မင်္ဂလာဒုံမြို့နယ်တွင် လမ်းဖြတ်ကူးသည့်အမျိုးသမီးတစ်ဦး ကားတိုက်ခံရ၍ ပွဲချင်းပြီး သေဆုံး

 12841

ချယ်ရီ (NP News) - နိုဝင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် လမ်းဖြတ်ကူးသည့်အမျိုးသမီးတစ်ဦး ကားတိုက်ခံရ၍ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (နိုဝင်ဘာလ ၃ ရက်)၊ မွန်းလွဲ ၁ နာရီ ၃ဝ မိနစ်အချိန်ခန့်က မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်း၊ ရခိုင်ကျောင်းမှတ်တိုင်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့သူငယ်ချင်း(၂)ယောက် လမ်းဖြတ်ကူးတာပေါ့နော်။ အဲဒီမှာ လမ်းလယ်ခေါင်မှာရှိနေတဲ့အချိန် တစ်ယောက် က ကူးမလိုလုပ်လိုက်တဲ့အချိန်မှာ တစ်ယောက်က မကူးဘူး။ အဲဒီလိုအချိန်မှာ သူတို့ တိုင်ပင်အောက်သွားတယ် ထင်ပါတယ်။ တိုင်ပင်အောက်သွားတဲ့အချိန်မှာပဲ အတိုက်ခံရတဲ့အမျိုးသမီးက အပေါ်ကြောကလာတဲ့ကားနဲ့ တိုက်မိလိုက်တာ” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် အသက်(၂၀)ဝန်းကျင်အရွယ် စက်ရုံဝန်ထမ်းအမျိုးသမီးတစ်ဦးတွင် ထိခိုက်ဒဏ်ရာ များရရှိကာ ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ဝင်တိုက်မိသည့်ကားမှာလည်း မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

“တိုက်လိုက်တော့မှ ပြန်ပြုတ်ကျတဲ့အချိန်မှာ ကတ္တရာလမ်းမပေါ်ကို နောက်စေ့နဲ့ကျတော့ ဦးနှောက်ကြေမွဒဏ်ရာ နဲ့ ဆုံးသွားတာပေါ့။ လမ်းပေါ်မှာ ပက်လက်အနေအထားနဲ့သေဆုံးနေတာပါ။ အလောင်းက ကားလမ်းအလယ်မှာ ဆိုတော့ ပြည်သူတွေက လမ်းဘေးကို ရွေ့ထားတာပေါ့။ နှာခေါင်းတို့၊ ပါးစပ်တို့၊ နားတို့အထဲ ကနေ ဦးနှောက်နဲ့ ပတ်သက်တဲ့အဖက်တွေ ထွက်လာတာ။ နားတွေထဲကနေ သွေးခဲတွေ ထွက်တယ်။ နှာခေါင်းထဲကလည်း ထွက် တယ်။ ကားတိုက်ပြီးတော့ မောင်းပြေးသွားတာ။ ကားအပိုင်းအစနည်းနည်းတော့ ကျကျန်ခဲ့တယ်” ဟု ၎င်းက ပြောသည်။

ထို့နောက် သေဆုံးသူအမျိုးသမီးရုပ်အလောင်းကို ပုလဲအရန်မီးသတ်တပ်ဖွဲ့က မေဓါဝီဆေးရုံသို့ ပို့ဆောင်ကူညီပေး ခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့်နိုဝင်ဘာလ ၂ ရက်ကလည်း လှိုင်သာယာမြို့နယ်၊ အလယ်ကျေးရွာမီးပွိုင့်အနီးတွင် ကားစောင့် နေသော အမျိုးသား တစ်ဦးကို စည်ပင်အမှိုက်သိမ်းယာဥ်က ဝင်တိုက်မိခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးသည်။

Zawgyi Version;
မဂၤလာဒုံၿမိဳ႕နယ္တြင္ လမ္းျဖတ္ကူးသည့္အမ်ိဳးသမီးတစ္ဦး ကားတိုက္ခံရ၍ ပြဲခ်င္းၿပီး ေသဆုံး
ခ်ယ္ရီ (NP News) - ႏိုဝင္ဘာ ၄

ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာဒုံၿမိဳ႕နယ္တြင္ လမ္းျဖတ္ကူးသည့္အမ်ိဳးသမီးတစ္ဦး ကားတိုက္ခံရ၍ ပြဲခ်င္းၿပီး ေသဆုံးခဲ့ေၾကာင္း ပုလဲအရန္မီးသတ္တပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ႏိုဝင္ဘာလ ၃ ရက္)၊ မြန္းလြဲ ၁ နာရီ ၃ဝ မိနစ္အခ်ိန္ခန႔္က မဂၤလာဒုံၿမိဳ႕နယ္၊ အမွတ္(၃)လမ္း၊ ရခိုင္ေက်ာင္းမွတ္တိုင္အနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“သူတို႔သူငယ္ခ်င္း(၂)ေယာက္ လမ္းျဖတ္ကူးတာေပါ့ေနာ္။ အဲဒီမွာ လမ္းလယ္ေခါင္မွာရွိေနတဲ့အခ်ိန္ တစ္ေယာက္ က ကူးမလိုလုပ္လိုက္တဲ့အခ်ိန္မွာ တစ္ေယာက္က မကူးဘူး။ အဲဒီလိုအခ်ိန္မွာ သူတို႔ တိုင္ပင္ေအာက္သြားတယ္ ထင္ပါတယ္။ တိုင္ပင္ေအာက္သြားတဲ့အခ်ိန္မွာပဲ အတိုက္ခံရတဲ့အမ်ိဳးသမီးက အေပၚေၾကာကလာတဲ့ကားနဲ႔ တိုက္မိလိုက္တာ” ဟု အထက္ပါတာဝန္ရွိသူက ေျပာသည္။

အဆိုပါယာဥ္တိုက္မႈေၾကာင့္ အသက္(၂၀)ဝန္းက်င္အ႐ြယ္ စက္႐ုံဝန္ထမ္းအမ်ိဳးသမီးတစ္ဦးတြင္ ထိခိုက္ဒဏ္ရာ မ်ားရရွိကာ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ၿပီး ဝင္တိုက္မိသည့္ကားမွာလည္း ေမာင္းႏွင္ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။

“တိုက္လိုက္ေတာ့မွ ျပန္ျပဳတ္က်တဲ့အခ်ိန္မွာ ကတၱရာလမ္းမေပၚကို ေနာက္ေစ့နဲ႔က်ေတာ့ ဦးေႏွာက္ေၾကမြဒဏ္ရာ နဲ႔ ဆုံးသြားတာေပါ့။ လမ္းေပၚမွာ ပက္လက္အေနအထားနဲ႔ေသဆုံးေနတာပါ။ အေလာင္းက ကားလမ္းအလယ္မွာ ဆိုေတာ့ ျပည္သူေတြက လမ္းေဘးကို ေ႐ြ႕ထားတာေပါ့။ ႏွာေခါင္းတို႔၊ ပါးစပ္တို႔၊ နားတို႔အထဲ ကေန ဦးေႏွာက္နဲ႔ ပတ္သက္တဲ့အဖက္ေတြ ထြက္လာတာ။ နားေတြထဲကေန ေသြးခဲေတြ ထြက္တယ္။ ႏွာေခါင္းထဲကလည္း ထြက္ တယ္။ ကားတိုက္ၿပီးေတာ့ ေမာင္းေျပးသြားတာ။ ကားအပိုင္းအစနည္းနည္းေတာ့ က်က်န္ခဲ့တယ္” ဟု ၎က ေျပာသည္။

ထို႔ေနာက္ ေသဆုံးသူအမ်ိဳးသမီး႐ုပ္အေလာင္းကို ပုလဲအရန္မီးသတ္တပ္ဖြဲ႕က ေမဓါဝီေဆး႐ုံသို႔ ပို႔ေဆာင္ကူညီေပး ခဲ့ေၾကာင္း သိရသည္။
အလားတူ ၿပီးခဲ့သည့္ႏိုဝင္ဘာလ ၂ ရက္ကလည္း လႈိင္သာယာၿမိဳ႕နယ္၊ အလယ္ေက်း႐ြာမီးပြိဳင့္အနီးတြင္ ကားေစာင့္ ေနေသာ အမ်ိဳးသား တစ္ဦးကို စည္ပင္အမႈိက္သိမ္းယာဥ္က ဝင္တိုက္မိခဲ့သည့္ျဖစ္စဥ္ ျဖစ္ပြားခဲ့ဖူးသည္။

Picture

Black Beast

06/11/2024 06:41

ခဏခဏ ဖြစ်တယ် မျက်စိရှေမှာ ၂ ယောက်လောက်မြင်ဖူးတယ်..အမြန်လမ်းက ဆင်းလာတဲ့ကားတွေက အရှိန်များလို့များမှန်းမသိ မှန်တင်ပြီးမောင်းလာတော့ပိုဆိုး...slow down တွေလည်းမရှိ..အဲ့လမ်းမပေါ်မှာ ယာဉ်ထိန်းရဲတွေကတော့ ၄ ဖွဲ့နီးပါးကှိရှိတယ် (အပြိုင်အဆိုင်ဘဲ ) ယာဉ်စည်းကမ်း လမ်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေရှိပါလျက်နဲ့ မနက်ဆို ဖယ်ရီကားတွေ တစ်စီးနဲ့တစ်စီး ဖွန်ကြောင်ပြီးလုမောင်းတယ်.YBS တွေရဲ့ မင်္ဂလာဒုံ ကခရီးအစ ရက်ကွက်လမ်းထိပ်တွေက ဖြတ်မောင်းရမှာဆိုတော့ ခေါက်ကြေးထက် အောက်ဆိုဒ်ကို ပိုကြိုက်တော့ လုမောင်းကြတယ်..မော်တော်ဆိုင်ကယ်ဖမ်းတဲ့ တပ်မတော်သားတွေကလည်း မနက်ဆို ကိုယ်တွေမနက်စာမစားရသေး အထူးစစ်ဆင်ရေးတစ်ရပ်သဖွယ် ဉီးထုပ်မဆောင်းမောင်းနှင်မှုပပျောက်ရေးနဲ့ တန်ဖိုးကြီးဆိုင်ကယ် ပပျောက်ရေးဆောင်ရွက်နေပေမယ့်ယာဉ်တိုက်မှုမကြာခဏဖြစ်တဲ့လမ်းမကြီး တာဝန်ရှိသူတွေရှိပါလျက်နဲ့ ငါနိုင်ငံ😔

Related news

© 2021. All rights reserved.