ကျောက်ဆည်မြို့နယ်တွင် ISUZU D-MAX ကားပါ်မှ ငွေကျပ် တစ်ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
624
ချယ်ရီ (NP News)၊ နိုဝင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ISUZU D-MAX ကားပါ်မှ ငွေကျပ်တစ်ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။
မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်၊ ညနေ ၄ နာရီ အချိန်ခန့်တွင် ကျောက်ဆည်မြို့နယ်၊ သံရွာကျေးရွာအနီးက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါကျေးရွာအနီးတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ က သတင်းရရှိသောကြောင့် ကိုကိုမောင် မောင်းနှင်ပြီး တင်ကို လိုက်ပါလာသော ISUZU D-MAX ကားကို ရှာဖွေခဲ့ရာ အဆိုပါကားပေါ်မှ ငွေကျပ် ၁ ဒသမ ၃၂ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၈ ဒသမ ၈ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ကို သယ်ဆောင်ရောင်းဝယ်နေခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။
ထို့နောက် ပြစ်မှုကျုးလွန်သူ ၎င်းတို့နှစ်ဦးကို မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကိုလည်း ဆက်လက်၍ စစ်ဆေး ဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့်အောက်တိုဘာလ ၃၁ ရက်ကလည်း မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ငွေကျပ် သိန်း ၁,၈၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
Zawgyi Version;
ေက်ာက္ဆည္ၿမိဳ႕နယ္တြင္ ISUZU D-MAX ကားပၚမွ ေငြက်ပ္ တစ္ဘီလ်ံေက်ာ္တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိ
ခ်ယ္ရီ (NP News)၊ ႏိုဝင္ဘာ ၂
မႏၲေလးတိုင္းေဒသႀကီး၊ ေက်ာက္ဆည္ၿမိဳ႕နယ္တြင္ ISUZU D-MAX ကားပၚမွ ေငြက်ပ္တစ္ဘီလ်ံေက်ာ္တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕ထံမွ သိရသည္။
မႏၲေလးတိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕က ၿပီးခဲ့သည့္ ေအာက္တိုဘာလ ၂၇ ရက္၊ ညေန ၄ နာရီ အခ်ိန္ခန႔္တြင္ ေက်ာက္ဆည္ၿမိဳ႕နယ္၊ သံ႐ြာေက်း႐ြာအနီးက ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အထက္ပါေက်း႐ြာအနီးတြင္ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕ က သတင္းရရွိေသာေၾကာင့္ ကိုကိုေမာင္ ေမာင္းႏွင္ၿပီး တင္ကို လိုက္ပါလာေသာ ISUZU D-MAX ကားကို ရွာေဖြခဲ့ရာ အဆိုပါကားေပၚမွ ေငြက်ပ္ ၁ ဒသမ ၃၂ ဘီလ်ံတန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၈ ဒသမ ၈ သိန္း ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕ထံမွထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားကို ရွမ္းျပည္နယ္(ေတာင္ပိုင္း)မွ ကရင္ျပည္နယ္၊ ဘုရားသုံးဆူၿမိဳ႕ကို သယ္ေဆာင္ေရာင္းဝယ္ေနျခင္းျဖစ္ေၾကာင္းလည္း သိရွိရသည္။
ထို႔ေနာက္ ျပစ္မႈက်ဳးလြန္သူ ၎တို႔ႏွစ္ဦးကို မူးယစ္ေဆးဝါး ႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရ အေရးယူထားၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားကိုလည္း ဆက္လက္၍ စစ္ေဆး ေဖာ္ထုတ္လ်က္ရွိ ေၾကာင္း သိရသည္။
အလားတူ ၿပီးခဲ့သည့္ေအာက္တိုဘာလ ၃၁ ရက္ကလည္း မႏၲေလးတိုင္းေဒသႀကီး၊ သာစည္ၿမိဳ႕နယ္တြင္ ေငြက်ပ္ သိန္း ၁,၈၀၀ တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။