မှတ်တိုင်တွင် ကားစောင့်နေသော အမျိုးသားတစ်ဦးကို စည်ပင်အမှိုက်သိမ်းယာဥ် ဝင်တိုက်မိမှုဖြစ်ပွား
3475
စော (NP News) - နိုဝင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၌ မှတ်တိုင်တွင် ကားစောင့်နေသော အမျိုးသားတစ်ဦးကို စည်ပင် အမှိုက်သိမ်းယာဥ်မှ ဝင်တိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာအရေးပေါ်လူနာတင်ယာဥ် များ ကွန်ယက်ထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (နိုဝင်ဘာလ ၂ ရက်)၊ ညနေ ၆ နာရီအချိန်ခန့်က လှိုင်သာယာမြို့နယ်၊ အလယ်ကျေးရွာ မီးပွိုင့်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“မှတ်တိုင်မှာ ကားရပ်စောင့်နေတဲ့ အမျိုးသားကို စည်ပင်အမှိုက်သိမ်းတဲ့ကားက ဝင်တိုက်တာပါ။ ဒဏ်ရာအခြေ အနေက ပခုံးပြုတ်သွားတဲ့ ပုံစံမျိုးတွေ့ရတယ်။ ဦးခေါင်းပေါက်ပြဲ၊ မျက်ခွံကွဲတယ်။ ဒူးခေါင်းပွန်းပဲ့၊ လက်မောင်း ပွန်းပဲ့ အဲဒီလောက်ပါပဲ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အရေးပေါ်လူနာတင်ယာဥ်များ ကွန်ယက်မှ တာဝန်ရှိသူ တစ်ဦးက NP News ကို ပြောသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် အသက် (၃၅)နှစ်ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“တာဝန်ယူမှု တာဝန်ခံမှုမရှိဘဲ မောင်းပြေးသွားတယ်လို့ သိရပါတယ်။ အဲဒီမှာ ဘေးတွဲဆွဲနေတဲ့လူတွေက သူတို့ သုံးဘီးနဲ့လိုက်တာ မမိဘူးလို့ပြောပါတယ်။ အကုန်လုံးမီးတွေ ပိတ်ပြီးမောင်းပြေးတယ်လို့ ပြောပါတယ်။ ကား ကတော့ စည်ပင်ဖောကားအပြာရောင်လို့ ပြောပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါထိခိုက်ဒဏ်ရာရရှိသူကို လှိုင်သာယာဆေးရုံမှတစ်ဆင့် လိုအပ်သည့်စစ်ဆေးမှုများပြုလုပ်ပြီး ရန်ကုန်ဆေးရုံ ကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Zawgyi Version;
မွတ္တိုင္တြင္ ကားေစာင့္ေနေသာ အမ်ိဳးသားတစ္ဦးကို စည္ပင္အမႈိက္သိမ္းယာဥ္ ဝင္တိုက္မိမႈျဖစ္ပြား
ေစာ (NP News) - ႏိုဝင္ဘာ ၃
ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္သာယာၿမိဳ႕နယ္၌ မွတ္တိုင္တြင္ ကားေစာင့္ေနေသာ အမ်ိဳးသားတစ္ဦးကို စည္ပင္ အမႈိက္သိမ္းယာဥ္မွ ဝင္တိုက္ခဲ့ရာ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံလုံးဆိုင္ရာအေရးေပၚလူနာတင္ယာဥ္ မ်ား ကြန္ယက္ထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ႏိုဝင္ဘာလ ၂ ရက္)၊ ညေန ၆ နာရီအခ်ိန္ခန႔္က လႈိင္သာယာၿမိဳ႕နယ္၊ အလယ္ေက်း႐ြာ မီးပြိဳင့္အနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
“မွတ္တိုင္မွာ ကားရပ္ေစာင့္ေနတဲ့ အမ်ိဳးသားကို စည္ပင္အမႈိက္သိမ္းတဲ့ကားက ဝင္တိုက္တာပါ။ ဒဏ္ရာအေျခ အေနက ပခုံးျပဳတ္သြားတဲ့ ပုံစံမ်ိဳးေတြ႕ရတယ္။ ဦးေခါင္းေပါက္ၿပဲ၊ မ်က္ခြံကြဲတယ္။ ဒူးေခါင္းပြန္းပဲ့၊ လက္ေမာင္း ပြန္းပဲ့ အဲဒီေလာက္ပါပဲ” ဟု ျမန္မာႏိုင္ငံလုံးဆိုင္ရာ အေရးေပၚလူနာတင္ယာဥ္မ်ား ကြန္ယက္မွ တာဝန္ရွိသူ တစ္ဦးက NP News ကို ေျပာသည္။
အဆိုပါယာဥ္တိုက္မႈေၾကာင့္ အသက္ (၃၅)ႏွစ္ဝန္းက်င္အ႐ြယ္ အမ်ိဳးသားတစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
“တာဝန္ယူမႈ တာဝန္ခံမႈမရွိဘဲ ေမာင္းေျပးသြားတယ္လို႔ သိရပါတယ္။ အဲဒီမွာ ေဘးတြဲဆြဲေနတဲ့လူေတြက သူတို႔ သုံးဘီးနဲ႔လိုက္တာ မမိဘူးလို႔ေျပာပါတယ္။ အကုန္လုံးမီးေတြ ပိတ္ၿပီးေမာင္းေျပးတယ္လို႔ ေျပာပါတယ္။ ကား ကေတာ့ စည္ပင္ေဖာကားအျပာေရာင္လို႔ ေျပာပါတယ္” ဟု ၎က ဆက္လက္ေျပာသည္။
အဆိုပါထိခိုက္ဒဏ္ရာရရွိသူကို လႈိင္သာယာေဆး႐ုံမွတစ္ဆင့္ လိုအပ္သည့္စစ္ေဆးမႈမ်ားျပဳလုပ္ၿပီး ရန္ကုန္ေဆး႐ုံ ႀကီးသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။