Instagram က ဆယ်ကျော်သက်တွေ အသက် လိမ်အသုံးပြုခြင်းကို စောင့်ကြည့်နိုင်ဖို့ AI အသုံးပြုမည်

 309

ရောင်နီ (NP News) - နိုဝင်ဘာ ၆

Meta Platforms Inc က Instagram မှာ ဆယ်ကျော်သက် လူငယ် အသုံးပြုနှုန်းကို ခွဲခြားသိရှိနိုင်ဖို့ ပိုမိုတင်းကျပ်တဲ့ ဆက်တင်တွေ ပြောင်းလဲဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

အဲဒီ AI ဆော့ဖ်ဝဲ ဆက်တင်သစ်ဟာ သုံးစွဲသူရဲ့ကိုယ်ပိုင်အကောင့်ဒေတာပေါ်အခြေခံပြီး အသက်အရွယ်အပိုင်း အခြားကို အလိုအလျှောက် ခွဲပေးမှာဖြစ်တယ်လို့ Meta ရဲ့ထုတ်ကုန်စီမံခန့်ခွဲမှုဒါရိုက်တာ မစ္စအယ်လ်ဆမ်ဟက်နက် က ပြောကြားခဲ့ပါတယ်။ AI ဆော့ဖ်ဝဲဟာ သုံးစွဲသူရဲ့ ပရိုဖိုင်ကို အလိုအလျာက်စစ်ဆေးခြင်း၊ Follower နဲ့ အချင်းချင်း ပြန်လည်ပြောဆိုတဲ့ အကြောင်းအရာတွေကို ကြည့်ရှုခြင်းနည်းနဲ့ အသုံးပြုသူရဲ့အသက်ကို ခန့်မှန်းမှာ ဖြစ်ပါတယ်။ ဆော့ဖ်ဝဲလ် တွေ့ရှိချက်တွေအရ အသက် ၁၈ နှစ်အောက်လို့ သံသယရှိသူတွေကို ပရိုဖိုင်မှာ အသက်ဘယ်လောက်ပဲ ဖော်ပြထားပါစေ ဆယ်ကျော်သက် အကောင့်တွေထဲ အလိုအလျောက်ထည့်သွင်းသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ရည်ရွယ်ချက်ကတော့ အန္တရာယ်ရှိတဲ့ content တွေကနေ ဆယ်ကျော်သက် သုံးစွဲသူတွေကို ကောင်းကောင်း ကာကွယ်ပေးနိုင်ဖို့ပဲဖြစ်ပါတယ်။
Meta ဟာ ကလေးတွေကို ဆိုရှယ်မီဒီယာကနေတဆင့် စိတ်ကျဝေဒနာ ပေးနေတယ်ဆိုပြီး ဒါဇင်ပေါင်းများစွာသော အစိုးရရှေ့နေချုပ်တွေရဲ့တရားစွဲဆိုမှုကို ရင်ဆိုင်နေရတာဖြစ်ပြီး အခုလုပ်ဆောင်ချက်ကတော့ Meta အတွက် ချီးကျူးစရာ ဖြစ်စေပါတယ်။

Zawgyi Version;
Instagram က ဆယ္ေက်ာ္သက္ေတြ အသက္ လိမ္အသုံးျပဳျခင္းကို ေစာင့္ၾကည့္ႏိုင္ဖို႔ AI အသုံးျပဳမည္
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၆

Meta Platforms Inc က Instagram မွာ ဆယ္ေက်ာ္သက္ လူငယ္ အသုံးျပဳႏႈန္းကို ခြဲျခားသိရွိႏိုင္ဖို႔ ပိုမိုတင္းက်ပ္တဲ့ ဆက္တင္ေတြ ေျပာင္းလဲဖို႔ စီစဥ္ထားတယ္လို႔ ဆိုပါတယ္။

အဲဒီ AI ေဆာ့ဖ္ဝဲ ဆက္တင္သစ္ဟာ သုံးစြဲသူရဲ႕ကိုယ္ပိုင္အေကာင့္ေဒတာေပၚအေျခခံၿပီး အသက္အ႐ြယ္အပိုင္း အျခားကို အလိုအေလွ်ာက္ ခြဲေပးမွာျဖစ္တယ္လို႔ Meta ရဲ႕ထုတ္ကုန္စီမံခန႔္ခြဲမႈဒါ႐ိုက္တာ မစၥအယ္လ္ဆမ္ဟက္နက္ က ေျပာၾကားခဲ့ပါတယ္။ AI ေဆာ့ဖ္ဝဲဟာ သုံးစြဲသူရဲ႕ ပ႐ိုဖိုင္ကို အလိုအလ်ာက္စစ္ေဆးျခင္း၊ Follower နဲ႔ အခ်င္းခ်င္း ျပန္လည္ေျပာဆိုတဲ့ အေၾကာင္းအရာေတြကို ၾကည့္ရႈျခင္းနည္းနဲ႔ အသုံးျပဳသူရဲ႕အသက္ကို ခန႔္မွန္းမွာ ျဖစ္ပါတယ္။ ေဆာ့ဖ္ဝဲလ္ ေတြ႕ရွိခ်က္ေတြအရ အသက္ ၁၈ ႏွစ္ေအာက္လို႔ သံသယရွိသူေတြကို ပ႐ိုဖိုင္မွာ အသက္ဘယ္ေလာက္ပဲ ေဖာ္ျပထားပါေစ ဆယ္ေက်ာ္သက္ အေကာင့္ေတြထဲ အလိုအေလ်ာက္ထည့္သြင္းသြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။
ရည္႐ြယ္ခ်က္ကေတာ့ အႏၲရာယ္ရွိတဲ့ content ေတြကေန ဆယ္ေက်ာ္သက္ သုံးစြဲသူေတြကို ေကာင္းေကာင္း ကာကြယ္ေပးႏိုင္ဖို႔ပဲျဖစ္ပါတယ္။
Meta ဟာ ကေလးေတြကို ဆိုရွယ္မီဒီယာကေနတဆင့္ စိတ္က်ေဝဒနာ ေပးေနတယ္ဆိုၿပီး ဒါဇင္ေပါင္းမ်ားစြာေသာ အစိုးရေရွ႕ေနခ်ဳပ္ေတြရဲ႕တရားစြဲဆိုမႈကို ရင္ဆိုင္ေနရတာျဖစ္ၿပီး အခုလုပ္ေဆာင္ခ်က္ကေတာ့ Meta အတြက္ ခ်ီးက်ဴးစရာ ျဖစ္ေစပါတယ္။

Related news

© 2021. All rights reserved.