပြီးခဲ့တဲ့နှစ်အတွင်း အမေရိကန်ရဲ့ လေယာဉ်တင်သင်္ဘောနှစ်စီးဟာ အရှေ့အလယ်ပိုင်းဒေသမှာရှိနေခဲ့တာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ အီရန်နဲ့ အစ္စရေးကြား တိုက်ရိုက်အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးနောက် အမေရိကန် စစ်တပ်ရဲ့ ဖြန့်ကျက်ချထားမှုအသစ်ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ ဒါ့ပြင် အမေရိကန်ဟာ စစ်မျက်နှာစာ နှစ်ခုဖွင့်ထားတဲ့အစ္စရေးကို တိုက်ခိုက်မှုတွေကနေ ကာကွယ်နိုင်ဖို့အတွက် ကူညီပေးသွားမယ်လို့ ကတိပြုထားတာ လည်းဖြစ်ပါတယ်။

Zawgyi Version;
အေရွ႕အလယ္ပိုင္းေဒသမွာ B-52 ဗုံးႀကဲေလယာဥ္ေတြနဲ႔ ဆီျဖည့္ေလယာဥ္ေတြ ျဖန႔္က်က္ခ်ထားဖို႔ အေမရိကန္ စစ္ဘက္အမိန႔္ေပး
Pika (NP News) - ႏိုဝင္ဘာ ၂

အေရွ႕အလယ္ပိုင္းေဒသမွာ B-52 ဗုံးႀကဲေလယာဥ္ေတြနဲ႔ ဆီျဖည့္ေလယာဥ္ေတြ အမ်ားအျပား ျဖန႔္က်က္ခ်ထားဖို႔ ပင္တဂြန္စစ္ဌာနခ်ဳပ္အႀကီးအကဲက အမိန႔္ေပးခဲ့တယ္လို႔ အေမရိကန္စစ္ဘက္အရာရွိတစ္ဦးက ေျပာၾကားခဲ့ပါ တယ္။
ေလယာဥ္တင္သေဘၤာေအဘရာဟမ္လင္ကြန္းတိုက္ခိုက္ေရးအဖြဲ႕က ေဒသတြင္းကေနထြက္ခြာဖို႔ျပင္ဆင္ေနမႈနဲ႔ အတူ တိုက္ေလယာဥ္ေတြနဲ႔ ေရတပ္ဖ်က္သေဘၤာေတြပါဝင္တဲ့ ဒီျဖန႔္က်က္ခ်ထားမႈဟာ စစ္ဘက္ဆိုင္ရာပစၥည္း ေတြ ျပန္လည္ျပင္ဆင္ေနရာခ်ထားမႈရဲ႕တစ္စိတ္တစ္ပိုင္းျဖစ္တယ္လို႔ ပင္တဂြန္စစ္ဌာနခ်ဳပ္က ေျပာၾကားခဲ့ပါ တယ္။

အဲဒီျဖန႔္က်က္ခ်ထားမႈကို လာမယ့္လေတြအတြင္းလုပ္ေဆာင္သြားမွာျဖစ္တယ္လို႔လည္း ပင္တဂြန္စစ္ဌာနခ်ဳပ္က ေျပာၾကားခဲ့ပါတယ္။ ပင္တဂြန္စစ္ဌာနခ်ဳပ္ေျပာေရးဆိုခြင့္ရွိသူ ေလတပ္ဗိုလ္ခ်ဳပ္ႀကီး ပက္႐ိုက္ဒါက "အီရန္နဲ႔ ၎ရဲ႕ မိတ္ဖက္ႏိုင္ငံေတြ ဒါမွမဟုတ္ အီရန္ေက်ာေထာက္ေနာက္ခံျပဳလက္နက္ကိုင္အဖြဲ႕ေတြဟာ ေဒသတြင္းမွာရွိတဲ့ အေမရိကန္တပ္ဖြဲ႕ဝင္ေတြ ဒါမွမဟုတ္ အက်ိဳးစီးပြားေတြကို ပစ္မွတ္ထားဖို႔အတြက္ ဒီအခိုက္အတန႔္ကို အသုံးျပဳခဲ့ မယ္ဆိုရင္ ကြၽန္ေတာ္တို႔ျပည္သူေတြကို ကာကြယ္ဖို႔အတြက္ လုပ္ေဆာင္ဖို႔လိုအပ္တဲ့အစီအစဥ္ေတြအားလုံးကို အေမရိကန္က လုပ္ေဆာင္သြားမွာပါ" လို႔ ေျပာခဲ့ပါတယ္။

အစၥေရး-ဟားမက္စစ္ပြဲစတင္တဲ့ ၂၀၂၃ ခုႏွစ္ ေအာက္တိုဘာလကေနစတင္ၿပီး ၿပီးခဲ့တဲ့ႏွစ္အတြင္း အေမရိကန္ရဲ႕ ေလယာဥ္တင္သေဘၤာႏွစ္စီးဟာ အေရွ႕အလယ္ပိုင္းေဒသမွာရွိေနခဲ့တာလည္းျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ေအာက္တိုဘာလမွာ အီရန္နဲ႔ အစၥေရးၾကား တိုက္႐ိုက္အျပန္အလွန္ပစ္ခတ္မႈေတြျဖစ္ပြားခဲ့ၿပီးေနာက္ အေမရိကန္ စစ္တပ္ရဲ႕ ျဖန႔္က်က္ခ်ထားမႈအသစ္ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။ ဒါ့ျပင္ အေမရိကန္ဟာ စစ္မ်က္ႏွာစာ ႏွစ္ခုဖြင့္ထားတဲ့အစၥေရးကို တိုက္ခိုက္မႈေတြကေန ကာကြယ္ႏိုင္ဖို႔အတြက္ ကူညီေပးသြားမယ္လို႔ ကတိျပဳထားတာ လည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.