အမေရိကန်ရုပ်ရှင်မင်းသမီး မားဂေါ့ရော်ဘီ သားဦး မွေးဖွား

 68

ရောင်နီ (NP News) - နိုဝင်ဘာ ၄

အမေရိကန်ရုပ်ရှင်မင်းသမီး မားဂေါ့ရော်ဘီ ဟာ ခင်ပွန်းဖြစ်သူ တွမ်အက်ကာလေနဲ့အတူ ပထမဆုံး ရင်သွေးလေး ကို မွေးဖွားခဲ့ပြီဖြစ်တယ်လို့ အမေရိကန်ဖျော်ဖြေရေးသတင်းဌာန People ရဲ့အဆိုအရ သိရပါတယ်။

သားဦးလေးကို ပြီးခဲ့တဲ့သီတင်းပတ် နှစ်ပတ်တည်းက မွေးဖွားခဲ့တာဖြစ်ပေမယ့် ရော်ဘီနဲ့ အက်ကာလေတို့ စုံတွဲဟာ ရင်သွေးနဲ့ပတ်သက်ပြီး နှုတ်ဆိတ်နေကြတာကြောင့် နိုဝင်ဘာ ၃ ရက်မှသာ သတင်းရရှိခဲ့တာဖြစ်ပါတယ်။ ကလေးရဲ့အမည်ကိုလည်း မသိရသေးပါဘူး။
အဆိုပါသတင်းကို ရော်ဘီတို့ စုံတွဲရဲ့သူငယ်ချင်းတွေနဲ့မိသားစုတွေကလည်း အတူတကွ နှုတ်ဆိတ်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ ရော်ဘီနဲ့ အက်ကာလေဟာ ၂၀၁၃ ခုနှစ်ကတည်းက လက်တွဲခဲ့တဲ့စုံတွဲဖြစ်ပြီး ၁၁ နှစ်ကြာ လက်တွဲခဲ့ ပြီးမှ သားဦးရင်သွေးကို ရရှိခဲ့တာဖြစ်ပါတယ်။

ရော်ဘီဟာ "Barbie" "Suicide Squad " "Joker and Harley" "The wolf of wallstreet" ဇာတ်ကားတွေမှာ သူ့ရဲ့ ဇာတ်ကောင်နဲ့အတူ လူသိများပါတယ်။

Zawgyi Version;
အေမရိကန္႐ုပ္ရွင္မင္းသမီး မားေဂါ့ေရာ္ဘီ သားဦး ေမြးဖြား
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၄

အေမရိကန္႐ုပ္ရွင္မင္းသမီး မားေဂါ့ေရာ္ဘီ ဟာ ခင္ပြန္းျဖစ္သူ တြမ္အက္ကာေလနဲ႔အတူ ပထမဆုံး ရင္ေသြးေလး ကို ေမြးဖြားခဲ့ၿပီျဖစ္တယ္လို႔ အေမရိကန္ေဖ်ာ္ေျဖေရးသတင္းဌာန People ရဲ႕အဆိုအရ သိရပါတယ္။

သားဦးေလးကို ၿပီးခဲ့တဲ့သီတင္းပတ္ ႏွစ္ပတ္တည္းက ေမြးဖြားခဲ့တာျဖစ္ေပမယ့္ ေရာ္ဘီနဲ႔ အက္ကာေလတို႔ စုံတြဲဟာ ရင္ေသြးနဲ႔ပတ္သက္ၿပီး ႏႈတ္ဆိတ္ေနၾကတာေၾကာင့္ ႏိုဝင္ဘာ ၃ ရက္မွသာ သတင္းရရွိခဲ့တာျဖစ္ပါတယ္။ ကေလးရဲ႕အမည္ကိုလည္း မသိရေသးပါဘူး။
အဆိုပါသတင္းကို ေရာ္ဘီတို႔ စုံတြဲရဲ႕သူငယ္ခ်င္းေတြနဲ႔မိသားစုေတြကလည္း အတူတကြ ႏႈတ္ဆိတ္ေပးခဲ့ၾကတာ ျဖစ္ပါတယ္။ ေရာ္ဘီနဲ႔ အက္ကာေလဟာ ၂၀၁၃ ခုႏွစ္ကတည္းက လက္တြဲခဲ့တဲ့စုံတြဲျဖစ္ၿပီး ၁၁ ႏွစ္ၾကာ လက္တြဲခဲ့ ၿပီးမွ သားဦးရင္ေသြးကို ရရွိခဲ့တာျဖစ္ပါတယ္။

ေရာ္ဘီဟာ "Barbie" "Suicide Squad " "Joker and Harley" "The wolf of wallstreet" ဇာတ္ကားေတြမွာ သူ႔ရဲ႕ ဇာတ္ေကာင္နဲ႔အတူ လူသိမ်ားပါတယ္။

Related news

© 2021. All rights reserved.