ယူကရိန်းတွင် ငြိမ်းချမ်းရေးအတွက်ကြိုးပမ်းမှုအားထုတ်မှုများကို မနှောင့်ယှက်ရန် အမေရိကန်ကို တရုတ်သံတမန်တစ်ဦး တိုက်တွန်း

 501

Pika (NP News) - နိုဝင်ဘာ ၂

အမေရိကန်က ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ဆက်လက်ထောက်ပံ့ပေးနေမှုနှင့်အတူ ယူကရိန်းပဋိပက္ခနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းအားထုတ်မှုများကို မနှောင့်ယှက်ရန် အမေရိကန်ကို တရုတ်သံတမန် တစ်ဦးက တိုက်တွန်းခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂဆိုင်ရာတရုတ်နိုင်ငံ၏ လက်ထောက်အမြဲတမ်းကိုယ်စားလှယ်ဂန်းရှူအန်သည် ကုလသမဂ္ဂလုံခြုံရေး ကောင်စီအစည်းအဝေးတွင် ယခုကဲ့သို့ မှတ်ချက်ပြုပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယူကရိန်းတပ်ဖွဲ့များ သည် စစ်လက်နက်ပစ္စည်းများ နှင့် အခြားစစ်ဘက်ဆိုင်ရာထောက်ပံ့မှုပုံစံများကို ဆက်လက်ရရှိနေကြောင်း လက်နက်ဖျက်သိမ်းရေးဆိုင်ရာ ကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူးချုပ် အီဇူမီနာကာမိဆုကလည်း ပြောကြားခဲ့သည်။

ထို့ပြင် cluster munitions များ လွှဲပြောင်းပေးခြင်းနှင့် အသုံးပြုခြင်းတို့အပေါ် စိုးရိမ်ပူပန်မှုများကို အီဇူမီနာ ကာမိဆုက ဖော်ပြခဲ့ကြောင်းလည်း သိရသည်။ ယူကရိန်းပဋိပက္ခတွင် အရေးကြီးဆုံးဦးစားပေးအရာမှာ စစ်မြေပြင် မကျယ်ပြန့်လာရန်၊ ရန်လိုမှုများ ပိုမိုအရှိန်မြင့်မလာစေရန် နှင့် မည်သည့်နိုင်ငံမှ လှုံ့ဆော်မှုများမရှိဘဲ အကျပ် အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့်သာ အဖြေရှာရန်ဖြစ်ကြောင်း ဂန်းရှူအန်က ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံရေးဆန္ဒများကိုပြသကာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အမြန်ဆုံးပါဝင်ကြရန် ရုရှားနှင့် ယူကရိန်း တို့ကို တရုတ်အစိုးရက တိုက်တွန်းခဲ့ကြောင်း ဂန်းရှူအန်က ပြောကြားခဲ့သည်။ အဆိုပါလုပ်ငန်းစဉ်အတွက် ကောင်းမွန်သောအခြေအနေများ ဖန်တီးရန် နှင့် အပြုသဘောဆောင်သောအကူအညီများ ပံ့ပိုးပေးရန် နိုင်ငံတကာ အသိုင်းအဝိုင်းကို ဂန်းရှူအန်က တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။
အကြောက်တရားရှိအောင် လုပ်ဆောင်ခြင်း၊ ရန်သူများ ဖန်တီးခြင်း နှင့် ထိပ်တိုက်ရင်ဆိုင်ရန် လှုံ့ဆော်ပေးခြင်း သည် ကမ္ဘာပေါ်တွင် အငြင်းပွားမှုများ နှင့် မငြိမ်မသက်မှုများကို ဖြစ်ပေါ်စေရုံသာမက နောက်ဆုံးတွင် အမေရိကန် ကိုယ်တိုင်ပါ ထိခိုက်လာလိမ့်မည်ဖြစ်ကြောင်းလည်း ဂန်းရှူအန်က သတိပေးပြောဆိုခဲ့သည်။

Zawgyi Version;
ယူကရိန္းတြင္ ၿငိမ္းခ်မ္းေရးအတြက္ႀကိဳးပမ္းမႈအားထုတ္မႈမ်ားကို မေႏွာင့္ယွက္ရန္ အေမရိကန္ကို တ႐ုတ္သံတမန္တစ္ဦး တိုက္တြန္း
Pika (NP News) - ႏိုဝင္ဘာ ၂

အေမရိကန္က ယူကရိန္းကို စစ္လက္နက္ပစၥည္းမ်ား ဆက္လက္ေထာက္ပံ့ေပးေနမႈႏွင့္အတူ ယူကရိန္းပဋိပကၡႏွင့္ ပတ္သက္ၿပီး ၿငိမ္းခ်မ္းေရးအတြက္ ႀကိဳးပမ္းအားထုတ္မႈမ်ားကို မေႏွာင့္ယွက္ရန္ အေမရိကန္ကို တ႐ုတ္သံတမန္ တစ္ဦးက တိုက္တြန္းခဲ့ေၾကာင္း သိရသည္။
ကုလသမဂၢဆိုင္ရာတ႐ုတ္ႏိုင္ငံ၏ လက္ေထာက္အၿမဲတမ္းကိုယ္စားလွယ္ဂန္းရႉအန္သည္ ကုလသမဂၢလုံၿခဳံေရး ေကာင္စီအစည္းအေဝးတြင္ ယခုကဲ့သို႔ မွတ္ခ်က္ျပဳေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ယူကရိန္းတပ္ဖြဲ႕မ်ား သည္ စစ္လက္နက္ပစၥည္းမ်ား ႏွင့္ အျခားစစ္ဘက္ဆိုင္ရာေထာက္ပံ့မႈပုံစံမ်ားကို ဆက္လက္ရရွိေနေၾကာင္း လက္နက္ဖ်က္သိမ္းေရးဆိုင္ရာ ကုလသမဂၢလက္ေထာက္အတြင္းေရးမႉးခ်ဳပ္ အီဇူမီနာကာမိဆုကလည္း ေျပာၾကားခဲ့သည္။

ထို႔ျပင္ cluster munitions မ်ား လႊဲေျပာင္းေပးျခင္းႏွင့္ အသုံးျပဳျခင္းတို႔အေပၚ စိုးရိမ္ပူပန္မႈမ်ားကို အီဇူမီနာ ကာမိဆုက ေဖာ္ျပခဲ့ေၾကာင္းလည္း သိရသည္။ ယူကရိန္းပဋိပကၡတြင္ အေရးႀကီးဆုံးဦးစားေပးအရာမွာ စစ္ေျမျပင္ မက်ယ္ျပန႔္လာရန္၊ ရန္လိုမႈမ်ား ပိုမိုအရွိန္ျမင့္မလာေစရန္ ႏွင့္ မည္သည့္ႏိုင္ငံမွ လႈံ႕ေဆာ္မႈမ်ားမရွိဘဲ အက်ပ္ အတည္းကို ႏိုင္ငံေရးနည္းလမ္းျဖင့္သာ အေျဖရွာရန္ျဖစ္ေၾကာင္း ဂန္းရႉအန္က ေျပာၾကားခဲ့သည္။

ထို႔ျပင္ ႏိုင္ငံေရးဆႏၵမ်ားကိုျပသကာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ားတြင္ အျမန္ဆုံးပါဝင္ၾကရန္ ႐ုရွားႏွင့္ ယူကရိန္း တို႔ကို တ႐ုတ္အစိုးရက တိုက္တြန္းခဲ့ေၾကာင္း ဂန္းရႉအန္က ေျပာၾကားခဲ့သည္။ အဆိုပါလုပ္ငန္းစဥ္အတြက္ ေကာင္းမြန္ေသာအေျခအေနမ်ား ဖန္တီးရန္ ႏွင့္ အျပဳသေဘာေဆာင္ေသာအကူအညီမ်ား ပံ့ပိုးေပးရန္ ႏိုင္ငံတကာ အသိုင္းအဝိုင္းကို ဂန္းရႉအန္က ေတာင္းဆိုခဲ့ေၾကာင္းလည္း သိရသည္။
အေၾကာက္တရားရွိေအာင္ လုပ္ေဆာင္ျခင္း၊ ရန္သူမ်ား ဖန္တီးျခင္း ႏွင့္ ထိပ္တိုက္ရင္ဆိုင္ရန္ လႈံ႕ေဆာ္ေပးျခင္း သည္ ကမာၻေပၚတြင္ အျငင္းပြားမႈမ်ား ႏွင့္ မၿငိမ္မသက္မႈမ်ားကို ျဖစ္ေပၚေစ႐ုံသာမက ေနာက္ဆုံးတြင္ အေမရိကန္ ကိုယ္တိုင္ပါ ထိခိုက္လာလိမ့္မည္ျဖစ္ေၾကာင္းလည္း ဂန္းရႉအန္က သတိေပးေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.