ရေဦး-အုန်းနပေါင်းရွာမှ ငယ်ဖြူကျောင်းထိုင်ဆရာတော်ကို PDF အဖွဲ့က ကြိုးတုပ်၊ နှိပ်စက်ပြီး စွပ်စွဲသတ်ဖြတ်

 1689

သန့်ဇင် (NP News) - နိုဝင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်တွင် သာသနာတော်နှင့် ဒေသအကျိုးဆောင်ရွက်တော်မူနေသည့် ကျောင်းထိုင်ဆရာတော်ကို PDF အဖွဲ့က ကြိုးတုပ်၊နှိပ်စက်ပြီး စွပ်စွဲသတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရေဦးမြို့နယ်၊ အင်တောကျေးရွာအုပ်စု အုန်းန ပေါင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် သီတင်း သုံးတော်မူသော သက်တော် (၄၇)နှစ်၊ ဝါတော် (၂၇)ဝါရှိသည့် ကျောင်းထိုင်ဆရာတော် ဦးဣန္ဒကသိရီ ကို PDF အဖွဲ့က အောက်တိုဘာ (၃၁)ရက်၊ ည (၉)နာရီ (၅၀)မိနစ်အချိန်၌ ကျောင်းတိုက်အတွင်း အထက်ပါအတိုင်း သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မတိုင်မီ အောက်တိုဘာ (၃၀) ရက် ညပိုင်းက အုန်းနပေါင်းကျေးရွာ ဘုန်းကြီးကျောင်းတွင် လာရောက်ခိုလှုံနေသော PDF အချို့နှင့် ကျောင်းတွင် ရှိနေသည့် ကိုရင်းကြီးတစ်ပါးတို့ အရက်ဝိုင်းဖွဲ့ကာ သောက်သုံးနေစဉ် ဆရာတော်ဦးဣန္ဒကသိရီ က တားမြစ်ခဲ့ကြောင်း သိရသည်။
ထို့နောက် အောက်တိုဘာ (၃၁)ရက်၊ ညပိုင်းတွင် PDF အဖွဲ့က အရက်မူးကာ ကျောင်းသို့ ထပ်မံ ရောက်ရှိလာပြီး ၎င်းတို့ကိုတားမြစ်ခဲ့သည့် ဆရာတော် ‘‘ဒလန်” ဟုစွပ်စွဲကာ ဖမ်းဆီးနှိပ်စက်၍ သတ်ဖြတ်ခဲ့သောကြောင့် ဆရာတော်ပျံလွန်တော်မူခဲ့ရခြင်းဖြစ်သည်။

‘‘PDF”တွေက ည(၇)နာရီခွဲလောက်မှာ သေနတ်တွေ ကိုယ်စီနဲ့ ကျောင်းခြံ၊ တံခါးတွေကို ချိုးဖျက်ပြီး အတင်း ဝင်လာဖို့လုပ်တယ်။ ည (၉)နာရီ လောက်မှာ လူကြီးတွေကျောင်းကို ပြန်ရောက်လာတော့ ကျောင်းပေါ်မှာ PDF အဖွဲ့တွေက မူးရူးနေတယ်။ ဆရာတော်ကိုလည်း ကြိုးနဲ့တုပ်ပြီး နှိပ်စက်ထားတာ မမြင်ရက်စရာပါ။ မနေ့က သူတို့ (PDF)အရက်သောက်တာကို တားရမလားဆိုပြီး နှိပ်စက်ကြတယ်။ ဘာမဆိုင်ညာမဆိုင် သူတို့သတ်ချင်ရင် ပြောနေကြစကား ‘ဒလန်’ လို့လည်း စွပ်စွဲပြီး စစ်မေး နှိပ်စက်ကြတယ်။ သူတို့(PDF)တွေက အရက်ကလည်းမူးနေပြီး လက်နက်လည်းကိုင်ထားတော့ ဘယ်သူ့ပြောစကားမှ နားမထောင်ဘဲ ‘တော်လှန်ရေးအတွက်’ တွင်တွင်ပြောပြီး သူတို့ကို ဆန့်ကျင်သူ မှန်သမျှရန်သူပဲ ‘တော်လှန်ရေးမှာ ဥပဒေ မရှိဘူး’ လို့ကြွေးကြော်ပြီး ည(၉)နာရီခွဲ ကျော်ကျော်လောက်မှာ ရွာပအဖ အဖွဲ့ရှေ့မှာပဲ ဆရာတော်ကို သတ်ပစ်လိုက်ကြတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယခုကဲ့သို့ ဆရာတော်ကို နှိပ်စက်သတ်ဖြတ်ခဲ့သော PDF အဖွဲ့ဝင်များမှာလည်း ယခင်က ဆရာတော်နှင့် ဆရာ၊တပည့်ဆက်ဆံရေး ရှိသူများဖြစ်ကြောင်းသိရသည်။ ပျံလွန်တော်မူခဲ့ရသော ဆရာတော် ဦးဣန္ဒကသိရီမှာ ငယ်ဖြူ ရဟန်းတော်တစ်ပါးဖြစ်ပြီး ဒေသအကျိုး၊ သာသနာအကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်တတ်သောပုဂ္ဂိုလ်ဖြစ်သည့်အတွက် ဒေသအတွင်း ထင်ရှားသော ဆရာတော်တစ်ပါးဖြစ်ကြောင်းလည်း သိရသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်မှစ၍ (၂၀၂၄) ခုနှစ်၊ စက်တင်ဘာ (၅) ရက်အထိ နိုင်ငံ တစ်ဝန်း အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသော သာသနာ့ဝန်ထမ်း ရဟန်းသံဃာ (၈၆)ပါးအထိရှိနေပြီ ဖြစ်ကြောင်း နစက၏သတင်းအချက်အလက်များအရ သိရသည်။

Zawgyi Version;
ေရဦး-အုန္းနေပါင္း႐ြာမွ ငယ္ျဖဴေက်ာင္းထိုင္ဆရာေတာ္ကို PDF အဖြဲ႕က ႀကိဳးတုပ္၊ ႏွိပ္စက္ၿပီး စြပ္စြဲသတ္ျဖတ္
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၂

စစ္ကိုင္းတိုင္းေဒသႀကီး၊ ေရဦးၿမိဳ႕နယ္တြင္ သာသနာေတာ္ႏွင့္ ေဒသအက်ိဳးေဆာင္႐ြက္ေတာ္မူေနသည့္ ေက်ာင္းထိုင္ဆရာေတာ္ကို PDF အဖြဲ႕က ႀကိဳးတုပ္၊ႏွိပ္စက္ၿပီး စြပ္စြဲသတ္ျဖတ္ခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ေရဦးၿမိဳ႕နယ္၊ အင္ေတာေက်း႐ြာအုပ္စု အုန္းန ေပါင္းေက်း႐ြာ ဘုန္းေတာ္ႀကီးေက်ာင္းတြင္ သီတင္း သုံးေတာ္မူေသာ သက္ေတာ္ (၄၇)ႏွစ္၊ ဝါေတာ္ (၂၇)ဝါရွိသည့္ ေက်ာင္းထိုင္ဆရာေတာ္ ဦးဣႏၵကသိရီ ကို PDF အဖြဲ႕က ေအာက္တိုဘာ (၃၁)ရက္၊ ည (၉)နာရီ (၅၀)မိနစ္အခ်ိန္၌ ေက်ာင္းတိုက္အတြင္း အထက္ပါအတိုင္း သတ္ျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္မတိုင္မီ ေအာက္တိုဘာ (၃၀) ရက္ ညပိုင္းက အုန္းနေပါင္းေက်း႐ြာ ဘုန္းႀကီးေက်ာင္းတြင္ လာေရာက္ခိုလႈံေနေသာ PDF အခ်ိဳ႕ႏွင့္ ေက်ာင္းတြင္ ရွိေနသည့္ ကိုရင္းႀကီးတစ္ပါးတို႔ အရက္ဝိုင္းဖြဲ႕ကာ ေသာက္သုံးေနစဥ္ ဆရာေတာ္ဦးဣႏၵကသိရီ က တားျမစ္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ေအာက္တိုဘာ (၃၁)ရက္၊ ညပိုင္းတြင္ PDF အဖြဲ႕က အရက္မူးကာ ေက်ာင္းသို႔ ထပ္မံ ေရာက္ရွိလာၿပီး ၎တို႔ကိုတားျမစ္ခဲ့သည့္ ဆရာေတာ္ ‘‘ဒလန္” ဟုစြပ္စြဲကာ ဖမ္းဆီးႏွိပ္စက္၍ သတ္ျဖတ္ခဲ့ေသာေၾကာင့္ ဆရာေတာ္ပ်ံလြန္ေတာ္မူခဲ့ရျခင္းျဖစ္သည္။

‘‘PDF”ေတြက ည(၇)နာရီခြဲေလာက္မွာ ေသနတ္ေတြ ကိုယ္စီနဲ႔ ေက်ာင္းၿခံ၊ တံခါးေတြကို ခ်ိဳးဖ်က္ၿပီး အတင္း ဝင္လာဖို႔လုပ္တယ္။ ည (၉)နာရီ ေလာက္မွာ လူႀကီးေတြေက်ာင္းကို ျပန္ေရာက္လာေတာ့ ေက်ာင္းေပၚမွာ PDF အဖြဲ႕ေတြက မူး႐ူးေနတယ္။ ဆရာေတာ္ကိုလည္း ႀကိဳးနဲ႔တုပ္ၿပီး ႏွိပ္စက္ထားတာ မျမင္ရက္စရာပါ။ မေန႔က သူတို႔ (PDF)အရက္ေသာက္တာကို တားရမလားဆိုၿပီး ႏွိပ္စက္ၾကတယ္။ ဘာမဆိုင္ညာမဆိုင္ သူတို႔သတ္ခ်င္ရင္ ေျပာေနၾကစကား ‘ဒလန္’ လို႔လည္း စြပ္စြဲၿပီး စစ္ေမး ႏွိပ္စက္ၾကတယ္။ သူတို႔(PDF)ေတြက အရက္ကလည္းမူးေနၿပီး လက္နက္လည္းကိုင္ထားေတာ့ ဘယ္သူ႔ေျပာစကားမွ နားမေထာင္ဘဲ ‘ေတာ္လွန္ေရးအတြက္’ တြင္တြင္ေျပာၿပီး သူတို႔ကို ဆန႔္က်င္သူ မွန္သမွ်ရန္သူပဲ ‘ေတာ္လွန္ေရးမွာ ဥပေဒ မရွိဘူး’ လို႔ေႂကြးေၾကာ္ၿပီး ည(၉)နာရီခြဲ ေက်ာ္ေက်ာ္ေလာက္မွာ ႐ြာပအဖ အဖြဲ႕ေရွ႕မွာပဲ ဆရာေတာ္ကို သတ္ပစ္လိုက္ၾကတယ္”ဟု ေဒသခံတစ္ဦးက ေျပာသည္။

ယခုကဲ့သို႔ ဆရာေတာ္ကို ႏွိပ္စက္သတ္ျဖတ္ခဲ့ေသာ PDF အဖြဲ႕ဝင္မ်ားမွာလည္း ယခင္က ဆရာေတာ္ႏွင့္ ဆရာ၊တပည့္ဆက္ဆံေရး ရွိသူမ်ားျဖစ္ေၾကာင္းသိရသည္။ ပ်ံလြန္ေတာ္မူခဲ့ရေသာ ဆရာေတာ္ ဦးဣႏၵကသိရီမွာ ငယ္ျဖဴ ရဟန္းေတာ္တစ္ပါးျဖစ္ၿပီး ေဒသအက်ိဳး၊ သာသနာအက်ိဳးကို စြမ္းစြမ္းတမံ ေဆာင္႐ြက္တတ္ေသာပုဂၢိဳလ္ျဖစ္သည့္အတြက္ ေဒသအတြင္း ထင္ရွားေသာ ဆရာေတာ္တစ္ပါးျဖစ္ေၾကာင္းလည္း သိရသည္။

၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၁) ရက္မွစ၍ (၂၀၂၄) ခုႏွစ္၊ စက္တင္ဘာ (၅) ရက္အထိ ႏိုင္ငံ တစ္ဝန္း အၾကမ္းဖက္သတ္ျဖတ္ခံခဲ့ရေသာ သာသနာ့ဝန္ထမ္း ရဟန္းသံဃာ (၈၆)ပါးအထိရွိေနၿပီ ျဖစ္ေၾကာင္း နစက၏သတင္းအခ်က္အလက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.