ယွမ်ထိုက်ယွမ် (သို့မဟုတ်) မြန်မာ့မြေ၌ တရုတ်ကို ထောက်လှမ်းသည့် ထိုင်ဝမ်ထောက်လှမ်းရေး ဒုတိယဗိုလ်မှူးကြီး

 9112

မျိုးမင်း(မကျည်းလဟာ) (NP News) - နိုဝင်ဘာ ၆

(၂၀ဝဝ)ပြည့်နှစ်ဝန်းကျင်ကာလများအတွင်း ဖြစ်၏။ ရန်ကုန်မြို့ရှိ ညောင်ပင်လေးဈေးတွင် ဆိုင်ခန်းဖွင့်၍ စားသုံးဆီအရောင်းအဝယ်လုပ်သူ တရုတ် အမျိုးသားတစ်ဦးကို ရန်ကုန်လူမိုက်တစ်စုက ပြန်ပေးဆွဲခြင်း ဖြစ်ပွားခဲ့သည်။ ထိုအချိန်က ဗိုလ်ချုပ်ကြီး ခင် ညွန့်၏ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များ လက်စောင်း ထက်နေစဉ်ကာလလည်း ဖြစ်သည်။ ထို့ပြင် ဗိုလ်ချုပ် မှူးကြီး သန်းရွှေအပါအဝင် တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များနှင့် ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့ ကိုယ် တိုင်က တရုတ်အပါအဝင် မြန်မာပြည်ရှိ နိုင်ငံခြားသား များကို အထူးသတိထားစောင့်ကြည့်နေချိန်လည်း ဖြစ်၏။ ထိုကဲ့သို့ကာလမျိုး၌ တရုတ်အမျိုးသားလုပ် ငန်းရှင်တစ်ဦးကို ရန်ကုန်အခြေစိုက်လူမိုက်တစ်စုက ပြန်ပေးဆွဲမှုသည် နိုင်ငံတော်အဆင့် အရေးကြီးကိစ္စ ဖြစ်လာခဲ့သည်။ သတင်းရသည်နှင့် ထောက်လှမ်းရေး အထူးတပ်ဖွဲ့ဝင်ငါးဦးခန့် သီးခြားဖွဲ့စည်း၍ စုံစမ်းမှု များ စတင်လုပ်ဆောင်ခဲ့၏။ "ရပ်ကွက်ထဲက အိမ်တစ် အိမ်က ထူးခြားနေတယ်။ လူအဝင်အထွက်နည်းနေသလို လူစိမ်းတွေလိုမျိုး ကြည့်တဲ့အကြည့်တွေက အ ဆင်မပြေဘူး။ နောက်တော့ အဲဒီအိမ်ထဲမှာ ပြန်ပေး သမားတွေရှိတာ သိလိုက်ရတယ်။ ထောက်လှမ်းရေး တပ်ဖွဲ့ကလာဖမ်းတယ်လို့ သိလိုက်ရတာ။ ကြာခဲ့ပြီ ပေါ့ "ဟု သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏမြို့သစ်ရှိ ရပ် ကွက်နေအမျိုးသားကြီးတစ်ဦးက ပြောပြသည်။ တရုတ် ဆီကုန်သည်ကြီးကို သုဝဏ္ဏရှိ အိမ်ရာတစ်ခု အတွင်းမှ လုံးချင်းအိမ်တစ်လုံးတွင် ပြန်ပေးသမားများ က ထိန်းသိမ်းထားခြင်းဖြစ်၍ အိမ်၏အခန်းတစ် ခန်းကို နံရံများဖြိုဖျက်၍ ထောင်သဖွယ် သံတိုင်များ တပ်ဆင်ကာ သံတိုင်များ၏နောက်တွင် တရုတ်ဆီကုန် သည်ကို ဖမ်းဆီးထားခြင်းမျိုးဖြစ်သည်။ ပြန်ပေးငွေ ရရှိရေးအတွက်လည်း သိုသိုသိပ်သိပ်လုပ်ဆောင်ခဲ့ ပုံရသည်။ သို့သော် ကံဆိုးသွားသည်မှာ ထိုစဉ်က ထောက် လှမ်းရေးသည် အချဉ်မဟုတ်။ ထူးခြားနေ သော ရပ်ကွက်အတွင်းမှသတင်းကိုရရှိပြီးနောက် ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်း ရှာဖွေရာတွင် ပြန်ပေးဆွဲသူများကို ဆီကုန်သည် တရုတ်ကြီးနှင့်အတူ ဖမ်းဆီးနိုင်ခဲ့သည်။

ပြန်ပေးဆွဲသူ လူမိုက်တစ်စုကို ထောင်ချလိုက်၏။ ဆီကုန်သည် တရုတ်ကြီးကိုမူ နိုင်ငံသားဖြစ်မဖြစ် စိစစ်ခြင်းများ လုပ်ဆောင်ရတော့သည်။ အမိန့်သည် အထက်မှလာ ၏။ အထက်တွင် နောက်ထပ် အထက်မရှိတော့သော နေရာမှလာသည့်အမိန့်ဖြစ်နေသည်။ ဆီကုန်သည် တရုတ်ကြီးသည်ကား မြန်မာနိုင်ငံအတွင်းရှိ ၎င်း၏မွေးရပ်မြေကို မှန်ကန်စွာဖြေနိုင်ခြင်းမရှိ၊ ၎င်း၏ ဘိုး ဘွားဇာတိရင်းမြစ်ကို ဖြေနိုင်ခြင်းမရှိသည့်အပြင် မြန် မာနိုင်ငံ၏ နိုင်ငံတော်သီချင်းကိုပင်လျှင် ဖြောင့်ဖြောင့် ဆိုနိုင်ခြင်းမရှိပေ။ မြန်မာစကားကို ပြောတတ်သည်ဟု ဆိုသော်လည်း လုံးစေ့ပတ်စေ့ ကျွမ်းကျင်လှသည် လည်းမဟုတ်။ နောက်ဆုံးတွင် ထိုတရုတ်ကြီးက အမှန်အတိုင်း ဝန်ခံရတော့သည်။ "ထိုင်ဝမ်ထောက် လှမ်းရေးက ဒုတိယ ဗိုလ်မှူးကြီး ယွမ်ထိုက်ယွမ်ပါ"ဟု တရုတ်ကြီး၏ဖြေကြားချက်သည် ထိုစဉ်က စစ်ဆေးရေးအရာရှိများအတွက် ခေါင်းနားပန်းကြီးစေ သည်။ ထိုအမှုသည် နိုင်ငံတော်အဆင့်ဖြစ်လာခဲ့ သည့်အပြင် အထူးလျှို့ဝှက်ရမည့်ကိစ္စဖြစ်သွားသည်။ တစ်နည်းအားဖြင့် X File ဖြစ်သွား၏။ "မြန်မာပြည် ကို စိတ်မဝင်စားပါဘူး။ တရုတ်နိုင်ငံကို ထောက်လှမ်း ဖို့အတွက် မြန်မာပြည်မှာ ပြည်ကြီးတရုတ်သဖွယ် အသွင်ယူထားတာပါ"ဟု တရုတ်ကြီးပြောခဲ့သောစကား သည် ပို၍ခေါင်းခဲစရာဖြစ်လာသည်။ စစ်ဆေးရေး အဖွဲ့များက အထက်သို့သတင်းပို့သည်။ ထို့နောက်တွင် အဆိုပါတရုတ်ကြီးသည်လည်း လွတ်လပ်စွာ ဆက်လက်နေထိုင်ခွင့်ရသွားသည့်အပြင် အခြားသော တာဝန်များကိုပါ ဆင့်ကဲထမ်းဆောင်ရင်းမှ ကာလ တစ်ခုရောက်သည့်အချိန်တွင် ထိုင်ဝမ်သို့ အေးချမ်း စွာပြန်သွားခွင့်ရခဲ့လေ၏။ ထိုင်ဝမ်သို့မပြန်မီ ကြားကာလနှစ်အတိုင်းအတာတစ်ခုအတွင်း၌ ထိုတရုတ်ကြီး က အထက်ကလာသောအမိန့်အတိုင်း မြန်မာပြည် အတွက် အကျိုးရှိသည့်သတင်းအချက်အလက်များ ကိုပေးအပ်ခဲ့ဖူးသည်ဟု ဆိုနိုင်သည်။ ခေတ်ကာလ သည်ကား ရွေ့လျားခဲ့၏။ ထိုဖြစ်ရပ်သည် နှစ်ပေါင်း (၂၀)ကျော်ခဲ့လေပြီ။ စဉ်းစားစရာများလည်းပေး၏။ ယနေ့ခေတ်နှင့်ယှဉ်လျှင် အတွေးများစွာ ပွားစေ သည်။

"ထောက်လှမ်းရေးအရမ်းကောင်းတဲ့ခေတ် တုန်းကတောင် ထိုင်ဝမ်ထောက်လှမ်းရေးတွေ၊ အမေ ရိကန် CIA တွေ အဲဒီလိုမျိုး စိမ့်ဝင်နေရင် အခုခေတ် မျိုးကတော့ တွေးတောင် မတွေးရဲစရာပဲ"ဟု ထောက် လှမ်းရေးအရာရှိဟောင်းတစ်ဦးက မှတ်ချက်ပြုသည်။ ယွမ်ထိုက်ယွမ် ဖြစ်စဉ်ကို ထောက်လှမ်းရေးလောက သားတိုင်း သေချာမသိခဲ့သကဲ့သို့ ၎င်းကိုယ်တိုင်လည်း သတင်းသဲ့သဲ့သာ ကြားခဲ့ဖူးသည်ဟုဝန်ခံသည်။ X File ဟုခေါ်ဆိုနိုင်သော ထိုဖြစ်စဉ် အမှန်တကယ်ဖြစ် ခဲ့ကြောင်းကိုလည်း ဗိုလ်ချုပ်ကြီး ခင်ညွန့်၊ ဗိုလ်ချုပ်မှူး ကြီး သန်းရွှေတို့ သက်ရှိထင်ရှားရှိနေသေးသည့်အ တွက် သက်သေအတည်ပြုလိုသူများရှိနေပါက သွား ရောက်အတည်ပြုကြည့်နိုင်သည်။ ယွမ်ထိုက်ယွမ်သည် ထိုင်ဝမ်အထူးထောက် လှမ်းရေးအဖြစ် မြန်မာ ပြည်တွင်း၌ နှစ်ပေါင်းများစွာနေထိုင်ခဲ့ပြီး လားရှိုး၊ လောက်ကိုင်၊ ပန်ဆန်း၊ မိုင်းလား၊ မူဆယ် အစရှိသော တရုတ်နယ်စပ်မြို့များမှ သတင်းရင်းမြစ်များစွာ၊ ထိုင် ဝမ်ထောက်လှမ်းရေးကွန်ရက်များစွာနှင့် ချိတ်ဆက် လှုပ်ရှားခဲ့ပုံရ၏။ UWSA အတွင်း၌လည်းကောင်း၊ MNDAA ကိုးကန့်တပ်ဖွဲ့များအတွင်း၌ လည်း ကောင်း၊ NDAA မိုင်းလား တပ်ဖွဲ့အတွင်း၌လည်း ကောင်း အတွင်းသူလျှိုများ စိမ့်ဝင်စေခဲ့ပြီးပြီဟု တွက်ဆချင်မိသည်။ တရုတ်အစိုးရတာဝန်ရှိသူများနှင့် အနီးကပ်ဆုံးနေထိုင်၍ ထိုင်ဝမ်၏အနာဂတ်အတွက် အရေးကြီးသတင်းများကို စုစည်းလိုပုံရသည်။ ထိုင်ဝမ်ထောက်လှမ်းရေး၏နောက် တွင် အမေရိကန် CIA အုပ်စုက လိုအပ်သောကူညီမှုများလုပ်မည်မှာ သေချာသည်။ အမေရိကန်သည် တရုတ်ကို ထိန်းချုပ် ရန်အတွက် ထိုင်ဝမ်ကိုအသုံးချသကဲ့သို့ ထိုင်ဝမ်သည် လည်း တရုတ်ပြည်မကြီး၏ ရန်ပြုမှု သို့မဟုတ် ပြန်လည်ပေါင်းစည်းရန်ကြိုးပမ်းမှုကို အမေရိကန်နှင့် ပူးပေါင်းကာကွယ်ရန် ကြိုးစားရမည်မှာ အမှန်ပင်။UWSA (ဝ) တပ်ဖွဲ့၏ သမိုင်းသည် ထိုင်ဝမ် ကူမင် တန်အုပ်စုနှင့် ကင်းလှသည် မဟုတ်ပေ။ အလားတူNDAA မိုင်းလား၊ MNDAA ကိုးကန့်တို့သည်လည်း ကူမင်တန် အဆက်အနွယ်များ ဖြစ်နေသည်။ တရုတ် စကားပြောတတ်သော်လည်း တရုတ်ပြည်မကြီးအပေါ် ၎င်းတို့၏ထားရှိမည့်သဘောထားသည် ထိုင်ဝမ်အ ပေါ်ထားရှိသည့်သဘောထားနှင့်ယှဉ်လျှင် တူညီနေ လိမ့်မည်မဟုတ်ပေ။ "တစ်ခုသိတာတော့ရှိတယ်။ ရန် ကုန်-မန္တလေးက သက်သတ်လွတ်ဘုံကျောင်းအများ စုက ထိုင်ဝမ်အနွယ်တွေချည်းပဲ။ ကျွန်တော်တို့ခေတ် က အထူးစောင့်ကြည့်ရတဲ့နေရာတွေချည်းပဲဗျ"ဟု ထောက်လှမ်းရေးအရာရှိဟောင်းတစ်ဦးက ဖွင့်ဟ သည်။ ရန်ကုန် ပြည်လမ်းမပေါ်ရှိ တရုတ်ဘုံကျောင်း တစ်ခုသည် ထိုင်ဝမ်အနွယ်များဖြစ်ပြီး ထိုခေတ်အခါ က ကျောင်းထိုင်ဆရာတော်သည် ရှမ်းပြည်နယ် မြောက်ပိုင်းသို့ မကြာခဏ ခရီးထွက်လေ့ရှိသည်ဟု ၎င်းက ဆိုသည်။ တရုတ်ဘုန်းကြီး၏ ရှမ်းမြောက်ခရီး စဉ်များသည် တရုတ်ကိုထောက်လှမ်းရန်အတွက် သွားရောက်ခြင်းမဟုတ်ဟု မည်သူမှ ငြင်းနိုင်မဟုတ် ပေ။ လားရှိုးအပါအဝင် တရုတ်နယ်စပ်မြို့များတွင် တရုတ်စကားပြောသော ထိုင်ဝမ်တရုတ်များက ယူနန် နယ်စပ်တရုတ်များနှင့်ရော၍ နေရာယူပြီးဖြစ်နေမည် ဟု ခန့်မှန်းချင်စရာရှိသည်။ မြန်မာပြည်သူလူထုသည် ကား တရုတ်စကားပြောသူများကို ထိုင်ဝမ်တရုတ်နှင့် ပြည်မတရုတ်ဟူ၍ ခွဲခြားနိုင်မည်မဟုတ်ဘဲ တရုတ် များဟုသာသတ်မှတ်၍ ဆက်ဆံစကားပြောမည်ဖြစ် ၏။ နှစ်ပေါင်း(၂၀)ကျော်ကြာပြီးသည့်နောက်တွင် ထိုင်ဝမ်တရုတ်၊ ပြည်ကြီးတရုတ်ဟူ၍ မြန်မာတို့က သတ်မှတ်နိုင်မည်မဟုတ်တော့ဘဲ အသားဖြူဖြူ တရုတ်စကားပြောသူများလုပ်သမျှ အမှန်အမှားအား လုံးကို တရုတ်များက လုပ်သည်ဟုသာ ယုံကြည်ကြ မည်ဖြစ်သည်။

မြန်မာတို့ လက်ခံနိုင်သည့်အလုပ်ကို လုပ်ပါက မည်သို့မျှပြောစရာမရှိသော်လည်း တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံအကြား အစိုးရ ချင်းဖြစ်စေ၊ ပြည်သူလူထုချင်းဖြစ်စေ စိတ်ဝမ်းကွဲစေ ရန် ရည်ရွယ်လုပ်ဆောင်ပါက စိုးရိမ်ဖွယ်ရာပင်။ ထိုင် ဝမ်တရုတ်တို့က မြန်မာနှင့်တရုတ်နိုင်ငံတို့အကြား အထင်အမြင်လွဲမှား ရန်လိုမှုများဖြစ်စေရန် အမေရိ ကန်တို့၏အလိုကျ မလုပ်ဟုမပြောနိုင်။ အမေရိကန် တို့သည် မြန်မာနှင့်တရုတ်တို့ကြား ခွဲထုတ်မရသည် အထိ ရင်းနှီးချစ်ကြည်မှု ခိုင်မာအားကောင်းမည်ကို လိုလားမည်မထင်ပေ။ ထို့အတွက် တရုတ်စကားပြော သော ထိုင်ဝမ်ထောက်လှမ်းရေးများကို တရုတ်နယ်စပ် ရှမ်းမြောက်သို့ပို့ထားလိမ့်မည်ဟုယူဆလျှင် ရနိုင် သည်။ တရုတ်နယ်စပ်တွင်လည်း သာမန်ပုံစံအတိုင်း နေထိုင်၍ မရပေ။ တရုတ်နယ်စပ်မှ လက်နက်ကိုင်များ အတွင်း၌ စိမ့်ဝင်နေဖွယ်ရှိသည်ဟု ကောက်ချက်ချချင်သည်။ ထိုသူများက တရုတ်တို့နှင့် ရင်းနှီးချစ်ကြည်မှုကို ပြသမည်ဖြစ်သော်လည်း တရုတ်၏ စေတနာ လမ်းòန်စကားများကို လုံးဝဥဿုံနားထောင်လိမ့်မည် ဟု မှတ်ယူ၍မရနိုင်ပေ။ လွန်ခဲ့သောရက်ပိုင်းအတွင်း က UWSA နှင့်ဆွေးနွေးခဲ့သော တရုတ်တို့သဘောထားများ ပေါက်ကြားလာသည်။ ထိုပေါက်ကြားမှု သည် အများပြည်သူသိရှိစေရန် ရည်ရွယ်ချက်ရှိရှိ ပေါက်ကြားစေခဲ့ခြင်းဖြစ်သည်ဟု တပ်အပ်ဆိုနိုင် သည်။ (၂၀၂၄) ခုနှစ် ဩဂုတ်လ(၂၇)ရက်က တရုတ် နိုင်ငံ ဖူအယ်မြို့ ဟွေ့ကျွမ်းဟိုတယ်၌ မစ္စတာ တိန့် ရှီကျွမ်းဦးဆောင်သော တရုတ်ကိုယ်စားလှယ်များနှင့် ကျောက်ကော်အန်း၊ ပေါက်အိုက်ခန်းတို့ ဦးဆောင် သော UWSA (ဝ) တပ်ဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့မှုတွင် စိတ်ဝင်စားဖွယ်ရာများပါဝင်လာ၏။ အမေရိကန် ကျောထောက်နောက်ခံ NUG-PDF တို့နှင့် တိတ် တဆိတ်ဆက်သွယ်ခဲ့ခြင်းကို ကိုးကန့် MNDAA က လည်းဖုံးကွယ်ထားခဲ့သကဲ့သို့UWSA(ဝ) တပ်ဖွဲ့ကလည်း တရုတ်အစိုးရထံ အသိပေးရန် ပျက်ကွက်ခဲ့ သည်။ ထိုပျက်ကွက်ချက်နှင့်ဖုံးကွယ်မှုကို မစ္စတာ တိန့်ရှီကျွမ်းကိုယ်တိုင် ထုတ်မေးရသည်အထိပင်ဖြစ် ၏။ " မြန်မာ့တပ်မတော်ဟာ တိုင်းပြည်ကို တည်ထောင်ခဲ့တဲ့အဖွဲ့အစည်းဖြစ်တယ်။ မြန်မာ့နိုင်ငံရေး အခင်းအကျင်း တည်ဆောက်ပုံထဲမှာ အရေးကြီးဆုံး အင်အားစုဖြစ်တယ်။NLD က ဒေါ်အောင်ဆန်းစု ကြည်သော်လည်းကောင်း၊ NUGသော်လည်းကောင်း မြန်မာနိုင်ငံရဲ့နိုင်ငံရေးအတွက် တပ်မတော်နေရာကို အစားထိုးလို့မရနိုင်ဘူး"ဟု တိန့်ရှီကျွမ်းက ပြောခဲ့ သည်။ တရုတ်-မြန်မာဆက်ဆံရေး ပျက်ပြားစေရန်နှင့် မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် မြောက်ပိုင်းလက်နက်ကိုင်များက စတင်လုပ်ဆောင်ခဲ့ သည်ဟုပြောသည်။ ထိုအရေးတွင် အမေရိကန်နှင့် အနောက်အုပ်စုများက ကြားဝင်နှောင့်ယှက်ခွင့်ရသွား ခဲ့ပြီး မြန်မာနိုင်ငံ ပရမ်းပတာဖြစ်သွားစေနိုင်သည်ဟု တိန့်ရှီကျွမ်းက ဆိုသည်။

"ကိုးကန့်နဲ့ မဟာမိတ်အဖွဲ့ တွေက တစ်စထက်တစ်စ အတင့်ရဲလာပြီးတော့ NUG-PDF အစရှိတဲ့ အနောက်အုပ်စုတွေထူ ထောင်ပေးထားတဲ့အင်အားစုတွေကို ကူညီနေတယ်။ MNDAA က တရုတ်နိုင်ငံကို မီးစတစ်ဖက် ရေမှုတ် တစ်ဖက်လုပ်နေတယ်။ PDF တွေနဲ့ တိတ်တဆိတ် ပူးပေါင်းတယ်။ မန္တလေးနဲ့ပြင်ဦးလွင်ကို သိမ်းဖို့ပြင် တယ်။ တရုတ်တွေကိုကယ်မယ်ဆိုတဲ့ အလိမ်အညာ သတင်းတွေဖြန့်ပြီး တရုတ်နိုင်ငံရဲ့ပေါ်လစီအတိုင်း လုပ်နေသလိုမျိုး လူထုကို ဇဝေဇဝါဖြစ်အောင် လုပ် တယ်။ တရုတ်နဲ့မြန်မာရဲ့ ကောင်းမွန်တဲ့ မိတ်ဆွေ ဆက်ဆံရေးကိုပါ ပျက်စီးအောင်လုပ်နေတယ်"ဟု တိန့်ရှီကျွမ်းက ပြောခဲ့သည်။ ထိုပြောကြားချက်များ အရ CIA နောက်ခံ ထိုင်ဝမ်ထောက်လှမ်းရေးများ သို့မဟုတ် တရုတ်စကားပြောသော ထိုင်ဝမ်တရုတ်များ ၏ တရုတ်နယ်စပ်လက်နက်ကိုင်များထံ ထိုးဖောက်ဝင် ရောက်နေရာယူထားမှုကို တရုတ်အစိုးရကိုယ်တိုင် သိရှိခဲ့ပြီဟု နားလည်ချင်သည်။ တင်းမာသောသဘော ထားအဖြစ် မစ္စတာတိန့်ရှီကျွမ်း ပြောခဲ့သည်မှာ " PDF နဲ့ ကရင် အစရှိတဲ့ မြန်မာနိုင်ငံတောင်ပိုင်းက လက် နက်ကိုင်အဖွဲ့တွေဆီ လက်နက်ရောင်းချတာတွေ ချက်ချင်းရပ်ဆိုင်းပါ။ (ဝ) ပြည်က လက်နက်ခဲယမ်းတွေ ဆက်လက်ရောင်းချနေမယ်ဆိုရင် မီးလောင်ရာ လေပင့်သလိုဖြစ်နေတဲ့ မင်းတို့ရဲ့အနေအထားကို မင်းတို့အပါအဝင် အဖွဲ့တွေအားလုံးသိအောင် ပြောပြ ရမယ်"ဟူ၍ပင်။ MNDAA ခေါင်းဆောင် ဖုန်တာရွှင့် ကိုယ်တိုင်ကလည်း NUG ဘက်ကပေးသော မြန်မာ နိုင်ငံ၏ဒုတိယသမ္မတ အိပ်မက်ဖြင့် မိုးမမြင်လေမမြင် ဖြစ်နေကြောင်း တိန့်ရှီကျွမ်းကပြောသည်။ တိန့် ရှီကျွမ်း၏စကားများသည် တရုတ်နိုင်ငံ၏ မူဝါဒများ ဖြစ်နေပြီး တရုတ်နိုင်ငံအတွက်လည်း ရှမ်းမြောက် မြန်မာအရေးက ခေါင်းခဲစရာများ ဖြစ်နေသည်ဟု ယူ ဆနိုင်သည်။ တစ်နည်းအားဖြင့် ၎င်းတို့ ယုံကြည်စွာ ပေါင်း၍ မြေတောင်မြှောက်ပေးခဲ့သော နယ်စပ်မှ လက်နက်ကိုင်များအတွင်း၌ တရုတ်နိုင်ငံကို အတွင်း ကြိတ်ပုန်ကန်ချင်သူများ ရှိနေသည်ဟု တွေးမိလာခြင်း လည်းဖြစ်၏။ ဖြစ်လည်းဖြစ်နိုင်သည်။ တရုတ်နယ်စပ် မှလက်နက်ကိုင်များပါဝင်သော FPNCC အဖွဲ့ဝင် (၇)ဖွဲ့လုံးသည် တရုတ်ကြောင့် လူလားမြောက်လာခဲ့ သော်လည်း အရွယ်ရောက်ပြီအထင်ဖြင့် တရုတ်၏စကားကို နားထောင်ခြင်းနည်းပါးလာသည်။ " တရုတ် က သတင်းရတယ်။ NUG ကစတင်ပြီးတော့ (ဝ) ပြည်သွေးစည်ညီညွတ်ရေးပါတီ၊ ကိုးကန့် ဖုန်မိသားစု၊ KIA ၊ ABSDF တို့ကို ဆက်သွယ်တယ်။ အားလုံးဆုံပြီး ပြင်ဦးလွင်ကိုတိုက်ဖို့ ညှိနှိုင်းတယ်။ မန္တလေးကို တိုက်မယ်။ (၃)လကြာမယ်။ နှစ်ကြိမ်ခွဲတိုက်မယ်။ ပထမတစ်ကြိမ်က အင်အား(၃၅၀)နဲ့။ အဲဒီအထဲမှာ PDF က (၂၃၅)ဦး၊ MNDAA က (၇၀)၊ (ဝ) ပြည် က(၄၅) ဦး" ဟု တိန့်ရှီကျွမ်းကပြောသည်။ ထိုစကား ကို UWSA ကျောက်ကော်အန်းက အသည်းအသန် ငြင်းခဲ့၏။ ဒုတိယအကြိမ်တွင် အင်အား(၁၃၀၅)ဦး အထိသုံးမည်ဟု တရုတ်ဘက်ကလည်းထပ်ပြောသည်။ မည်သို့ပင်ဖြစ်စေ တရုတ်ဘက်က ရှမ်းမြောက်အရေး ကို နားလည်သွားခဲ့သည့်အရာများစွာရှိပုံရ၏။ မြန်မာ ပြည်တွင်း၌ တရုတ်ထောက်လှမ်းရေးများပင် ခြေချင်း လိမ်နေသည်မဟုတ်။ ရုရှား KGB ၊ အိန္ဒိယ Raw ၊ အမေရိကန် CIA ၊ ဗြိတိန် MI6 အပါအဝင် တရုတ် စကားပြောသော ထိုင်ဝမ်တရုတ်များလည်း ခြေချင်း လိမ်နေသည်။ ထိုအချက်ကို တရုတ်တို့ သေချာပေါက် သိ၏။ ထိုင်ဝမ်ထောက်လှမ်းရေးများနောက်တွင် အမေရိကန် CIA ရှိနေသည်ကိုလည်း တရုတ်တို့သိ မည်မှာသေချာသည်။ သို့ဆိုလျှင် ဒုတိယဗိုလ်မှူးကြီး ယွမ်ထိုက်ယွမ်ကဲ့သို့သော ထိုင်ဝမ်ထောက် လှမ်းရေး များ၏ အသွင်ယူစိမ့်ဝင်ထားမှုကို တရုတ်တို့ သိနိုင်ပါ မည်လော။ တစ်နည်းအားဖြင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့အပြင် တရုတ်နယ်စပ်မှ UWSA ၊ မိုင်းလား၊ ကိုးကန့်လက်နက်ကိုင်များ၏ထိပ်ပိုင်းအ တွင်းစည်းများထဲသို့ ထိုင်ဝမ်ထောက်လှမ်းရေးများက စိမ့်ဝင် မဝင်ကို တရုတ်တို့ သတိထားမိပါမည်လော။ ယွမ်ထိုက်ယွမ်ပေါင်းများစွာက တရုတ်နယ်စပ်တွင် အသွင်ယူထားခြင်းမရှိဟု မဆိုနိုင်ပေ။ အမေရိကန်နှင့် ထိုင်ဝမ်တို့သည် မြန်မာနိုင်ငံကို စိတ်မဝင်စားပေ။ CIA နှင့် ထိုင်ဝမ်ထောက်လှမ်းရေးတို့၏ အသွင်ယူစိမ့်ဝင် သတင်းရယူမှုအားလုံးသည် တရုတ်နိုင်ငံ၏ အကျိုးစီး ပွားဆုတ်ယုတ်ရေးအတွက်သာဖြစ်ပြီး ထိုအချက်ကို တရုတ်တို့သတိပေါ့လျော့၍ မြန်မာအစိုးရနှင့် တစ် သားတည်းပူးပေါင်းခြင်းမရှိပါမူ အမှန်တကယ်အကျိုး ယုတ်မည်မှာ တရုတ်တို့သာ ဖြစ်ကြောင်း . . .။

(ယခုဖော်ပြပါဆောင်းပါးမှ အချက်အလက်အချို့သည် မူရင်းပြောစကားများအတိုင်း တစ်သဝေမတိမ်း မဟုတ်သော်လည်း မူရင်းပြောစကား၏အဓိပ္ပာယ်များ မလွဲစေရန် ချိန်ဆရေးသားထားခြင်း ဖြစ်ပါသည်။)

zawgyi version
ယြမ္ထိုက္ယြမ္ (သို႔မဟုတ္) ျမန္မာ့ေျမ၌ တ႐ုတ္ကို ေထာက္လွမ္းသည့္ ထိုင္ဝမ္ေထာက္လွမ္းေရး ဒုတိယဗိုလ္မႉးႀကီး
မ်ိဳးမင္း(မက်ည္းလဟာ) (NP News) - ႏိုဝင္ဘာ ၆

(၂၀ဝဝ)ျပည့္ႏွစ္ဝန္းက်င္ကာလမ်ားအတြင္း ျဖစ္၏။ ရန္ကုန္ၿမိဳ႕ရွိ ေညာင္ပင္ေလးေဈးတြင္ ဆိုင္ခန္းဖြင့္၍ စားသုံးဆီအေရာင္းအဝယ္လုပ္သူ တ႐ုတ္ အမ်ိဳးသားတစ္ဦးကို ရန္ကုန္လူမိုက္တစ္စုက ျပန္ေပးဆြဲျခင္း ျဖစ္ပြားခဲ့သည္။ ထိုအခ်ိန္က ဗိုလ္ခ်ဳပ္ႀကီး ခင္ ၫြန႔္၏ ေထာက္လွမ္းေရးတပ္ဖြဲ႕ဝင္မ်ား လက္ေစာင္း ထက္ေနစဥ္ကာလလည္း ျဖစ္သည္။ ထို႔ျပင္ ဗိုလ္ခ်ဳပ္ မႉးႀကီး သန္းေ႐ႊအပါအဝင္ တပ္မေတာ္ထိပ္ပိုင္းေခါင္းေဆာင္မ်ားႏွင့္ ဗိုလ္ခ်ဳပ္ႀကီး ခင္ၫြန႔္တို႔ ကိုယ္ တိုင္က တ႐ုတ္အပါအဝင္ ျမန္မာျပည္ရွိ ႏိုင္ငံျခားသား မ်ားကို အထူးသတိထားေစာင့္ၾကည့္ေနခ်ိန္လည္း ျဖစ္၏။ ထိုကဲ့သို႔ကာလမ်ိဳး၌ တ႐ုတ္အမ်ိဳးသားလုပ္ ငန္းရွင္တစ္ဦးကို ရန္ကုန္အေျခစိုက္လူမိုက္တစ္စုက ျပန္ေပးဆြဲမႈသည္ ႏိုင္ငံေတာ္အဆင့္ အေရးႀကီးကိစၥ ျဖစ္လာခဲ့သည္။ သတင္းရသည္ႏွင့္ ေထာက္လွမ္းေရး အထူးတပ္ဖြဲ႕ဝင္ငါးဦးခန႔္ သီးျခားဖြဲ႕စည္း၍ စုံစမ္းမႈ မ်ား စတင္လုပ္ေဆာင္ခဲ့၏။ "ရပ္ကြက္ထဲက အိမ္တစ္ အိမ္က ထူးျခားေနတယ္။ လူအဝင္အထြက္နည္းေနသလို လူစိမ္းေတြလိုမ်ိဳး ၾကည့္တဲ့အၾကည့္ေတြက အ ဆင္မေျပဘူး။ ေနာက္ေတာ့ အဲဒီအိမ္ထဲမွာ ျပန္ေပး သမားေတြရွိတာ သိလိုက္ရတယ္။ ေထာက္လွမ္းေရး တပ္ဖြဲ႕ကလာဖမ္းတယ္လို႔ သိလိုက္ရတာ။ ၾကာခဲ့ၿပီ ေပါ့ "ဟု သဃၤန္းကြၽန္းၿမိဳ႕နယ္ သုဝဏၰၿမိဳ႕သစ္ရွိ ရပ္ ကြက္ေနအမ်ိဳးသားႀကီးတစ္ဦးက ေျပာျပသည္။ တ႐ုတ္ ဆီကုန္သည္ႀကီးကို သုဝဏၰရွိ အိမ္ရာတစ္ခု အတြင္းမွ လုံးခ်င္းအိမ္တစ္လုံးတြင္ ျပန္ေပးသမားမ်ား က ထိန္းသိမ္းထားျခင္းျဖစ္၍ အိမ္၏အခန္းတစ္ ခန္းကို နံရံမ်ားၿဖိဳဖ်က္၍ ေထာင္သဖြယ္ သံတိုင္မ်ား တပ္ဆင္ကာ သံတိုင္မ်ား၏ေနာက္တြင္ တ႐ုတ္ဆီကုန္ သည္ကို ဖမ္းဆီးထားျခင္းမ်ိဳးျဖစ္သည္။ ျပန္ေပးေငြ ရရွိေရးအတြက္လည္း သိုသိုသိပ္သိပ္လုပ္ေဆာင္ခဲ့ ပုံရသည္။ သို႔ေသာ္ ကံဆိုးသြားသည္မွာ ထိုစဥ္က ေထာက္ လွမ္းေရးသည္ အခ်ဥ္မဟုတ္။ ထူးျခားေန ေသာ ရပ္ကြက္အတြင္းမွသတင္းကိုရရွိၿပီးေနာက္ ေထာက္လွမ္းေရးတပ္ဖြဲ႕ဝင္မ်ားက ဝင္ေရာက္စီးနင္း ရွာေဖြရာတြင္ ျပန္ေပးဆြဲသူမ်ားကို ဆီကုန္သည္ တ႐ုတ္ႀကီးႏွင့္အတူ ဖမ္းဆီးႏိုင္ခဲ့သည္။

ျပန္ေပးဆြဲသူ လူမိုက္တစ္စုကို ေထာင္ခ်လိုက္၏။ ဆီကုန္သည္ တ႐ုတ္ႀကီးကိုမူ ႏိုင္ငံသားျဖစ္မျဖစ္ စိစစ္ျခင္းမ်ား လုပ္ေဆာင္ရေတာ့သည္။ အမိန႔္သည္ အထက္မွလာ ၏။ အထက္တြင္ ေနာက္ထပ္ အထက္မရွိေတာ့ေသာ ေနရာမွလာသည့္အမိန႔္ျဖစ္ေနသည္။ ဆီကုန္သည္ တ႐ုတ္ႀကီးသည္ကား ျမန္မာႏိုင္ငံအတြင္းရွိ ၎၏ေမြးရပ္ေျမကို မွန္ကန္စြာေျဖႏိုင္ျခင္းမရွိ၊ ၎၏ ဘိုး ဘြားဇာတိရင္းျမစ္ကို ေျဖႏိုင္ျခင္းမရွိသည့္အျပင္ ျမန္ မာႏိုင္ငံ၏ ႏိုင္ငံေတာ္သီခ်င္းကိုပင္လွ်င္ ေျဖာင့္ေျဖာင့္ ဆိုႏိုင္ျခင္းမရွိေပ။ ျမန္မာစကားကို ေျပာတတ္သည္ဟု ဆိုေသာ္လည္း လုံးေစ့ပတ္ေစ့ ကြၽမ္းက်င္လွသည္ လည္းမဟုတ္။ ေနာက္ဆုံးတြင္ ထိုတ႐ုတ္ႀကီးက အမွန္အတိုင္း ဝန္ခံရေတာ့သည္။ "ထိုင္ဝမ္ေထာက္ လွမ္းေရးက ဒုတိယ ဗိုလ္မႉးႀကီး ယြမ္ထိုက္ယြမ္ပါ"ဟု တ႐ုတ္ႀကီး၏ေျဖၾကားခ်က္သည္ ထိုစဥ္က စစ္ေဆးေရးအရာရွိမ်ားအတြက္ ေခါင္းနားပန္းႀကီးေစ သည္။ ထိုအမႈသည္ ႏိုင္ငံေတာ္အဆင့္ျဖစ္လာခဲ့ သည့္အျပင္ အထူးလွ်ိဳ႕ဝွက္ရမည့္ကိစၥျဖစ္သြားသည္။ တစ္နည္းအားျဖင့္ X File ျဖစ္သြား၏။ "ျမန္မာျပည္ ကို စိတ္မဝင္စားပါဘူး။ တ႐ုတ္ႏိုင္ငံကို ေထာက္လွမ္း ဖို႔အတြက္ ျမန္မာျပည္မွာ ျပည္ႀကီးတ႐ုတ္သဖြယ္ အသြင္ယူထားတာပါ"ဟု တ႐ုတ္ႀကီးေျပာခဲ့ေသာစကား သည္ ပို၍ေခါင္းခဲစရာျဖစ္လာသည္။ စစ္ေဆးေရး အဖြဲ႕မ်ားက အထက္သို႔သတင္းပို႔သည္။ ထို႔ေနာက္တြင္ အဆိုပါတ႐ုတ္ႀကီးသည္လည္း လြတ္လပ္စြာ ဆက္လက္ေနထိုင္ခြင့္ရသြားသည့္အျပင္ အျခားေသာ တာဝန္မ်ားကိုပါ ဆင့္ကဲထမ္းေဆာင္ရင္းမွ ကာလ တစ္ခုေရာက္သည့္အခ်ိန္တြင္ ထိုင္ဝမ္သို႔ ေအးခ်မ္း စြာျပန္သြားခြင့္ရခဲ့ေလ၏။ ထိုင္ဝမ္သို႔မျပန္မီ ၾကားကာလႏွစ္အတိုင္းအတာတစ္ခုအတြင္း၌ ထိုတ႐ုတ္ႀကီး က အထက္ကလာေသာအမိန႔္အတိုင္း ျမန္မာျပည္ အတြက္ အက်ိဳးရွိသည့္သတင္းအခ်က္အလက္မ်ား ကိုေပးအပ္ခဲ့ဖူးသည္ဟု ဆိုႏိုင္သည္။ ေခတ္ကာလ သည္ကား ေ႐ြ႕လ်ားခဲ့၏။ ထိုျဖစ္ရပ္သည္ ႏွစ္ေပါင္း (၂၀)ေက်ာ္ခဲ့ေလၿပီ။ စဥ္းစားစရာမ်ားလည္းေပး၏။ ယေန႔ေခတ္ႏွင့္ယွဥ္လွ်င္ အေတြးမ်ားစြာ ပြားေစ သည္။

"ေထာက္လွမ္းေရးအရမ္းေကာင္းတဲ့ေခတ္ တုန္းကေတာင္ ထိုင္ဝမ္ေထာက္လွမ္းေရးေတြ၊ အေမ ရိကန္ CIA ေတြ အဲဒီလိုမ်ိဳး စိမ့္ဝင္ေနရင္ အခုေခတ္ မ်ိဳးကေတာ့ ေတြးေတာင္ မေတြးရဲစရာပဲ"ဟု ေထာက္ လွမ္းေရးအရာရွိေဟာင္းတစ္ဦးက မွတ္ခ်က္ျပဳသည္။ ယြမ္ထိုက္ယြမ္ ျဖစ္စဥ္ကို ေထာက္လွမ္းေရးေလာက သားတိုင္း ေသခ်ာမသိခဲ့သကဲ့သို႔ ၎ကိုယ္တိုင္လည္း သတင္းသဲ့သဲ့သာ ၾကားခဲ့ဖူးသည္ဟုဝန္ခံသည္။ X File ဟုေခၚဆိုႏိုင္ေသာ ထိုျဖစ္စဥ္ အမွန္တကယ္ျဖစ္ ခဲ့ေၾကာင္းကိုလည္း ဗိုလ္ခ်ဳပ္ႀကီး ခင္ၫြန႔္၊ ဗိုလ္ခ်ဳပ္မႉး ႀကီး သန္းေ႐ႊတို႔ သက္ရွိထင္ရွားရွိေနေသးသည့္အ တြက္ သက္ေသအတည္ျပဳလိုသူမ်ားရွိေနပါက သြား ေရာက္အတည္ျပဳၾကည့္ႏိုင္သည္။ ယြမ္ထိုက္ယြမ္သည္ ထိုင္ဝမ္အထူးေထာက္ လွမ္းေရးအျဖစ္ ျမန္မာ ျပည္တြင္း၌ ႏွစ္ေပါင္းမ်ားစြာေနထိုင္ခဲ့ၿပီး လားရႈိး၊ ေလာက္ကိုင္၊ ပန္ဆန္း၊ မိုင္းလား၊ မူဆယ္ အစရွိေသာ တ႐ုတ္နယ္စပ္ၿမိဳ႕မ်ားမွ သတင္းရင္းျမစ္မ်ားစြာ၊ ထိုင္ ဝမ္ေထာက္လွမ္းေရးကြန္ရက္မ်ားစြာႏွင့္ ခ်ိတ္ဆက္ လႈပ္ရွားခဲ့ပုံရ၏။ UWSA အတြင္း၌လည္းေကာင္း၊ MNDAA ကိုးကန႔္တပ္ဖြဲ႕မ်ားအတြင္း၌ လည္း ေကာင္း၊ NDAA မိုင္းလား တပ္ဖြဲ႕အတြင္း၌လည္း ေကာင္း အတြင္းသူလွ်ိဳမ်ား စိမ့္ဝင္ေစခဲ့ၿပီးၿပီဟု တြက္ဆခ်င္မိသည္။ တ႐ုတ္အစိုးရတာဝန္ရွိသူမ်ားႏွင့္ အနီးကပ္ဆုံးေနထိုင္၍ ထိုင္ဝမ္၏အနာဂတ္အတြက္ အေရးႀကီးသတင္းမ်ားကို စုစည္းလိုပုံရသည္။ ထိုင္ဝမ္ေထာက္လွမ္းေရး၏ေနာက္ တြင္ အေမရိကန္ CIA အုပ္စုက လိုအပ္ေသာကူညီမႈမ်ားလုပ္မည္မွာ ေသခ်ာသည္။ အေမရိကန္သည္ တ႐ုတ္ကို ထိန္းခ်ဳပ္ ရန္အတြက္ ထိုင္ဝမ္ကိုအသုံးခ်သကဲ့သို႔ ထိုင္ဝမ္သည္ လည္း တ႐ုတ္ျပည္မႀကီး၏ ရန္ျပဳမႈ သို႔မဟုတ္ ျပန္လည္ေပါင္းစည္းရန္ႀကိဳးပမ္းမႈကို အေမရိကန္ႏွင့္ ပူးေပါင္းကာကြယ္ရန္ ႀကိဳးစားရမည္မွာ အမွန္ပင္။UWSA (ဝ) တပ္ဖြဲ႕၏ သမိုင္းသည္ ထိုင္ဝမ္ ကူမင္ တန္အုပ္စုႏွင့္ ကင္းလွသည္ မဟုတ္ေပ။ အလားတူNDAA မိုင္းလား၊ MNDAA ကိုးကန႔္တို႔သည္လည္း ကူမင္တန္ အဆက္အႏြယ္မ်ား ျဖစ္ေနသည္။ တ႐ုတ္ စကားေျပာတတ္ေသာ္လည္း တ႐ုတ္ျပည္မႀကီးအေပၚ ၎တို႔၏ထားရွိမည့္သေဘာထားသည္ ထိုင္ဝမ္အ ေပၚထားရွိသည့္သေဘာထားႏွင့္ယွဥ္လွ်င္ တူညီေန လိမ့္မည္မဟုတ္ေပ။ "တစ္ခုသိတာေတာ့ရွိတယ္။ ရန္ ကုန္-မႏၲေလးက သက္သတ္လြတ္ဘုံေက်ာင္းအမ်ား စုက ထိုင္ဝမ္အႏြယ္ေတြခ်ည္းပဲ။ ကြၽန္ေတာ္တို႔ေခတ္ က အထူးေစာင့္ၾကည့္ရတဲ့ေနရာေတြခ်ည္းပဲဗ်"ဟု ေထာက္လွမ္းေရးအရာရွိေဟာင္းတစ္ဦးက ဖြင့္ဟ သည္။ ရန္ကုန္ ျပည္လမ္းမေပၚရွိ တ႐ုတ္ဘုံေက်ာင္း တစ္ခုသည္ ထိုင္ဝမ္အႏြယ္မ်ားျဖစ္ၿပီး ထိုေခတ္အခါ က ေက်ာင္းထိုင္ဆရာေတာ္သည္ ရွမ္းျပည္နယ္ ေျမာက္ပိုင္းသို႔ မၾကာခဏ ခရီးထြက္ေလ့ရွိသည္ဟု ၎က ဆိုသည္။ တ႐ုတ္ဘုန္းႀကီး၏ ရွမ္းေျမာက္ခရီး စဥ္မ်ားသည္ တ႐ုတ္ကိုေထာက္လွမ္းရန္အတြက္ သြားေရာက္ျခင္းမဟုတ္ဟု မည္သူမွ ျငင္းႏိုင္မဟုတ္ ေပ။ လားရႈိးအပါအဝင္ တ႐ုတ္နယ္စပ္ၿမိဳ႕မ်ားတြင္ တ႐ုတ္စကားေျပာေသာ ထိုင္ဝမ္တ႐ုတ္မ်ားက ယူနန္ နယ္စပ္တ႐ုတ္မ်ားႏွင့္ေရာ၍ ေနရာယူၿပီးျဖစ္ေနမည္ ဟု ခန႔္မွန္းခ်င္စရာရွိသည္။ ျမန္မာျပည္သူလူထုသည္ ကား တ႐ုတ္စကားေျပာသူမ်ားကို ထိုင္ဝမ္တ႐ုတ္ႏွင့္ ျပည္မတ႐ုတ္ဟူ၍ ခြဲျခားႏိုင္မည္မဟုတ္ဘဲ တ႐ုတ္ မ်ားဟုသာသတ္မွတ္၍ ဆက္ဆံစကားေျပာမည္ျဖစ္ ၏။ ႏွစ္ေပါင္း(၂၀)ေက်ာ္ၾကာၿပီးသည့္ေနာက္တြင္ ထိုင္ဝမ္တ႐ုတ္၊ ျပည္ႀကီးတ႐ုတ္ဟူ၍ ျမန္မာတို႔က သတ္မွတ္ႏိုင္မည္မဟုတ္ေတာ့ဘဲ အသားျဖဴျဖဴ တ႐ုတ္စကားေျပာသူမ်ားလုပ္သမွ် အမွန္အမွားအား လုံးကို တ႐ုတ္မ်ားက လုပ္သည္ဟုသာ ယုံၾကည္ၾက မည္ျဖစ္သည္။

ျမန္မာတို႔ လက္ခံႏိုင္သည့္အလုပ္ကို လုပ္ပါက မည္သို႔မွ်ေျပာစရာမရွိေသာ္လည္း တ႐ုတ္ ျပည္သူ႔သမၼတႏိုင္ငံႏွင့္ ျမန္မာႏိုင္ငံအၾကား အစိုးရ ခ်င္းျဖစ္ေစ၊ ျပည္သူလူထုခ်င္းျဖစ္ေစ စိတ္ဝမ္းကြဲေစ ရန္ ရည္႐ြယ္လုပ္ေဆာင္ပါက စိုးရိမ္ဖြယ္ရာပင္။ ထိုင္ ဝမ္တ႐ုတ္တို႔က ျမန္မာႏွင့္တ႐ုတ္ႏိုင္ငံတို႔အၾကား အထင္အျမင္လြဲမွား ရန္လိုမႈမ်ားျဖစ္ေစရန္ အေမရိ ကန္တို႔၏အလိုက် မလုပ္ဟုမေျပာႏိုင္။ အေမရိကန္ တို႔သည္ ျမန္မာႏွင့္တ႐ုတ္တို႔ၾကား ခြဲထုတ္မရသည္ အထိ ရင္းႏွီးခ်စ္ၾကည္မႈ ခိုင္မာအားေကာင္းမည္ကို လိုလားမည္မထင္ေပ။ ထို႔အတြက္ တ႐ုတ္စကားေျပာ ေသာ ထိုင္ဝမ္ေထာက္လွမ္းေရးမ်ားကို တ႐ုတ္နယ္စပ္ ရွမ္းေျမာက္သို႔ပို႔ထားလိမ့္မည္ဟုယူဆလွ်င္ ရႏိုင္ သည္။ တ႐ုတ္နယ္စပ္တြင္လည္း သာမန္ပုံစံအတိုင္း ေနထိုင္၍ မရေပ။ တ႐ုတ္နယ္စပ္မွ လက္နက္ကိုင္မ်ား အတြင္း၌ စိမ့္ဝင္ေနဖြယ္ရွိသည္ဟု ေကာက္ခ်က္ခ်ခ်င္သည္။ ထိုသူမ်ားက တ႐ုတ္တို႔ႏွင့္ ရင္းႏွီးခ်စ္ၾကည္မႈကို ျပသမည္ျဖစ္ေသာ္လည္း တ႐ုတ္၏ ေစတနာ လမ္းòန္စကားမ်ားကို လုံးဝဥႆုံနားေထာင္လိမ့္မည္ ဟု မွတ္ယူ၍မရႏိုင္ေပ။ လြန္ခဲ့ေသာရက္ပိုင္းအတြင္း က UWSA ႏွင့္ေဆြးေႏြးခဲ့ေသာ တ႐ုတ္တို႔သေဘာထားမ်ား ေပါက္ၾကားလာသည္။ ထိုေပါက္ၾကားမႈ သည္ အမ်ားျပည္သူသိရွိေစရန္ ရည္႐ြယ္ခ်က္ရွိရွိ ေပါက္ၾကားေစခဲ့ျခင္းျဖစ္သည္ဟု တပ္အပ္ဆိုႏိုင္ သည္။ (၂၀၂၄) ခုႏွစ္ ဩဂုတ္လ(၂၇)ရက္က တ႐ုတ္ ႏိုင္ငံ ဖူအယ္ၿမိဳ႕ ေဟြ႕ကြၽမ္းဟိုတယ္၌ မစၥတာ တိန႔္ ရွီကြၽမ္းဦးေဆာင္ေသာ တ႐ုတ္ကိုယ္စားလွယ္မ်ားႏွင့္ ေက်ာက္ေကာ္အန္း၊ ေပါက္အိုက္ခန္းတို႔ ဦးေဆာင္ ေသာ UWSA (ဝ) တပ္ဖြဲ႕တို႔ ေတြ႕ဆုံေဆြးေႏြးခဲ့မႈတြင္ စိတ္ဝင္စားဖြယ္ရာမ်ားပါဝင္လာ၏။ အေမရိကန္ ေက်ာေထာက္ေနာက္ခံ NUG-PDF တို႔ႏွင့္ တိတ္ တဆိတ္ဆက္သြယ္ခဲ့ျခင္းကို ကိုးကန႔္ MNDAA က လည္းဖုံးကြယ္ထားခဲ့သကဲ့သို႔UWSA(ဝ) တပ္ဖြဲ႕ကလည္း တ႐ုတ္အစိုးရထံ အသိေပးရန္ ပ်က္ကြက္ခဲ့ သည္။ ထိုပ်က္ကြက္ခ်က္ႏွင့္ဖုံးကြယ္မႈကို မစၥတာ တိန႔္ရွီကြၽမ္းကိုယ္တိုင္ ထုတ္ေမးရသည္အထိပင္ျဖစ္ ၏။ " ျမန္မာ့တပ္မေတာ္ဟာ တိုင္းျပည္ကို တည္ေထာင္ခဲ့တဲ့အဖြဲ႕အစည္းျဖစ္တယ္။ ျမန္မာ့ႏိုင္ငံေရး အခင္းအက်င္း တည္ေဆာက္ပုံထဲမွာ အေရးႀကီးဆုံး အင္အားစုျဖစ္တယ္။NLD က ေဒၚေအာင္ဆန္းစု ၾကည္ေသာ္လည္းေကာင္း၊ NUGေသာ္လည္းေကာင္း ျမန္မာႏိုင္ငံရဲ႕ႏိုင္ငံေရးအတြက္ တပ္မေတာ္ေနရာကို အစားထိုးလို႔မရႏိုင္ဘူး"ဟု တိန႔္ရွီကြၽမ္းက ေျပာခဲ့ သည္။ တ႐ုတ္-ျမန္မာဆက္ဆံေရး ပ်က္ျပားေစရန္ႏွင့္ ျမန္မာႏိုင္ငံတည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေစရန္ ေျမာက္ပိုင္းလက္နက္ကိုင္မ်ားက စတင္လုပ္ေဆာင္ခဲ့ သည္ဟုေျပာသည္။ ထိုအေရးတြင္ အေမရိကန္ႏွင့္ အေနာက္အုပ္စုမ်ားက ၾကားဝင္ေႏွာင့္ယွက္ခြင့္ရသြား ခဲ့ၿပီး ျမန္မာႏိုင္ငံ ပရမ္းပတာျဖစ္သြားေစႏိုင္သည္ဟု တိန႔္ရွီကြၽမ္းက ဆိုသည္။

"ကိုးကန႔္နဲ႔ မဟာမိတ္အဖြဲ႕ ေတြက တစ္စထက္တစ္စ အတင့္ရဲလာၿပီးေတာ့ NUG-PDF အစရွိတဲ့ အေနာက္အုပ္စုေတြထူ ေထာင္ေပးထားတဲ့အင္အားစုေတြကို ကူညီေနတယ္။ MNDAA က တ႐ုတ္ႏိုင္ငံကို မီးစတစ္ဖက္ ေရမႈတ္ တစ္ဖက္လုပ္ေနတယ္။ PDF ေတြနဲ႔ တိတ္တဆိတ္ ပူးေပါင္းတယ္။ မႏၲေလးနဲ႔ျပင္ဦးလြင္ကို သိမ္းဖို႔ျပင္ တယ္။ တ႐ုတ္ေတြကိုကယ္မယ္ဆိုတဲ့ အလိမ္အညာ သတင္းေတြျဖန႔္ၿပီး တ႐ုတ္ႏိုင္ငံရဲ႕ေပၚလစီအတိုင္း လုပ္ေနသလိုမ်ိဳး လူထုကို ဇေဝဇဝါျဖစ္ေအာင္ လုပ္ တယ္။ တ႐ုတ္နဲ႔ျမန္မာရဲ႕ ေကာင္းမြန္တဲ့ မိတ္ေဆြ ဆက္ဆံေရးကိုပါ ပ်က္စီးေအာင္လုပ္ေနတယ္"ဟု တိန႔္ရွီကြၽမ္းက ေျပာခဲ့သည္။ ထိုေျပာၾကားခ်က္မ်ား အရ CIA ေနာက္ခံ ထိုင္ဝမ္ေထာက္လွမ္းေရးမ်ား သို႔မဟုတ္ တ႐ုတ္စကားေျပာေသာ ထိုင္ဝမ္တ႐ုတ္မ်ား ၏ တ႐ုတ္နယ္စပ္လက္နက္ကိုင္မ်ားထံ ထိုးေဖာက္ဝင္ ေရာက္ေနရာယူထားမႈကို တ႐ုတ္အစိုးရကိုယ္တိုင္ သိရွိခဲ့ၿပီဟု နားလည္ခ်င္သည္။ တင္းမာေသာသေဘာ ထားအျဖစ္ မစၥတာတိန႔္ရွီကြၽမ္း ေျပာခဲ့သည္မွာ " PDF နဲ႔ ကရင္ အစရွိတဲ့ ျမန္မာႏိုင္ငံေတာင္ပိုင္းက လက္ နက္ကိုင္အဖြဲ႕ေတြဆီ လက္နက္ေရာင္းခ်တာေတြ ခ်က္ခ်င္းရပ္ဆိုင္းပါ။ (ဝ) ျပည္က လက္နက္ခဲယမ္းေတြ ဆက္လက္ေရာင္းခ်ေနမယ္ဆိုရင္ မီးေလာင္ရာ ေလပင့္သလိုျဖစ္ေနတဲ့ မင္းတို႔ရဲ႕အေနအထားကို မင္းတို႔အပါအဝင္ အဖြဲ႕ေတြအားလုံးသိေအာင္ ေျပာျပ ရမယ္"ဟူ၍ပင္။ MNDAA ေခါင္းေဆာင္ ဖုန္တာ႐ႊင့္ ကိုယ္တိုင္ကလည္း NUG ဘက္ကေပးေသာ ျမန္မာ ႏိုင္ငံ၏ဒုတိယသမၼတ အိပ္မက္ျဖင့္ မိုးမျမင္ေလမျမင္ ျဖစ္ေနေၾကာင္း တိန႔္ရွီကြၽမ္းကေျပာသည္။ တိန႔္ ရွီကြၽမ္း၏စကားမ်ားသည္ တ႐ုတ္ႏိုင္ငံ၏ မူဝါဒမ်ား ျဖစ္ေနၿပီး တ႐ုတ္ႏိုင္ငံအတြက္လည္း ရွမ္းေျမာက္ ျမန္မာအေရးက ေခါင္းခဲစရာမ်ား ျဖစ္ေနသည္ဟု ယူ ဆႏိုင္သည္။ တစ္နည္းအားျဖင့္ ၎တို႔ ယုံၾကည္စြာ ေပါင္း၍ ေျမေတာင္ေျမႇာက္ေပးခဲ့ေသာ နယ္စပ္မွ လက္နက္ကိုင္မ်ားအတြင္း၌ တ႐ုတ္ႏိုင္ငံကို အတြင္း ႀကိတ္ပုန္ကန္ခ်င္သူမ်ား ရွိေနသည္ဟု ေတြးမိလာျခင္း လည္းျဖစ္၏။ ျဖစ္လည္းျဖစ္ႏိုင္သည္။ တ႐ုတ္နယ္စပ္ မွလက္နက္ကိုင္မ်ားပါဝင္ေသာ FPNCC အဖြဲ႕ဝင္ (၇)ဖြဲ႕လုံးသည္ တ႐ုတ္ေၾကာင့္ လူလားေျမာက္လာခဲ့ ေသာ္လည္း အ႐ြယ္ေရာက္ၿပီအထင္ျဖင့္ တ႐ုတ္၏စကားကို နားေထာင္ျခင္းနည္းပါးလာသည္။ " တ႐ုတ္ က သတင္းရတယ္။ NUG ကစတင္ၿပီးေတာ့ (ဝ) ျပည္ေသြးစည္ညီၫြတ္ေရးပါတီ၊ ကိုးကန႔္ ဖုန္မိသားစု၊ KIA ၊ ABSDF တို႔ကို ဆက္သြယ္တယ္။ အားလုံးဆုံၿပီး ျပင္ဦးလြင္ကိုတိုက္ဖို႔ ညႇိႏႈိင္းတယ္။ မႏၲေလးကို တိုက္မယ္။ (၃)လၾကာမယ္။ ႏွစ္ႀကိမ္ခြဲတိုက္မယ္။ ပထမတစ္ႀကိမ္က အင္အား(၃၅၀)နဲ႔။ အဲဒီအထဲမွာ PDF က (၂၃၅)ဦး၊ MNDAA က (၇၀)၊ (ဝ) ျပည္ က(၄၅) ဦး" ဟု တိန႔္ရွီကြၽမ္းကေျပာသည္။ ထိုစကား ကို UWSA ေက်ာက္ေကာ္အန္းက အသည္းအသန္ ျငင္းခဲ့၏။ ဒုတိယအႀကိမ္တြင္ အင္အား(၁၃၀၅)ဦး အထိသုံးမည္ဟု တ႐ုတ္ဘက္ကလည္းထပ္ေျပာသည္။ မည္သို႔ပင္ျဖစ္ေစ တ႐ုတ္ဘက္က ရွမ္းေျမာက္အေရး ကို နားလည္သြားခဲ့သည့္အရာမ်ားစြာရွိပုံရ၏။ ျမန္မာ ျပည္တြင္း၌ တ႐ုတ္ေထာက္လွမ္းေရးမ်ားပင္ ေျခခ်င္း လိမ္ေနသည္မဟုတ္။ ႐ုရွား KGB ၊ အိႏၵိယ Raw ၊ အေမရိကန္ CIA ၊ ၿဗိတိန္ MI6 အပါအဝင္ တ႐ုတ္ စကားေျပာေသာ ထိုင္ဝမ္တ႐ုတ္မ်ားလည္း ေျခခ်င္း လိမ္ေနသည္။ ထိုအခ်က္ကို တ႐ုတ္တို႔ ေသခ်ာေပါက္ သိ၏။ ထိုင္ဝမ္ေထာက္လွမ္းေရးမ်ားေနာက္တြင္ အေမရိကန္ CIA ရွိေနသည္ကိုလည္း တ႐ုတ္တို႔သိ မည္မွာေသခ်ာသည္။ သို႔ဆိုလွ်င္ ဒုတိယဗိုလ္မႉးႀကီး ယြမ္ထိုက္ယြမ္ကဲ့သို႔ေသာ ထိုင္ဝမ္ေထာက္ လွမ္းေရး မ်ား၏ အသြင္ယူစိမ့္ဝင္ထားမႈကို တ႐ုတ္တို႔ သိႏိုင္ပါ မည္ေလာ။ တစ္နည္းအားျဖင့္ ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္တို႔အျပင္ တ႐ုတ္နယ္စပ္မွ UWSA ၊ မိုင္းလား၊ ကိုးကန႔္လက္နက္ကိုင္မ်ား၏ထိပ္ပိုင္းအ တြင္းစည္းမ်ားထဲသို႔ ထိုင္ဝမ္ေထာက္လွမ္းေရးမ်ားက စိမ့္ဝင္ မဝင္ကို တ႐ုတ္တို႔ သတိထားမိပါမည္ေလာ။ ယြမ္ထိုက္ယြမ္ေပါင္းမ်ားစြာက တ႐ုတ္နယ္စပ္တြင္ အသြင္ယူထားျခင္းမရွိဟု မဆိုႏိုင္ေပ။ အေမရိကန္ႏွင့္ ထိုင္ဝမ္တို႔သည္ ျမန္မာႏိုင္ငံကို စိတ္မဝင္စားေပ။ CIA ႏွင့္ ထိုင္ဝမ္ေထာက္လွမ္းေရးတို႔၏ အသြင္ယူစိမ့္ဝင္ သတင္းရယူမႈအားလုံးသည္ တ႐ုတ္ႏိုင္ငံ၏ အက်ိဳးစီး ပြားဆုတ္ယုတ္ေရးအတြက္သာျဖစ္ၿပီး ထိုအခ်က္ကို တ႐ုတ္တို႔သတိေပါ့ေလ်ာ့၍ ျမန္မာအစိုးရႏွင့္ တစ္ သားတည္းပူးေပါင္းျခင္းမရွိပါမူ အမွန္တကယ္အက်ိဳး ယုတ္မည္မွာ တ႐ုတ္တို႔သာ ျဖစ္ေၾကာင္း . . .။

(ယခုေဖာ္ျပပါေဆာင္းပါးမွ အခ်က္အလက္အခ်ိဳ႕သည္ မူရင္းေျပာစကားမ်ားအတိုင္း တစ္သေဝမတိမ္း မဟုတ္ေသာ္လည္း မူရင္းေျပာစကား၏အဓိပၸာယ္မ်ား မလြဲေစရန္ ခ်ိန္ဆေရးသားထားျခင္း ျဖစ္ပါသည္။)

Related news

© 2021. All rights reserved.