ကမ္ဘာ့အကြီးဆုံး မိကျောင်း ကာစီယက် သေဆုံး

 2674

ရောင်နီ (NP News) - နိုဝင်ဘာ ၃

အရှည် ၅.၄၈ မီတာရှိတဲ့ ကမ္ဘာ့အကြီးဆုံး မိကျောင်း ကာစီယက်ဟာ ဩစတြေးလျနိုင်ငံ၊ တောရိုင်းဘေးမဲ့တောမှာ သေဆုံးသွားခဲ့ပြီ ဖြစ်တယ်လို့ နိုဝင်ဘာ ၂ ရက်က Marineland Melanesia Crocodile Habitat မှ ဖော်ပြချက်အရ သိရပါတယ်။ မိကျောင်းဟာ သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၁၀ ကျော်လောက်ရှိပြီလို့ ယူဆရပါတယ်။
အလေးချိန် တစ်တန်ခန့်ရှိတဲ့ မိကျောင်းကြီး ကာစီယက်ဟာ အောက်တိုဘာ ၁၅ ရက်ကတည်းက ကျန်းမာရေး အခြေအနေ ယိုယွင်းနေခဲ့တာဖြစ်တယ်လို့ Marineland Melanesia Crocodile Habitat က Facebook page မှာ ပြောကြားခဲ့ပါတယ်။

ကာစီယက်ဟာ ဒေသတွင်း ခရီးသွားလုပ်ငန်း အဓိက အစိတ်အပိုင်းဖြစ်တဲ့ အိမ်နီးချင်း မြောက်ပိုင်း နယ်မြေမှ တဆင့် တိရစ္ဆာန်ထိန်းသိမ်းရေးစခန်းကို ၁၉၈၇ ခုနှစ်ကတည်းက ပြောင်းရွှေ့ရောက်ရှိနေခဲ့သူဖြစ်တယ်လို့ အဖွဲ့ရဲ့ ဝက်ဘ်ဆိုက်မှ ဖော်ပြချက်အရ သိရပါတယ်။

ကားစီးယက်ဟာ ၂၀၁၃ ခုနှစ်က အရှည် ၆ ဒသမ ၁၇ မီတာရှိတဲ့ ဖိလစ်ပိုင်မိကျောင်း လိုလောင် သေဆုံးခဲ့ပြီးနောက် ကမ္ဘာ့အကြီးဆုံး မိကျောင်းအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။

Zawgyi Version;
ကမာၻ႔အႀကီးဆုံး မိေက်ာင္း ကာစီယက္ ေသဆုံး
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၃

အရွည္ ၅.၄၈ မီတာရွိတဲ့ ကမာၻ႔အႀကီးဆုံး မိေက်ာင္း ကာစီယက္ဟာ ဩစေၾတးလ်ႏိုင္ငံ၊ ေတာ႐ိုင္းေဘးမဲ့ေတာမွာ ေသဆုံးသြားခဲ့ၿပီ ျဖစ္တယ္လို႔ ႏိုဝင္ဘာ ၂ ရက္က Marineland Melanesia Crocodile Habitat မွ ေဖာ္ျပခ်က္အရ သိရပါတယ္။ မိေက်ာင္းဟာ သက္တမ္းအားျဖင့္ ႏွစ္ေပါင္း ၁၁၀ ေက်ာ္ေလာက္ရွိၿပီလို႔ ယူဆရပါတယ္။
အေလးခ်ိန္ တစ္တန္ခန႔္ရွိတဲ့ မိေက်ာင္းႀကီး ကာစီယက္ဟာ ေအာက္တိုဘာ ၁၅ ရက္ကတည္းက က်န္းမာေရး အေျခအေန ယိုယြင္းေနခဲ့တာျဖစ္တယ္လို႔ Marineland Melanesia Crocodile Habitat က Facebook page မွာ ေျပာၾကားခဲ့ပါတယ္။

ကာစီယက္ဟာ ေဒသတြင္း ခရီးသြားလုပ္ငန္း အဓိက အစိတ္အပိုင္းျဖစ္တဲ့ အိမ္နီးခ်င္း ေျမာက္ပိုင္း နယ္ေျမမွ တဆင့္ တိရစာၦန္ထိန္းသိမ္းေရးစခန္းကို ၁၉၈၇ ခုႏွစ္ကတည္းက ေျပာင္းေ႐ႊ႕ေရာက္ရွိေနခဲ့သူျဖစ္တယ္လို႔ အဖြဲ႕ရဲ႕ ဝက္ဘ္ဆိုက္မွ ေဖာ္ျပခ်က္အရ သိရပါတယ္။

ကားစီးယက္ဟာ ၂၀၁၃ ခုႏွစ္က အရွည္ ၆ ဒသမ ၁၇ မီတာရွိတဲ့ ဖိလစ္ပိုင္မိေက်ာင္း လိုေလာင္ ေသဆုံးခဲ့ၿပီးေနာက္ ကမာၻ႔အႀကီးဆုံး မိေက်ာင္းအျဖစ္ ဂင္းနစ္မွတ္တမ္းဝင္ခဲ့တာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.