ဖားကန့် တာမခန်၊ ဆယ်ဇင်း မီးလောင်ပြင်၌ အိမ်ပြန်ဆောက်ခွင့်မပြုဘဲ ကျောက်တူးရန် KIA စီစဉ်နေ

 483

သုတကျော် (NP News) - နိုဝင်ဘာ ၆

လောဘတက်နေသော KIA က ဖားကန့် ရှိ မီးလောင်ပြင်နေရာများတွင် အိမ်ရှင်များကို အိမ်ဆောက်ခွင့်မပြုဘဲ တစ်ဖက်လှည့်ဖြင့် ကျောက်စိမ်းတူးရန်ကြံစည်နေကြောင်း ဖြစ်စဉ်ကို သိရှိသူ သတင်းရင်းမြစ် တစ်ဦးက NP News ကို ပြောသည်။

ဖားကန့်မြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားပြီး နောက် တာမခန်ရွာ၊ ဆယ်ဇင်းရွာ မီးလောင်ပြင်နေရာများ၊ ဖားကန့်မြို့ရှိ ရပ်ကွက် (၃) နှင့် ရပ်ကွက် (၄) မှ မီးလောင်ပြင်နေရာများတွင် မူလအိမ်ပိုင်ရှင်များကို ၎င်းတို့၏ ခြံနေရာများ၌ ခြံခတ်ခွင့်ပြုသော်လည်း အိမ်ပြန်လည် ဆောက်ရန် ခွင့်ပြုခြင်းမရှိသေးကြောင်း ၎င်းက ဆိုသည်။

"အဓိကတော့ဗျာ တချို့ နေရာတွေ၊ တချို့ အိမ်ဝိုင်းပိုင်ရှင်တွေကို မင်းတို့ ကျောက်တူးချင်တဲ့ လုပ်ငန်းပိုင်ရှင်တွေနဲ့ ညှိပြီး ရောင်းပြီး တူးကြပေါ့ကွာပေါ့။ အရင်ကတော့ ကျပ် သိန်း (၂) ထောင်တို့၊ (၃) ထောင်တို့ပေးပြီး တူးကြ တာပေါ့။ တချို့အိမ်ရှင်တွေကတော့ အတူးမခံဘူးပေါ့။ အတူးမခံပေမယ့် ညရောက်တဲ့အခါကျရင် ဝင်ဝင် တူးတာဗျာ။ ဒီနယ်မြေက KIA က ဒါ မလုပ်နဲ့ဆို အီးတောင် ဘယ်သူမှ မပေါက်ရဲဘူးဗျာ ပြောချင်တာ က။ အိမ်ဝိုင်း ပိုင်ရှင်တွေ ခြံခတ်ထားပေမယ့် ညဆို ဝင်ဝင်တူးနေတာကို အိမ်ဝိုင်းပိုင်ရှင်တွေက ခံနေရ တယ်။ တာမခန်မှာရှိတဲ့ အထက အထက်တန်းကျောင်း ကိုလည်း အကုန်လုံး မဖြိုရသေးဘူး တော်တော်များ များတော့ တူးနေတယ်"ဟု အတိအကျ သိရှိသူ အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။

ထိုသို့ တူးဖော်သည့် ကိစ္စတွင် KIA က ဝင်ရောက်မစွက်ဖက်ဟု ဆိုသော်လည်း နောက်ကွယ် မှ တစ်ဖက်လှည့်ဖြင့် ပါဝင်ခြင်းမျိုး ရှိနေကြောင်း ၎င်းက ဆိုသည်။
"ဆိုလိုတာက ကျွန်တော်က မရောင်းချင်ဘူး အဲဒီလောက်ဈေးနဲ့ မရောင်းချင်ဘူး ဆိုရင် အဲဒီကောင်ကို ပုံစံမျိုးစုံနဲ့ခေါ်ပြီး ဖိအားပေး တာပေါ့။ ဘာညာ ဘာညာ ဆိုတာမျိုး။ တစ်ဖက်လှည့်နဲ့ အဲဒီလူကို သွားပြောလိုက်စမ်းဆိုတာမျိုးပေါ့။ တရား ဝင်လားဆိုတော့ တရားမဝင်ဘူး။ ဘေးကလူတွေက ဂရုဏာသက်ပြီး လာပြောတယ်ဆိုတဲ့ ပုံစံမျိုးပေါ့။ ဖားကန့် မှာ KIA က တစ်ခုခုဆို သတ်ပစ်တာမျိုး ဆိုတော့လည်း ကြောက်တယ်လေ" ဟု ၎င်းက ဆိုသည်။

အထက်ပါ မီးလောင်ပြင်နေရာများတွင် အိမ်ပြန်ဆောက်မည် ဆိုပါက ပေ (၄၀)၊ (၆၀) သာ ခြံခတ်ရမည်ဖြစ်ကြောင်း သတင်းထွက်ပေါ်နေသော် လည်း အဆိုပါအချက်ကို သီးသန့်အတည်ပြု နိုင်ခြင်း မရှိသေးပေ။
" ဒီကောင်တွေ အကြောင်းပြချက်က တော့ လေယာဉ်နဲ့ ဗုံးလာကြဲမှာ စိုးလို့ပေါ့။ တကယ် တော့ ဒီကောင်တွေက ကျောက်တူးမှာ။ အရင်ဆုံး တော့ အိမ်ရှင်တွေ သွားညှိလိုက်ဗျာပေါ့။ မြေဝယ်တူး ရပေမယ့် ကျောက်က ကျပ်သိန်းပေါင်း သိန်းပိုင်း၊ သောင်းပိုင်းလေဗျာ တန်တာပေါ့"ဟု ၎င်းက ရှင်းပြ သည်။

လက်ရှိတွင် KIA က ခေါင်းစဉ်မျိုးစုံဖြင့် ငွေရှာနေသော်လည်း ၎င်းတို့က အသေခံခိုင်းပြီး အသုံးချနေသည့် KPDF များကို ထောက်ပံ့မှု အနည်းငယ်သာ ပေးသောကြောင့် တင်းမာမှု ရှိနေ ကြောင်းလည်း သိရသည်။ "ကျွန်တော်နဲ့သိတဲ့ KPDF က ဆိုရင် တော်လှန်ရေး အောင်သွားရင် ဒီကောင်တွေကို ပြန်တိုက်မယ်လို့တောင် ပြောနေတာ" ဟု ၎င်းက ဆိုသည်။

zawgyi version
ဖားကန႔္ တာမခန္၊ ဆယ္ဇင္း မီးေလာင္ျပင္၌ အိမ္ျပန္ေဆာက္ခြင့္မျပဳဘဲ ေက်ာက္တူးရန္ KIA စီစဥ္ေန
သုတေက်ာ္ (NP News) - ႏိုဝင္ဘာ ၆

ေလာဘတက္ေနေသာ KIA က ဖားကန႔္ ရွိ မီးေလာင္ျပင္ေနရာမ်ားတြင္ အိမ္ရွင္မ်ားကို အိမ္ေဆာက္ခြင့္မျပဳဘဲ တစ္ဖက္လွည့္ျဖင့္ ေက်ာက္စိမ္းတူးရန္ႀကံစည္ေနေၾကာင္း ျဖစ္စဥ္ကို သိရွိသူ သတင္းရင္းျမစ္ တစ္ဦးက NP News ကို ေျပာသည္။

ဖားကန႔္ၿမိဳ႕နယ္တြင္ တိုက္ပြဲမ်ား ျဖစ္ပြားၿပီး ေနာက္ တာမခန္႐ြာ၊ ဆယ္ဇင္း႐ြာ မီးေလာင္ျပင္ေနရာမ်ား၊ ဖားကန႔္ၿမိဳ႕ရွိ ရပ္ကြက္ (၃) ႏွင့္ ရပ္ကြက္ (၄) မွ မီးေလာင္ျပင္ေနရာမ်ားတြင္ မူလအိမ္ပိုင္ရွင္မ်ားကို ၎တို႔၏ ၿခံေနရာမ်ား၌ ၿခံခတ္ခြင့္ျပဳေသာ္လည္း အိမ္ျပန္လည္ ေဆာက္ရန္ ခြင့္ျပဳျခင္းမရွိေသးေၾကာင္း ၎က ဆိုသည္။

"အဓိကေတာ့ဗ်ာ တခ်ိဳ႕ ေနရာေတြ၊ တခ်ိဳ႕ အိမ္ဝိုင္းပိုင္ရွင္ေတြကို မင္းတို႔ ေက်ာက္တူးခ်င္တဲ့ လုပ္ငန္းပိုင္ရွင္ေတြနဲ႔ ညႇိၿပီး ေရာင္းၿပီး တူးၾကေပါ့ကြာေပါ့။ အရင္ကေတာ့ က်ပ္ သိန္း (၂) ေထာင္တို႔၊ (၃) ေထာင္တို႔ေပးၿပီး တူးၾက တာေပါ့။ တခ်ိဳ႕အိမ္ရွင္ေတြကေတာ့ အတူးမခံဘူးေပါ့။ အတူးမခံေပမယ့္ ညေရာက္တဲ့အခါက်ရင္ ဝင္ဝင္ တူးတာဗ်ာ။ ဒီနယ္ေျမက KIA က ဒါ မလုပ္နဲ႔ဆို အီးေတာင္ ဘယ္သူမွ မေပါက္ရဲဘူးဗ်ာ ေျပာခ်င္တာ က။ အိမ္ဝိုင္း ပိုင္ရွင္ေတြ ၿခံခတ္ထားေပမယ့္ ညဆို ဝင္ဝင္တူးေနတာကို အိမ္ဝိုင္းပိုင္ရွင္ေတြက ခံေနရ တယ္။ တာမခန္မွာရွိတဲ့ အထက အထက္တန္းေက်ာင္း ကိုလည္း အကုန္လုံး မၿဖိဳရေသးဘူး ေတာ္ေတာ္မ်ား မ်ားေတာ့ တူးေနတယ္"ဟု အတိအက် သိရွိသူ အထက္ပါ သတင္းရင္းျမစ္က ဆိုသည္။

ထိုသို႔ တူးေဖာ္သည့္ ကိစၥတြင္ KIA က ဝင္ေရာက္မစြက္ဖက္ဟု ဆိုေသာ္လည္း ေနာက္ကြယ္ မွ တစ္ဖက္လွည့္ျဖင့္ ပါဝင္ျခင္းမ်ိဳး ရွိေနေၾကာင္း ၎က ဆိုသည္။
"ဆိုလိုတာက ကြၽန္ေတာ္က မေရာင္းခ်င္ဘူး အဲဒီေလာက္ေဈးနဲ႔ မေရာင္းခ်င္ဘူး ဆိုရင္ အဲဒီေကာင္ကို ပုံစံမ်ိဳးစုံနဲ႔ေခၚၿပီး ဖိအားေပး တာေပါ့။ ဘာညာ ဘာညာ ဆိုတာမ်ိဳး။ တစ္ဖက္လွည့္နဲ႔ အဲဒီလူကို သြားေျပာလိုက္စမ္းဆိုတာမ်ိဳးေပါ့။ တရား ဝင္လားဆိုေတာ့ တရားမဝင္ဘူး။ ေဘးကလူေတြက ဂ႐ုဏာသက္ၿပီး လာေျပာတယ္ဆိုတဲ့ ပုံစံမ်ိဳးေပါ့။ ဖားကန႔္ မွာ KIA က တစ္ခုခုဆို သတ္ပစ္တာမ်ိဳး ဆိုေတာ့လည္း ေၾကာက္တယ္ေလ" ဟု ၎က ဆိုသည္။

အထက္ပါ မီးေလာင္ျပင္ေနရာမ်ားတြင္ အိမ္ျပန္ေဆာက္မည္ ဆိုပါက ေပ (၄၀)၊ (၆၀) သာ ၿခံခတ္ရမည္ျဖစ္ေၾကာင္း သတင္းထြက္ေပၚေနေသာ္ လည္း အဆိုပါအခ်က္ကို သီးသန႔္အတည္ျပဳ ႏိုင္ျခင္း မရွိေသးေပ။
" ဒီေကာင္ေတြ အေၾကာင္းျပခ်က္က ေတာ့ ေလယာဥ္နဲ႔ ဗုံးလာႀကဲမွာ စိုးလို႔ေပါ့။ တကယ္ ေတာ့ ဒီေကာင္ေတြက ေက်ာက္တူးမွာ။ အရင္ဆုံး ေတာ့ အိမ္ရွင္ေတြ သြားညႇိလိုက္ဗ်ာေပါ့။ ေျမဝယ္တူး ရေပမယ့္ ေက်ာက္က က်ပ္သိန္းေပါင္း သိန္းပိုင္း၊ ေသာင္းပိုင္းေလဗ်ာ တန္တာေပါ့"ဟု ၎က ရွင္းျပ သည္။

လက္ရွိတြင္ KIA က ေခါင္းစဥ္မ်ိဳးစုံျဖင့္ ေငြရွာေနေသာ္လည္း ၎တို႔က အေသခံခိုင္းၿပီး အသုံးခ်ေနသည့္ KPDF မ်ားကို ေထာက္ပံ့မႈ အနည္းငယ္သာ ေပးေသာေၾကာင့္ တင္းမာမႈ ရွိေန ေၾကာင္းလည္း သိရသည္။ "ကြၽန္ေတာ္နဲ႔သိတဲ့ KPDF က ဆိုရင္ ေတာ္လွန္ေရး ေအာင္သြားရင္ ဒီေကာင္ေတြကို ျပန္တိုက္မယ္လို႔ေတာင္ ေျပာေနတာ" ဟု ၎က ဆိုသည္။

Related news

© 2021. All rights reserved.