ဗြိတိန်မှာ မလေးရှားဆယ်ကျော်သက်တစ်ဦးက အိပ်ပျော်နေတဲ့ ကျောင်းနေဖက် ၂ ဦးကို တူနဲ့ထုသတ်ခြင်းကြောင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံရ
1284
ရောင်နီ (NP News) - နိုဝင်ဘာ ၅
ဗြိတိန်နိုင်ငံ၊ တီဗာတန်မြို့ရှိ ဘော်ဒါဆောင်ကျောင်းတစ်ကျောင်းမှာ မလေးရှား ဆယ်ကျော်သက် ကျောင်းသားတစ်ဦးက သူ့ရဲ့ ကျောင်းနေဖက် ၂ ဦးကို အိပ်ပျော်နေချိန် တူနဲ့ထုလိုက်ခြင်းကြောင့် ဗြိတိန်မှာ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရပါတယ်။
အသက် ဆယ့်ခုနစ်နှစ်အရွယ် သောမတ်ဝေဟွမ် အမည်ရှိ ဆယ်ကျော်သက်အမျိုးသားဟာ တီဗာတန်ရှိ Blundell's School မှာ ကျောင်းသားနှစ်ဦးကို အိပ်ပျော်နေစဉ် တူနဲ့ထုလိုက်တာဖြစ်ပါတယ်။ ဒီအမှုဟာ ၂၀၂၃ ခုနှစ် ဇွန်လက ဖြစ်ပွားခဲ့တာဖြစ်ပေမယ့် ဒီနှစ်မှ ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။
တူကိုအသုံးပြု ထုရိုက်ခဲ့ခြင်းကြောင့် ဦးခေါင်းခွံကျိုးခြင်း၊ နံရိုး ပျက်စီးခြင်းနဲ့ အတွင်းပိုင်းသွေးထွက်ခြင်းအပါအဝင် ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
ဆရာတစ်ယောက်ဖြစ်တဲ့ မစ္စတာဟန်နရီရိုဖီဆေဗာစတာ က ဒီဖြစ်ရပ်ကို တားဖို့ကြိုးစားခဲ့ပေမယ့် ဟွမ် က အတန်းဖော်ရဲ့ဦးခေါင်းကို အကြိမ်ပေါင်းများစွာ ထုရိုက်ပြီးပြီဖြစ်တယ်လို့ ဆိုပါတယ်။ ဟွမ်ကတော့ အိပ်ငိုက်ပြီး အခုလိုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီအမှုဟာ ဗြိတိန်မှာ မလေးရှား ကျောင်းသားတစ်ဦးက မွေးကင်းစ ကလေးငယ်ကို သတ်ဖြတ်ခဲ့ခြင်းကြောင့် ပြစ်ဒဏ်ချမှတ်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ အခုလို စီရင်ချက်ချခဲ့ခြင်းဖြစ်ပါတယ်။
Zawgyi Version;
ၿဗိတိန္မွာ မေလးရွားဆယ္ေက်ာ္သက္တစ္ဦးက အိပ္ေပ်ာ္ေနတဲ့ ေက်ာင္းေနဖက္ ၂ ဦးကို တူနဲ႔ထုသတ္ျခင္းေၾကာင့္ ေထာင္ဒဏ္ တစ္သက္တစ္ကြၽန္း ခ်မွတ္ခံရ
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၅
ၿဗိတိန္ႏိုင္ငံ၊ တီဗာတန္ၿမိဳ႕ရွိ ေဘာ္ဒါေဆာင္ေက်ာင္းတစ္ေက်ာင္းမွာ မေလးရွား ဆယ္ေက်ာ္သက္ ေက်ာင္းသားတစ္ဦးက သူ႔ရဲ႕ ေက်ာင္းေနဖက္ ၂ ဦးကို အိပ္ေပ်ာ္ေနခ်ိန္ တူနဲ႔ထုလိုက္ျခင္းေၾကာင့္ ၿဗိတိန္မွာ ေထာင္ဒဏ္တစ္သက္တစ္ကြၽန္း ခ်မွတ္ခံခဲ့ရပါတယ္။
အသက္ ဆယ့္ခုနစ္ႏွစ္အ႐ြယ္ ေသာမတ္ေဝဟြမ္ အမည္ရွိ ဆယ္ေက်ာ္သက္အမ်ိဳးသားဟာ တီဗာတန္ရွိ Blundell's School မွာ ေက်ာင္းသားႏွစ္ဦးကို အိပ္ေပ်ာ္ေနစဥ္ တူနဲ႔ထုလိုက္တာျဖစ္ပါတယ္။ ဒီအမႈဟာ ၂၀၂၃ ခုႏွစ္ ဇြန္လက ျဖစ္ပြားခဲ့တာျဖစ္ေပမယ့္ ဒီႏွစ္မွ ျပစ္ဒဏ္ခ်မွတ္ခဲ့တာျဖစ္ပါတယ္။
တူကိုအသုံးျပဳ ထု႐ိုက္ခဲ့ျခင္းေၾကာင့္ ဦးေခါင္းခြံက်ိဳးျခင္း၊ နံ႐ိုး ပ်က္စီးျခင္းနဲ႔ အတြင္းပိုင္းေသြးထြက္ျခင္းအပါအဝင္ ျပင္းထန္တဲ့ ဒဏ္ရာေတြ ရရွိခဲ့ပါတယ္။
ဆရာတစ္ေယာက္ျဖစ္တဲ့ မစၥတာဟန္နရီ႐ိုဖီေဆဗာစတာ က ဒီျဖစ္ရပ္ကို တားဖို႔ႀကိဳးစားခဲ့ေပမယ့္ ဟြမ္ က အတန္းေဖာ္ရဲ႕ဦးေခါင္းကို အႀကိမ္ေပါင္းမ်ားစြာ ထု႐ိုက္ၿပီးၿပီျဖစ္တယ္လို႔ ဆိုပါတယ္။ ဟြမ္ကေတာ့ အိပ္ငိုက္ၿပီး အခုလိုလုပ္ခဲ့တယ္လို႔ ဆိုပါတယ္။
ဒီအမႈဟာ ၿဗိတိန္မွာ မေလးရွား ေက်ာင္းသားတစ္ဦးက ေမြးကင္းစ ကေလးငယ္ကို သတ္ျဖတ္ခဲ့ျခင္းေၾကာင့္ ျပစ္ဒဏ္ခ်မွတ္ခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ အခုလို စီရင္ခ်က္ခ်ခဲ့ျခင္းျဖစ္ပါတယ္။