အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ကာကွယ်ရေးဝန်ကြီးကို ရာထူးကနေထုတ်ပယ်

 718

Pika (NP News) - နိုဝင်ဘာ ၆

ဟားမတ်စ်လက်နက်ကိုင်အဖွဲ့၊ ဟစ္စဘိုလာလက်နက်ကိုင်အဖွဲ့တို့နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ ရပ်တည်ချက်ကွဲပြားမှုတွေနဲ့ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုဟာ ကာကွယ်ရေးဝန်ကြီး Yoav Gallant ကို ရာထူးကနေ ထုတ်ပယ်ခဲ့တယ်လို့ သိရပါတယ်။

နေတန်ရာဟုဟာ ကာကွယ်ရေးဝန်ကြီးရာထူးအတွက် နိုင်ငံခြားရေးဝန်ကြီး Israel Katz ကို ကမ်းလှမ်းခဲ့ပြီး အစ္စရေးလွှတ်တော်အဖွဲ့ဝင် Gideon Saar ဟာ နိုင်ငံခြားရေးဝန်ကြီးဖြစ်လာနိုင်တယ်လို့ အစ္စရေးမီဒီယာတွေက ရေးသားဖော်ပြထားပါတယ်။ နေတန်ရာဟုက "အစိုးရနဲ့ အစိုးရအဖွဲ့ ဆုံးဖြတ်ချက်တွေကို ဆန့်ကျင်တဲ့ ကြေညာချက်တွေနဲ့ လုပ်ဆောင် ချက်တွေနဲ့အတူ Yoav Gallantနဲ့ ကျွန်တော့်ကြားမှာ ပြင်းထန်တဲ့ကွဲပြားမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။

နေတန်ရာဟုရဲ့အဆိုအရ စစ်ပွဲဖြစ်ပွားနေချိန်အတွင်း အစိုးရအကြီးအကဲနဲ့ ကာကွယ်ရေးဝန်ကြီးကြား အပြည့်အဝယုံကြည်မှုတွေကို လိုအပ်ပေမယ့်လည်း ပြီးခဲ့တဲ့လတွေအတွင်း Yoav Gallant နဲ့၎င်းတို့ကြားမှာရှိတဲ့ ယုံကြည်မှုဟာ ပြိုပျက်သွားခဲ့တယ်လို့သိရပါတယ်။နေတန်ရာဟုက "ဒီကွဲပြားမှုတွေကို ပြောင်းလဲနိုင်ဖို့ ကျွန်တော်ကြိုးစားခဲ့ပေမယ့်လည်း ပိုဆိုးလာခဲ့တာမျိုးပဲရှိပါတယ်။ ဒီကိစ္စရပ်တွေဟာ ပြည်သူတွေဆီကိုလည်း လက်ခံနိုင်စရာမရှိတဲ့အပြုအမူတစ်ခုအနေနဲ့ ရောက်သွားခဲ့ပြီး ကျွန်တော်တို့ရန်သူတွေအတွက် အခွင့်အရေးယူစရာတစ်ခုလိုမျိုးဖြစ်လာခဲ့တာပါ"လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ကာကွယ်ရေးဝန်ကြီး Yoav Gallant ကို ရာထူးကနေ ထုတ်ပယ်ခဲ့တဲ့ နေတန်ရာဟုရဲ့လုပ်ရပ်ကြောင့် အမေရိကန်အစိုးရက အံ့အားသင့်ခဲ့ရတယ်လို့ Axios သတင်းထောက် Barak Ravidက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့လည်း ကာကွယ်ရေးဝန်ကြီး Yoav Gallant ဟာ အစ္စရေးရဲ့ကာ ကွယ်ရေးနဲ့ဆက်နွှယ်တဲ့ ကိစ္စတွေအားလုံးအတွက် အရေးကြီးတဲ့မိတ်ဖက်ဖြစ်တယ်လို့ အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။သို့သော်လည်း အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant ရဲ့ နေရာကို အစားထိုးမှုတွေနဲ့ပတ်သက်ပြီး အမေရိကန်က အစ္စရေးနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ၎င်းကထပ်မံပြောကြားခဲ့ပါတယ်။

zawgyi version
အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ကာကြယ္ေရးဝန္ႀကီးကို ရာထူးကေနထုတ္ပယ္
Pika (NP News) - ႏိုဝင္ဘာ ၆

ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕၊ ဟစၥဘိုလာလက္နက္ကိုင္အဖြဲ႕တို႔နဲ႔ ျဖစ္ပြားေနတဲ့ စစ္ပြဲမွာ ရပ္တည္ခ်က္ကြဲျပားမႈေတြနဲ႔ပတ္သက္ၿပီး အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုဟာ ကာကြယ္ေရးဝန္ႀကီး Yoav Gallant ကို ရာထူးကေန ထုတ္ပယ္ခဲ့တယ္လို႔ သိရပါတယ္။ေနတန္ရာဟုဟာ ကာကြယ္ေရးဝန္ႀကီးရာထူးအတြက္ ႏိုင္ငံျခားေရးဝန္ႀကီး Israel Katz ကို ကမ္းလွမ္းခဲ့ၿပီး အစၥေရးလႊတ္ေတာ္အဖြဲ႕ဝင္ Gideon Saar ဟာ ႏိုင္ငံျခားေရးဝန္ႀကီးျဖစ္လာႏိုင္တယ္လို႔ အစၥေရးမီဒီယာေတြက ေရးသားေဖာ္ျပထားပါတယ္။ ေနတန္ရာဟုက "အစိုးရနဲ႔ အစိုးရအဖြဲ႕ ဆုံးျဖတ္ခ်က္ေတြကို ဆန႔္က်င္တဲ့ ေၾကညာခ်က္ေတြနဲ႔ လုပ္ေဆာင္ ခ်က္ေတြနဲ႔အတူ Yoav Gallantနဲ႔ ကြၽန္ေတာ့္ၾကားမွာ ျပင္းထန္တဲ့ကြဲျပားမႈေတြ ေပၚေပါက္လာခဲ့ပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။

ေနတန္ရာဟုရဲ႕အဆိုအရ စစ္ပြဲျဖစ္ပြားေနခ်ိန္အတြင္း အစိုးရအႀကီးအကဲနဲ႔ ကာကြယ္ေရးဝန္ႀကီးၾကား အျပည့္အဝယုံၾကည္မႈေတြကို လိုအပ္ေပမယ့္လည္း ၿပီးခဲ့တဲ့လေတြအတြင္း Yoav Gallant နဲ႔၎တို႔ၾကားမွာရွိတဲ့ ယုံၾကည္မႈဟာ ၿပိဳပ်က္သြားခဲ့တယ္လို႔သိရပါတယ္။ေနတန္ရာဟုက "ဒီကြဲျပားမႈေတြကို ေျပာင္းလဲႏိုင္ဖို႔ ကြၽန္ေတာ္ႀကိဳးစားခဲ့ေပမယ့္လည္း ပိုဆိုးလာခဲ့တာမ်ိဳးပဲရွိပါတယ္။ ဒီကိစၥရပ္ေတြဟာ ျပည္သူေတြဆီကိုလည္း လက္ခံႏိုင္စရာမရွိတဲ့အျပဳအမူတစ္ခုအေနနဲ႔ ေရာက္သြားခဲ့ၿပီး ကြၽန္ေတာ္တို႔ရန္သူေတြအတြက္ အခြင့္အေရးယူစရာတစ္ခုလိုမ်ိဳးျဖစ္လာခဲ့တာပါ"လို႔ ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ ကာကြယ္ေရးဝန္ႀကီး Yoav Gallant ကို ရာထူးကေန ထုတ္ပယ္ခဲ့တဲ့ ေနတန္ရာဟုရဲ႕လုပ္ရပ္ေၾကာင့္ အေမရိကန္အစိုးရက အံ့အားသင့္ခဲ့ရတယ္လို႔ Axios သတင္းေထာက္ Barak Ravidက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဒါေပမဲ့လည္း ကာကြယ္ေရးဝန္ႀကီး Yoav Gallant ဟာ အစၥေရးရဲ႕ကာ ကြယ္ေရးနဲ႔ဆက္ႏႊယ္တဲ့ ကိစၥေတြအားလုံးအတြက္ အေရးႀကီးတဲ့မိတ္ဖက္ျဖစ္တယ္လို႔ အေမရိကန္အမ်ိဳးသားလုံၿခဳံေရးေကာင္စီေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေျပာၾကားခဲ့ပါတယ္။သို႔ေသာ္လည္း အစၥေရးကာကြယ္ေရးဝန္ႀကီး Yoav Gallant ရဲ႕ ေနရာကို အစားထိုးမႈေတြနဲ႔ပတ္သက္ၿပီး အေမရိကန္က အစၥေရးနဲ႔ပူးေပါင္းေဆာင္႐ြက္သြားမယ္လို႔ ၎ကထပ္မံေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.