ကမ္ဘာကျော်အဆိုတော်တေလာဆွစ်ဖ်ကြောင့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ကမ်မလာဟားရစ် အနိုင်ရဖွယ် ရှိနေသလား
1116
ဂျန်ဇက် (NP News) - နိုဝင်ဘာ ၃
တစ်ကမ္ဘာလုံးက စိတ်ဝင်တစားစောင့်ကြည့်နေတဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲဟာ နိုဝင်ဘာ(၅)ရက်မှာ ကျင်းပတော့မှာဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်ပါတီရဲ့သမ္မတလောင်းအဖြစ် သမ္မတဟောင်း ဖြစ်သူဒေါ်နယ်ထရမ့်နဲ့ ဒီမိုကရက်တစ်ပါတီ ရဲ့သမ္မတလောင်းအဖြစ် လက်ရှိ ဒုတိယသမ္မတ ကမ်မလာ ဟားရစ်တို့က အကြိတ်အနယ် ယှဉ်ပြိုင်တော့မှာဖြစ်ပါတယ်။
ရွေးကောက်ပွဲကျင်းပဖို့ နီးလာနေချိန်မှာပဲ ဒေါ်နယ်ထရမ့်ကို အားပေးထောက်ခံသူတွေနဲ့ ကမ်မလာဟားရစ်ကို အားပေးထောက်ခံသူတွေကြား အပြိုင်အဆိုင် မဲဆွယ်စည်းရုံးတာတွေလုပ်ဆောင်နေပါတယ်။ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံအတွင်း လူသိများထင်ရှားကျော်ကြားသူတွေဟာ မိမိအားပေးရာ သမ္မတလောင်း အနိုင်ရအောင် မဲဆွယ်စည်းရုံးပေးနေတယ်လို့ သိရပါတယ်။ အဲဒီလို မဲဆွယ်စည်းရုံးပေးနေတဲ့သူတွေထဲမှာ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး အီလွန်မတ်စ်နဲ့ ကမ္ဘာကျော်အဆို တော် တေလာဆွစ်ဖ်တို့လည်း ပါဝင်နေပါတယ်။ အီလွန်မတ်စ်ဟာ ဒေါ်နယ်ထရမ့်ကို အနိုင်ရအောင် အားပေးထောက်ခံထားပြီး မဲဆွယ်စည်းရုံးပေးနေသလို တေလာဆွဖ်ကလည်း အမေရိကန် ဒုတိယသမ္မတ ကမ်မလာဟားရစ်အနိုင်ရအောင် မဲဆွယ်စည်းရုံးပေးနေတယ်လို့ သိရပါတယ်။ ဒေါ်နယ်ထရမ့်နဲ့ ကမ်မလာဟားရစ်တို့ စက်တင်ဘာလအတွင်း စကားစစ်ထိုးပွဲလုပ်ဆောင်ခဲ့ပြီး နောက် အသက် (၃၄)နှစ်အရွယ် တေလာဆွစ်ဖ်က ဟဲရစ်နဲ့ ဒုသမ္မတလောင်း တင်မ်ဝေါ့(ဇ်) တို့ကို မဲပေးသွားမယ်လို့ သူ့ရဲ့ပရိသတ်ပေါင်း (၂၈၃) သန်း ကျော်ရှိနေတဲ့ လူမှုကွန်ရက် အကောင့်ကတစ်ဆင့် ပရိသတ်တွေကို အသိပေး ခဲ့ရာ အိန္ဒိယလူမျိုးသွေးပါတဲ့ သမ္မတလောင်း ကမ်မလာဟားရစ်အပေါ် လူထုထောက်ခံမှုပိုမို ရရှိခဲ့တယ်လို့ဆို ကြပါ တယ်။
တေလာဆွစ်ဖ်က “အခုရွေးကောက်ပွဲမှာ ပထမဆုံး မဲထွက်ပေးကြမယ့်သူတွေအနေနဲ့လည်း မဲဆန္ဒရှင် အမည်စာရင်းကို မှတ်ပုံတင်ထားရမယ် ” လို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။ တေလာဆွစ်ဖ်ဟာ (၂၀၂၀) ပြည့်နှစ် တုန်းကလည်း လက်ရှိသမ္မတအဖြစ်တာဝန်ယူနေတဲ့ သမ္မတဂျိုးဘိုင်ဒန်ကို ထောက်ခံခဲ့ပါတယ်။ တေလာဆွစ်ဖ်ကို (၁၉၈၉) ခုနှစ် ဒီဇင်ဘာ (၁၃) ရက် မှာ Pennsylvania ပြည်နယ် West Reading မြို့ မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။
အသက် (၁၄) နှစ်အရွယ်မှာ ကျေးလက်ဂီတ လောကသို့ ဝင်ရောက်ဖို့ Tennessee ပြည်နယ်၊ Nashville မြို့ကို ပြောင်းရွှေ့ခဲ့ပါတယ်။ တေလာဆွစ်ဖ်ဟာBig Machine ကုမ္ပဏီနဲ့ စာချုပ်ချုပ်ခဲ့ပြီး Sony^ATV တေးသံသွင်းနဲ့ စာချုပ်ချုပ်ဆိုတဲ့ အငယ်ဆုံးသီချင်းရေးသူ ဖြစ်လာခဲ့ပါတယ်။
သူရဲ့ ပွဲဦးထွက် Taylor Swift အမည်ရှိ အယ် လ်ဘမ်ဖြင့်ပင် အထူးအောင်မြင်ခဲ့ပြီးနောက် ကမ္ဘာ့ဂီတ လောကမှာ အောင်မြင်ကျော်ကြားတဲ့ အဆိုတော် တစ်ဦးဖြစ်ကာ ဂရမ်မီဆုအများအပြားကို ရယူနိုင်ခဲ့ပါတယ်။ တေလာ ဆွစ်ဖ်ဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အအောင်မြင်ဆုံး အဆိုတော်တစ်ဦးဖြစ်တဲ့အတွက် သူရဲ့ပြောဆိုချက်တွေဟာ ပရိသတ်တွေအပေါ်မှာလည်း သက်ရောက်မှုတွေရှိခဲ့ကြောင်း သိရပါတယ်။ တေလာဆွစ်ဖ်က “ကမ်မလာ ဟားရစ်ဟာ အခွင့်အရေးတွေအတွက် တိုက်ပွဲဝင်နေသူတစ်ဦးဖြစ်လို့ သူ့ကိုမဲပေးသွားမယ်။ ရီပတ်ဘလီကန် ပါတီက သမ္မတလောင်းကို အနိုင်ယူဖို့သူရဲကောင်း တစ် ယောက် ဖြစ်တယ်လို့ ယုံကြည်ထားတယ်” လို့ပြောပါ တယ်။ တေလာဆွစ်ဖ်ဟာ ကမ္ဘာကျော်အဆို တော်တစ်ဦး ဖြစ်တဲ့အတွက် သူ့အပေါ် ချစ်ခင်နှစ်သက်သူအများ အပြားရှိနေရာ သူကိုအားပေးနေတဲ့ ပရိသတ်တွေထဲက အမေရိကန်နိုင်ငံသား ဆယ်ကျော်သက် အများအစုဟာ မဲပေးဖို့ အမည်စာရင်းပေး တာတွေလည်းရှိခဲ့ပါတယ်။ အမေရိကန်သမ္မတရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တေလာဆွစ်ဖ်ဟာ လွှမ်းမိုးမှုရှိနေတဲ့ အဆိုတော်ပညာရှင်တစ်ဦးဖြစ်ပါတယ်။ တေလာဆွစ်ဖ်ဟာ လက် ရှိရွေးကောက်ပွဲကို ပထမဆုံးအကြိမ်မဲပေးဖို့တောင်းဆိုခဲ့တဲ့အတိုင်း လူငယ် (၄၀၅၀ဝဝ) ကျော်ဟာ မဲပေး ဖို့ အမည်စာရင်း ပေးခဲ့တယ်လို့ သိရပါတယ်။ အဆို တော်နဲ့ တေးရေးဆရာလောကကို ဝင်ရောက်လာပြီး နောက် နှစ်အနည်းငယ်အကြာမှာပဲ အထူးအောင်မြင် ခဲ့တဲ့အဆိုတော်တစ်ဦးဖြစ်ပြီး ၎င်း ရဲ့ တေးအယ်လ်ဘမ် တွေဟာ စံချိန်တင်ရောင်းချခဲ့ရဖူးကာ (၂၀၁၂) ခုနှစ်တုန်းက သူ့ရဲ့စတုတ္ထမြောက် အယ်လ်ဘမ်ဖြစ်တဲ့ Red
အယ်လ်ဘမ် ထွက်ရှိခဲ့ပြီး အဲဒီအယ်လ်ဘမ်ဟာ စတင်ရောင်းချတဲ့ တစ်ပတ်အတွင်း ချပ်ရေ (၁.၂) သန်း ကို စံချိန်တင်ရောင်းချနိုင်ခဲ့သလို အဲဒီအယ်လ်ဘမ်မှာ ပါဝင်တဲ့ We Are Never Getting Back Together
နဲ့ I Knew You Were Trouble သီချင်းတို့ဟာ ကမ္ဘာတစ်ဝန်းမှာ အထူးအောင်မြင်ခဲ့တယ်။
တေလာ ဆွစ်ဖ် ဟာ သူမရဲ့သီချင်းတွေမှာ ကိုယ် တွေ့အကြောင်းအရာတွေကို ထည့်သွင်းရေးသား လေ့ရှိပြီး အမေရိကန် ဂီတအဖွဲ့စည်းတွေထဲက ချီး မြှင့်တဲ့ဆုအများအပြားကိုရယူနိုင်ခဲ့သူဖြစ် ပါတယ်။ စတီရီယို အယ်လ်ဘမ် အနည်းဆုံး (၁၁) ခုရှိနေပြီး ပြန်လည်အသံသွင်းတဲ့ အယ်လ်ဘမ် အရေအတွက် အနည်းဆုံး (၄) ခု ရှိနေကာ ယနေ့အချိန်အထိ အယ်လ်ဘမ်အချပ်ရေ (၂၆ ) သန်းကျော် ရောင်းထွက်ခဲ့ခြင်းကလည်း သူ့ကို သီချင်းခွေ ဝယ်လိုအားကောင်းတဲ့ အဆိုတော်တွေထဲကတစ်ဦးဖြစ်စေ ခဲ့ပါတယ်။ တေလာဆွစ်ဖ်ဟာ အဆိုတော်အဖြစ် သာမက သရုပ်ဆောင်အဖြစ်လည်း ပါဝင်ခဲ့သလို လူမှုရေးလုပ်ငန်းတွေဖြစ်တဲ့ အနုပညာကျောင်း၊ ကလေး သူငယ်များ စာအရေးအဖတ် တတ်မြောက်ရေး၊ သဘာဝဘေး အန္တရာယ်များမှ ပြန်လည်ထူထောင်ရေး၊ LGBT anti-discrimination (လိင်တူချစ်သူများ အပေါ် ခွဲခြားဆက်ဆံမှုပပျောက်ရေး)နဲ့ ကျန်းမာရေးချို့တဲ့တဲ့ ကလေး သူငယ်များအတွက် အကျိုးပြု အဖွဲ့အစည်း တွေမှာလည်း ပူးပေါင်းပါဝင်ကူညီခဲ့ပါတယ်။ တေလာဆွစ်ဖ် ရဲ့ဖခင်ဖြစ်သူဟာ ဘဏ္ဍာရေး အကြံပေးတစ်ဦး ဖြစ်ပြီး မိခင်ဖြစ်သူဟာ ယခင်က အရောင်းမြှင့်တင်ရေး အရာရှိတစ်ဦးဖြစ်ပါတယ်။ တေလာဆွစ်ဖ်ဟာ လက် ရှိ အမေရိကန်သမ္မတရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လူငယ်တွေမဲပေးဖို့နဲ့ မဲပေး ရာမှာ အမည်စာရင်းပေး ဖို့“ဥညူပ အ့န့သကညါ” သီချင်းကို ကိုယ်တိုင် ရေး ဆို ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီ သီချင်းထုတ်လုပ် ဖြန့် ချိပြီးနောက် မကြာမီမှာ အမေရိကန်လူငယ်တွေ ကြား မဲပေးဖို့ အမည်စာရင်း ပေးခဲ့သူအရေအတွက်ဟာ ယခင်ထက် ပိုမိုမြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ တေလာဆွစ်ဖ်ဟာ အမေရိကန်လူငယ်တွေကြားမှာ လွှမ်းမိုးမှုရှိနေရာ သူရဲ့တိုက်တွန်းမှုတွေကြောင့် ဆန္ဒ မဲကို ပထမဆုံး အကြိမ်ပေးဖို့ တစ်ရက်အတွင်း အမည် စာရင်းပေးခဲ့သူဦးရေဟာ အမေရိကန်နိုင်ငံသမိုင်း တစ်လျှောက် မှာ (၂၃) ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ တယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံ ကာရိုလိုင်း နားပြည် နယ်တောင်ပိုင်းမှာ နထိုင်တဲ့ အသက် (၂၇) နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက “ကျွန်မနဲ့ ချစ်သူ ဖြစ်သူတို့ ဟာ နိုင်ငံရေးကို စိတ်မဝင်စားဘူး၊ ဒါပေမဲ့ တေလာဆွစ်ဖ်ဟာ ကမ်မလာဟားရစ်နဲ့ ဒီမိုကရက် တစ်ပါ တီကို မဲပေးဖို့ တောင်းဆိုခဲ့တယ်။ အဲဒီအတွက် ကျွန်မတို့ဟာ တေလာဆွစ်ဖ်တောင်းဆိုတဲ့အတိုင်း ကူညီပေးပါမယ်” လို့ပြောပါတယ်။ ကမ်မလာဟားရစ်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ ဟာ လက်ရှိအချိန်မှာ အမေရိကန်သမ္မတရွေးကောက် ပွဲအတွင်း လူငယ်တွေရဲ့ ဆန္ဒမဲတွေကို ရယူနိုင်အောင် ပစ်မှတ်ထား နေရာ တေလာဆွစ်ဖ်ကလည်း တစ်ဖက် တစ်လှမ်းက ကူညီပေးနေပါတယ်။ တေလာဆွစ်ဖ်ဟာ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ကမ်မလာဟား ရစ်အတွက် မဲဆွယ်ပေးမယ့် အဖွဲ့အစည်း တွေ အတွက် ရန်ပုံငွေအများအပြား ရယူနိုင်အောင်ကူညီပေးခဲ့ရာ ရွေးကောက်ပွဲရန်ပုံငွေ ပမာဏာလည်း မြင့်တက်နေပါ တယ်။ အမေရိကန်သမ္မတလောင်း ကမ်မလာဟားရစ် ဟာ တေလာဆွစ်ဖ်အပါအဝင် အမေရိကန် အနုပညာ ရှင်လောကက ထင်ရှားသူတွေရဲ့အားပေးထောက်ခံမှုတွေကြောင့် ၎င်းတို့ရဲ့ ပရိသတ် တွေကလည်း ကာမ လာဟားရစ်ကို ဆန္ဒမဲပေးဖို့ လိုလားနေပါတယ်။ တေလာဆွဖ်စ်ဟာ ကမ္ဘာကျော် အဆိုတော် တစ်ဦးဖြစ်တဲ့အတွက် သူရဲ့ပြောစကားတွေက ပရိသတ် အများအပြားအပေါ် သက်ရောက်မှုတွေရှိနေရာ တေလာဆွစ်ဖ်ကြောင့် ကမ်မလာဟားရစ်ဟာ ရွေးကောက် ပွဲမှာအနိုင်ရပြီး သမ္မတဖြစ်လာမလားဆိုတာ စိတ်ဝင် စားဖွယ်ကောင်းနေပါတယ်။ လက်ရှိအချိန်မှာတော့ တေလာဆွစ်ဖ် ရဲ့ တိုက်တွန်း ပြောဆိုချက်တွေကြောင့် မဲပေးဖို့ အမည်စာရင်းပေးသူအရေအတွက် ယခင် ထက်မြင့်တက်လာနေသလို မဲဆွယ်စည်းရုံးရေးရန်ပုံ ငွေရရှိမှုပိုင်းမှာလည်း မြင့်တက်လာနေရာ နိုဝင်ဘာ (၅) ရက်မှာကျင်းမယ့် ရွေးကောက်ပွဲအတွက် မဲပေး ခွင့်ရှိတဲ့လူငယ်တွေနဲ့ အမေရိကန်နိုင်ငံရဲ့ တေလာ ဆွစ်ဖ် ပရိသတ်တွေဟာ ကမ်မလာဟားရစ်ကို မဲပေး မှာလားဆိုတာ စောင့်ကြည့်ရဖွယ်ရှိနေပါတယ်။
Zawgyi Version;
ကမာၻေက်ာ္အဆိုေတာ္ေတလာဆြစ္ဖ္ေၾကာင့္ အေမရိကန္သမၼတေ႐ြးေကာက္ပြဲမွာ ကမ္မလာဟားရစ္ အႏိုင္ရဖြယ္ ရွိေနသလား
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၃
တစ္ကမာၻလုံးက စိတ္ဝင္တစားေစာင့္ၾကည့္ေနတဲ့ အေမရိကန္သမၼတေ႐ြးေကာက္ပြဲဟာ ႏိုဝင္ဘာ(၅)ရက္မွာ က်င္းပေတာ့မွာျဖစ္ပါတယ္။ ဒီေ႐ြးေကာက္ပြဲမွာ ရီပတ္ဘလီကန္ပါတီရဲ႕သမၼတေလာင္းအျဖစ္ သမၼတေဟာင္း ျဖစ္သူေဒၚနယ္ထရမ့္နဲ႔ ဒီမိုကရက္တစ္ပါတီ ရဲ႕သမၼတေလာင္းအျဖစ္ လက္ရွိ ဒုတိယသမၼတ ကမ္မလာ ဟားရစ္တို႔က အႀကိတ္အနယ္ ယွဥ္ၿပိဳင္ေတာ့မွာျဖစ္ပါတယ္။
ေ႐ြးေကာက္ပြဲက်င္းပဖို႔ နီးလာေနခ်ိန္မွာပဲ ေဒၚနယ္ထရမ့္ကို အားေပးေထာက္ခံသူေတြနဲ႔ ကမ္မလာဟားရစ္ကို အားေပးေထာက္ခံသူေတြၾကား အၿပိဳင္အဆိုင္ မဲဆြယ္စည္း႐ုံးတာေတြလုပ္ေဆာင္ေနပါတယ္။ ဒီေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီး အေမရိကန္ ႏိုင္ငံအတြင္း လူသိမ်ားထင္ရွားေက်ာ္ၾကားသူေတြဟာ မိမိအားေပးရာ သမၼတေလာင္း အႏိုင္ရေအာင္ မဲဆြယ္စည္း႐ုံးေပးေနတယ္လို႔ သိရပါတယ္။ အဲဒီလို မဲဆြယ္စည္း႐ုံးေပးေနတဲ့သူေတြထဲမွာ ကမာၻ႔အခ်မ္းသာဆုံး သူေဌးႀကီး အီလြန္မတ္စ္နဲ႔ ကမာၻေက်ာ္အဆို ေတာ္ ေတလာဆြစ္ဖ္တို႔လည္း ပါဝင္ေနပါတယ္။ အီလြန္မတ္စ္ဟာ ေဒၚနယ္ထရမ့္ကို အႏိုင္ရေအာင္ အားေပးေထာက္ခံထားၿပီး မဲဆြယ္စည္း႐ုံးေပးေနသလို ေတလာဆြဖ္ကလည္း အေမရိကန္ ဒုတိယသမၼတ ကမ္မလာဟားရစ္အႏိုင္ရေအာင္ မဲဆြယ္စည္း႐ုံးေပးေနတယ္လို႔ သိရပါတယ္။ ေဒၚနယ္ထရမ့္နဲ႔ ကမ္မလာဟားရစ္တို႔ စက္တင္ဘာလအတြင္း စကားစစ္ထိုးပြဲလုပ္ေဆာင္ခဲ့ၿပီး ေနာက္ အသက္ (၃၄)ႏွစ္အ႐ြယ္ ေတလာဆြစ္ဖ္က ဟဲရစ္နဲ႔ ဒုသမၼတေလာင္း တင္မ္ေဝါ့(ဇ္) တို႔ကို မဲေပးသြားမယ္လို႔ သူ႔ရဲ႕ပရိသတ္ေပါင္း (၂၈၃) သန္း ေက်ာ္ရွိေနတဲ့ လူမႈကြန္ရက္ အေကာင့္ကတစ္ဆင့္ ပရိသတ္ေတြကို အသိေပး ခဲ့ရာ အိႏၵိယလူမ်ိဳးေသြးပါတဲ့ သမၼတေလာင္း ကမ္မလာဟားရစ္အေပၚ လူထုေထာက္ခံမႈပိုမို ရရွိခဲ့တယ္လို႔ဆို ၾကပါ တယ္။
ေတလာဆြစ္ဖ္က “အခုေ႐ြးေကာက္ပြဲမွာ ပထမဆုံး မဲထြက္ေပးၾကမယ့္သူေတြအေနနဲ႔လည္း မဲဆႏၵရွင္ အမည္စာရင္းကို မွတ္ပုံတင္ထားရမယ္ ” လို႔ တိုက္တြန္းေျပာဆိုခဲ့ပါတယ္။ ေတလာဆြစ္ဖ္ဟာ (၂၀၂၀) ျပည့္ႏွစ္ တုန္းကလည္း လက္ရွိသမၼတအျဖစ္တာဝန္ယူေနတဲ့ သမၼတဂ်ိဳးဘိုင္ဒန္ကို ေထာက္ခံခဲ့ပါတယ္။ ေတလာဆြစ္ဖ္ကို (၁၉၈၉) ခုႏွစ္ ဒီဇင္ဘာ (၁၃) ရက္ မွာ Pennsylvania ျပည္နယ္ West Reading ၿမိဳ႕ မွာ ေမြးဖြားခဲ့တာျဖစ္ပါတယ္။
အသက္ (၁၄) ႏွစ္အ႐ြယ္မွာ ေက်းလက္ဂီတ ေလာကသို႔ ဝင္ေရာက္ဖို႔ Tennessee ျပည္နယ္၊ Nashville ၿမိဳ႕ကို ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။ ေတလာဆြစ္ဖ္ဟာBig Machine ကုမၸဏီနဲ႔ စာခ်ဳပ္ခ်ဳပ္ခဲ့ၿပီး Sony^ATV ေတးသံသြင္းနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုတဲ့ အငယ္ဆုံးသီခ်င္းေရးသူ ျဖစ္လာခဲ့ပါတယ္။
သူရဲ႕ ပြဲဦးထြက္ Taylor Swift အမည္ရွိ အယ္ လ္ဘမ္ျဖင့္ပင္ အထူးေအာင္ျမင္ခဲ့ၿပီးေနာက္ ကမာၻ႔ဂီတ ေလာကမွာ ေအာင္ျမင္ေက်ာ္ၾကားတဲ့ အဆိုေတာ္ တစ္ဦးျဖစ္ကာ ဂရမ္မီဆုအမ်ားအျပားကို ရယူႏိုင္ခဲ့ပါတယ္။ ေတလာ ဆြစ္ဖ္ဟာ လက္ရွိအခ်ိန္မွာ ကမာၻ႔အေအာင္ျမင္ဆုံး အဆိုေတာ္တစ္ဦးျဖစ္တဲ့အတြက္ သူရဲ႕ေျပာဆိုခ်က္ေတြဟာ ပရိသတ္ေတြအေပၚမွာလည္း သက္ေရာက္မႈေတြရွိခဲ့ေၾကာင္း သိရပါတယ္။ ေတလာဆြစ္ဖ္က “ကမ္မလာ ဟားရစ္ဟာ အခြင့္အေရးေတြအတြက္ တိုက္ပြဲဝင္ေနသူတစ္ဦးျဖစ္လို႔ သူ႔ကိုမဲေပးသြားမယ္။ ရီပတ္ဘလီကန္ ပါတီက သမၼတေလာင္းကို အႏိုင္ယူဖို႔သူရဲေကာင္း တစ္ ေယာက္ ျဖစ္တယ္လို႔ ယုံၾကည္ထားတယ္” လို႔ေျပာပါ တယ္။ ေတလာဆြစ္ဖ္ဟာ ကမာၻေက်ာ္အဆို ေတာ္တစ္ဦး ျဖစ္တဲ့အတြက္ သူ႔အေပၚ ခ်စ္ခင္ႏွစ္သက္သူအမ်ား အျပားရွိေနရာ သူကိုအားေပးေနတဲ့ ပရိသတ္ေတြထဲက အေမရိကန္ႏိုင္ငံသား ဆယ္ေက်ာ္သက္ အမ်ားအစုဟာ မဲေပးဖို႔ အမည္စာရင္းေပး တာေတြလည္းရွိခဲ့ပါတယ္။ အေမရိကန္သမၼတေ႐ြးေကာက္ပြဲနဲ႔ပတ္သက္ၿပီး ေတလာဆြစ္ဖ္ဟာ လႊမ္းမိုးမႈရွိေနတဲ့ အဆိုေတာ္ပညာရွင္တစ္ဦးျဖစ္ပါတယ္။ ေတလာဆြစ္ဖ္ဟာ လက္ ရွိေ႐ြးေကာက္ပြဲကို ပထမဆုံးအႀကိမ္မဲေပးဖို႔ေတာင္းဆိုခဲ့တဲ့အတိုင္း လူငယ္ (၄၀၅၀ဝဝ) ေက်ာ္ဟာ မဲေပး ဖို႔ အမည္စာရင္း ေပးခဲ့တယ္လို႔ သိရပါတယ္။ အဆို ေတာ္နဲ႔ ေတးေရးဆရာေလာကကို ဝင္ေရာက္လာၿပီး ေနာက္ ႏွစ္အနည္းငယ္အၾကာမွာပဲ အထူးေအာင္ျမင္ ခဲ့တဲ့အဆိုေတာ္တစ္ဦးျဖစ္ၿပီး ၎ ရဲ႕ ေတးအယ္လ္ဘမ္ ေတြဟာ စံခ်ိန္တင္ေရာင္းခ်ခဲ့ရဖူးကာ (၂၀၁၂) ခုႏွစ္တုန္းက သူ႔ရဲ႕စတုတၳေျမာက္ အယ္လ္ဘမ္ျဖစ္တဲ့ Red
အယ္လ္ဘမ္ ထြက္ရွိခဲ့ၿပီး အဲဒီအယ္လ္ဘမ္ဟာ စတင္ေရာင္းခ်တဲ့ တစ္ပတ္အတြင္း ခ်ပ္ေရ (၁.၂) သန္း ကို စံခ်ိန္တင္ေရာင္းခ်ႏိုင္ခဲ့သလို အဲဒီအယ္လ္ဘမ္မွာ ပါဝင္တဲ့ We Are Never Getting Back Together
နဲ႔ I Knew You Were Trouble သီခ်င္းတို႔ဟာ ကမာၻတစ္ဝန္းမွာ အထူးေအာင္ျမင္ခဲ့တယ္။
ေတလာ ဆြစ္ဖ္ ဟာ သူမရဲ႕သီခ်င္းေတြမွာ ကိုယ္ ေတြ႕အေၾကာင္းအရာေတြကို ထည့္သြင္းေရးသား ေလ့ရွိၿပီး အေမရိကန္ ဂီတအဖြဲ႕စည္းေတြထဲက ခ်ီး ျမႇင့္တဲ့ဆုအမ်ားအျပားကိုရယူႏိုင္ခဲ့သူျဖစ္ ပါတယ္။ စတီရီယို အယ္လ္ဘမ္ အနည္းဆုံး (၁၁) ခုရွိေနၿပီး ျပန္လည္အသံသြင္းတဲ့ အယ္လ္ဘမ္ အေရအတြက္ အနည္းဆုံး (၄) ခု ရွိေနကာ ယေန႔အခ်ိန္အထိ အယ္လ္ဘမ္အခ်ပ္ေရ (၂၆ ) သန္းေက်ာ္ ေရာင္းထြက္ခဲ့ျခင္းကလည္း သူ႔ကို သီခ်င္းေခြ ဝယ္လိုအားေကာင္းတဲ့ အဆိုေတာ္ေတြထဲကတစ္ဦးျဖစ္ေစ ခဲ့ပါတယ္။ ေတလာဆြစ္ဖ္ဟာ အဆိုေတာ္အျဖစ္ သာမက သ႐ုပ္ေဆာင္အျဖစ္လည္း ပါဝင္ခဲ့သလို လူမႈေရးလုပ္ငန္းေတြျဖစ္တဲ့ အႏုပညာေက်ာင္း၊ ကေလး သူငယ္မ်ား စာအေရးအဖတ္ တတ္ေျမာက္ေရး၊ သဘာဝေဘး အႏၲရာယ္မ်ားမွ ျပန္လည္ထူေထာင္ေရး၊ LGBT anti-discrimination (လိင္တူခ်စ္သူမ်ား အေပၚ ခြဲျခားဆက္ဆံမႈပေပ်ာက္ေရး)နဲ႔ က်န္းမာေရးခ်ိဳ႕တဲ့တဲ့ ကေလး သူငယ္မ်ားအတြက္ အက်ိဳးျပဳ အဖြဲ႕အစည္း ေတြမွာလည္း ပူးေပါင္းပါဝင္ကူညီခဲ့ပါတယ္။ ေတလာဆြစ္ဖ္ ရဲ႕ဖခင္ျဖစ္သူဟာ ဘ႑ာေရး အႀကံေပးတစ္ဦး ျဖစ္ၿပီး မိခင္ျဖစ္သူဟာ ယခင္က အေရာင္းျမႇင့္တင္ေရး အရာရွိတစ္ဦးျဖစ္ပါတယ္။ ေတလာဆြစ္ဖ္ဟာ လက္ ရွိ အေမရိကန္သမၼတေ႐ြးေကာက္ပြဲနဲ႔ပတ္သက္ၿပီး လူငယ္ေတြမဲေပးဖို႔နဲ႔ မဲေပး ရာမွာ အမည္စာရင္းေပး ဖို႔“ဥညဴပ အ့န႔သကညါ” သီခ်င္းကို ကိုယ္တိုင္ ေရး ဆို ထုတ္လုပ္ခဲ့ပါတယ္။ အဲဒီ သီခ်င္းထုတ္လုပ္ ျဖန႔္ ခ်ိၿပီးေနာက္ မၾကာမီမွာ အေမရိကန္လူငယ္ေတြ ၾကား မဲေပးဖို႔ အမည္စာရင္း ေပးခဲ့သူအေရအတြက္ဟာ ယခင္ထက္ ပိုမိုျမင့္တက္လာခဲ့တယ္လို႔ ဆိုပါတယ္။ ေတလာဆြစ္ဖ္ဟာ အေမရိကန္လူငယ္ေတြၾကားမွာ လႊမ္းမိုးမႈရွိေနရာ သူရဲ႕တိုက္တြန္းမႈေတြေၾကာင့္ ဆႏၵ မဲကို ပထမဆုံး အႀကိမ္ေပးဖို႔ တစ္ရက္အတြင္း အမည္ စာရင္းေပးခဲ့သူဦးေရဟာ အေမရိကန္ႏိုင္ငံသမိုင္း တစ္ေလွ်ာက္ မွာ (၂၃) ရာခိုင္ႏႈန္းအထိ ျမင့္တက္လာခဲ့ တယ္လို႔ သိရပါတယ္။ အေမရိကန္ႏိုင္ငံ ကာ႐ိုလိုင္း နားျပည္ နယ္ေတာင္ပိုင္းမွာ နထိုင္တဲ့ အသက္ (၂၇) ႏွစ္အ႐ြယ္ရွိ အမ်ိဳးသမီးတစ္ဦးက “ကြၽန္မနဲ႔ ခ်စ္သူ ျဖစ္သူတို႔ ဟာ ႏိုင္ငံေရးကို စိတ္မဝင္စားဘူး၊ ဒါေပမဲ့ ေတလာဆြစ္ဖ္ဟာ ကမ္မလာဟားရစ္နဲ႔ ဒီမိုကရက္ တစ္ပါ တီကို မဲေပးဖို႔ ေတာင္းဆိုခဲ့တယ္။ အဲဒီအတြက္ ကြၽန္မတို႔ဟာ ေတလာဆြစ္ဖ္ေတာင္းဆိုတဲ့အတိုင္း ကူညီေပးပါမယ္” လို႔ေျပာပါတယ္။ ကမ္မလာဟားရစ္ရဲ႕ မဲဆြယ္စည္း႐ုံးေရးအဖြဲ႕ ဟာ လက္ရွိအခ်ိန္မွာ အေမရိကန္သမၼတေ႐ြးေကာက္ ပြဲအတြင္း လူငယ္ေတြရဲ႕ ဆႏၵမဲေတြကို ရယူႏိုင္ေအာင္ ပစ္မွတ္ထား ေနရာ ေတလာဆြစ္ဖ္ကလည္း တစ္ဖက္ တစ္လွမ္းက ကူညီေပးေနပါတယ္။ ေတလာဆြစ္ဖ္ဟာ အေမရိကန္သမၼတေ႐ြးေကာက္ပြဲမွာ ကမ္မလာဟား ရစ္အတြက္ မဲဆြယ္ေပးမယ့္ အဖြဲ႕အစည္း ေတြ အတြက္ ရန္ပုံေငြအမ်ားအျပား ရယူႏိုင္ေအာင္ကူညီေပးခဲ့ရာ ေ႐ြးေကာက္ပြဲရန္ပုံေငြ ပမာဏာလည္း ျမင့္တက္ေနပါ တယ္။ အေမရိကန္သမၼတေလာင္း ကမ္မလာဟားရစ္ ဟာ ေတလာဆြစ္ဖ္အပါအဝင္ အေမရိကန္ အႏုပညာ ရွင္ေလာကက ထင္ရွားသူေတြရဲ႕အားေပးေထာက္ခံမႈေတြေၾကာင့္ ၎တို႔ရဲ႕ ပရိသတ္ ေတြကလည္း ကာမ လာဟားရစ္ကို ဆႏၵမဲေပးဖို႔ လိုလားေနပါတယ္။ ေတလာဆြဖ္စ္ဟာ ကမာၻေက်ာ္ အဆိုေတာ္ တစ္ဦးျဖစ္တဲ့အတြက္ သူရဲ႕ေျပာစကားေတြက ပရိသတ္ အမ်ားအျပားအေပၚ သက္ေရာက္မႈေတြရွိေနရာ ေတလာဆြစ္ဖ္ေၾကာင့္ ကမ္မလာဟားရစ္ဟာ ေ႐ြးေကာက္ ပြဲမွာအႏိုင္ရၿပီး သမၼတျဖစ္လာမလားဆိုတာ စိတ္ဝင္ စားဖြယ္ေကာင္းေနပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ေတလာဆြစ္ဖ္ ရဲ႕ တိုက္တြန္း ေျပာဆိုခ်က္ေတြေၾကာင့္ မဲေပးဖို႔ အမည္စာရင္းေပးသူအေရအတြက္ ယခင္ ထက္ျမင့္တက္လာေနသလို မဲဆြယ္စည္း႐ုံးေရးရန္ပုံ ေငြရရွိမႈပိုင္းမွာလည္း ျမင့္တက္လာေနရာ ႏိုဝင္ဘာ (၅) ရက္မွာက်င္းမယ့္ ေ႐ြးေကာက္ပြဲအတြက္ မဲေပး ခြင့္ရွိတဲ့လူငယ္ေတြနဲ႔ အေမရိကန္ႏိုင္ငံရဲ႕ ေတလာ ဆြစ္ဖ္ ပရိသတ္ေတြဟာ ကမ္မလာဟားရစ္ကို မဲေပး မွာလားဆိုတာ ေစာင့္ၾကည့္ရဖြယ္ရွိေနပါတယ္။