စစ်ပွဲအဆုံးသတ်နိုင်အောင် ရုရှားနိုင်ငံကို ကြားဝင်စေ့စပ်ပေးတဲ့နိုင်ငံအဖြစ် ပါဝင်ပေးဖို့ အစ္စရေးအစိုးရ လိုလားနေ
1980
ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂
အစ္စရေးအစိုးရဟာ လက်ဘနွန်နိုင်ငံအခြေစိုက် ဟစ်ဘိုလာအဖွဲ့နဲ့ဖြစ်ပွားနေတဲ့စစ်ပွဲကို အဆုံးသတ်စေဖို့ အမေရိကန်နိုင်ငံထက် ရုရှားနိုင်ငံကို ကြားဝင်စေ့စပ်ပေးဖို့ လိုလားနေကြောင်း အစ္စရေးအခြေစိုက် Ynet news မီဒီယာက ဖော်ပြထားပါတယ်။ အစ္စရေးအခြေစိုက် မီဒီယာက အစ္စရေးနိုင်ငံအနေနဲ့ ဟစ်ဘိုလာအဖွဲ့နဲ့ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ ရုရှားနိုင်ငံ ပါဝင် စေ့စပ်ပေးမယ်ဆိုရင် အမေရိကန်နိုင်ငံအပေါ် မှီခိုနေရတာတွေကို လျော့ချနိုင်မှာဖြစ်သလို အနာဂတ်မှာလည်း တည်ငြိမ်မှုတွေ ပိုမိုဖြစ်လာမယ်လို့ မျှော်လင့်နေကြောင်း ပြောပါတယ်။
အစ္စရေးအစိုးရ နဲ့ နီးစပ်သူတစ်ဦးက "အစ္စရေးနဲ့ ဟစ်ဘိုလာအဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲနဲ့ပတ်သက်ပြီး အပစ်ခတ် ရပ်စဲရေးရယူနိုင်ဖို့ အပြင်တင်းမာမှုတွေ နောက်ထပ်မဖြစ်အောင် တားဆီးနိုင်ဖို့ ရုရှားနိုင်ငံကို ကြားဝင်စေ့စပ်ပေးတဲ့ နိုင်ငံအဖြစ် ပါဝင်စေလိုတယ်" လို့ပြောပါတယ်။
အစ္စရေးနိုင်ငံအမျိုးသားလုံခြုံရေးအကြံပေးအဖြစ် တာဝန်ယူခဲ့ဖူးသူ Orna Mizrahi က ရုရှားဟာ အီရန်နိုင်ငံနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိနေတဲ့နိုင်ငံဖြစ်သလို အနာဂတ်မှာ အစ္စရေးနဲ့ ဟစ်ဘိုလာအဖွဲ့ကြားစစ်ပွဲဖြစ်ပွားမှုကို ရပ်တန့်စေမယ့် လက်ဘနွန်နိုင်ငံတည်ငြိမ်ရေးကို အထောက်ပံ့ပေးနိုင်တယ်လို့ ပြောပါတယ်။
၎င်းက "ရုရှားဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေထဲမှာလည်း ပါဝင်နေပါတယ်" လို့ ပြောပါတယ်။ လက်ရှိအချိန်မှာ အမေရိကန်အစိုးရကလည်း ဟစ်ဘိုလာနဲ့ အစ္စရေးနိုင်ငံကြားဖြစ်ပွားနေတဲ့ စစ်ပွဲ အဆုံးသတ်နိုင်အောင် ကြားဝင်စေ့စပ်ပေးဖို့ ကြိုးပမ်းနေပြီး အမေရိကန်အစိုးရက ရက်ပေါင်း ၆၀ ကြာ အပစ်ခတ် ရပ်စဲနိုင်မယ့် အဆိုပြုကမ်းလှမ်းချက်တစ်ခုကို လုပ်ဆောင်ထားကြောင်း သိရပါတယ်။
အမေရိကန်အစိုးရက အဆိုပြုခဲ့တဲ့ အပစ်ခတ်ရပ်စဲရေးမူကြမ်းထဲမှာ လက်ဘနွန်နိုင်ငံအတွင်းကနေ အစ္စရေးတပ်ဖွဲ့ တွေ ပြန်လည်ရုတ်သိမ်းရမယ့်အချိန် ပါဝင်နေသလို နယ်စပ်ဒေသမှာ လက်ဘနွန်စစ်သားတွေသာ ထားရှိပြီး ဟစ်ဘိုလာအဖွဲ့တွေမထားဖို့ အချက်တွေ ပါဝင်နေပါတယ်။
Zawgyi Version;
စစ္ပြဲအဆုံးသတ္ႏိုင္ေအာင္ ႐ုရွားႏိုင္ငံကို ၾကားဝင္ေစ့စပ္ေပးတဲ့ႏိုင္ငံအျဖစ္ ပါဝင္ေပးဖို႔ အစၥေရးအစိုးရ လိုလားေန
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂
အစၥေရးအစိုးရဟာ လက္ဘႏြန္ႏိုင္ငံအေျခစိုက္ ဟစ္ဘိုလာအဖြဲ႕နဲ႔ျဖစ္ပြားေနတဲ့စစ္ပြဲကို အဆုံးသတ္ေစဖို႔ အေမရိကန္ႏိုင္ငံထက္ ႐ုရွားႏိုင္ငံကို ၾကားဝင္ေစ့စပ္ေပးဖို႔ လိုလားေနေၾကာင္း အစၥေရးအေျခစိုက္ Ynet news မီဒီယာက ေဖာ္ျပထားပါတယ္။ အစၥေရးအေျခစိုက္ မီဒီယာက အစၥေရးႏိုင္ငံအေနနဲ႔ ဟစ္ဘိုလာအဖြဲ႕နဲ႔ျဖစ္ပြားေနတဲ့ စစ္ပြဲမွာ ႐ုရွားႏိုင္ငံ ပါဝင္ ေစ့စပ္ေပးမယ္ဆိုရင္ အေမရိကန္ႏိုင္ငံအေပၚ မွီခိုေနရတာေတြကို ေလ်ာ့ခ်ႏိုင္မွာျဖစ္သလို အနာဂတ္မွာလည္း တည္ၿငိမ္မႈေတြ ပိုမိုျဖစ္လာမယ္လို႔ ေမွ်ာ္လင့္ေနေၾကာင္း ေျပာပါတယ္။
အစၥေရးအစိုးရ နဲ႔ နီးစပ္သူတစ္ဦးက "အစၥေရးနဲ႔ ဟစ္ဘိုလာအဖြဲ႕ၾကားျဖစ္ပြားေနတဲ့စစ္ပြဲနဲ႔ပတ္သက္ၿပီး အပစ္ခတ္ ရပ္စဲေရးရယူႏိုင္ဖို႔ အျပင္တင္းမာမႈေတြ ေနာက္ထပ္မျဖစ္ေအာင္ တားဆီးႏိုင္ဖို႔ ႐ုရွားႏိုင္ငံကို ၾကားဝင္ေစ့စပ္ေပးတဲ့ ႏိုင္ငံအျဖစ္ ပါဝင္ေစလိုတယ္" လို႔ေျပာပါတယ္။
အစၥေရးႏိုင္ငံအမ်ိဳးသားလုံၿခဳံေရးအႀကံေပးအျဖစ္ တာဝန္ယူခဲ့ဖူးသူ Orna Mizrahi က ႐ုရွားဟာ အီရန္ႏိုင္ငံနဲ႔ ေကာင္းမြန္တဲ့ဆက္ဆံေရးရွိေနတဲ့ႏိုင္ငံျဖစ္သလို အနာဂတ္မွာ အစၥေရးနဲ႔ ဟစ္ဘိုလာအဖြဲ႕ၾကားစစ္ပြဲျဖစ္ပြားမႈကို ရပ္တန႔္ေစမယ့္ လက္ဘႏြန္ႏိုင္ငံတည္ၿငိမ္ေရးကို အေထာက္ပံ့ေပးႏိုင္တယ္လို႔ ေျပာပါတယ္။
၎က "႐ုရွားဟာ ကုလသမဂၢလုံၿခဳံေရးေကာင္စီအၿမဲတမ္းအဖြဲ႕ဝင္ႏိုင္ငံေတြထဲမွာလည္း ပါဝင္ေနပါတယ္" လို႔ ေျပာပါတယ္။ လက္ရွိအခ်ိန္မွာ အေမရိကန္အစိုးရကလည္း ဟစ္ဘိုလာနဲ႔ အစၥေရးႏိုင္ငံၾကားျဖစ္ပြားေနတဲ့ စစ္ပြဲ အဆုံးသတ္ႏိုင္ေအာင္ ၾကားဝင္ေစ့စပ္ေပးဖို႔ ႀကိဳးပမ္းေနၿပီး အေမရိကန္အစိုးရက ရက္ေပါင္း ၆၀ ၾကာ အပစ္ခတ္ ရပ္စဲႏိုင္မယ့္ အဆိုျပဳကမ္းလွမ္းခ်က္တစ္ခုကို လုပ္ေဆာင္ထားေၾကာင္း သိရပါတယ္။
အေမရိကန္အစိုးရက အဆိုျပဳခဲ့တဲ့ အပစ္ခတ္ရပ္စဲေရးမူၾကမ္းထဲမွာ လက္ဘႏြန္ႏိုင္ငံအတြင္းကေန အစၥေရးတပ္ဖြဲ႕ ေတြ ျပန္လည္႐ုတ္သိမ္းရမယ့္အခ်ိန္ ပါဝင္ေနသလို နယ္စပ္ေဒသမွာ လက္ဘႏြန္စစ္သားေတြသာ ထားရွိၿပီး ဟစ္ဘိုလာအဖြဲ႕ေတြမထားဖို႔ အခ်က္ေတြ ပါဝင္ေနပါတယ္။