အစ္စရေးက တစ်ရက်အတွင်း ဂါဇာကမ်းမြောင်ဒေသနဲ့ လက်ဘနွန်နိုင်ငံတို့က ပစ်မှတ်ပေါင်း(၂၀၀)ကျော်ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်
276
Pika (NP News) - နိုဝင်ဘာ ၂
အစ္စရေးလေတပ်သည် ဂါဇာကမ်းမြောင်ဒေသရှိ ဟားမက်လက်နက်ကိုင်အဖွဲ့၊ လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့တို့နှင့်သက်ဆိုင်သော ပစ်မှတ် စုစုပေါင်း(၂၀၀)ကျော်ကို အောက်တိုဘာလ(၃၁) ရက်နေ့ တစ်နေ့လုံး တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ကြောင်း အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက နိုဝင်ဘာလ (၁) ရက်တွင် ထုတ်ပြန်ပြောခဲ့သည်။
အဆိုပါပစ်မှတ်များထဲတွင် ကွပ်ကဲမှုနှင့် ထိန်းချုပ်ရေးစင်တာများ၊ လောင်ချာများ နှင့် အခြေခံအဆောက်အဦး နေရာများ ပါဝင်ကြောင်း အစ္စရေးစစ်တပ်၏ ပြောကြားချက်အရ သိရသည်။ အစ္စရေးစစ်တပ်က "အောက်တိုဘာလ(၃၁)ရက်မှာ အစ္စရေးနိုင်ငံမြောက်ပိုင်း ဟိုင်ဖာပင်လယ်အော်မှာရှိတဲ့ဧရိယာတွေဆီကို လက်ဘနွန်နိုင်ငံဘက်ကနေ ဒုံးကျည်တွေ ပစ်လွှတ်ခဲ့ပါတယ်။ အစ္စရေးလေတပ်ဟာ အဲဒီဒုံးကျည်တွေကို ပစ်လွှတ်ခဲ့တဲ့လက်နက်ကိုင်အဖွဲ့တွေနဲ့လောင်ချာတွေကို လေကြောင်းကနေ တိုက်ခိုက်မှုတွေ ပြန်လည် လုပ်ဆောင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း အစ္စရေးတပ်ဖွဲ့တွေဟာ လက်ဘနွန်နိုင်ငံတောင်ပိုင်းမှာ အကန့်အသတ်၊ဒေသအလိုက်နဲ့ပစ်မှတ်ထားတဲ့လှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်ခဲ့ပြီး ဟစ်ဘိုလာ လက်နက်ကိုင်အဖွဲ့ရဲ့စစ်လက်နက်ပစ္စည်းတွေနဲ့အခြေခံအဆောက်အဦးတွေကို ဖျက်ဆီးပစ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာကမ်းမြောင်ဒေသတစ်လျှောက်မှာ စစ်ဆင်ရေးလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်" ဟု ပြောခဲ့သည်။
ထို့ပြင် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးတပ်ဖွဲ့များ၏ စစ်ဆင်ရေးကို အသေးစိတ်ဖော်ပြပြောဆိုခဲ့ပြီး ဂျာဘာလီယာမြို့ရှိ အစ္စရေးတပ်ဖွဲ့များသည် ဒါဇင်နှင့်ချီသော ဟားမက်လက်နက်ကိုင်အဖွဲ့ဝင်များကို လေကြောင်းနှင့်မြေပြင်တို့မှ တိုက်ခိုက်မှုများလုပ်ဆောင်ကာ ချေမှုန်းပစ်ခဲ့ပြီး စစ်ဘက်ဆိုင်ရာအခြေခံအဆောက် အဦးများကို ပစ်မှတ်ထား စီးနင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
အစ္စရေးစစ်တပ် က "ဂါဇာအလယ်ပိုင်းမှာ အစ္စရေးတပ်ဖွဲ့တွေဟာ အဲဒီဒေသမှာလှုပ်ရှားနေတဲ့ ဟားမက်လက်နက် ကိုင်အဖွဲ့ဝင်အများအပြားကို ချေမှုန်းပစ်ခဲ့ပါတယ်။ ပြီးတော့ ရာဖဲလ်မြို့မှာ အစ္စရေးတပ်ဖွဲ့တွေဟာ မြေအောက် ဥမင်လှိုဏ်ခေါင်းပေါက်ရှိတဲ့ စစ်ဘက်ဆိုင်ရာဖွဲ့စည်းပုံတစ်ခုအတွင်းမှာ လှုပ်ရှားနေတဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့ ဝင်တွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီရှာဖွေတွေ့ရှိမှုနဲ့အတူ အစ္စရေးတပ်ဖွဲ့တွေဟာ သူတို့တွေကို တိုက်ခိုက်မှုတွေ လုပ်ဆောင်ပြီး ချေမှုန်းပစ်ခဲ့ပါတယ်" ဟု ပြောခဲ့သည်။
Zawgyi Version;
အစၥေရးက တစ္ရက္အတြင္း ဂါဇာကမ္းေျမာင္ေဒသနဲ႔ လက္ဘႏြန္ႏိုင္ငံတို႔က ပစ္မွတ္ေပါင္း(၂၀၀)ေက်ာ္ကို ေလေၾကာင္းတိုက္ခိုက္မႈျပဳလုပ္
Pika (NP News) - ႏိုဝင္ဘာ ၂
အစၥေရးေလတပ္သည္ ဂါဇာကမ္းေျမာင္ေဒသရွိ ဟားမက္လက္နက္ကိုင္အဖြဲ႕၊ လက္ဘႏြန္ႏိုင္ငံေတာင္ပိုင္းရွိ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕တို႔ႏွင့္သက္ဆိုင္ေသာ ပစ္မွတ္ စုစုေပါင္း(၂၀၀)ေက်ာ္ကို ေအာက္တိုဘာလ(၃၁) ရက္ေန႔ တစ္ေန႔လုံး တိုက္ခိုက္မႈမ်ားလုပ္ေဆာင္ခဲ့ေၾကာင္း အစၥေရးစစ္တပ္ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ႏိုဝင္ဘာလ (၁) ရက္တြင္ ထုတ္ျပန္ေျပာခဲ့သည္။
အဆိုပါပစ္မွတ္မ်ားထဲတြင္ ကြပ္ကဲမႈႏွင့္ ထိန္းခ်ဳပ္ေရးစင္တာမ်ား၊ ေလာင္ခ်ာမ်ား ႏွင့္ အေျခခံအေဆာက္အဦး ေနရာမ်ား ပါဝင္ေၾကာင္း အစၥေရးစစ္တပ္၏ ေျပာၾကားခ်က္အရ သိရသည္။ အစၥေရးစစ္တပ္က "ေအာက္တိုဘာလ(၃၁)ရက္မွာ အစၥေရးႏိုင္ငံေျမာက္ပိုင္း ဟိုင္ဖာပင္လယ္ေအာ္မွာရွိတဲ့ဧရိယာေတြဆီကို လက္ဘႏြန္ႏိုင္ငံဘက္ကေန ဒုံးက်ည္ေတြ ပစ္လႊတ္ခဲ့ပါတယ္။ အစၥေရးေလတပ္ဟာ အဲဒီဒုံးက်ည္ေတြကို ပစ္လႊတ္ခဲ့တဲ့လက္နက္ကိုင္အဖြဲ႕ေတြနဲ႔ေလာင္ခ်ာေတြကို ေလေၾကာင္းကေန တိုက္ခိုက္မႈေတြ ျပန္လည္ လုပ္ေဆာင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းကလည္း အစၥေရးတပ္ဖြဲ႕ေတြဟာ လက္ဘႏြန္ႏိုင္ငံေတာင္ပိုင္းမွာ အကန႔္အသတ္၊ေဒသအလိုက္နဲ႔ပစ္မွတ္ထားတဲ့လႈပ္ရွားမႈေတြကို ဆက္လက္လုပ္ေဆာင္ခဲ့ၿပီး ဟစ္ဘိုလာ လက္နက္ကိုင္အဖြဲ႕ရဲ႕စစ္လက္နက္ပစၥည္းေတြနဲ႔အေျခခံအေဆာက္အဦးေတြကို ဖ်က္ဆီးပစ္ခဲ့ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ အစၥေရးတပ္ဖြဲ႕ေတြဟာ ဂါဇာကမ္းေျမာင္ေဒသတစ္ေလွ်ာက္မွာ စစ္ဆင္ေရးလႈပ္ရွားမႈေတြကို ဆက္လက္လုပ္ေဆာင္ခဲ့ပါတယ္" ဟု ေျပာခဲ့သည္။
ထို႔ျပင္ ဂါဇာကမ္းေျမာင္ေဒသတြင္ အစၥေရးတပ္ဖြဲ႕မ်ား၏ စစ္ဆင္ေရးကို အေသးစိတ္ေဖာ္ျပေျပာဆိုခဲ့ၿပီး ဂ်ာဘာလီယာၿမိဳ႕ရွိ အစၥေရးတပ္ဖြဲ႕မ်ားသည္ ဒါဇင္ႏွင့္ခ်ီေသာ ဟားမက္လက္နက္ကိုင္အဖြဲ႕ဝင္မ်ားကို ေလေၾကာင္းႏွင့္ေျမျပင္တို႔မွ တိုက္ခိုက္မႈမ်ားလုပ္ေဆာင္ကာ ေခ်မႈန္းပစ္ခဲ့ၿပီး စစ္ဘက္ဆိုင္ရာအေျခခံအေဆာက္ အဦးမ်ားကို ပစ္မွတ္ထား စီးနင္းတိုက္ခိုက္မႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။
အစၥေရးစစ္တပ္ က "ဂါဇာအလယ္ပိုင္းမွာ အစၥေရးတပ္ဖြဲ႕ေတြဟာ အဲဒီေဒသမွာလႈပ္ရွားေနတဲ့ ဟားမက္လက္နက္ ကိုင္အဖြဲ႕ဝင္အမ်ားအျပားကို ေခ်မႈန္းပစ္ခဲ့ပါတယ္။ ၿပီးေတာ့ ရာဖဲလ္ၿမိဳ႕မွာ အစၥေရးတပ္ဖြဲ႕ေတြဟာ ေျမေအာက္ ဥမင္လႈိဏ္ေခါင္းေပါက္ရွိတဲ့ စစ္ဘက္ဆိုင္ရာဖြဲ႕စည္းပုံတစ္ခုအတြင္းမွာ လႈပ္ရွားေနတဲ့ ဟားမက္လက္နက္ကိုင္အဖြဲ႕ ဝင္ေတြကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။ အဲဒီရွာေဖြေတြ႕ရွိမႈနဲ႔အတူ အစၥေရးတပ္ဖြဲ႕ေတြဟာ သူတို႔ေတြကို တိုက္ခိုက္မႈေတြ လုပ္ေဆာင္ၿပီး ေခ်မႈန္းပစ္ခဲ့ပါတယ္" ဟု ေျပာခဲ့သည္။