အမေရိကန်အစိုးရအသစ်နဲ့ ပြီးပြည့်စုံတဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို တည်ဆောက်သွားမယ်လို့ တောင်ကိုရီးယားအစိုးရပြော

 514

Pika (NP News) - နိုဝင်ဘာ ၆

လာမယ့် အမေရိကန်အစိုးရအသစ်နဲ့ ပြီးပြည့်စုံတဲ့လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို တည်ဆောက်သွားမယ်လို့ တောင်ကိုရီးယားသမ္မတရုံးက နိုဝင်ဘာလ(၆)ရက်မှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် ရုရှားကိုရောက်ရှိနေတဲ့ မြောက်ကိုရီးယားတပ်ဖွဲ့တွေဟာ ယူကရိန်းတပ်ဖွဲ့တွေကို တိုက်ခိုက်ရာမှာ အပြည့်အဝပါဝင်တာမျိုးမရှိသေးဘူးလို့ တောင်ကိုရီးယားသမ္မတရုံးရဲ့ အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။ ပြီးတော့ ယူကရိန်းကို စောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့စေလွှတ်သွားဖို့ တောင်ကိုရီးယားအတွက် လိုအပ်ကြောင်းနဲ့ အဲဒီအဖွဲ့ကို တိကျတဲ့ရည်ရွယ်ချက်အပြင် အချိန်အကန့်အသတ်နဲ့စေလွှတ်ဖို့အတွက် အမျိုးသားလွှတ်တော်ရဲ့ သဘောတူညီချက်ကို မလိုအပ်ဘူးလို့ အမည်မဖော်လိုတဲ့အရာရှိက ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ယူကရိန်းနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲမှာ ရုရှားဘက်ကနေ ပါဝင်တိုက်ခိုက်ပေးဖို့အတွက် ၎င်းရဲ့စစ်သားတွေကို ရုရှားကိုပေးပို့ခဲ့တယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေ ပြီးခဲ့တဲ့လမှာ ထွက်ပေါ်လာခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း မြောက်ကိုရီးယားအစိုးရဟာ အနောက်အုပ်စုရဲ့ စွပ်စွဲပြောဆိုချက်တွေနဲ့ပတ်သက်ပြီး ငြင်းဆိုတာမျိုး ဒါမှမဟုတ် အတည်ပြုခဲ့တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။ ဒါ့ပြင် ပြီးခဲ့တဲ့သီတင်းပတ်မှာ မြောက်ကိုရီးယားအစိုးရဟာ လောင်စာဆီအခဲသုံးတိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် Hwasong-19 ကို စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့လည်း သိရပါတယ်။

မြောက်ကိုရီးယားရဲ့တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ တောင်ကိုရီးယား၊ အမေရိကန် နဲ့ ဂျပန်တို့ဟာ ကြီးမားတဲ့ဗုံးကြဲလေယာဉ်တစ်စင်း ပါဝင်တဲ့ ပူးတွဲလေကြောင်းစစ်ရေးလေ့ကျင့်မှုတွေကို ပြီးခဲ့တဲ့နိုဝင်ဘာလ(၃)ရက်မှာ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ ပြီးတော့ အမေရိကန်သမ္မတရွေးကောက်ပွဲ မစတင်ခင် နာရီပိုင်းအလို နိုဝင်ဘာလ(၅)ရက် အစောပိုင်းမှာ မြောက်ကိုရီးယားဟာ တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့လည်း သိရပါတယ်။

zawgyi version
အေမရိကန္အစိုးရအသစ္နဲ႔ ၿပီးျပည့္စုံတဲ့ လုံၿခဳံေရးပူးေပါင္းေဆာင္႐ြက္မႈကို တည္ေဆာက္သြားမယ္လို႔ ေတာင္ကိုရီးယားအစိုးရေျပာ
Pika (NP News) - ႏိုဝင္ဘာ ၆

လာမယ့္ အေမရိကန္အစိုးရအသစ္နဲ႔ ၿပီးျပည့္စုံတဲ့လုံၿခဳံေရး ပူးေပါင္းေဆာင္႐ြက္မႈကို တည္ေဆာက္သြားမယ္လို႔ ေတာင္ကိုရီးယားသမၼတ႐ုံးက ႏိုဝင္ဘာလ(၆)ရက္မွာ ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။

ဒါ့ျပင္ ႐ုရွားကိုေရာက္ရွိေနတဲ့ ေျမာက္ကိုရီးယားတပ္ဖြဲ႕ေတြဟာ ယူကရိန္းတပ္ဖြဲ႕ေတြကို တိုက္ခိုက္ရာမွာ အျပည့္အဝပါဝင္တာမ်ိဳးမရွိေသးဘူးလို႔ ေတာင္ကိုရီးယားသမၼတ႐ုံးရဲ႕ အဆင့္ျမင့္အရာရွိတစ္ဦးက ေျပာၾကားခဲ့ပါတယ္။ ၿပီးေတာ့ ယူကရိန္းကို ေစာင့္ၾကည့္ေရးအဖြဲ႕တစ္ဖြဲ႕ေစလႊတ္သြားဖို႔ ေတာင္ကိုရီးယားအတြက္ လိုအပ္ေၾကာင္းနဲ႔ အဲဒီအဖြဲ႕ကို တိက်တဲ့ရည္႐ြယ္ခ်က္အျပင္ အခ်ိန္အကန႔္အသတ္နဲ႔ေစလႊတ္ဖို႔အတြက္ အမ်ိဳးသားလႊတ္ေတာ္ရဲ႕ သေဘာတူညီခ်က္ကို မလိုအပ္ဘူးလို႔ အမည္မေဖာ္လိုတဲ့အရာရွိက ေျပာၾကားခဲ့ပါတယ္။

ေျမာက္ကိုရီးယားဟာ ယူကရိန္းနဲ႔ျဖစ္ပြားေနတဲ့စစ္ပြဲမွာ ႐ုရွားဘက္ကေန ပါဝင္တိုက္ခိုက္ေပးဖို႔အတြက္ ၎ရဲ႕စစ္သားေတြကို ႐ုရွားကိုေပးပို႔ခဲ့တယ္ဆိုတဲ့ စြပ္စြဲေျပာဆိုခ်က္ေတြ ၿပီးခဲ့တဲ့လမွာ ထြက္ေပၚလာခဲ့တယ္လို႔ သိရပါတယ္။ ဒါေပမဲ့လည္း ေျမာက္ကိုရီးယားအစိုးရဟာ အေနာက္အုပ္စုရဲ႕ စြပ္စြဲေျပာဆိုခ်က္ေတြနဲ႔ပတ္သက္ၿပီး ျငင္းဆိုတာမ်ိဳး ဒါမွမဟုတ္ အတည္ျပဳခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။ ဒါ့ျပင္ ၿပီးခဲ့တဲ့သီတင္းပတ္မွာ ေျမာက္ကိုရီးယားအစိုးရဟာ ေလာင္စာဆီအခဲသုံးတိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္ Hwasong-19 ကို စမ္းသပ္ပစ္လႊတ္ခဲ့တယ္လို႔လည္း သိရပါတယ္။

ေျမာက္ကိုရီးယားရဲ႕တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္စမ္းသပ္ပစ္လႊတ္မႈကို လက္တုံ႔ျပန္တဲ့အေနနဲ႔ ေတာင္ကိုရီးယား၊ အေမရိကန္ နဲ႔ ဂ်ပန္တို႔ဟာ ႀကီးမားတဲ့ဗုံးႀကဲေလယာဥ္တစ္စင္း ပါဝင္တဲ့ ပူးတြဲေလေၾကာင္းစစ္ေရးေလ့က်င့္မႈေတြကို ၿပီးခဲ့တဲ့ႏိုဝင္ဘာလ(၃)ရက္မွာ လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။ ၿပီးေတာ့ အေမရိကန္သမၼတေ႐ြးေကာက္ပြဲ မစတင္ခင္ နာရီပိုင္းအလို ႏိုဝင္ဘာလ(၅)ရက္ အေစာပိုင္းမွာ ေျမာက္ကိုရီးယားဟာ တာတိုပစ္ပဲ့ထိန္းဒုံးက်ည္ေတြကို စမ္းသပ္ပစ္လႊတ္ခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.