မြဝတီ-ဘားအံလမ်းဟောင်းတွင် ဂိတ်ပေါင်း(၅၀)ခန့်ရှိသည့်အနက် KNU နှင့် PDF ဂိတ်အများစုက ကုန်ကားများ ကို ဖြတ်သန်းခကောက်နေ
25902
သုတကျော် (NP News) - နိုဝင်ဘာ ၄
မြဝတီ-ဘားအံ လမ်းဟောင်းတွင် ဂိတ်ပေါင်း (၅၀)ခန့်ရှိသည့်အနက် KNU နှင့် PDF ဂိတ် အများဆုံးဖြစ်ပြီး ကုန်ကားများအတွက် ဖြတ်သန်းခ မြင့်မားသောကြောင့် ကုန်ဈေးနှုန်းကိုပါ တိုက်ရိုက် သက်ရောက်နေကြောင်း အဆိုပါလမ်းပိုင်းအသုံးပြုသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါ လမ်းပိုင်းတွင် ဂိတ်ပေါင်း (၅၀)ခန့် ရသည့်အနက် BGF ဂိတ်၊ DKBA ဂိတ်၊ KNU ဂိတ်နှင့် PDF ဂိတ်တို့ဖြစ်ပြီး ကုန်တင်ကား ဖြတ်သန်းခအနေဖြင့် တစ်သောင်း၊ နှစ်သောင်း၊ သုံးသောင်းမှ နှစ်သိန်း၊ သုံးသိန်းအထိရှိကြောင်း ၎င်းက ဆိုသည်။ “ရွာဝင်ကြေးက ငါးထောင်၊ နှစ်ထောင်၊ သုံးထောင် ဒါပဲရှိတာပါ။ ကျန်တဲ့ဂိတ်တွေက အနည်းဆုံး တစ်သောင်း၊ နှစ်သောင်း၊ သုံးသောင်းတွေများတယ်။ တစ်သောင်းဆိုတာကတော့ မရှိသလောက်ပါပဲ။ နည်းနည်းအဖွဲ့လေးများလာရင် သုံးသောင်း၊ လေး သောင်း၊ ငါးသောင်း ဆိုတဲ့ဂိတ်ကများတယ်။ တစ်သောင်းဂိတ်က နည်းတာပေါ့။ သူတို့ကရေလို့ရတယ်။ နှစ်ဂိတ်၊ သုံးဂိတ် ဒီလောက်ပါပဲ။ သုံးသောင်း၊ လေးသောင်းလောက်ကတော့ ဂိတ်တိုင်းလိုလိုပါပဲ” ဟု ၎င်းက ဆိုသည်။ ထိုသို့ ဂိတ်များတွင် ပေးရသော အခကြေးငွေများသည့်အတွက် ကုန်ဈေးနှုန်းအပေါ် သက်ရောက်နေကြောင်း ၎င်းက ဆိုသည်။
“ ဒီဂိတ်တွေက တောင်းလွန်းလို့ ဈေးတွေများတော့ ဒီက လည်း သူ့အတွက်ကိုက ပြန်ပေးထားရတာလေ။ ပေးတော့ ဈေးနှုန်းတွေက တက်တာပေါ့” ဟု ၎င်းက ဆိုသည်။ ဂိတ်ဖြတ်သန်းခ ပေးဆောင်ပြီး သွားရောက်သူများအတွက် အဆင်ပြေသော်လည်း ပိုက်ဆံ မပေးဘဲ ဖြတ်သန်းမည်ဆိုပါက အဆင်မပြေကြောင်းလည်း မြေပြင်အခြေအနေကို ၎င်းက ရှင်းပြသည်။ “(ပိုက်ဆံကို) ပီနံအိတ်နဲ့ထည့်ပြီးတော့ ကားလေးတွေနဲ့ ပြန်သယ်တာ တစ်ရက်နဲ့တစ်ရက်ကို မနည်းဘူး” ဟု မျက်မြင်အခြေအနေကို ၎င်းက ပြန်လည် ပြောကြားသည်။
အဆိုပါ လမ်းပိုင်းတွင် ဂိတ်ပေါင်း (၅၀) ခန့် ရှိရာတွင် နဒီတံတား၊ သဲပုံဂိတ်၊ တောင်ထိပ်ဂိတ်၊ ထီးချားရာ ရွာဖြတ်ခ၊ ထီးချားရာဂိတ်၊ စပရိုက်ဖြတ်ခ၊ မဲပလဲတံတားထိပ်ဂိတ်၊ မဲပလဲ့တံတားဖြတ်ခ၊ မဲပလဲ ရွာဖြတ်ခ၊ မဲပလဲ့သင်္ချိုင်းကုန်းဂိတ်၊ ဇရပ်ဖြူကျောင်း နားဂိတ်၊ ဇရပ်ဖြူလမ်းဂွဂိတ်၊ ရွာအဝင် ဇရပ်ဂိတ်၊ PDF လက်မှတ်ဖြတ်ဂိတ်၊ ဒေါနအရှေ့တောင်ခြေဂိတ်၊ မိဖာလဲ့/ PDF ဒေါနအနောက်တောင် ခြေဂိတ်၊ PDF လမ်းပြင်အဖွဲ့ဂိတ်၊ ထမင်းဆိုင်ဂိတ်၊ သစ်တံတားဂိတ်၊ သိဝါးရွာဖြတ်ခ၊ မိဖာလဲ့ဂိတ်၊ ထီးဖိုးစံရွာ ဖြတ်ခ၊ ကျောက်တိုင်ဂိတ်၊ တံတားဖြူဂိတ်၊ စေတီမုခ်ဦးဂိတ်၊ (၃၀ဝဝ) တန်ဂိတ်၊ PC ဂိတ်၊ နောင်တပွဲရွာဖြတ်ခ၊ ရွာသစ်ကုန်းလမ်းခွဲဂိတ်၊ ထန်းပင်ကုန်းဂိတ်၊ အင်း ရှည်ဂိတ်၊ ညောင်ကုန်းဂိတ်၊ ဝဲကင်းအံဂိတ် စသည်ဖြင့် ဂိတ်များ ပါဝင်ကြောင်း သိရသည်။
Zawgyi Version;
ျမဝတီ-ဘားအံလမ္းေဟာင္းတြင္ ဂိတ္ေပါင္း(၅၀)ခန႔္ရွိသည့္အနက္ KNU ႏွင့္ PDF ဂိတ္အမ်ားစုက ကုန္ကားမ်ား ကို ျဖတ္သန္းခေကာက္ေန
သုတေက်ာ္ (NP News) - ႏိုဝင္ဘာ ၄
ျမဝတီ-ဘားအံ လမ္းေဟာင္းတြင္ ဂိတ္ေပါင္း (၅၀)ခန႔္ရွိသည့္အနက္ KNU ႏွင့္ PDF ဂိတ္ အမ်ားဆုံးျဖစ္ၿပီး ကုန္ကားမ်ားအတြက္ ျဖတ္သန္းခ ျမင့္မားေသာေၾကာင့္ ကုန္ေဈးႏႈန္းကိုပါ တိုက္႐ိုက္ သက္ေရာက္ေနေၾကာင္း အဆိုပါလမ္းပိုင္းအသုံးျပဳသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါ လမ္းပိုင္းတြင္ ဂိတ္ေပါင္း (၅၀)ခန႔္ ရသည့္အနက္ BGF ဂိတ္၊ DKBA ဂိတ္၊ KNU ဂိတ္ႏွင့္ PDF ဂိတ္တို႔ျဖစ္ၿပီး ကုန္တင္ကား ျဖတ္သန္းခအေနျဖင့္ တစ္ေသာင္း၊ ႏွစ္ေသာင္း၊ သုံးေသာင္းမွ ႏွစ္သိန္း၊ သုံးသိန္းအထိရွိေၾကာင္း ၎က ဆိုသည္။ “႐ြာဝင္ေၾကးက ငါးေထာင္၊ ႏွစ္ေထာင္၊ သုံးေထာင္ ဒါပဲရွိတာပါ။ က်န္တဲ့ဂိတ္ေတြက အနည္းဆုံး တစ္ေသာင္း၊ ႏွစ္ေသာင္း၊ သုံးေသာင္းေတြမ်ားတယ္။ တစ္ေသာင္းဆိုတာကေတာ့ မရွိသေလာက္ပါပဲ။ နည္းနည္းအဖြဲ႕ေလးမ်ားလာရင္ သုံးေသာင္း၊ ေလး ေသာင္း၊ ငါးေသာင္း ဆိုတဲ့ဂိတ္ကမ်ားတယ္။ တစ္ေသာင္းဂိတ္က နည္းတာေပါ့။ သူတို႔ကေရလို႔ရတယ္။ ႏွစ္ဂိတ္၊ သုံးဂိတ္ ဒီေလာက္ပါပဲ။ သုံးေသာင္း၊ ေလးေသာင္းေလာက္ကေတာ့ ဂိတ္တိုင္းလိုလိုပါပဲ” ဟု ၎က ဆိုသည္။ ထိုသို႔ ဂိတ္မ်ားတြင္ ေပးရေသာ အခေၾကးေငြမ်ားသည့္အတြက္ ကုန္ေဈးႏႈန္းအေပၚ သက္ေရာက္ေနေၾကာင္း ၎က ဆိုသည္။
“ ဒီဂိတ္ေတြက ေတာင္းလြန္းလို႔ ေဈးေတြမ်ားေတာ့ ဒီက လည္း သူ႔အတြက္ကိုက ျပန္ေပးထားရတာေလ။ ေပးေတာ့ ေဈးႏႈန္းေတြက တက္တာေပါ့” ဟု ၎က ဆိုသည္။ ဂိတ္ျဖတ္သန္းခ ေပးေဆာင္ၿပီး သြားေရာက္သူမ်ားအတြက္ အဆင္ေျပေသာ္လည္း ပိုက္ဆံ မေပးဘဲ ျဖတ္သန္းမည္ဆိုပါက အဆင္မေျပေၾကာင္းလည္း ေျမျပင္အေျခအေနကို ၎က ရွင္းျပသည္။ “(ပိုက္ဆံကို) ပီနံအိတ္နဲ႔ထည့္ၿပီးေတာ့ ကားေလးေတြနဲ႔ ျပန္သယ္တာ တစ္ရက္နဲ႔တစ္ရက္ကို မနည္းဘူး” ဟု မ်က္ျမင္အေျခအေနကို ၎က ျပန္လည္ ေျပာၾကားသည္။
အဆိုပါ လမ္းပိုင္းတြင္ ဂိတ္ေပါင္း (၅၀) ခန႔္ ရွိရာတြင္ နဒီတံတား၊ သဲပုံဂိတ္၊ ေတာင္ထိပ္ဂိတ္၊ ထီးခ်ားရာ ႐ြာျဖတ္ခ၊ ထီးခ်ားရာဂိတ္၊ စပ႐ိုက္ျဖတ္ခ၊ မဲပလဲတံတားထိပ္ဂိတ္၊ မဲပလဲ့တံတားျဖတ္ခ၊ မဲပလဲ ႐ြာျဖတ္ခ၊ မဲပလဲ့သခ်ႋဳင္းကုန္းဂိတ္၊ ဇရပ္ျဖဴေက်ာင္း နားဂိတ္၊ ဇရပ္ျဖဴလမ္းဂြဂိတ္၊ ႐ြာအဝင္ ဇရပ္ဂိတ္၊ PDF လက္မွတ္ျဖတ္ဂိတ္၊ ေဒါနအေရွ႕ေတာင္ေျခဂိတ္၊ မိဖာလဲ့/ PDF ေဒါနအေနာက္ေတာင္ ေျခဂိတ္၊ PDF လမ္းျပင္အဖြဲ႕ဂိတ္၊ ထမင္းဆိုင္ဂိတ္၊ သစ္တံတားဂိတ္၊ သိဝါး႐ြာျဖတ္ခ၊ မိဖာလဲ့ဂိတ္၊ ထီးဖိုးစံ႐ြာ ျဖတ္ခ၊ ေက်ာက္တိုင္ဂိတ္၊ တံတားျဖဴဂိတ္၊ ေစတီမုခ္ဦးဂိတ္၊ (၃၀ဝဝ) တန္ဂိတ္၊ PC ဂိတ္၊ ေနာင္တပြဲ႐ြာျဖတ္ခ၊ ႐ြာသစ္ကုန္းလမ္းခြဲဂိတ္၊ ထန္းပင္ကုန္းဂိတ္၊ အင္း ရွည္ဂိတ္၊ ေညာင္ကုန္းဂိတ္၊ ဝဲကင္းအံဂိတ္ စသည္ျဖင့္ ဂိတ္မ်ား ပါဝင္ေၾကာင္း သိရသည္။