အောင်ပန်း-ဟဲဟိုးသွား ကားလမ်းတွင် ရပ်ထားသောတွဲကားကို HIJET ကားက အနောက်မှဝင်တိုက်မိရာ အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံး

 793

ချယ်ရီ (NP News) - နိုဝင်ဘာ ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်း-ဟဲဟိုးသွား ကားလမ်းတွင် ရပ်ထားသောတွဲကားကို HIJET ကားက အနောက်မှဝင်တိုက်မိရာ အမျိုးသမီးတစ်ဦးပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း နာရေးကူညီမှုအသင်းအောင်ပန်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (နိုဝင်ဘာလ ၁ ရက်)၊ ညနေ ၃ နာရီခွဲအချိန်ခန့်က ဟဲဟိုးမြို့၊ အောင်ပန်း-ဟဲဟိုးသွားလမ်း၊ အင်းခေါင်းစျေးအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့မိသားစုကတော့ တောင်ကြီးကနေ သူ့သမီးကို အဆောင်ကနေ ပြန်သွားခေါ်ပြီးတော့ ပြန်လာတာ။ သူတို့က မိသားစုလိုက်ဆိုတော့ သူ့သမီးတွေက အနောက်ခန်းမှာ။ သူတို့လင်မယားနှစ်ယောက်က အရှေ့မှာ ထိုင်တာဆို တော့ တိုက်တာတော့ တော်တော်ပြင်းတယ်ဗျ။ ကားကလည်းအရှိန်ပါပြီးတော့လေ ကျွန်တော်ထင်တာက ကားကျော်မယ်လို့ထင်တယ် ကြည့်ရတာ။ လမ်းကလည်း ဖြောင့်တော့ သူက တော်တော်မောင်းလိုက်တော့ အဲဒီလိုမျိုးဖြစ်သွားတာ။ အရှိန်က တော်တော်ပါတော့ သူ့မိန်းမထိုင်တဲ့ဘက်ကလည်း တော်တော်လေးကို အထဲကို ဝင်သွားတော့ ခေါင်းတွေက ပြားသွားတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် Hijet ကားပေါ်မှ အသက်(၅၀)ဝန်းကျင်ရှိ အမျိုးသမီးမှာ ထိခိုက်ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး အမျိုးသားတစ်ဦး နှင့် အမျိုးသမီး(၂)ဦးမှာ ထိခိုက်ဒဏ်ရာ များရရှိခဲ့ကြောင်း သိရသည်။
“သူတို့က (၂)စီးလာတာ။ နောက်မှာ တစ်စီးပါသေးတယ်။ သူ့အမျိုးသမီးကလည်း ဝတော့ သူအရှေ့မှာ ပဲထိုင်တာ။ ဘယ်ဘက်ရင်အုံနား ပြတ်ရှဒဏ်ရာရယ်။ မျက်နှာကိုသွားရိုက်မိတော မျက်နှာမှာလည်း ကွဲတဲ့ဒဏ်ရာရတယ်။ သူ့သမီးတွေက အိပ်ယာလိပ်တွေ၊ ဘာတွေနဲ့ဆိုတော့ နည်းနည်းခံသာသွားတာ။ ညာဘက်ထောင့်ထဲကို ဝင်သွား တာဆိုတော့ သူကလည်း အရှိန်များပြီး ဝင်သွားတာဗျ။ ကျွန်တော်တို့ လည်း တခြားဘယ်လိုဖြစ်တယ်ဆိုတာတော့ သူတို့မိသားစုတွေကလည်း အကုန်လုံးက ဆေးရုံမှာဆိုတော့ မေးလို့၊ ပြုလို့ကလည်း မရဘူး ဖြစ်သွားတယ်” ၎င်းက ဆက်ပြောပြသည်။
ထို့နောက် သေဆုံးသူရုပ်အလောင်းကို ဟဲဟိုးဆေးရုံ ရင်ခွဲရုံသို့ နာရေးကူညီမှုအသင်း အောင်ပန်းက ပို့ဆောင် ပေးခဲ့ပြီး ထိုမှတဆင့် နေအိမ်သို့ ပို့ဆောင်ပေးခဲ့ကာ ထိခိုက်ဒဏ်ရာ ရရှိသူများကို သီခေါင်လူမူကူညီရေးအသင်းက တောင်ကြီးစဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“ယာဉ်မောင်းတွေ ဆင်ခြင်ရမှာတော့ ကိုယ်နိုင်တဲ့ Speed လေး မောင်းဖို့ရယ်၊ အရက်သေစာသောက်စားမှုလေး တွေကိုပေါ့ တတ်နိုင်ရင် သွားလာချိန်မသောက်စားဖို့ပေါ့၊ လမ်းရှင်းမှသာ ကျော်တက်ဖို့နဲ့ ကားသမားတွေဆိုတော့ လည်း စိတ်လောတာတွေလည်း ပါတာပေါ့နော်။ မဟုတ်ရင် ဒီလိုအန္တရာယ်တွေကတော့ ကြုံနေရဦးမှာပဲ” ဟု အထက်ပါတာဝန်ရှိသူက အကြံပြုပြောဆိုထားသည်။
အောင်ပန်း-ဟဲဟိုးသွား ကားလမ်းတွင် တစ်လလျှင် ယာဉ်တိုက်မှု (၁၀)ကြိမ်နီးပါးဖြစ်ပွားလေ့ရှိကြောင်းလည်း အထက်ပါသတင်းရင်းမြစ်က ဆိုသည်။

Zawgyi Version;
ေအာင္ပန္း-ဟဲဟိုးသြား ကားလမ္းတြင္ ရပ္ထားေသာတြဲကားကို HIJET ကားက အေနာက္မွဝင္တိုက္မိရာ အမ်ိဳးသမီးတစ္ဦး ပြဲခ်င္းၿပီး ေသဆုံး
ခ်ယ္ရီ (NP News) - ႏိုဝင္ဘာ ၂

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေအာင္ပန္း-ဟဲဟိုးသြား ကားလမ္းတြင္ ရပ္ထားေသာတြဲကားကို HIJET ကားက အေနာက္မွဝင္တိုက္မိရာ အမ်ိဳးသမီးတစ္ဦးပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ေၾကာင္း နာေရးကူညီမႈအသင္းေအာင္ပန္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ႏိုဝင္ဘာလ ၁ ရက္)၊ ညေန ၃ နာရီခြဲအခ်ိန္ခန္႔က ဟဲဟိုးၿမိဳ႕၊ ေအာင္ပန္း-ဟဲဟိုးသြားလမ္း၊ အင္းေခါင္းေစ်းအနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“သူတို႔မိသားစုကေတာ့ ေတာင္ႀကီးကေန သူ႔သမီးကို အေဆာင္ကေန ျပန္သြားေခၚၿပီးေတာ့ ျပန္လာတာ။ သူတို႔က မိသားစုလိုက္ဆိုေတာ့ သူ႔သမီးေတြက အေနာက္ခန္းမွာ။ သူတို႔လင္မယားႏွစ္ေယာက္က အေရွ႕မွာ ထိုင္တာဆို ေတာ့ တိုက္တာေတာ့ ေတာ္ေတာ္ျပင္းတယ္ဗ်။ ကားကလည္းအရွိန္ပါၿပီးေတာ့ေလ ကြၽန္ေတာ္ထင္တာက ကားေက်ာ္မယ္လို႔ထင္တယ္ ၾကည့္ရတာ။ လမ္းကလည္း ေျဖာင့္ေတာ့ သူက ေတာ္ေတာ္ေမာင္းလိုက္ေတာ့ အဲဒီလိုမ်ိဳးျဖစ္သြားတာ။ အရွိန္က ေတာ္ေတာ္ပါေတာ့ သူ႔မိန္းမထိုင္တဲ့ဘက္ကလည္း ေတာ္ေတာ္ေလးကို အထဲကို ဝင္သြားေတာ့ ေခါင္းေတြက ျပားသြားတယ္” ဟု ၎က ေျပာသည္။
အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ Hijet ကားေပၚမွ အသက္(၅၀)ဝန္းက်င္ရွိ အမ်ိဳးသမီးမွာ ထိခိုက္ဒဏ္ရာမ်ား ရရွိကာ အခင္းျဖစ္ေနရာတြင္ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ၿပီး အမ်ိဳးသားတစ္ဦး ႏွင့္ အမ်ိဳးသမီး(၂)ဦးမွာ ထိခိုက္ဒဏ္ရာ မ်ားရရွိခဲ့ေၾကာင္း သိရသည္။
“သူတို႔က (၂)စီးလာတာ။ ေနာက္မွာ တစ္စီးပါေသးတယ္။ သူ႔အမ်ိဳးသမီးကလည္း ဝေတာ့ သူအေရွ႕မွာ ပဲထိုင္တာ။ ဘယ္ဘက္ရင္အုံနား ျပတ္ရွဒဏ္ရာရယ္။ မ်က္ႏွာကိုသြား႐ိုက္မိေတာ မ်က္ႏွာမွာလည္း ကြဲတဲ့ဒဏ္ရာရတယ္။ သူ႔သမီးေတြက အိပ္ယာလိပ္ေတြ၊ ဘာေတြနဲ႔ဆိုေတာ့ နည္းနည္းခံသာသြားတာ။ ညာဘက္ေထာင့္ထဲကို ဝင္သြား တာဆိုေတာ့ သူကလည္း အရွိန္မ်ားၿပီး ဝင္သြားတာဗ်။ ကြၽန္ေတာ္တို႔ လည္း တျခားဘယ္လိုျဖစ္တယ္ဆိုတာေတာ့ သူတို႔မိသားစုေတြကလည္း အကုန္လုံးက ေဆး႐ုံမွာဆိုေတာ့ ေမးလို႔၊ ျပဳလို႔ကလည္း မရဘူး ျဖစ္သြားတယ္” ၎က ဆက္ေျပာျပသည္။
ထို႔ေနာက္ ေသဆုံးသူ႐ုပ္အေလာင္းကို ဟဲဟိုးေဆး႐ုံ ရင္ခြဲ႐ုံသို႔ နာေရးကူညီမႈအသင္း ေအာင္ပန္းက ပို႔ေဆာင္ ေပးခဲ့ၿပီး ထိုမွတဆင့္ ေနအိမ္သို႔ ပို႔ေဆာင္ေပးခဲ့ကာ ထိခိုက္ဒဏ္ရာ ရရွိသူမ်ားကို သီေခါင္လူမူကူညီေရးအသင္းက ေတာင္ႀကီးစဝ္စံထြန္းေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

“ယာဥ္ေမာင္းေတြ ဆင္ျခင္ရမွာေတာ့ ကိုယ္ႏိုင္တဲ့ Speed ေလး ေမာင္းဖို႔ရယ္၊ အရက္ေသစာေသာက္စားမႈေလး ေတြကိုေပါ့ တတ္ႏိုင္ရင္ သြားလာခ်ိန္မေသာက္စားဖို႔ေပါ့၊ လမ္းရွင္းမွသာ ေက်ာ္တက္ဖို႔နဲ႔ ကားသမားေတြဆိုေတာ့ လည္း စိတ္ေလာတာေတြလည္း ပါတာေပါ့ေနာ္။ မဟုတ္ရင္ ဒီလိုအႏၲရာယ္ေတြကေတာ့ ႀကဳံေနရဦးမွာပဲ” ဟု အထက္ပါတာဝန္ရွိသူက အႀကံျပဳေျပာဆိုထားသည္။
ေအာင္ပန္း-ဟဲဟိုးသြား ကားလမ္းတြင္ တစ္လလွ်င္ ယာဥ္တိုက္မႈ (၁၀)ႀကိမ္နီးပါးျဖစ္ပြားေလ့ရွိေၾကာင္းလည္း အထက္ပါသတင္းရင္းျမစ္က ဆိုသည္။

Related news

© 2021. All rights reserved.