မုံရွာမြို့တွင် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင် အမျိုးသားကို ငွေကျပ်သိန်း(၂၀၀၀)ကျော်ဖြင့် ပြန်ရွေးရမည်ဆိုကာ PDF အဖွဲ့က ပြန်ပေးဆွဲထား
610
သန့်ဇင် (NP News) - နိုဝင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင် အမျိုးသားကို ငွေကျပ်သိန်း(၂၀၀၀)ကျော်ဖြင့် ပြန်ရွေးရမည်ဆိုကာ PDFအဖွဲ့က ဖမ်းဆီးပြန်ပေးဆွဲထားကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(နိုဝင်ဘာလ ၃ ရက်)၊ နံနက် ၇ နာရီ ၃ဝ မိနစ်အချိန်ခန့်တွင် မုံရွာမြို့၊ ဒေါနခြံ ရပ်ကွက်၊ ပြည်ထောင်စုလမ်း၊ စိန်တိုးအိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်နှင့် ဆောက်လုပ်ရေးကန်ထရိုက် လုပ်ငန်း လုပ်ကိုင်သူများဖြစ်သော အသက်(၃၆)နှစ် အရွယ် ကိုအောင်ဇံထွန်းနှင့် အသက်(၂၉)နှစ်အရွယ် မမျိုးစန္ဒာကျော်တို့ လင်မယား(၂)ဦးသည် အထက်ပါဆိုင်၌ရှိနေစဉ် အသက်(၃၀)ခန့်ရှိ အကြမ်းဖက်သမား (၃)ဦးက Belta ကား တစ်စီးဖြင့်ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ထို့နောက် အကြမ်းဖက်သမား(၃)ဦးက အထက်ပါအရောင်းဆိုင်အတွင်းသို့ သေနတ်အရှည်များ ကိုင်ဆောင် ဝင်ရောက်လာကာ ကိုဇံအောင်ထွန်းနှင့် မမျိုးစန္ဒာကျော်တို့ကို ဖမ်းဆီးချုပ်နှောင်၍ ကိုဇံအောင်ထွန်း၏ Insight ကား နှင့် ဖုန်းတစ်လုံးကို လုယက်ယူ ဆောင်ပြီး ၎င်းတို့ လင်မယား(၂)ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ထို့နောက် လမ်းခရီးတစ်နေရာအရောက်တွင် မမျိုးစန္ဒာကျော်အား ပြန်လွှတ်ပေးကာ ၎င်း၏အမျိုသားဖြစ်သူ ကိုဇံအောင်ထွန်းအား ငွေကျပ်သိန်း(၂၂၀၀)ကျပ် ဖြင့် ပြန်လာရွေးရန် အကြမ်းဖက်အဖွဲ့က မှာကြားလိုက်ကြောင်း သိရသည်။
လက်ရှိတွင် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများနှင့် ပိတ်ဆို့ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
မုံရွာမြို့နယ်တွင် နယ်မြေခံ PDF လက်နက်ကိုင်အဖွဲ့များပူးပေါင်းကာ ခိုးဆိုးလုယက်မှုကျူးလွန်နေသည့် အဖွဲ့ပေါင်း (၂၀)ထက်မနည်းရှိပြီး ဓားပြမှုနှင့် ပြန်ပေးဆွဲမှုများလည်း မကြာခဏဖြစ်ပေါ်နေကြောင်း သိရသည်။
Zawgyi Version;
မုံ႐ြာၿမိဳ႕တြင္ အိမ္ေဆာက္ပစၥည္းအေရာင္းဆိုင္ပိုင္ရွင္ အမ်ိဳးသားကို ေငြက်ပ္သိန္း(၂၀၀၀)ေက်ာ္ျဖင့္ ျပန္ေ႐ြးရမည္ဆိုကာ PDF အဖြဲ႕က ျပန္ေပးဆြဲထား
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၄
စစ္ကိုင္းတိုင္းေဒသႀကီး၊ မုံ႐ြာၿမိဳ႕တြင္ အိမ္ေဆာက္ပစၥည္းအေရာင္းဆိုင္ပိုင္ရွင္ အမ်ိဳးသားကို ေငြက်ပ္သိန္း(၂၀၀၀)ေက်ာ္ျဖင့္ ျပန္ေ႐ြးရမည္ဆိုကာ PDFအဖြဲ႕က ဖမ္းဆီးျပန္ေပးဆြဲထားေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ႏိုဝင္ဘာလ ၃ ရက္)၊ နံနက္ ၇ နာရီ ၃ဝ မိနစ္အခ်ိန္ခန႔္တြင္ မုံ႐ြာၿမိဳ႕၊ ေဒါနၿခံ ရပ္ကြက္၊ ျပည္ေထာင္စုလမ္း၊ စိန္တိုးအိမ္ေဆာက္ပစၥည္းအေရာင္းဆိုင္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ အိမ္ေဆာက္ပစၥည္းအေရာင္းဆိုင္ပိုင္ရွင္ႏွင့္ ေဆာက္လုပ္ေရးကန္ထ႐ိုက္ လုပ္ငန္း လုပ္ကိုင္သူမ်ားျဖစ္ေသာ အသက္(၃၆)ႏွစ္ အ႐ြယ္ ကိုေအာင္ဇံထြန္းႏွင့္ အသက္(၂၉)ႏွစ္အ႐ြယ္ မမ်ိဳးစႏၵာေက်ာ္တို႔ လင္မယား(၂)ဦးသည္ အထက္ပါဆိုင္၌ရွိေနစဥ္ အသက္(၃၀)ခန႔္ရွိ အၾကမ္းဖက္သမား (၃)ဦးက Belta ကား တစ္စီးျဖင့္ေရာက္ရွိလာခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ အၾကမ္းဖက္သမား(၃)ဦးက အထက္ပါအေရာင္းဆိုင္အတြင္းသို႔ ေသနတ္အရွည္မ်ား ကိုင္ေဆာင္ ဝင္ေရာက္လာကာ ကိုဇံေအာင္ထြန္းႏွင့္ မမ်ိဳးစႏၵာေက်ာ္တို႔ကို ဖမ္းဆီးခ်ဳပ္ေႏွာင္၍ ကိုဇံေအာင္ထြန္း၏ Insight ကား ႏွင့္ ဖုန္းတစ္လုံးကို လုယက္ယူ ေဆာင္ၿပီး ၎တို႔ လင္မယား(၂)ဦးကိုလည္း ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ လမ္းခရီးတစ္ေနရာအေရာက္တြင္ မမ်ိဳးစႏၵာေက်ာ္အား ျပန္လႊတ္ေပးကာ ၎၏အမ်ိဳသားျဖစ္သူ ကိုဇံေအာင္ထြန္းအား ေငြက်ပ္သိန္း(၂၂၀၀)က်ပ္ ျဖင့္ ျပန္လာေ႐ြးရန္ အၾကမ္းဖက္အဖြဲ႕က မွာၾကားလိုက္ေၾကာင္း သိရသည္။
လက္ရွိတြင္ ျပစ္မႈက်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီးအေရးယူႏိုင္ေရးအတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးမႈမ်ားႏွင့္ ပိတ္ဆို႔ရွာေဖြမႈမ်ား ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။
မုံ႐ြာၿမိဳ႕နယ္တြင္ နယ္ေျမခံ PDF လက္နက္ကိုင္အဖြဲ႕မ်ားပူးေပါင္းကာ ခိုးဆိုးလုယက္မႈက်ဴးလြန္ေနသည့္ အဖြဲ႕ေပါင္း (၂၀)ထက္မနည္းရွိၿပီး ဓားျပမႈႏွင့္ ျပန္ေပးဆြဲမႈမ်ားလည္း မၾကာခဏျဖစ္ေပၚေနေၾကာင္း သိရသည္။