ကျောင်းသား/သူ (၁၀၀၀) ခန့် တက်ရောက်ပညာသင်ကြားနေသော စစ်ကိုင်းတက္ကသိုလ်ကို PDF အဖွဲ့က Drop ဗုံး၊ စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်

 9514

သန့်ဇင် (NP News) - နိုဝင်ဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် အဝေးသင်ကျောင်းသား၊ကျောင်းသူ (၁၀၀၀)ခန့် တက်ရောက်ပညာသင်ကြားနေသော စစ်ကိုင်းတက္ကသိုလ်ကို PDF အဖွဲ့က Drop ဗုံး၊ စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(နိုဝင်ဘာ ၄ ရက်)နံနက် ၅ နာရီ ၃ဝ မိနစ်အချိန်တွင် စစ်ကိုင်းမြို့၊ စစ်ကိုင်း-မုံရွာ လမ်းမကြီးဘေး၌ ရှိသော စစ်ကိုင်းတက္ကသိုလ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတက္ကသိုလ်ဝန်းအတွင်းသို့ PDFအဖွဲ့က Droneဖြင့် Drop ဗုံးများ ပစ်ချတိုက်ခိုက်ခြင်း စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကို လုပ်ဆောင်ခဲ့ရာ Drop ဗုံးများသည် တက္ကသိုလ်ဝန်းအတွင်းရှိ ဝန်ထမ်းအိမ်ရာပေါ်သို့လည်းကောင်း လက်နက်ကြီး ဗုံးသီးများသည် တက္ကသိုလ်ရှေ့ ကားလမ်းမပေါ်သို့ လည်းကောင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ထို့ပြင် Drop ဗုံးတစ်လုံးသည် တက္ကသိုလ် ဝန်ထမ်းအိမ်ရာ တိုက်ခန်းအမှတ် ၆/၆/၄ တွင်နေထိုင်သူ အရှေ့တိုင်းပညာဌာမှနည်းပြ ဆရာမတစ်ဦးဖြစ်သော ဒေါ်မြနွယ်ဦး၏ နေအိမ်တိုက်ခန်းခေါင်မိုးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ ကိုဝန်(၇)လခန့်လွယ်ထားရသည့် ဒေါ်မြနွယ်ဦးနှင့် အသက်(၆)နှစ်အရွယ် ကလေးငယ်တို့မှာ ထိခိုက်မှုမရှိခဲ့သော်လည်း အဆောက်အဦးနှင့်ပစ္စည်းများ ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတက္ကသိုလ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ (၂) ရက်မှစ၍ အဝေးသင်သင်တန်း တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူ (၁၀၀၀) ဦးခန့်ရှိကြောင်း နှင့် နိုဝင်ဘာလ (၁၄)ရက်တွင် နေ့သင်တန်းများ စတင်ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း အထက်ပါသတင်းရင်းမြစ်က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုသည် TNLA လက်နက်ကိုင်အဖွဲ့က လက်မခံ၍ အညာဒေသသို့ ပြန်လာခဲ့ရသော ဆောင်းခ ဦးဆောင်သည့် BPLA အဖွဲ့က တိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံအချို့က ဆိုသည်။

ဆောင်းခဦးဆောင်သည့် BPLA အဖွဲ့သည် အညာဒေသသို့ ပြန်လာမည်ဟု လူမှုကွန်ယက် Facebook စာမျက်နှာထက်တွင် ပြီးခဲ့သည့်ရက်ပိုင်းက Live ထုတ်လွှင့်ကြေညာထားခြင်းမျိုးလည်းရှိခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် နိုဝင်ဘာလ (၄)ရက်တွင် ကျောင်းတက်ရန်လာမည့် ကျောင်းသူကျောင်းသားများမှာ ကျောင်းတက်ရန် ပျက်ကွက်ခဲ့ရပြီး လက်ရှိတွင် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Zawgyi Version;
ေက်ာင္းသား/သူ (၁၀၀၀) ခန႔္ တက္ေရာက္ပညာသင္ၾကားေနေသာ စစ္ကိုင္းတကၠသိုလ္ကို PDF အဖြဲ႕က Drop ဗုံး၊ စိန္ေျပာင္းမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၅

စစ္ကိုင္းတိုင္းေဒသႀကီး၊ စစ္ကိုင္းၿမိဳ႕တြင္ အေဝးသင္ေက်ာင္းသား၊ေက်ာင္းသူ (၁၀၀၀)ခန႔္ တက္ေရာက္ပညာသင္ၾကားေနေသာ စစ္ကိုင္းတကၠသိုလ္ကို PDF အဖြဲ႕က Drop ဗုံး၊ စိန္ေျပာင္းမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ႏိုဝင္ဘာ ၄ ရက္)နံနက္ ၅ နာရီ ၃ဝ မိနစ္အခ်ိန္တြင္ စစ္ကိုင္းၿမိဳ႕၊ စစ္ကိုင္း-မုံ႐ြာ လမ္းမႀကီးေဘး၌ ရွိေသာ စစ္ကိုင္းတကၠသိုလ္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

စစ္ကိုင္းတကၠသိုလ္ဝန္းအတြင္းသို႔ PDFအဖြဲ႕က Droneျဖင့္ Drop ဗုံးမ်ား ပစ္ခ်တိုက္ခိုက္ျခင္း စိန္ေျပာင္းမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ျခင္းတို႔ကို လုပ္ေဆာင္ခဲ့ရာ Drop ဗုံးမ်ားသည္ တကၠသိုလ္ဝန္းအတြင္းရွိ ဝန္ထမ္းအိမ္ရာေပၚသို႔လည္းေကာင္း လက္နက္ႀကီး ဗုံးသီးမ်ားသည္ တကၠသိုလ္ေရွ႕ ကားလမ္းမေပၚသို႔ လည္းေကာင္း က်ေရာက္ေပါက္ကြဲခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ Drop ဗုံးတစ္လုံးသည္ တကၠသိုလ္ ဝန္ထမ္းအိမ္ရာ တိုက္ခန္းအမွတ္ ၆/၆/၄ တြင္ေနထိုင္သူ အေရွ႕တိုင္းပညာဌာမွနည္းျပ ဆရာမတစ္ဦးျဖစ္ေသာ ေဒၚျမႏြယ္ဦး၏ ေနအိမ္တိုက္ခန္းေခါင္မိုးေပၚသို႔ က်ေရာက္ေပါက္ကြဲခဲ့ရာ ကိုဝန္(၇)လခန႔္လြယ္ထားရသည့္ ေဒၚျမႏြယ္ဦးႏွင့္ အသက္(၆)ႏွစ္အ႐ြယ္ ကေလးငယ္တို႔မွာ ထိခိုက္မႈမရွိခဲ့ေသာ္လည္း အေဆာက္အဦးႏွင့္ပစၥည္းမ်ား ထိခိုက္ပ်က္စီးမႈမ်ားရွိခဲ့ေၾကာင္း သိရသည္။

စစ္ကိုင္းတကၠသိုလ္တြင္ ၿပီးခဲ့သည့္ ႏိုဝင္ဘာလ (၂) ရက္မွစ၍ အေဝးသင္သင္တန္း တက္ေရာက္ေနေသာ ေက်ာင္းသား၊ ေက်ာင္းသူ (၁၀၀၀) ဦးခန႔္ရွိေၾကာင္း ႏွင့္ ႏိုဝင္ဘာလ (၁၄)ရက္တြင္ ေန႔သင္တန္းမ်ား စတင္ဖြင့္လွစ္ရန္ စီစဥ္ထားေၾကာင္း အထက္ပါသတင္းရင္းျမစ္က ဆိုသည္။

အဆိုပါ တိုက္ခိုက္မႈသည္ TNLA လက္နက္ကိုင္အဖြဲ႕က လက္မခံ၍ အညာေဒသသို႔ ျပန္လာခဲ့ရေသာ ေဆာင္းခ ဦးေဆာင္သည့္ BPLA အဖြဲ႕က တိုက္ခိုက္ျခင္းျဖစ္ႏိုင္ေၾကာင္း ေဒသခံအခ်ိဳ႕က ဆိုသည္။

ေဆာင္းခဦးေဆာင္သည့္ BPLA အဖြဲ႕သည္ အညာေဒသသို႔ ျပန္လာမည္ဟု လူမႈကြန္ယက္ Facebook စာမ်က္ႏွာထက္တြင္ ၿပီးခဲ့သည့္ရက္ပိုင္းက Live ထုတ္လႊင့္ေၾကညာထားျခင္းမ်ိဳးလည္းရွိခဲ့ေၾကာင္း သိရသည္။

တိုက္ခိုက္မႈေၾကာင့္ ႏိုဝင္ဘာလ (၄)ရက္တြင္ ေက်ာင္းတက္ရန္လာမည့္ ေက်ာင္းသူေက်ာင္းသားမ်ားမွာ ေက်ာင္းတက္ရန္ ပ်က္ကြက္ခဲ့ရၿပီး လက္ရွိတြင္ ျပစ္မႈက်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီးႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးမႈဆက္လက္ လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.