ရွှေကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီးနောက် ဥပဒေစိုးမိုးရေး ထိရောက်စွာ အရေးယူရန်လိုအပ်ကြောင်း အကြုံပြု

 2113

ယွန်း (NP News) - နိုဝင်ဘာ ၆

ရွှေရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီးနောက် ဥပဒေစိုးမိုးနိုင်ရေး အတွက် ထိရောက်စွာအရေးယူရန်လိုအပ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က NP News က တစ်ဆင့် အကြံပြု ထားသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနမှ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ (၄) ပုဒ်မခွဲ(ဂ)အရ ပြည်ထောင်စု အစိုးရ အဖွဲ့ကအပ်နှင်းသည့် အမိန့်ထုတ်ပြန်နိုင်ခွင့်ကို ကျင့်သုံး၍ ရွှေရောင်းဝယ် ခြင်း ဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့သတ်မှတ်လိုက်ခြင်းကြောင့် ဈေးကွက်ထဲ၌ ကောလာဟလထုတ်လွှင့်သူများနှင့် ဈေးကစားနေသူများကို ထိန်းချုပ်နိုင်မည်ဖြစ်ပြီး ဒေါ်လာဈေးများလည်း ပြန်လည်တည်ငြိမ်လာနိုင်ကြောင်း ပို့ကုန်တင် ပို့နေသူတစ်ဦးက သုံးသပ်ထားသည်။

“အရေးကြီးကုန်စည်ဆိုတာ နိုင်ငံတော်က လိုအပ်ရင် ပြဋ္ဌာန်းလို့ရတယ်။ ပစ္စည်းတွေဈေးကွက် ထဲမှာ ပြတ်လပ်လာ တာတို့ဘာတို့ဆို ပြဋ္ဌာန်းလို့ရတယ်။ ရွှေက တကယ်ပြဋ္ဌာန်းသင့်တဲ့အထဲမှာ ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်က ပိုထိန်းချုပ်လို့လည်း လွယ်သွားမယ်။ အရေးယူလို့လည်း လွယ်သွား မယ်။ အရေးကြီးကုန်စည် အက်ဥပဒေနဲ့ဆိုရင် ပစ္စည်းသိမ်းလို့ရတယ်။ ထောင်ချလို့ရတယ်။ ပြင်းပြင်းထန် ထန် အရေးယူလို့ရတယ်။ အခုဆိုရင် ဈေးကွက်ထဲမှာက လေနဲ့ကစားတဲ့သူတို့၊ အလုပ်မလုပ်ဘဲနဲ့ ရွှေကို ဝယ်လိုက် ရောင်းလိုက်နဲ့ ဈေးကစား နေတဲ့သူတွေများတော့ ထိန်းချုပ်ဖို့ လိုအပ်တယ်။ နိုင်ငံခြားမှာဆိုရင် ဒေါ်လာဈေးကျရင် ရွှေဈေးတက်တယ်။ ဒီမှာက ပြောင်းပြန်တွေဖြစ်နေတာ။ နိုင်ငံတော်အနေနဲ့က တော့ ဒါတွေကိုထိန်းချုပ်သင့်တယ်။ ရွှေဈေးတည်ငြိမ် သွားရင် ငွေဈေးတို့၊ ကျန်တဲ့ဈေးတွေပါ တဖြည်းဖြည်း ပြန်ပြီး တည်ငြိမ်နိုင်လာမှာ” ဟု အထက်ပါ ပို့ကုန် တင်ပို့ သူက NP News ကို ပြောသည်။

ထို့ပြင် အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေကို ရွှေရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းအတွက်သာမက ဈေးကစားနေသည့် ကုန်ပစ္စည်းများအားလုံး ကို စောင့်ကြည့်၍ ထိန်းချုပ်သင့်‌ကြောင်း ၎င်းကပြောသည်။ အလားတူ ပြည်ထောင်စုအစိုးရအဖွဲ့မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီး ဌာနကို ရွှေရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ခြင်းနှင့်ပတ်သက်၍ တားမြစ်မိန့်၊ စည်းမျဉ်း သတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့်နှင့် လိုအပ်သလို ဆောင်ရွက်စေသည့် အမိန့်ထုတ်ပြန်နိုင်ခွင့်တို့ကို အပ်နှင်းခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အရေးကြီးကုန်စည် နှင့်ဝန်ဆောင်မှုဥပဒေအရ ထိရောက်စွာ ဆောင် ရွက်သင့်ပြီး အရေးယူမှုများကိုလည်း ပြင်းထန်စွာဆောင်ရွက်ရန်လည်း လိုအပ်ကြောင်း စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက သုံးသပ်ထားသည်။
“ အရင်တုန်းကဆိုရင် အရေးကြီးကုန်စည်နဲ့ အရေးယူမယ်လို့ အကုန် မပြဋ္ဌာန်းထားတဲ့အတွက် တချို့ဟာတွေက အရေးယူရင်တောင် မထိရောက်ဘူး။ အရေးကြီး ကုန်စည် အက်ဥပဒေမှာကျတော့ တိတိကျကျ ပြဋ္ဌာန်းထားတယ်။ ပြဋ္ဌာန်းချက်တွေက အရမ်းပြင်းထန်တယ်။ ပြင်းထန်တဲ့အခါကျတော့ ဈေးနှုန်းကိုထိန်းချုပ်ဖို့ တကယ်ကိုထိထိ ရောက်ရောက်အရေးယူနိုင်တဲ့ ပုဒ်မတွေပါတယ်။ အဲဒီပုဒ်မတွေအတိုင်း တကယ်ကျင့်သုံးရင် ဘယ်သူမှလည်း မလုပ်ရဲတော့ဘူး။ ဥပဒေ စိုးမိုးဖို့အတွက်ကို သေချာအရေးယူပေးပါ။ အရင်တုန်းကဆိုရင် ဥပဒေတွေက သိပ်မပြင်းထန်ဘူး။ အခုက အရေးယူမှုပြင်းထန်လာနိုင်တဲ့အတွက်ကြောင့် ပိုင်ဆိုင်မှုအထိသိမ်းလို့ရတယ်။ အဓိကကတော့ ထိထိရောက်ရောက်လုပ်ဖို့လိုတယ်။ ဥပဒေပြင်းလာရင်တော့ ကုန်သည်တွေက နည်းနည်းတော့ ပြန်ထိန်း ချုပ်သွားမယ်လို့ထင်တယ်။ ဥပဒေဘယ်လောက်ပဲ ပြဋ္ဌာန်းထားထား အရေးယူမှုကတော့ အရေးကြီးတာ ပေါ့။ ထိထိရောက်ရောက် တိတိကျကျလုပ်ဖို့၊ အဂတိကင်းရှင်းဖို့လိုတယ်။ အဲဒီအတိုင်းလုပ်ရင် ရွှေဈေးကိုလည်း ထိန်းချုပ်နိုင်သွားမှာ” ဟု အထက်ပါ စီးပွားရေးလုပ်ငန်းရှင်က ပြောသည်။

လက်ရှိတွင် ပြည်တွင်း၌ ရွှေဈေး၊ ဒေါ်လာဈေးကို ဆွဲတင်ကာ ကုန်ဈေးနှုန်းတက်ရန်နှင့် တိုင်းပြည်ပျက်ရန် လုပ်ဆောင်သူများရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရပြီး ထိုသို့ အရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ် သတ်မှတ်လိုက်ခြင်းသည် ရွှေဈေးကို လေပတ်ကား ဆောင်ရွက်နေသူများကို လည်း ထိန်းချုပ်နိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ဆိုထားသည်။
ထို့ပြင် ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရန်အတွက် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ပြီးခဲ့သည့် အောက်တိုဘာ(၂၅) ရက်တွင် ထုတ်ပြန်သည့် အမိန့် ကြေညာစာနှင့်အညီ လုပ်ငန်းလိုင်စင်လျှောက်ထားရယူရန်နှင့် သတ်မှတ်ထားသည့်စည်းကမ်းချက်များကို လိုက်နာ ခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်‌ဆောင်မှုဥပဒေပုဒ်မ ၅ နှင့်အညီ အရေးယူမည်ဖြစ်ကြောင်း အသိပေးထား သည်။

Zawgyi Version;
ေ႐ႊကို အေရးႀကီးဝန္ေဆာင္မႈအျဖစ္ သတ္မွတ္ၿပီးေနာက္ ဥပေဒစိုးမိုးေရး ထိေရာက္စြာ အေရးယူရန္လိုအပ္ေၾကာင္း အႀကဳံျပဳ
ယြန္း (NP News) - ႏိုဝင္ဘာ ၆

ေ႐ႊေရာင္းဝယ္ျခင္းဝန္ေဆာင္မႈလုပ္ငန္းကို အေရးႀကီးဝန္ေဆာင္မႈအျဖစ္ သတ္မွတ္ၿပီးေနာက္ ဥပေဒစိုးမိုးႏိုင္ေရး အတြက္ ထိေရာက္စြာအေရးယူရန္လိုအပ္ေၾကာင္း စီးပြားေရးလုပ္ငန္းရွင္အခ်ိဳ႕က NP News က တစ္ဆင့္ အႀကံျပဳ ထားသည္။
သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္း ေရးဝန္ႀကီးဌာနမွ အေရးႀကီးကုန္စည္ႏွင့္ ဝန္ေဆာင္မႈဥပေဒပုဒ္မ (၄) ပုဒ္မခြဲ(ဂ)အရ ျပည္ေထာင္စု အစိုးရ အဖြဲ႕ကအပ္ႏွင္းသည့္ အမိန႔္ထုတ္ျပန္ႏိုင္ခြင့္ကို က်င့္သုံး၍ ေ႐ႊေရာင္းဝယ္ ျခင္း ဝန္ေဆာင္မႈလုပ္ငန္းကို အေရးႀကီးဝန္ေဆာင္မႈအျဖစ္ သတ္မွတ္ခဲ့ျခင္းျဖစ္သည္။

ထိုသို႔သတ္မွတ္လိုက္ျခင္းေၾကာင့္ ေဈးကြက္ထဲ၌ ေကာလာဟလထုတ္လႊင့္သူမ်ားႏွင့္ ေဈးကစားေနသူမ်ားကို ထိန္းခ်ဳပ္ႏိုင္မည္ျဖစ္ၿပီး ေဒၚလာေဈးမ်ားလည္း ျပန္လည္တည္ၿငိမ္လာႏိုင္ေၾကာင္း ပို႔ကုန္တင္ ပို႔ေနသူတစ္ဦးက သုံးသပ္ထားသည္။

“အေရးႀကီးကုန္စည္ဆိုတာ ႏိုင္ငံေတာ္က လိုအပ္ရင္ ျပ႒ာန္းလို႔ရတယ္။ ပစၥည္းေတြေဈးကြက္ ထဲမွာ ျပတ္လပ္လာ တာတို႔ဘာတို႔ဆို ျပ႒ာန္းလို႔ရတယ္။ ေ႐ႊက တကယ္ျပ႒ာန္းသင့္တဲ့အထဲမွာ ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ႏိုင္ငံေတာ္က ပိုထိန္းခ်ဳပ္လို႔လည္း လြယ္သြားမယ္။ အေရးယူလို႔လည္း လြယ္သြား မယ္။ အေရးႀကီးကုန္စည္ အက္ဥပေဒနဲ႔ဆိုရင္ ပစၥည္းသိမ္းလို႔ရတယ္။ ေထာင္ခ်လို႔ရတယ္။ ျပင္းျပင္းထန္ ထန္ အေရးယူလို႔ရတယ္။ အခုဆိုရင္ ေဈးကြက္ထဲမွာက ေလနဲ႔ကစားတဲ့သူတို႔၊ အလုပ္မလုပ္ဘဲနဲ႔ ေ႐ႊကို ဝယ္လိုက္ ေရာင္းလိုက္နဲ႔ ေဈးကစား ေနတဲ့သူေတြမ်ားေတာ့ ထိန္းခ်ဳပ္ဖို႔ လိုအပ္တယ္။ ႏိုင္ငံျခားမွာဆိုရင္ ေဒၚလာေဈးက်ရင္ ေ႐ႊေဈးတက္တယ္။ ဒီမွာက ေျပာင္းျပန္ေတြျဖစ္ေနတာ။ ႏိုင္ငံေတာ္အေနနဲ႔က ေတာ့ ဒါေတြကိုထိန္းခ်ဳပ္သင့္တယ္။ ေ႐ႊေဈးတည္ၿငိမ္ သြားရင္ ေငြေဈးတို႔၊ က်န္တဲ့ေဈးေတြပါ တျဖည္းျဖည္း ျပန္ၿပီး တည္ၿငိမ္ႏိုင္လာမွာ” ဟု အထက္ပါ ပို႔ကုန္ တင္ပို႔ သူက NP News ကို ေျပာသည္။

ထို႔ျပင္ အေရးႀကီးကုန္စည္ဝန္ေဆာင္မႈဥပေဒကို ေ႐ႊေရာင္းဝယ္ျခင္းဝန္ေဆာင္မႈလုပ္ငန္းအတြက္သာမက ေဈးကစားေနသည့္ ကုန္ပစၥည္းမ်ားအားလုံး ကို ေစာင့္ၾကည့္၍ ထိန္းခ်ဳပ္သင့္‌ေၾကာင္း ၎ကေျပာသည္။ အလားတူ ျပည္ေထာင္စုအစိုးရအဖြဲ႕မွ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္း သိမ္းေရးဝန္ႀကီး ဌာနကို ေ႐ႊေရာင္းဝယ္ျခင္း ဝန္ေဆာင္မႈလုပ္ငန္းကို အေရးႀကီးဝန္ေဆာင္မႈအျဖစ္ သတ္မွတ္ျခင္းႏွင့္ပတ္သက္၍ တားျမစ္မိန႔္၊ စည္းမ်ဥ္း သတ္မွတ္မိန႔္၊ ႀကီးၾကပ္မိန႔္၊ ကာကြယ္မိန႔္ႏွင့္ လိုအပ္သလို ေဆာင္႐ြက္ေစသည့္ အမိန႔္ထုတ္ျပန္ႏိုင္ခြင့္တို႔ကို အပ္ႏွင္းခဲ့ေၾကာင္း သိရသည္။
ထိုသို႔ေဆာင္႐ြက္ရာတြင္ အေရးႀကီးကုန္စည္ ႏွင့္ဝန္ေဆာင္မႈဥပေဒအရ ထိေရာက္စြာ ေဆာင္ ႐ြက္သင့္ၿပီး အေရးယူမႈမ်ားကိုလည္း ျပင္းထန္စြာေဆာင္႐ြက္ရန္လည္း လိုအပ္ေၾကာင္း စီးပြားေရး လုပ္ငန္းရွင္ တစ္ဦးက သုံးသပ္ထားသည္။
“ အရင္တုန္းကဆိုရင္ အေရးႀကီးကုန္စည္နဲ႔ အေရးယူမယ္လို႔ အကုန္ မျပ႒ာန္းထားတဲ့အတြက္ တခ်ိဳ႕ဟာေတြက အေရးယူရင္ေတာင္ မထိေရာက္ဘူး။ အေရးႀကီး ကုန္စည္ အက္ဥပေဒမွာက်ေတာ့ တိတိက်က် ျပ႒ာန္းထားတယ္။ ျပ႒ာန္းခ်က္ေတြက အရမ္းျပင္းထန္တယ္။ ျပင္းထန္တဲ့အခါက်ေတာ့ ေဈးႏႈန္းကိုထိန္းခ်ဳပ္ဖို႔ တကယ္ကိုထိထိ ေရာက္ေရာက္အေရးယူႏိုင္တဲ့ ပုဒ္မေတြပါတယ္။ အဲဒီပုဒ္မေတြအတိုင္း တကယ္က်င့္သုံးရင္ ဘယ္သူမွလည္း မလုပ္ရဲေတာ့ဘူး။ ဥပေဒ စိုးမိုးဖို႔အတြက္ကို ေသခ်ာအေရးယူေပးပါ။ အရင္တုန္းကဆိုရင္ ဥပေဒေတြက သိပ္မျပင္းထန္ဘူး။ အခုက အေရးယူမႈျပင္းထန္လာႏိုင္တဲ့အတြက္ေၾကာင့္ ပိုင္ဆိုင္မႈအထိသိမ္းလို႔ရတယ္။ အဓိကကေတာ့ ထိထိေရာက္ေရာက္လုပ္ဖို႔လိုတယ္။ ဥပေဒျပင္းလာရင္ေတာ့ ကုန္သည္ေတြက နည္းနည္းေတာ့ ျပန္ထိန္း ခ်ဳပ္သြားမယ္လို႔ထင္တယ္။ ဥပေဒဘယ္ေလာက္ပဲ ျပ႒ာန္းထားထား အေရးယူမႈကေတာ့ အေရးႀကီးတာ ေပါ့။ ထိထိေရာက္ေရာက္ တိတိက်က်လုပ္ဖို႔၊ အဂတိကင္းရွင္းဖို႔လိုတယ္။ အဲဒီအတိုင္းလုပ္ရင္ ေ႐ႊေဈးကိုလည္း ထိန္းခ်ဳပ္ႏိုင္သြားမွာ” ဟု အထက္ပါ စီးပြားေရးလုပ္ငန္းရွင္က ေျပာသည္။

လက္ရွိတြင္ ျပည္တြင္း၌ ေ႐ႊေဈး၊ ေဒၚလာေဈးကို ဆြဲတင္ကာ ကုန္ေဈးႏႈန္းတက္ရန္ႏွင့္ တိုင္းျပည္ပ်က္ရန္ လုပ္ေဆာင္သူမ်ားရွိေနေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊလုပ္ငန္းရွင္မ်ားအသင္းထံမွ သိရၿပီး ထိုသို႔ အေရးႀကီးကုန္စည္ဝန္ေဆာင္မႈအျဖစ္ သတ္မွတ္လိုက္ျခင္းသည္ ေ႐ႊေဈးကို ေလပတ္ကား ေဆာင္႐ြက္ေနသူမ်ားကို လည္း ထိန္းခ်ဳပ္ႏိုင္ေၾကာင္း စီးပြားေရးလုပ္ငန္းရွင္မ်ားက ဆိုထားသည္။
ထို႔ျပင္ ဓာတ္သတၱဳ(ေ႐ႊ)ေရာင္းဝယ္ျခင္း ဝန္ေဆာင္မႈလုပ္ငန္း လုပ္ကိုင္ေဆာင္႐ြက္ရန္အတြက္ သယံဇာတ ႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနက ၿပီးခဲ့သည့္ ေအာက္တိုဘာ(၂၅) ရက္တြင္ ထုတ္ျပန္သည့္ အမိန႔္ ေၾကညာစာႏွင့္အညီ လုပ္ငန္းလိုင္စင္ေလွ်ာက္ထားရယူရန္ႏွင့္ သတ္မွတ္ထားသည့္စည္းကမ္းခ်က္မ်ားကို လိုက္နာ ျခင္းမရွိပါက အေရးႀကီးကုန္စည္ႏွင့္ ဝန္‌ေဆာင္မႈဥပေဒပုဒ္မ ၅ ႏွင့္အညီ အေရးယူမည္ျဖစ္ေၾကာင္း အသိေပးထား သည္။

Related news

© 2021. All rights reserved.