‘‘တောင်ခမ်း (သို့မဟုတ်) သူပုန်သင်္ချိုင်း”
16140
သုတကျော် (NP News) - နိုဝင်ဘာ ၆
တောင်ခမ်းတိုက်ပွဲသည် လက်ရှိတွင် ရက်(၉၀) ထက်မနည်း ရှိလာပြီဖြစ်ကာ တပ်မတော်ကလည်း အစီအမံကောင်းကောင်းဖြင့် ခံစစ်ဆင်ခဲ့သောကြောင့် တိုက်ခိုက်လာသူ TNLA များနှင့် ၎င်းတို့တပည့် PDF များ အတုံးအရုံးသေဆုံးရာ နေရာတစ်ခုလည်း ဖြစ်နေသည်။ အဆိုပါတိုက်ပွဲ စတင်ဖြစ်ပွားစဉ်က အခြေအနေများ၊ လက်ရှိအချိန်အထိ အခြေအနေများနှင့်ပတ်သက်၍ တောင်ခမ်းတိုက်ပွဲ (၁၃)ရက် မြောက်နေ့တွင် တိုက်ပွဲနယ်မြေဒေ သသို့ သွားရောက်ခဲ့သူ ကိုခိုင်ဇော်ထံ NP News က မေးမြန်းထားသည်များကို ထုတ်နုတ်ဖော်ပြအပ်ပါသည်။
မေး - ပထမဆုံး မေးချင်တာကတော့ တောင်ခမ်း တိုက်ပွဲစတင်တုန်းက အခြေအနေဖြစ်ပါတယ်။ စတိုက်တဲ့ အခြေအနေမှာ ပလောင်တွေက ဘယ်လို အင်အားတွေသုံးပြီး စတိုက်ခဲ့တာလဲ။ သိသလောက် ပြောပြပေးပါခင်ဗျာ။
ဖြေ - ဒီလိုဗျ၊ ဩဂုတ်လ (၁၀)ရက်မှာ သူတို့ နစခ (၉၀၂) ကို စဝင်ပြီးတော့ တိုက်တာပဲ။ အဲဒီ မတိုင်ခင်တုန်းကတော့ နောင်ချိုကို တိုက်တယ်။ အဲဒီမှာ (၁၁၄ ၊ ၁၁၅၊ ၆၀၆) ဒုံးတပ်တွေကိုတိုက်တော့ ဖြည်းဖြည်းချင်း ကျွန်တော်တို့ တပ်တွေကျသွားတယ်ပေါ့။ (၆၀၆) ကျတဲ့အချိန်မှာ (၆၀၆) က ပြည်သူ့စစ်တွေနဲ့ စစ်သည်တွေက တောင်ခမ်း (၉၀၂) ကို ဆုတ်ရတယ်။ (၆၀၆) နဲ့ (၉၀၂)ဆိုရင် အဖြောင့်တိုင်း (၁၃)မိုင် လောက်ရှိတယ်။ နောက်ပြီးတော့ (၉၀၂)နဲ့ နောင်ချို နဲ့ဆိုရင် (၁၇) မိုင်လောက်ရှိတယ်။ ဒါက ဘာလို့လဲဆိုရင် မျက်လုံးထဲ မြင်အောင် ပြောပြတာ။ တဖြည်းဖြည်းဆုတ်၊ ဆုတ်ပြီးတော့ တောင်ခမ်းကို ရောက်သွားတယ်။ တောင်ခမ်းကလည်း ဗိုလ်မှူးကြီး နိုင်ဝင်းကလည်း ဗျူဟာမှူး။ သူက လည်း ဒီအခြေအနေတွေကို ဟိုဘက်စဖြစ်တည်းက သူ့ခံစစ်ကို စနစ်တကျ သေချာပြင်ဆင်ထားတာ။ ခံစစ်နဲ့ အင်အား စုဖွဲ့မှုကို စနစ်တကျ ပြင်ဆင်ထားတယ်။ ဟိုဟာပြီးရင် သူ့ကို လာတိုက်မယ်ဆိုတာကို သေချာပေါက် သိနေတယ်။ ဟိုဘက်မှာ တိုက်ပွဲတွေ ဖြစ်နေတဲ့အချိန် ဗိုလ်မှူးကြီး နိုင်ဝင်းက တပ်မမှူးက သေချာကိုခံစစ်ကို စနစ်တ ကျ ပြင်ပြီး စောင့်နေတာ။ ခုနက ဒုံးတပ်က ကျသွားလို့ ဆုတ်လာတဲ့ အဖွဲ့တွေရယ်၊ (၆၀၆)ထဲကို ရောက်နေတဲ့ စစ်ကူအဖွဲ့တွေ အကုန်လုံးက ဗိုလ်မှူးကြီး နိုင်ဝင်းဆီ အကုန်ရောက်တာ။ ရောက်တာနဲ့ နဂိုရှိပြီး သား အနေအထားနဲ့ ဟိုကဆုတ်လာတဲ့ အနေအထား နဲ့ သူသေချာပေါင်းပြီး ထုနဲ့ ပြန်ခံတာပေါ့။ အဲဒါက (၈) လပိုင်း (၁၀) ရက်နေ့။
မေး - ဒီဘက်က ထု နဲ့ ခံစစ်ဆင်တဲ့ အနေအထားမှာ သူပုန်ဘက်က ဘယ်လိုပုံစံမျိုးနဲ့ ထိုးစစ်ဆင်ပါသလဲ ခင်ဗျာ။
ဖြေ - ဒီကောင်တွေကတော့ အရင်တုန်းကလိုပေါ့ဗျာ။ အင်အားသုံးပြီး တိုက်မယ်၊ ဝိုင်းပတ်ပိတ်ဆို့ပြီး တိုက်မယ်။ တိုက်ရင် ကျွန်တော်တို့တပ်က စိတ်ဓာတ်ကျပြီးတော့ ဆုတ်သွားမယ်လို့ ပေါ့ပေါ့တွက်ခဲ့တာဗျ။ သူတို့ တစ်ခုမှားသွား တာက ဘာလဲဆိုတော့ ဒီဗိုလ်မှူးကြီး နိုင်ဝင်းက လွန်ခဲ့တဲ့ (၂၀၁၂)တုန်းက အဲဒီမှာ (၂၀၆)တပ်မှာ တပ်ရင်းမှူးအဖြစ် နေခဲ့ သေးတယ်။ နေခဲ့တော့ ဒီနယ်မြေကို ကျွမ်းတယ်။ ပြီးတော့ နယ်မြေဒေသခံ ပြည်သူတွေနဲ့လည်း အရင်တည်းက ဆက်ဆံ ရေး ကောင်းခဲ့တယ်ဗျ။ ပြီးတော့ သူက တေဇ - ၂၀ ဆိုတော့ စီနီယာတန်းလည်း ဝင်နေပြီ။ သေချာ ကို ခံစစ်ဆင်တယ်။ ရန်သူက သူ့ကိုလာတိုက်တယ်။ အဲဒီမှာ ရန်သူမထင်မှတ်တဲ့ဟာတွေပေါ့ဗျာ။ ခံစစ်စုဖွဲ့မှု ကောင်းကောင်းနဲ့ခံ နိုင်တဲ့ အပြင် ကို သူ့ရဲ့ နောက်ကျောမှာ (၂၀၆)ရှိတယ်။ သူတပ်ရင်းမှူး လုပ်ခဲ့တဲ့တပ်။ သူ့တပ်နဲ့က အဖြောင့်တိုင်း (၁) မိုင် နီးနီးလေ။ အမေနဲ့သားလို ဖြစ်နေတာပေါ့နော်။ တပ်မနဲ့ တပ်ရင်းနဲ့က။ အဲဒီတော့ ကိုနိုင်ဝင်းကို လာတိုက်တဲ့ သူမှန်သမျှ ကို ဟို ဘက်က သော်ဇင်မျိုးက တပ်ရင်းမှူး။ (၂၀၆) တပ်ရင်းမှူး လက်ရှိ တပ်ရင်းမှူးက။ သူက နောက်ပိုးကနေ ထွက်ထွက် သိပ်တာ။ ကိုနိုင်ဝင်းကို တိုက်ပြီဆိုရင် သော်ဇင်မျိုးက ဝင်ကြိတ်လိုက်။ ကိုနိုင်ဝင်းကို တိုက်လိုက် သော်ဇင်မျိုးက ဝင်ကြိတ်လိုက်နဲ့ သူတို့က အဲဒီမှာ လုံးချာလည်နေကြတာ။ သူပုန်ကလည်း ပွဲမဖြတ်နိုင်ဘူး။ နောက်တစ်ခုက ဒီမှာ တစ်ချက်ပြောချင်တာပေါ့နော်။ တောင်ခမ်းမှာ တပ်လေးတပ်ရှိတယ်။ တပ်မက (၉၀၂)။ (၉၀၂) လက်အောက်မှာ အမြောက်တပ် (၁၀)တပ်ရှိတယ်။ သုံးတပ်က နောင်ချိုမှာ။ ကျန်တဲ့ (၇)တပ်က လားရှိုးတို့ ဘာတို့ဘက်မှာ အဲဒီလိုရှိ တာပေါ့။ ဘယ်လိုပြောမလဲ ကိုနိုင်ဝင်းဆီမှာက လက်ရှိအမြောက်တပ်က လူတွေအပြင် ခုနက (၆၀၆)က စုသွားတဲ့ လူတွေကလည်း ကိုနိုင်ဝင်းဆီ ရောက်တယ်။ ရောက်တဲ့အပြင်ကို တချို့ ဂုတ်ထိပ်မှာ ဆုတ်ခွာသွားတဲ့ ရဲကင်းတွေ ရှိတယ်။ အဲဒီရဲကင်းတွေကလည်း ကိုနိုင်ဝင်းတို့ဆီ လာပေါင်းရတယ်။ ရန်သူကတော့ ဟိုတပ်ကို တိုက်မယ်။ ဒီတပ်ကို တိုက်မယ် ဒီတပ်ပြီးရင် ဒီတပ်ကျမယ်ဆိုတဲ့ အဲဒီလိုပုံစံမျိုးပဲ ထင်နေတာ။ ဒါပေမဲ့ ကိုနိုင်ဝင်းနဲ့ တွေ့တဲ့အချိန်မှာ ဒီကောင် တွေ အကုန်မှား တော့တာပဲ။ ကိုနိုင်ဝင်းကို တိုက်တယ် သော်ဇင်မျိုးက ဟိုဘက်ကနေ ပတ်ချလိုက်၊ ဒီဘက်ကနေ ပတ်ချ လိုက်၊ သော်ဇင်မျိုးထဲမှာကို ရဲတွေရှိတယ်။ အဲဒီရဲတွေကလည်း တိုက်ရင်း၊ တိုက်ရင်းနဲ့ စစ်သားတွေ ဖြစ်ကုန်တာ။ ကျွန်တော်နဲ့ သိတဲ့ရဲတွေကိုပါတယ်။ အစ်ကိုကြီးရေ ကျွန်တော်တို့က တိုက်ရင်း တိုက်ရင်းနဲ့ စစ်သားတွေ ဖြစ်ကုန်ပြီပါ ဖြစ်ကုန်တာ။
မေး - တိုက်ရင်းနဲ့ ရဲတွေပါ စစ်ပုံကျသွားတယ် ခေါ်မလား။
ဖြေ - စစ်တိုက်တတ်သွားတာပေါ့ ရဲက။ ဒါက ရဲကို နှိမ်ပြောတာ မဟုတ်ဘူး။ စစ်သားလောက်တော့ ရဲက စစ်မတိုက် တတ်ဘူးလေ။ စစ်သားတွေနဲ့ စစ်တိုက်ရင်း စစ်တိုက်ရင်းနဲ့ နောက်ဆုံး ကိုနိုင်ဝင်းကို ရန်သူ လာတိုက်ပြီဆိုရင် အဲဒီရန်သူကို နောက်ကနေဝင်ကြိတ်တဲ့ အခါဘာညာဆို ရဲတွေတောင်ပါတယ်။ နောက် ပိုင်းကျတော့ အဲဒီလိုမျိုးတွေပေါ့။
မေး - တောင်ခမ်းဟာ ပလောင်တွေနဲ့ PDF တွေ အတွက် သေကွင်းဖြစ်နေတယ်ဆိုတာမျိုး ကျွန်တော်တို့ ကြားရတယ်။ အဲဒီအခြေအနေကို နည်းနည်းလေး ပြန်ပြောပေးပါဦး ခင်ဗျာ။
ဖြေ - ဘာကြောင့်လဲဆိုတော့ လက်ရှိတောင်ခမ်း မှာပေါ့နော်။ တောင်ခမ်းမှာ အဖွဲ့ပေါင်းစုံသွားတယ်။ နောက်တစ်ခုက ဘာဖြစ်လဲဆိုတော့ တောင်ခမ်းရဲ့ တပ်ကိုက အမြောက်တပ်။ တောင်ခမ်းမှာ (၉၀၂) က အမြောက်တပ်မ။ ခုနက (၂၀၆) က အမြောက်တပ် ပြီးရင် (၂၀၆) နဲ့ (၃ ဒသမ ၅) မိုင် အဖြောင့်တိုင်းမှာ (၄၀၆) ရှိတယ်။ (၄၀၆) နဲ့ (၂ ဒသမ ၅)မိုင် အဖြောင့် တိုင်းမှာ (၃၅၄)ရှိတယ်။ မွေးကတည်းက အမြောက်နဲ့ ဖက်မွေးလာတာ။ အဲဒီတော့ နယ်မြေကလည်း ကျွမ်းတယ်၊ ဒေသခံ ကလည်း ကျွန်တော်တို့ကို သတင်းပေးတယ်။ ဘယ်ကုန်းမှာတော့ ရန်သူက ရှိနေပါတယ်။ စုဖွဲ့နေပါတယ်ဆို ဒီဘက်က အမြောက်တွေနဲ့ ချထည့်လိုက်ပြန် အဲဒီကောင်တွေ နားကားပြန်။ တစ်ခါတလေကျ လာမတိုက်ဘဲနဲ့ကို သူတို့မှာ အ မြောက်ထု ခံနေရတာတွေလည်းရှိတယ်။ ဒါမျိုးလေး တွေပေါ့။ နောက်တစ်ခုက ခံစစ် တအားကောင်းတာ။ (၉၀၂) က ခံစစ်တအားကောင်းတာ။ (၂၀၆) လည်း ခံစစ်ကောင်းတယ်။ သေချာတာတစ်ခုက ခံစစ်နဲ့ တိုက်စစ်လာတိုက်လေ။ ဒီလိုစနစ်တကျ ပြင်ဆင် ထားတဲ့ ခံစစ်ဆိုရင် အများကြီးကျမှာပဲ။ နောက်တစ်ခုက အမြောက်ကို ဒီကောင်တွေက ပွင့်ပွင့်လင်းလင်း ပြောရရင် မော်တော်ကားဆို မော်တော်ကား မှန်အောင် ပစ်နိုင်တဲ့ကောင်တွေလေ။ ပြီးတော့ ဗိုလ်သင် တန်းမှာ ဒီက တပ်ရင်းမှူးတွေကပဲ အချိန်ပိုင်း နည်းပြ။ အမြောက်ဘာသာရပ်ကို စစ်တက္ကသိုလ်မှာ သွား ပြီး နည်းပြတာ။ အဲဒီလိုဖြစ်တော့ ဒီအမြောက်ရဲ့ ဒဏ်ကိုလည်း သူတို့ခံရတယ်။ နောက်တစ်ခုက လေတပ်ပေါ့။ လေတပ်ရဲ့လုပ်တဲ့ ကိုင်တဲ့ဟာတွေကိုလည်း ဒီကောင်တွေ ခံရတယ်။ အစုံခံရတာပေါ့။ ဟင်းလေး အိုးကြီးနဲ့ သွားတွေ့တာပေါ့ဗျာ ဒီကောင် တွေက။ နောက်ပြီးတော့ ပြင်ဦးလွင်ကလည်း ပစ်ကူပေးတာ တွေရှိတယ်။ ပစ်ကူရဲ့ ထိချက်တိုင်းသည် ရန်သူရဲ့ ခေါင်းပေါ် ကျချင်မှလည်းကျလိမ့်မယ်။ သို့သော် ဒီ ကောင်တွေ မစားတော့မစားသာဘူး။ အဲဒီတော့ သူတို့ ကျတာပေါ့။ အဓိကတော့။
မေး - နောက်တစ်ခုက ပလောင်တွေဟာ PDF တွေ ကို အသုံးချပြီး တောင်ခမ်းမှာ တိုက်ခိုင်းတယ်လို့ ပြောတယ်။ မြေပြင် အနေအထားအရ ဘယ်လို မြင်ရ ပါသလဲ။
ဖြေ - မှန်တယ်ဗျ။ ပလောင်ရော ကိုးကန့်ရော PDF ကို အသုံးချခဲ့တာပဲ။ လားရှိုးမှာဆိုရင်လည်း လာကူတိုက်ခိုင်းတယ်။ မိုးကုတ်မှာလည်း လာကူ တိုက်ခိုင်းတယ်။ ဗမာ PDF တွေက ပွင့်ပွင့်လင်းလင်း ပြောရရင် ဘယ်ကောင့်ပဲ အဖေခေါ်ရင် ခေါ်ရပလေ့စေ။ အရေးကြီးတာ တပ်ကို ကလန်နေရရင် ပြီးတာပဲ ဆိုတဲ့ အတွေးပေါ့ဗျာ။ ဘာဖြစ်သလဲဆိုတော့ သူတို့ပဲ သေတာလေ။ ဟိုကောင်က မသေဘူး။ မိုးကုတ်မှာ ဆိုရင်လည်း ဗမာ PDF က အများဆုံး သေတာ။ အခု တောင်ခမ်းမှာ စလာတဲ့ အချိန်တုန်းက ပလောင်ပဲ လာတာ။ ဒါပေမဲ့ ပလောင်က စစ်ဆင်ရေးကို လှုပ်ရှားမှု ဟိုရွှေ့ဒီရွှေ့ လုပ်ချင်တော့ သူ့ရဲ့ရင်ဆိုင်တဲ့ စည်းက ဟိုဘက်မှာ သံဘို၊ ကျောက်မဲလေးရှိတယ် အစွန် မှာဆိုရင်။ သံဘို၊ ကျောက်မဲလေးပြီးရင် သရက်ကုန်းဘက်။ သရက်ကုန်းဆို ခင်ဗျားတို့သိတဲ့ ဂန့်ဂေါ ဒါရင်ဆိုင်ပြီးပြီ။ ဂန့်ဂေါပြီးတော့ အရှေ့ဘက် ဆက်သွား မယ်ဆိုရင် အုမ္မတီးနဲ့ဘန့်ဘွေးနဲ့ ဆိုင်တယ်။ ဆိုင်ပြီးရင် ဒီဘက်ကိုဆက်ဆင်းရင် တောင်ခမ်း အဲဒီလို သူတို့က မျဉ်း ဖြောင့်တစ်ကြောင်း ဆွဲလိုက်တာကိုး။ ဆွဲပြီးတော့ သူတို့ကဆိုင်တာ။ အစ်ကို့ကို ခုနက ပြောတဲ့ ကျောက်မဲလေး၊ သံဘိုကနေ အနောက်ဘက်ကို အဖြောင့်တိုင်းလိုက်ရင် မတ္တရာ၊ ဆည်တော်ကြီး ဘက်ကို ရောက်တယ်ဗျ။ PDF က အဲဒီကနေ တက်လာတာ။ အဲဒီကနေ တက်ပြီး လမ်းကြောင်းအတိုင်း ဒီကောင်တွေကို ကူတာ။ မိုးကုတ် PDF အကြွင်း အ ကျန်ကလည်း မိုးကုတ်လမ်းအတိုင်းဆင်းလာတယ်။ နောက်ဆုံးကျတော့လည်း ဒီဒုဋ္ဌဝတီ မြစ်ကနေ ခြေလျင်တက် လာပြီး ရဲရွာအကျော်လောက်ကျမှ လှေနဲ့တက်တာ။ ဝက်ဝံ-ဘန့်ဘွေးနဲ့ တောင်ခမ်းတော လမ်းကြီးရှိတယ်။ အဲဒီမှာ လှေဆိပ်ရှိတယ်။ လှေဆိပ်ကနေ တက်ပြီး ဖြန့်ခွဲသွားတာ။ နောက်တစ်ခုက ဓနု PDF ကလည်း ဒီကောင်တွေကို လာကူတယ်။ တောင်ခမ်းက ဘယ်မှာရှိလဲဆိုတော့ နောင်ချိုနဲ့ ရွှေညောင်နဲ့ကို အဖြောင့်ဆွဲလမ်း။ အဲဒီလမ်းပေါ်မှာရှိတဲ့ မြို့ရွာတွေမှာ တောင်ခမ်းရှိမယ်၊ ဒုဋ္ဌဝတီမြစ်ရှိမယ်၊ ဟိုဘက်မှာ ကျောက်ဂူရှိမယ်၊ အင်တောရှိမယ်၊ ဟိုဘက်မှာ ဗထူး၊ ရပ်စောက်၊ ဗထူး၊ ရပ်စောက်ကနေ အဖြောင့်ဆွဲလိုက်ရင် ရွှေညောင်ရောက်မယ်၊ မဆွဲဘဲ အနောက်ဘက်ဆွဲမယ်ဆို ပင်းတယရောက်မယ်။ ဓနု PDF နယ်မြေပေါ့။ ဓနု PDF လှုပ်ရှားရမယ့် နယ်မြေက အင်တော၊ ကျောက်ဂူ၊ ပင်းတယ ဧရိယာကို လှုပ်ရှားရမှာ။ သို့သော် အဲဒီမှာ SSPP ရှိမယ်။ ဝမ် ဟိုင်းတွေ။ သူတို့က တပ်ကိုလည်း သိပ်ကလန်မယ့် သူတွေ မဟုတ်ဘူး။ သူတို့နယ်မြေကိုလည်း ဟိုကောင်တွေကို အခြေချခွင့် မပြုချင်ဘူး။ မပြုချင်တော့ ဒီကောင်တွေက နောက်ဆုံးကျတော့ အဲဒီကနေ ပလောင်ကို သွားပြီးအားဖြည့်တယ်။ အဲဒီလိုပဲ PDF ကလည်း အားဖြည့်တယ်။ ဟိုတစ်လောကဆိုရင် ဒီကောင်တွေ သီပေါကိုသွားတိုက်တဲ့ အချိန်မှာ သူ့တပ် တွေ အကုန်လုံးကို ထုတ်နုတ်သွားတာ။ ထုတ်နှုတ် တာက ဘာမြင်ရလဲဆိုတော့ တောင်ခမ်းကနေ ထုတ် နုတ်တာက တောင်ခမ်းကနေ နောင်ချိုပြန်တယ်။ နောင်ချိုကနေ သီပေါကို တက်တယ်။ နောင်ချိုမြို့ ထဲဝင်တဲ့ အချိန် ဗီဒီယိုတွေ ရိုက်၊ ပန်းကုံးတွေ စွပ်ပြီး တောင်ခမ်းကနေ အောင်ပွဲခံ ပြန်လာတယ်ဆိုပြီး ဖွကြ တယ်လေ။ ဒါပေမဲ့နော် ဖွတာက ပလောင်မီဒီယာ က မဖွဘူးနော်။ ပလောင်က စည်းရှိတယ်။ စည်းဆိုတာက မဟုတ်တာကို ဟုတ်တာ သူ့ Official မီဒီယာမှာ ရေးမယ်ဆိုရင် သူ့မီဒီယာ ဂွမ်းသွားမှာ။ အဲဒီတော့ မဟုတ်တာကို မရေးဘူး။ အဲဒီတော့ ဗမာတွေကပဲ လုပ်လိုက်တာ။ အဲဒီတော့ ဒီကောင်တွေ သီပေါကို သွားတိုက်တဲ့အချိန် ဒီမှာကျန်ခဲ့တာက ပလောင် နည်းနည်းနဲ့ PDF များများ ကျန်ခဲ့တယ်။
မေး - အမိန့်ပေးတာကတော့ ပလောင်တွေ ဖြစ်မှာ ပေါ့။
ဖြေ - ဟုတ်တယ် ဟုတ်တယ်။ ပလောင်နည်းနည်း နဲ့ PDF များများ ကျန်ခဲ့တဲ့အချိန် အရင်လို အင်အားတွေနဲ့ စခန်းတွေကို မတိုက်တော့ဘူး။ ဒရုန်းနဲ့ပဲ လာ တိုက်တယ်။ အဲဒီလို အနေအထားပေါ့။
မေး - ပလောင်တွေကို PDF တွေကို သူတို့ စစ်ဝတ် စုံဝတ်ပြီး တိုက်ခိုက်တယ်လို့လည်း ကြားရတာ ရှိပါတယ်။ ပြီးတော့ သူတို့ကြားမှာ ပွတ်တိုက်မှုတွေလည်း ရှိတယ်လို့ ကြားရတယ်။ ဟုတ်ပါသလား ခင်ဗျာ။
ဖြေ - အမှန်ကတော့ PDF ရဲ့ အနေအထားက ပြင်ဦးလွင် စစ်မျက်နှာပေါ့။ သံဘိုတို့ ဘာတို့ရှိတယ်။ နောက်တစ်ခုက တောင်ခမ်းစစ်မျက်နှာမှာ PDF က ဆုပ်လည်း စူး၊ စားလည်း ရူး။ ဘာလို့လဲဆိုတော့ စွတ်တက်ခိုင်းတာ ဟိုကောင်တွေက။ သူတို့က နောက်ကပဲနေတာ ရှေ့ကတက် ရှေ့ကတက်ပေါ့။ အတည်မပြုနိုင်တဲ့ သတင်းတွေအရဆို ဟိုတစ်လောက PDF ခေါင်းဆောင်တစ်ယောက်ကို သူတို့ သတ်လိုက်တယ်ပြောတယ်။ ဒါကျွန်တော် အတည်ပြု မရဘူးနော် ကြားတဲ့သတင်း။ နောင်ချိုမြို့ခံတွေ ပြောတာတော့ PDF ခေါင်းဆောင်တစ်ယောက်ကို သူတို့က လက်နက်တွေ သိမ်းပြီးတော့ သတ်လိုက် တယ် ပြောတယ်။ အဓိကတော့ဗျာ ငါ့လူတွေချည်းပဲ စစ်တိုက်ရတယ် မင်းတို့က မတိုက်ရဘူးပေါ့။ ဒါမျိုး နည်းနည်း ငြိတယ် ထင်တယ်။ နောက်ပိုင်းတော့ PDF က ဘာသံမှ မထွက်ရဲတော့ဘူး။ တက်ဆိုတက်၊ တိုက်ဆို တိုက် အဲဒီလို။ ဒီကောင်တွေလည်း အစားတော်တော် ဆင်းရဲတယ်။ ကိုယ်တွေချည်းပဲ ဆင်းရဲတယ် မထင်နဲ့။ ဟိုတစ်လောကဆို ထမင်း ပို့တဲ့ ကောင်ကို ကိုင်ထည့် လိုက်တာ ရှူးရှဲနဲ့ ထမင်းစားနေတာ။ နောက်တာ မဟုတ်ဘူး တကယ်တွေနော်။ ခုနက PDF လေးတွေက ရှေ့ကျတော့ အမြောက်ဘုရား God of War တွေနဲ့ သွားတွေ့တယ်။ ကျွန်တော်တို့ သိသလောက် ဆို စွတ်တက်ခိုင်းနေတယ်ပေါ့။ အမြောက်တွေက အရမ်းကောင်းတယ်တွေ ဘာတွေ ဖြစ်နေတာ။ ဒါ အမှန်တရားနော်။ အတည်ပြုလို့ရတဲ့ သတင်းတွေ။ လုပ်မှာလား၊ မလုပ်ဘူးလား ပြန်လာရင် အကြိတ်ခံရ မှာပဲလေ။ ပြန်လာရင် အလုပ်ခံရ မယ်ဆိုတာ သိတော့ သေမထူး နေမထူးလေ။ တစ်ခုခုတော့ သူတို့မှာ အကြောက်တရားပေါ့။ ရှေ့တက်ဆိုရင်တော့ မတက် ပဲ မနေရဲဘူး။ အကြောက်တရားက PDF မှာ ရှိတယ်။ ဘယ်လို လုပ်ထားလဲတော့ မသိဘူး။ သေချာတာက တော့ တက်လည်း မတက်ချင်ဘူး၊ နောက်လည်း ပြန် မဆုတ်ချင်ဘူး ဖြစ်နေတာ။
မေး - ကျွန်တော်တို့ သိရတာ တစ်ခုက သူပုန်တွေဟာ မူးယစ်ဆေးတွေ သုံးပြီး စစ်တိုက်ခိုင်းတယ်လို့ သိရတယ်။ တောင်ခမ်းမှာကော ဒါမျိုးဖြစ်စဉ်တွေ့ရလား။
ဖြေ - သုံးပါတယ် သုံးပါတယ်။ ကျွန်တော်သွားတဲ့ အချိန်တုန်းကဆိုရင် ဒီကောင်တွေက တစ်နေကုန် မတိုက်ဘူး။ တစ်နေကုန် အိပ်နေမှာပေါ့။ မိုးချုပ်ပြီ ဆိုရင်လာပြီ။ ကျွန်တော်လည်း တစ်ပွဲ ကြုံတယ်။ ကျွန်တော်တို့ စစ်သည်တွေနဲ့ လှုပ်ရှားအဖွဲ့တွေ ပြောတာဆိုရင် ဆေးပြားတွေတောင်မိတယ်။ ဒီကောင်တွေ တော်တော်တော့ သွက်တယ်ဗျ။ ဆေးသုံးပြီးရင် တော့တော်တော်သွက်တာ။
မေး - လက်ရှိ တောင်ခမ်းအခြေအနေကကော ဘယ် လိုရှိပါသလဲ။
ဖြေ - လက်ရှိ တောင်ခမ်းအခြေအနေမှာ ဆိုရင် အခုနောက်ပိုင်းက ကျွန်တော် မရောက်ခင်ကထက် စာရင် အခြေအနေ ကောင်းလာတယ်။ ကျွန်တော် မသွားခင် ကဆိုရင် ကျွန်တော်လည်း အဲဒီအခြေအနေ မကြိုက်ဘူး။ အားမရတာတော့ ဘယ်သူမှ အားမရခဲ့ကြဘူး။ ဒါပေမဲ့ တဖြည်းဖြည်း ပြုပြင်ပြောင်းလဲပြီးတော့ ဒါအစီအမံလေးတွေ တချို့အပြောင်း အလဲတွေ ရှိလာတော့ လက်ရှိအနေအထားကို ကျွန်တော် သဘောကျတယ်။ အခုရက်မှာ ပိုပြီးတော့ ကျွန်တော်တို့ ဘက်က လေယာဉ်ဆိုလည်း လေယာဉ်၊ အမြောက်ဆိုလည်း အမြောက် လုပ်သာကိုင်သာတွေ ရှိတယ်။ နောင်ချိုဆိုလည်း လုပ်သာကိုင်သာတွေ ရှိတယ်လို့ သိရတယ်။ လာမယ့် အနာဂတ်မှာလည်း အဆင်ပြေ နိုင်တယ် ဆိုတဲ့ အရိပ်အယောင် အငွေ့အသက်တွေ ရှိနေတယ်။ ကျွန်တော်ထင်တယ် မကြာခင်မှာ ကောင်းမွန်တဲ့ အနေအထားတွေ ရောက်ဖို့ ကျွန်တော် မြင်နေတာတွေရှိတယ်။ အဲဒါလေးတွေက ဘာလေး လဲဆိုတာတော့ ကျွန်တော့်ကိုတော့ မမေးနဲ့ ကျွန်တော် ပြောလို့ မရဘူး။ အစ်ကိုလည်း မှန်းကြည့်ပေါ့။ သေချာတာကတော့ ယခင်တုန်းက ပြင်ဦးလွင်မှာ ဆိုင်ထားတဲ့ အဖွဲ့တွေရော တောင်ခမ်းမှာ ဆိုင်ထားတဲ့ အဖွဲ့တွေရောသည် ခံစစ်သက်သက်တွေချည်းပဲ။ အခုချိန်မှာ ပြောင်းလဲလာတဲ့ ထိုးစစ်တွေ မြင်လာပြီ။ ခင်ဗျာတို့လည်း ကြားမှာပဲ။ အားတက်စရာ အခြေအ နေကို ရောက်လာတယ်။ သူတို့ကလည်း မီးကုန် ယမ်း ကုန် ကြမ်းတာပဲ။ ရန်သူကလည်း အရင်လို ေ-ာက် ပေါတွေ မဟုတ်တော့ဘူး လည်လာပြီ။ အင်အားကို ရှိတာကို မရှိအောင် လုပ်တယ်၊ မရှိတာကို ရှိအောင် လုပ်တယ် ရွာသားနဲ့ရောပြီး ကားဘယ်နှစ်စီး တက်လာပြီ ဝါဒဖြန့်တာလုပ် တယ်။ သေချာတာက တော့ တောင်ခမ်းရော၊ ပြင်ဦးလွင်ရောက ကျွန်တော် တို့ ရှုံးစရာ အကြောင်းတော့ မရှိတော့ဘူးဗျ။ ကျွန် တော် မြင်တာပြောတာနော်။ ဒီကနေ တစ်ဆင့် လက် လွှတ်ခဲ့တာတွေ ပြန်သိမ်းနိုင်မလား ဆိုတာတော့ ပြော ဖို့ စောသေးတယ်။ သေချာတာကတော့ ပြင်ဦးလွင်နဲ့ တောင်ခမ်းကို ကျွန်တော်စိတ်ချတယ်။ မကြာခင်မှာ တောင် နောင်ချိုတို့ ဘာတို့တောင် ရလာနိုင်တဲ့ အနေအထားရှိတယ်။ ကျွန်တော် မျှော်လင့်တာ ပြောတာနော်။ လားရှိုး အထိ ဘာညာကတော့ ဝေးတယ်ဗျ မပြောချင်ဘူး။ နောင်ချိုကတော့ မျှော်မှန်းနိုင်တဲ့ အနေအထား မြင်ရတယ်ပေါ့နော်။ ပြင်ဦးလွင်ဘက်က တပ်တွေက လုပ်ရင်းကိုင်ရင်းနဲ့ အနည်ထိုင်ပြီး Stable ဖြစ်သွားတယ်။ Stable ဖြစ်သွားချိန် ဒီကောင် တွေ ဘာမှလုပ်လို့မရတော့ဘူး။ ဆရာမင်းသိင်္ခပြောသ လိုပေါ့ဗျာ။ နာပြီးရင် ရယ်ရတော့မယ်။ ကျွန်တော်တို့က နာပြီးပြီလေ။ ရယ်ဖို့အတွက် အားပြုနေပြီ။ ခံတော့ ခံပြီးသွားပြီ ပေါ့ဗျာ။ တောင်ခမ်းလည်း သူ့ဟာနဲ့ သူအကုန်လုံးက အိုကေသွားပြီဆိုတဲ့ အနေအထား ရှိတယ်။ ကျစရာကတော့ ဘယ်နည်းနဲ့မှ မရှိနိုင်တော့ဘူး။ ဟိုတစ်ရက်ကဆို (၃၅၄) ဘက်ကို စပါယ်ရှယ် လာဆော်တာ။ အကြီးအကျယ်ပဲ။ ကျွန်တော်ဖုန်း ပြောနေတဲ့ အချိန်မှာတောင် လက်နက်ကြီးသံတွေ ဆူညံနေတာပဲ။ ဝုန်းဝုန်းနဲ့ ပစ်တာ။ ကိုယ့်ဘက်က ပစ်တာ အဲဒီလိုမျိုး အကျယ်ကြီးတွေ ချနေတာ။ မကျတော့ပါဘူး။
မေး - ဒေသခံတွေရဲ့ သတင်းပေးမှု အပိုင်းပေါ့နော်။ သတင်းရရှိမှုကကော ဘယ်လိုရှိပါသလဲ ခင်ဗျာ။
ဖြေ - ဒေသခံကို ပြောမယ်နော်။ ဒေသခံက သူတို့ကို အလိုမရှိဘူး။ ကျွန်တော့်မှာကို ကျွန်တော့်ကို သတင်းပေးတဲ့ ဒေသခံတွေ အများကြီးပဲ။ ဟိုတစ်လောက ကျွန်တော့်ကို ကုန်းတစ်ကုန်းမှာ ရှိတယ်ဆိုပြီး သတင်းပေးလို့ ကျွန်တော်က သတင်းပြန်ပေးလိုက်တာ ပြီးတော့ ချတာပဲ ဆော်တာပဲ။ ဒေသခံက သတင်းတွေ တိတိကျကျ ပေးနိုင်တယ်။ လူလေး ရာလောက် စုရုံးစုရုံး လုပ်နေတယ် ဆိုပြီးချတာပဲ။ ဒေသခံက အမှန် တရားကို လိုလားပြီလေ။ ငြိမ်းချမ်းရေးကို လိုလားပြီ လေ။ ဒီကောင်တွေက အခုဗျာ PDF တွေ ကားချော ဆွဲတယ်။ ကားပိုင်ရှင်တွေက မပေးချင်ဘူး။ မပေးလို့ ရမလား ဒါတွေက ငါတို့ အုပ်ချုပ်ရမယ့် နယ်မြေ မင်းတို့ကောင်တွေ ငါတို့နိုင်ရင် သတ်ပစ်မှာတွေ ကြိမ်းတာ။ ဒေသခံတွေက ဒီကောင်တွေကို မကျေနပ်ဘူး။ သူတို့ကို ထောက်ခံတဲ့သူ မရှိဘူးလား ဆိုတော့ ရှိတယ်။ အော်ရီဂျင်နယ် အနီတွေပေါ့။ သို့သော် ကြားနေနဲ့ ဒီ သူတို့ကိုမကြိုက်တဲ့သူနဲ့က စပါယ်ရှယ် သတင်းပေးတာ။ သတင်းပေးရင်လည်း အမှန်တွေပဲ သတင်းပေးတာ။
ကျေးဇူးတင်ပါတယ် ခင်ဗျာ။
zawgyi version
‘‘ေတာင္ခမ္း (သို႔မဟုတ္) သူပုန္သခ်ႋဳင္း ”
သုတေက်ာ္ (NP News) - ႏိုဝင္ဘာ ၆
ေတာင္ခမ္းတိုက္ပြဲသည္ လက္ရွိတြင္ ရက္(၉၀) ထက္မနည္း ရွိလာၿပီျဖစ္ကာ တပ္မေတာ္ကလည္း အစီအမံေကာင္းေကာင္းျဖင့္ ခံစစ္ဆင္ခဲ့ေသာေၾကာင့္ တိုက္ခိုက္လာသူ TNLA မ်ားႏွင့္ ၎တို႔တပည့္ PDF မ်ား အတုံးအ႐ုံးေသဆုံးရာ ေနရာတစ္ခုလည္း ျဖစ္ေနသည္။ အဆိုပါတိုက္ပြဲ စတင္ျဖစ္ပြားစဥ္က အေျခအေနမ်ား၊ လက္ရွိအခ်ိန္အထိ အေျခအေနမ်ားႏွင့္ပတ္သက္၍ ေတာင္ခမ္းတိုက္ပြဲ (၁၃)ရက္ ေျမာက္ေန႔တြင္ တိုက္ပြဲနယ္ေျမေဒ သသို႔ သြားေရာက္ခဲ့သူ ကိုခိုင္ေဇာ္ထံ NP News က ေမးျမန္းထားသည္မ်ားကို ထုတ္ႏုတ္ေဖာ္ျပအပ္ပါသည္။
ေမး - ပထမဆုံး ေမးခ်င္တာကေတာ့ ေတာင္ခမ္း တိုက္ပြဲစတင္တုန္းက အေျခအေနျဖစ္ပါတယ္။ စတိုက္တဲ့ အေျခအေနမွာ ပေလာင္ေတြက ဘယ္လို အင္အားေတြသုံးၿပီး စတိုက္ခဲ့တာလဲ။ သိသေလာက္ ေျပာျပေပးပါခင္ဗ်ာ။
ေျဖ - ဒီလိုဗ်၊ ဩဂုတ္လ (၁၀)ရက္မွာ သူတို႔ နစခ (၉၀၂) ကို စဝင္ၿပီးေတာ့ တိုက္တာပဲ။ အဲဒီ မတိုင္ခင္တုန္းကေတာ့ ေနာင္ခ်ိဳကို တိုက္တယ္။ အဲဒီမွာ (၁၁၄ ၊ ၁၁၅၊ ၆၀၆) ဒုံးတပ္ေတြကိုတိုက္ေတာ့ ျဖည္းျဖည္းခ်င္း ကြၽန္ေတာ္တို႔ တပ္ေတြက်သြားတယ္ေပါ့။ (၆၀၆) က်တဲ့အခ်ိန္မွာ (၆၀၆) က ျပည္သူ႔စစ္ေတြနဲ႔ စစ္သည္ေတြက ေတာင္ခမ္း (၉၀၂) ကို ဆုတ္ရတယ္။ (၆၀၆) နဲ႔ (၉၀၂)ဆိုရင္ အေျဖာင့္တိုင္း (၁၃)မိုင္ ေလာက္ရွိတယ္။ ေနာက္ၿပီးေတာ့ (၉၀၂)နဲ႔ ေနာင္ခ်ိဳ နဲ႔ဆိုရင္ (၁၇) မိုင္ေလာက္ရွိတယ္။ ဒါက ဘာလို႔လဲဆိုရင္ မ်က္လုံးထဲ ျမင္ေအာင္ ေျပာျပတာ။ တျဖည္းျဖည္းဆုတ္၊ ဆုတ္ၿပီးေတာ့ ေတာင္ခမ္းကို ေရာက္သြားတယ္။ ေတာင္ခမ္းကလည္း ဗိုလ္မႉးႀကီး ႏိုင္ဝင္းကလည္း ဗ်ဴဟာမႉး။ သူက လည္း ဒီအေျခအေနေတြကို ဟိုဘက္စျဖစ္တည္းက သူ႔ခံစစ္ကို စနစ္တက် ေသခ်ာျပင္ဆင္ထားတာ။ ခံစစ္နဲ႔ အင္အား စုဖြဲ႕မႈကို စနစ္တက် ျပင္ဆင္ထားတယ္။ ဟိုဟာၿပီးရင္ သူ႔ကို လာတိုက္မယ္ဆိုတာကို ေသခ်ာေပါက္ သိေနတယ္။ ဟိုဘက္မွာ တိုက္ပြဲေတြ ျဖစ္ေနတဲ့အခ်ိန္ ဗိုလ္မႉးႀကီး ႏိုင္ဝင္းက တပ္မမႉးက ေသခ်ာကိုခံစစ္ကို စနစ္တ က် ျပင္ၿပီး ေစာင့္ေနတာ။ ခုနက ဒုံးတပ္က က်သြားလို႔ ဆုတ္လာတဲ့ အဖြဲ႕ေတြရယ္၊ (၆၀၆)ထဲကို ေရာက္ေနတဲ့ စစ္ကူအဖြဲ႕ေတြ အကုန္လုံးက ဗိုလ္မႉးႀကီး ႏိုင္ဝင္းဆီ အကုန္ေရာက္တာ။ ေရာက္တာနဲ႔ နဂိုရွိၿပီး သား အေနအထားနဲ႔ ဟိုကဆုတ္လာတဲ့ အေနအထား နဲ႔ သူေသခ်ာေပါင္းၿပီး ထုနဲ႔ ျပန္ခံတာေပါ့။ အဲဒါက (၈) လပိုင္း (၁၀) ရက္ေန႔။
ေမး - ဒီဘက္က ထု နဲ႔ ခံစစ္ဆင္တဲ့ အေနအထားမွာ သူပုန္ဘက္က ဘယ္လိုပုံစံမ်ိဳးနဲ႔ ထိုးစစ္ဆင္ပါသလဲ ခင္ဗ်ာ။
ေျဖ - ဒီေကာင္ေတြကေတာ့ အရင္တုန္းကလိုေပါ့ဗ်ာ။ အင္အားသုံးၿပီး တိုက္မယ္၊ ဝိုင္းပတ္ပိတ္ဆို႔ၿပီး တိုက္မယ္။ တိုက္ရင္ ကြၽန္ေတာ္တို႔တပ္က စိတ္ဓာတ္က်ၿပီးေတာ့ ဆုတ္သြားမယ္လို႔ ေပါ့ေပါ့တြက္ခဲ့တာဗ်။ သူတို႔ တစ္ခုမွားသြား တာက ဘာလဲဆိုေတာ့ ဒီဗိုလ္မႉးႀကီး ႏိုင္ဝင္းက လြန္ခဲ့တဲ့ (၂၀၁၂)တုန္းက အဲဒီမွာ (၂၀၆)တပ္မွာ တပ္ရင္းမႉးအျဖစ္ ေနခဲ့ ေသးတယ္။ ေနခဲ့ေတာ့ ဒီနယ္ေျမကို ကြၽမ္းတယ္။ ၿပီးေတာ့ နယ္ေျမေဒသခံ ျပည္သူေတြနဲ႔လည္း အရင္တည္းက ဆက္ဆံ ေရး ေကာင္းခဲ့တယ္ဗ်။ ၿပီးေတာ့ သူက ေတဇ - ၂၀ ဆိုေတာ့ စီနီယာတန္းလည္း ဝင္ေနၿပီ။ ေသခ်ာ ကို ခံစစ္ဆင္တယ္။ ရန္သူက သူ႔ကိုလာတိုက္တယ္။ အဲဒီမွာ ရန္သူမထင္မွတ္တဲ့ဟာေတြေပါ့ဗ်ာ။ ခံစစ္စုဖြဲ႕မႈ ေကာင္းေကာင္းနဲ႔ခံ ႏိုင္တဲ့ အျပင္ ကို သူ႔ရဲ႕ ေနာက္ေက်ာမွာ (၂၀၆)ရွိတယ္။ သူတပ္ရင္းမႉး လုပ္ခဲ့တဲ့တပ္။ သူ႔တပ္နဲ႔က အေျဖာင့္တိုင္း (၁) မိုင္ နီးနီးေလ။ အေမနဲ႔သားလို ျဖစ္ေနတာေပါ့ေနာ္။ တပ္မနဲ႔ တပ္ရင္းနဲ႔က။ အဲဒီေတာ့ ကိုႏိုင္ဝင္းကို လာတိုက္တဲ့ သူမွန္သမွ် ကို ဟို ဘက္က ေသာ္ဇင္မ်ိဳးက တပ္ရင္းမႉး။ (၂၀၆) တပ္ရင္းမႉး လက္ရွိ တပ္ရင္းမႉးက။ သူက ေနာက္ပိုးကေန ထြက္ထြက္ သိပ္တာ။ ကိုႏိုင္ဝင္းကို တိုက္ၿပီဆိုရင္ ေသာ္ဇင္မ်ိဳးက ဝင္ႀကိတ္လိုက္။ ကိုႏိုင္ဝင္းကို တိုက္လိုက္ ေသာ္ဇင္မ်ိဳးက ဝင္ႀကိတ္လိုက္နဲ႔ သူတို႔က အဲဒီမွာ လုံးခ်ာလည္ေနၾကတာ။ သူပုန္ကလည္း ပြဲမျဖတ္ႏိုင္ဘူး။ ေနာက္တစ္ခုက ဒီမွာ တစ္ခ်က္ေျပာခ်င္တာေပါ့ေနာ္။ ေတာင္ခမ္းမွာ တပ္ေလးတပ္ရွိတယ္။ တပ္မက (၉၀၂)။ (၉၀၂) လက္ေအာက္မွာ အေျမာက္တပ္ (၁၀)တပ္ရွိတယ္။ သုံးတပ္က ေနာင္ခ်ိဳမွာ။ က်န္တဲ့ (၇)တပ္က လားရႈိးတို႔ ဘာတို႔ဘက္မွာ အဲဒီလိုရွိ တာေပါ့။ ဘယ္လိုေျပာမလဲ ကိုႏိုင္ဝင္းဆီမွာက လက္ရွိအေျမာက္တပ္က လူေတြအျပင္ ခုနက (၆၀၆)က စုသြားတဲ့ လူေတြကလည္း ကိုႏိုင္ဝင္းဆီ ေရာက္တယ္။ ေရာက္တဲ့အျပင္ကို တခ်ိဳ႕ ဂုတ္ထိပ္မွာ ဆုတ္ခြာသြားတဲ့ ရဲကင္းေတြ ရွိတယ္။ အဲဒီရဲကင္းေတြကလည္း ကိုႏိုင္ဝင္းတို႔ဆီ လာေပါင္းရတယ္။ ရန္သူကေတာ့ ဟိုတပ္ကို တိုက္မယ္။ ဒီတပ္ကို တိုက္မယ္ ဒီတပ္ၿပီးရင္ ဒီတပ္က်မယ္ဆိုတဲ့ အဲဒီလိုပုံစံမ်ိဳးပဲ ထင္ေနတာ။ ဒါေပမဲ့ ကိုႏိုင္ဝင္းနဲ႔ ေတြ႕တဲ့အခ်ိန္မွာ ဒီေကာင္ ေတြ အကုန္မွား ေတာ့တာပဲ။ ကိုႏိုင္ဝင္းကို တိုက္တယ္ ေသာ္ဇင္မ်ိဳးက ဟိုဘက္ကေန ပတ္ခ်လိုက္၊ ဒီဘက္ကေန ပတ္ခ် လိုက္၊ ေသာ္ဇင္မ်ိဳးထဲမွာကို ရဲေတြရွိတယ္။ အဲဒီရဲေတြကလည္း တိုက္ရင္း၊ တိုက္ရင္းနဲ႔ စစ္သားေတြ ျဖစ္ကုန္တာ။ ကြၽန္ေတာ္နဲ႔ သိတဲ့ရဲေတြကိုပါတယ္။ အစ္ကိုႀကီးေရ ကြၽန္ေတာ္တို႔က တိုက္ရင္း တိုက္ရင္းနဲ႔ စစ္သားေတြ ျဖစ္ကုန္ၿပီပါ ျဖစ္ကုန္တာ။
ေမး - တိုက္ရင္းနဲ႔ ရဲေတြပါ စစ္ပုံက်သြားတယ္ ေခၚမလား။
ေျဖ - စစ္တိုက္တတ္သြားတာေပါ့ ရဲက။ ဒါက ရဲကို ႏွိမ္ေျပာတာ မဟုတ္ဘူး။ စစ္သားေလာက္ေတာ့ ရဲက စစ္မတိုက္ တတ္ဘူးေလ။ စစ္သားေတြနဲ႔ စစ္တိုက္ရင္း စစ္တိုက္ရင္းနဲ႔ ေနာက္ဆုံး ကိုႏိုင္ဝင္းကို ရန္သူ လာတိုက္ၿပီဆိုရင္ အဲဒီရန္သူကို ေနာက္ကေနဝင္ႀကိတ္တဲ့ အခါဘာညာဆို ရဲေတြေတာင္ပါတယ္။ ေနာက္ ပိုင္းက်ေတာ့ အဲဒီလိုမ်ိဳးေတြေပါ့။
ေမး - ေတာင္ခမ္းဟာ ပေလာင္ေတြနဲ႔ PDF ေတြ အတြက္ ေသကြင္းျဖစ္ေနတယ္ဆိုတာမ်ိဳး ကြၽန္ေတာ္တို႔ ၾကားရတယ္။ အဲဒီအေျခအေနကို နည္းနည္းေလး ျပန္ေျပာေပးပါဦး ခင္ဗ်ာ။
ေျဖ - ဘာေၾကာင့္လဲဆိုေတာ့ လက္ရွိေတာင္ခမ္း မွာေပါ့ေနာ္။ ေတာင္ခမ္းမွာ အဖြဲ႕ေပါင္းစုံသြားတယ္။ ေနာက္တစ္ခုက ဘာျဖစ္လဲဆိုေတာ့ ေတာင္ခမ္းရဲ႕ တပ္ကိုက အေျမာက္တပ္။ ေတာင္ခမ္းမွာ (၉၀၂) က အေျမာက္တပ္မ။ ခုနက (၂၀၆) က အေျမာက္တပ္ ၿပီးရင္ (၂၀၆) နဲ႔ (၃ ဒသမ ၅) မိုင္ အေျဖာင့္တိုင္းမွာ (၄၀၆) ရွိတယ္။ (၄၀၆) နဲ႔ (၂ ဒသမ ၅)မိုင္ အေျဖာင့္ တိုင္းမွာ (၃၅၄)ရွိတယ္။ ေမြးကတည္းက အေျမာက္နဲ႔ ဖက္ေမြးလာတာ။ အဲဒီေတာ့ နယ္ေျမကလည္း ကြၽမ္းတယ္၊ ေဒသခံ ကလည္း ကြၽန္ေတာ္တို႔ကို သတင္းေပးတယ္။ ဘယ္ကုန္းမွာေတာ့ ရန္သူက ရွိေနပါတယ္။ စုဖြဲ႕ေနပါတယ္ဆို ဒီဘက္က အေျမာက္ေတြနဲ႔ ခ်ထည့္လိုက္ျပန္ အဲဒီေကာင္ေတြ နားကားျပန္။ တစ္ခါတေလက် လာမတိုက္ဘဲနဲ႔ကို သူတို႔မွာ အ ေျမာက္ထု ခံေနရတာေတြလည္းရွိတယ္။ ဒါမ်ိဳးေလး ေတြေပါ့။ ေနာက္တစ္ခုက ခံစစ္ တအားေကာင္းတာ။ (၉၀၂) က ခံစစ္တအားေကာင္းတာ။ (၂၀၆) လည္း ခံစစ္ေကာင္းတယ္။ ေသခ်ာတာတစ္ခုက ခံစစ္နဲ႔ တိုက္စစ္လာတိုက္ေလ။ ဒီလိုစနစ္တက် ျပင္ဆင္ ထားတဲ့ ခံစစ္ဆိုရင္ အမ်ားႀကီးက်မွာပဲ။ ေနာက္တစ္ခုက အေျမာက္ကို ဒီေကာင္ေတြက ပြင့္ပြင့္လင္းလင္း ေျပာရရင္ ေမာ္ေတာ္ကားဆို ေမာ္ေတာ္ကား မွန္ေအာင္ ပစ္ႏိုင္တဲ့ေကာင္ေတြေလ။ ၿပီးေတာ့ ဗိုလ္သင္ တန္းမွာ ဒီက တပ္ရင္းမႉးေတြကပဲ အခ်ိန္ပိုင္း နည္းျပ။ အေျမာက္ဘာသာရပ္ကို စစ္တကၠသိုလ္မွာ သြား ၿပီး နည္းျပတာ။ အဲဒီလိုျဖစ္ေတာ့ ဒီအေျမာက္ရဲ႕ ဒဏ္ကိုလည္း သူတို႔ခံရတယ္။ ေနာက္တစ္ခုက ေလတပ္ေပါ့။ ေလတပ္ရဲ႕လုပ္တဲ့ ကိုင္တဲ့ဟာေတြကိုလည္း ဒီေကာင္ေတြ ခံရတယ္။ အစုံခံရတာေပါ့။ ဟင္းေလး အိုးႀကီးနဲ႔ သြားေတြ႕တာေပါ့ဗ်ာ ဒီေကာင္ ေတြက။ ေနာက္ၿပီးေတာ့ ျပင္ဦးလြင္ကလည္း ပစ္ကူေပးတာ ေတြရွိတယ္။ ပစ္ကူရဲ႕ ထိခ်က္တိုင္းသည္ ရန္သူရဲ႕ ေခါင္းေပၚ က်ခ်င္မွလည္းက်လိမ့္မယ္။ သို႔ေသာ္ ဒီ ေကာင္ေတြ မစားေတာ့မစားသာဘူး။ အဲဒီေတာ့ သူတို႔ က်တာေပါ့။ အဓိကေတာ့။
ေမး - ေနာက္တစ္ခုက ပေလာင္ေတြဟာ PDF ေတြ ကို အသုံးခ်ၿပီး ေတာင္ခမ္းမွာ တိုက္ခိုင္းတယ္လို႔ ေျပာတယ္။ ေျမျပင္ အေနအထားအရ ဘယ္လို ျမင္ရ ပါသလဲ။
ေျဖ - မွန္တယ္ဗ်။ ပေလာင္ေရာ ကိုးကန႔္ေရာ PDF ကို အသုံးခ်ခဲ့တာပဲ။ လားရႈိးမွာဆိုရင္လည္း လာကူတိုက္ခိုင္းတယ္။ မိုးကုတ္မွာလည္း လာကူ တိုက္ခိုင္းတယ္။ ဗမာ PDF ေတြက ပြင့္ပြင့္လင္းလင္း ေျပာရရင္ ဘယ္ေကာင့္ပဲ အေဖေခၚရင္ ေခၚရပေလ့ေစ။ အေရးႀကီးတာ တပ္ကို ကလန္ေနရရင္ ၿပီးတာပဲ ဆိုတဲ့ အေတြးေပါ့ဗ်ာ။ ဘာျဖစ္သလဲဆိုေတာ့ သူတို႔ပဲ ေသတာေလ။ ဟိုေကာင္က မေသဘူး။ မိုးကုတ္မွာ ဆိုရင္လည္း ဗမာ PDF က အမ်ားဆုံး ေသတာ။ အခု ေတာင္ခမ္းမွာ စလာတဲ့ အခ်ိန္တုန္းက ပေလာင္ပဲ လာတာ။ ဒါေပမဲ့ ပေလာင္က စစ္ဆင္ေရးကို လႈပ္ရွားမႈ ဟိုေ႐ႊ႕ဒီေ႐ႊ႕ လုပ္ခ်င္ေတာ့ သူ႔ရဲ႕ရင္ဆိုင္တဲ့ စည္းက ဟိုဘက္မွာ သံဘို၊ ေက်ာက္မဲေလးရွိတယ္ အစြန္ မွာဆိုရင္။ သံဘို၊ ေက်ာက္မဲေလးၿပီးရင္ သရက္ကုန္းဘက္။ သရက္ကုန္းဆို ခင္ဗ်ားတို႔သိတဲ့ ဂန႔္ေဂါ ဒါရင္ဆိုင္ၿပီးၿပီ။ ဂန႔္ေဂါၿပီးေတာ့ အေရွ႕ဘက္ ဆက္သြား မယ္ဆိုရင္ အုမၼတီးနဲ႔ဘန႔္ေဘြးနဲ႔ ဆိုင္တယ္။ ဆိုင္ၿပီးရင္ ဒီဘက္ကိုဆက္ဆင္းရင္ ေတာင္ခမ္း အဲဒီလို သူတို႔က မ်ဥ္း ေျဖာင့္တစ္ေၾကာင္း ဆြဲလိုက္တာကိုး။ ဆြဲၿပီးေတာ့ သူတို႔ကဆိုင္တာ။ အစ္ကို႔ကို ခုနက ေျပာတဲ့ ေက်ာက္မဲေလး၊ သံဘိုကေန အေနာက္ဘက္ကို အေျဖာင့္တိုင္းလိုက္ရင္ မတၱရာ၊ ဆည္ေတာ္ႀကီး ဘက္ကို ေရာက္တယ္ဗ်။ PDF က အဲဒီကေန တက္လာတာ။ အဲဒီကေန တက္ၿပီး လမ္းေၾကာင္းအတိုင္း ဒီေကာင္ေတြကို ကူတာ။ မိုးကုတ္ PDF အႂကြင္း အ က်န္ကလည္း မိုးကုတ္လမ္းအတိုင္းဆင္းလာတယ္။ ေနာက္ဆုံးက်ေတာ့လည္း ဒီဒု႒ဝတီ ျမစ္ကေန ေျခလ်င္တက္ လာၿပီး ရဲ႐ြာအေက်ာ္ေလာက္က်မွ ေလွနဲ႔တက္တာ။ ဝက္ဝံ-ဘန႔္ေဘြးနဲ႔ ေတာင္ခမ္းေတာ လမ္းႀကီးရွိတယ္။ အဲဒီမွာ ေလွဆိပ္ရွိတယ္။ ေလွဆိပ္ကေန တက္ၿပီး ျဖန႔္ခြဲသြားတာ။ ေနာက္တစ္ခုက ဓႏု PDF ကလည္း ဒီေကာင္ေတြကို လာကူတယ္။ ေတာင္ခမ္းက ဘယ္မွာရွိလဲဆိုေတာ့ ေနာင္ခ်ိဳနဲ႔ ေ႐ႊေညာင္နဲ႔ကို အေျဖာင့္ဆြဲလမ္း။ အဲဒီလမ္းေပၚမွာရွိတဲ့ ၿမိဳ႕႐ြာေတြမွာ ေတာင္ခမ္းရွိမယ္၊ ဒု႒ဝတီျမစ္ရွိမယ္၊ ဟိုဘက္မွာ ေက်ာက္ဂူရွိမယ္၊ အင္ေတာရွိမယ္၊ ဟိုဘက္မွာ ဗထူး၊ ရပ္ေစာက္၊ ဗထူး၊ ရပ္ေစာက္ကေန အေျဖာင့္ဆြဲလိုက္ရင္ ေ႐ႊေညာင္ေရာက္မယ္၊ မဆြဲဘဲ အေနာက္ဘက္ဆြဲမယ္ဆို ပင္းတယေရာက္မယ္။ ဓႏု PDF နယ္ေျမေပါ့။ ဓႏု PDF လႈပ္ရွားရမယ့္ နယ္ေျမက အင္ေတာ၊ ေက်ာက္ဂူ၊ ပင္းတယ ဧရိယာကို လႈပ္ရွားရမွာ။ သို႔ေသာ္ အဲဒီမွာ SSPP ရွိမယ္။ ဝမ္ ဟိုင္းေတြ။ သူတို႔က တပ္ကိုလည္း သိပ္ကလန္မယ့္ သူေတြ မဟုတ္ဘူး။ သူတို႔နယ္ေျမကိုလည္း ဟိုေကာင္ေတြကို အေျခခ်ခြင့္ မျပဳခ်င္ဘူး။ မျပဳခ်င္ေတာ့ ဒီေကာင္ေတြက ေနာက္ဆုံးက်ေတာ့ အဲဒီကေန ပေလာင္ကို သြားၿပီးအားျဖည့္တယ္။ အဲဒီလိုပဲ PDF ကလည္း အားျဖည့္တယ္။ ဟိုတစ္ေလာကဆိုရင္ ဒီေကာင္ေတြ သီေပါကိုသြားတိုက္တဲ့ အခ်ိန္မွာ သူ႔တပ္ ေတြ အကုန္လုံးကို ထုတ္ႏုတ္သြားတာ။ ထုတ္ႏႈတ္ တာက ဘာျမင္ရလဲဆိုေတာ့ ေတာင္ခမ္းကေန ထုတ္ ႏုတ္တာက ေတာင္ခမ္းကေန ေနာင္ခ်ိဳျပန္တယ္။ ေနာင္ခ်ိဳကေန သီေပါကို တက္တယ္။ ေနာင္ခ်ိဳၿမိဳ႕ ထဲဝင္တဲ့ အခ်ိန္ ဗီဒီယိုေတြ ႐ိုက္၊ ပန္းကုံးေတြ စြပ္ၿပီး ေတာင္ခမ္းကေန ေအာင္ပြဲခံ ျပန္လာတယ္ဆိုၿပီး ဖြၾက တယ္ေလ။ ဒါေပမဲ့ေနာ္ ဖြတာက ပေလာင္မီဒီယာ က မဖြဘူးေနာ္။ ပေလာင္က စည္းရွိတယ္။ စည္းဆိုတာက မဟုတ္တာကို ဟုတ္တာ သူ႔ Official မီဒီယာမွာ ေရးမယ္ဆိုရင္ သူ႔မီဒီယာ ဂြမ္းသြားမွာ။ အဲဒီေတာ့ မဟုတ္တာကို မေရးဘူး။ အဲဒီေတာ့ ဗမာေတြကပဲ လုပ္လိုက္တာ။ အဲဒီေတာ့ ဒီေကာင္ေတြ သီေပါကို သြားတိုက္တဲ့အခ်ိန္ ဒီမွာက်န္ခဲ့တာက ပေလာင္ နည္းနည္းနဲ႔ PDF မ်ားမ်ား က်န္ခဲ့တယ္။
ေမး - အမိန႔္ေပးတာကေတာ့ ပေလာင္ေတြ ျဖစ္မွာ ေပါ့။
ေျဖ - ဟုတ္တယ္ ဟုတ္တယ္။ ပေလာင္နည္းနည္း နဲ႔ PDF မ်ားမ်ား က်န္ခဲ့တဲ့အခ်ိန္ အရင္လို အင္အားေတြနဲ႔ စခန္းေတြကို မတိုက္ေတာ့ဘူး။ ဒ႐ုန္းနဲ႔ပဲ လာ တိုက္တယ္။ အဲဒီလို အေနအထားေပါ့။
ေမး - ပေလာင္ေတြကို PDF ေတြကို သူတို႔ စစ္ဝတ္ စုံဝတ္ၿပီး တိုက္ခိုက္တယ္လို႔လည္း ၾကားရတာ ရွိပါတယ္။ ၿပီးေတာ့ သူတို႔ၾကားမွာ ပြတ္တိုက္မႈေတြလည္း ရွိတယ္လို႔ ၾကားရတယ္။ ဟုတ္ပါသလား ခင္ဗ်ာ။
ေျဖ - အမွန္ကေတာ့ PDF ရဲ႕ အေနအထားက ျပင္ဦးလြင္ စစ္မ်က္ႏွာေပါ့။ သံဘိုတို႔ ဘာတို႔ရွိတယ္။ ေနာက္တစ္ခုက ေတာင္ခမ္းစစ္မ်က္ႏွာမွာ PDF က ဆုပ္လည္း စူး၊ စားလည္း ႐ူး။ ဘာလို႔လဲဆိုေတာ့ စြတ္တက္ခိုင္းတာ ဟိုေကာင္ေတြက။ သူတို႔က ေနာက္ကပဲေနတာ ေရွ႕ကတက္ ေရွ႕ကတက္ေပါ့။ အတည္မျပဳႏိုင္တဲ့ သတင္းေတြအရဆို ဟိုတစ္ေလာက PDF ေခါင္းေဆာင္တစ္ေယာက္ကို သူတို႔ သတ္လိုက္တယ္ေျပာတယ္။ ဒါကြၽန္ေတာ္ အတည္ျပဳ မရဘူးေနာ္ ၾကားတဲ့သတင္း။ ေနာင္ခ်ိဳၿမိဳ႕ခံေတြ ေျပာတာေတာ့ PDF ေခါင္းေဆာင္တစ္ေယာက္ကို သူတို႔က လက္နက္ေတြ သိမ္းၿပီးေတာ့ သတ္လိုက္ တယ္ ေျပာတယ္။ အဓိကေတာ့ဗ်ာ ငါ့လူေတြခ်ည္းပဲ စစ္တိုက္ရတယ္ မင္းတို႔က မတိုက္ရဘူးေပါ့။ ဒါမ်ိဳး နည္းနည္း ၿငိတယ္ ထင္တယ္။ ေနာက္ပိုင္းေတာ့ PDF က ဘာသံမွ မထြက္ရဲေတာ့ဘူး။ တက္ဆိုတက္၊ တိုက္ဆို တိုက္ အဲဒီလို။ ဒီေကာင္ေတြလည္း အစားေတာ္ေတာ္ ဆင္းရဲတယ္။ ကိုယ္ေတြခ်ည္းပဲ ဆင္းရဲတယ္ မထင္နဲ႔။ ဟိုတစ္ေလာကဆို ထမင္း ပို႔တဲ့ ေကာင္ကို ကိုင္ထည့္ လိုက္တာ ရႉးရွဲနဲ႔ ထမင္းစားေနတာ။ ေနာက္တာ မဟုတ္ဘူး တကယ္ေတြေနာ္။ ခုနက PDF ေလးေတြက ေရွ႕က်ေတာ့ အေျမာက္ဘုရား God of War ေတြနဲ႔ သြားေတြ႕တယ္။ ကြၽန္ေတာ္တို႔ သိသေလာက္ ဆို စြတ္တက္ခိုင္းေနတယ္ေပါ့။ အေျမာက္ေတြက အရမ္းေကာင္းတယ္ေတြ ဘာေတြ ျဖစ္ေနတာ။ ဒါ အမွန္တရားေနာ္။ အတည္ျပဳလို႔ရတဲ့ သတင္းေတြ။ လုပ္မွာလား၊ မလုပ္ဘူးလား ျပန္လာရင္ အႀကိတ္ခံရ မွာပဲေလ။ ျပန္လာရင္ အလုပ္ခံရ မယ္ဆိုတာ သိေတာ့ ေသမထူး ေနမထူးေလ။ တစ္ခုခုေတာ့ သူတို႔မွာ အေၾကာက္တရားေပါ့။ ေရွ႕တက္ဆိုရင္ေတာ့ မတက္ ပဲ မေနရဲဘူး။ အေၾကာက္တရားက PDF မွာ ရွိတယ္။ ဘယ္လို လုပ္ထားလဲေတာ့ မသိဘူး။ ေသခ်ာတာက ေတာ့ တက္လည္း မတက္ခ်င္ဘူး၊ ေနာက္လည္း ျပန္ မဆုတ္ခ်င္ဘူး ျဖစ္ေနတာ။
ေမး - ကြၽန္ေတာ္တို႔ သိရတာ တစ္ခုက သူပုန္ေတြဟာ မူးယစ္ေဆးေတြ သုံးၿပီး စစ္တိုက္ခိုင္းတယ္လို႔ သိရတယ္။ ေတာင္ခမ္းမွာေကာ ဒါမ်ိဳးျဖစ္စဥ္ေတြ႕ရလား။
ေျဖ - သုံးပါတယ္ သုံးပါတယ္။ ကြၽန္ေတာ္သြားတဲ့ အခ်ိန္တုန္းကဆိုရင္ ဒီေကာင္ေတြက တစ္ေနကုန္ မတိုက္ဘူး။ တစ္ေနကုန္ အိပ္ေနမွာေပါ့။ မိုးခ်ဳပ္ၿပီ ဆိုရင္လာၿပီ။ ကြၽန္ေတာ္လည္း တစ္ပြဲ ႀကဳံတယ္။ ကြၽန္ေတာ္တို႔ စစ္သည္ေတြနဲ႔ လႈပ္ရွားအဖြဲ႕ေတြ ေျပာတာဆိုရင္ ေဆးျပားေတြေတာင္မိတယ္။ ဒီေကာင္ေတြ ေတာ္ေတာ္ေတာ့ သြက္တယ္ဗ်။ ေဆးသုံးၿပီးရင္ ေတာ့ေတာ္ေတာ္သြက္တာ။
ေမး - လက္ရွိ ေတာင္ခမ္းအေျခအေနကေကာ ဘယ္ လိုရွိပါသလဲ။
ေျဖ - လက္ရွိ ေတာင္ခမ္းအေျခအေနမွာ ဆိုရင္ အခုေနာက္ပိုင္းက ကြၽန္ေတာ္ မေရာက္ခင္ကထက္ စာရင္ အေျခအေန ေကာင္းလာတယ္။ ကြၽန္ေတာ္ မသြားခင္ ကဆိုရင္ ကြၽန္ေတာ္လည္း အဲဒီအေျခအေန မႀကိဳက္ဘူး။ အားမရတာေတာ့ ဘယ္သူမွ အားမရခဲ့ၾကဘူး။ ဒါေပမဲ့ တျဖည္းျဖည္း ျပဳျပင္ေျပာင္းလဲၿပီးေတာ့ ဒါအစီအမံေလးေတြ တခ်ိဳ႕အေျပာင္း အလဲေတြ ရွိလာေတာ့ လက္ရွိအေနအထားကို ကြၽန္ေတာ္ သေဘာက်တယ္။ အခုရက္မွာ ပိုၿပီးေတာ့ ကြၽန္ေတာ္တို႔ ဘက္က ေလယာဥ္ဆိုလည္း ေလယာဥ္၊ အေျမာက္ဆိုလည္း အေျမာက္ လုပ္သာကိုင္သာေတြ ရွိတယ္။ ေနာင္ခ်ိဳဆိုလည္း လုပ္သာကိုင္သာေတြ ရွိတယ္လို႔ သိရတယ္။ လာမယ့္ အနာဂတ္မွာလည္း အဆင္ေျပ ႏိုင္တယ္ ဆိုတဲ့ အရိပ္အေယာင္ အေငြ႕အသက္ေတြ ရွိေနတယ္။ ကြၽန္ေတာ္ထင္တယ္ မၾကာခင္မွာ ေကာင္းမြန္တဲ့ အေနအထားေတြ ေရာက္ဖို႔ ကြၽန္ေတာ္ ျမင္ေနတာေတြရွိတယ္။ အဲဒါေလးေတြက ဘာေလး လဲဆိုတာေတာ့ ကြၽန္ေတာ့္ကိုေတာ့ မေမးနဲ႔ ကြၽန္ေတာ္ ေျပာလို႔ မရဘူး။ အစ္ကိုလည္း မွန္းၾကည့္ေပါ့။ ေသခ်ာတာကေတာ့ ယခင္တုန္းက ျပင္ဦးလြင္မွာ ဆိုင္ထားတဲ့ အဖြဲ႕ေတြေရာ ေတာင္ခမ္းမွာ ဆိုင္ထားတဲ့ အဖြဲ႕ေတြေရာသည္ ခံစစ္သက္သက္ေတြခ်ည္းပဲ။ အခုခ်ိန္မွာ ေျပာင္းလဲလာတဲ့ ထိုးစစ္ေတြ ျမင္လာၿပီ။ ခင္ဗ်ာတို႔လည္း ၾကားမွာပဲ။ အားတက္စရာ အေျခအ ေနကို ေရာက္လာတယ္။ သူတို႔ကလည္း မီးကုန္ ယမ္း ကုန္ ၾကမ္းတာပဲ။ ရန္သူကလည္း အရင္လို ေ-ာက္ ေပါေတြ မဟုတ္ေတာ့ဘူး လည္လာၿပီ။ အင္အားကို ရွိတာကို မရွိေအာင္ လုပ္တယ္၊ မရွိတာကို ရွိေအာင္ လုပ္တယ္ ႐ြာသားနဲ႔ေရာၿပီး ကားဘယ္ႏွစ္စီး တက္လာၿပီ ဝါဒျဖန႔္တာလုပ္ တယ္။ ေသခ်ာတာက ေတာ့ ေတာင္ခမ္းေရာ၊ ျပင္ဦးလြင္ေရာက ကြၽန္ေတာ္ တို႔ ရႈံးစရာ အေၾကာင္းေတာ့ မရွိေတာ့ဘူးဗ်။ ကြၽန္ ေတာ္ ျမင္တာေျပာတာေနာ္။ ဒီကေန တစ္ဆင့္ လက္ လႊတ္ခဲ့တာေတြ ျပန္သိမ္းႏိုင္မလား ဆိုတာေတာ့ ေျပာ ဖို႔ ေစာေသးတယ္။ ေသခ်ာတာကေတာ့ ျပင္ဦးလြင္နဲ႔ ေတာင္ခမ္းကို ကြၽန္ေတာ္စိတ္ခ်တယ္။ မၾကာခင္မွာ ေတာင္ ေနာင္ခ်ိဳတို႔ ဘာတို႔ေတာင္ ရလာႏိုင္တဲ့ အေနအထားရွိတယ္။ ကြၽန္ေတာ္ ေမွ်ာ္လင့္တာ ေျပာတာေနာ္။ လားရႈိး အထိ ဘာညာကေတာ့ ေဝးတယ္ဗ် မေျပာခ်င္ဘူး။ ေနာင္ခ်ိဳကေတာ့ ေမွ်ာ္မွန္းႏိုင္တဲ့ အေနအထား ျမင္ရတယ္ေပါ့ေနာ္။ ျပင္ဦးလြင္ဘက္က တပ္ေတြက လုပ္ရင္းကိုင္ရင္းနဲ႔ အနည္ထိုင္ၿပီး Stable ျဖစ္သြားတယ္။ Stable ျဖစ္သြားခ်ိန္ ဒီေကာင္ ေတြ ဘာမွလုပ္လို႔မရေတာ့ဘူး။ ဆရာမင္းသိခၤေျပာသ လိုေပါ့ဗ်ာ။ နာၿပီးရင္ ရယ္ရေတာ့မယ္။ ကြၽန္ေတာ္တို႔က နာၿပီးၿပီေလ။ ရယ္ဖို႔အတြက္ အားျပဳေနၿပီ။ ခံေတာ့ ခံၿပီးသြားၿပီ ေပါ့ဗ်ာ။ ေတာင္ခမ္းလည္း သူ႔ဟာနဲ႔ သူအကုန္လုံးက အိုေကသြားၿပီဆိုတဲ့ အေနအထား ရွိတယ္။ က်စရာကေတာ့ ဘယ္နည္းနဲ႔မွ မရွိႏိုင္ေတာ့ဘူး။ ဟိုတစ္ရက္ကဆို (၃၅၄) ဘက္ကို စပါယ္ရွယ္ လာေဆာ္တာ။ အႀကီးအက်ယ္ပဲ။ ကြၽန္ေတာ္ဖုန္း ေျပာေနတဲ့ အခ်ိန္မွာေတာင္ လက္နက္ႀကီးသံေတြ ဆူညံေနတာပဲ။ ဝုန္းဝုန္းနဲ႔ ပစ္တာ။ ကိုယ့္ဘက္က ပစ္တာ အဲဒီလိုမ်ိဳး အက်ယ္ႀကီးေတြ ခ်ေနတာ။ မက်ေတာ့ပါဘူး။
ေမး - ေဒသခံေတြရဲ႕ သတင္းေပးမႈ အပိုင္းေပါ့ေနာ္။ သတင္းရရွိမႈကေကာ ဘယ္လိုရွိပါသလဲ ခင္ဗ်ာ။
ေျဖ - ေဒသခံကို ေျပာမယ္ေနာ္။ ေဒသခံက သူတို႔ကို အလိုမရွိဘူး။ ကြၽန္ေတာ့္မွာကို ကြၽန္ေတာ့္ကို သတင္းေပးတဲ့ ေဒသခံေတြ အမ်ားႀကီးပဲ။ ဟိုတစ္ေလာက ကြၽန္ေတာ့္ကို ကုန္းတစ္ကုန္းမွာ ရွိတယ္ဆိုၿပီး သတင္းေပးလို႔ ကြၽန္ေတာ္က သတင္းျပန္ေပးလိုက္တာ ၿပီးေတာ့ ခ်တာပဲ ေဆာ္တာပဲ။ ေဒသခံက သတင္းေတြ တိတိက်က် ေပးႏိုင္တယ္။ လူေလး ရာေလာက္ စု႐ုံးစု႐ုံး လုပ္ေနတယ္ ဆိုၿပီးခ်တာပဲ။ ေဒသခံက အမွန္ တရားကို လိုလားၿပီေလ။ ၿငိမ္းခ်မ္းေရးကို လိုလားၿပီ ေလ။ ဒီေကာင္ေတြက အခုဗ်ာ PDF ေတြ ကားေခ်ာ ဆြဲတယ္။ ကားပိုင္ရွင္ေတြက မေပးခ်င္ဘူး။ မေပးလို႔ ရမလား ဒါေတြက ငါတို႔ အုပ္ခ်ဳပ္ရမယ့္ နယ္ေျမ မင္းတို႔ေကာင္ေတြ ငါတို႔ႏိုင္ရင္ သတ္ပစ္မွာေတြ ႀကိမ္းတာ။ ေဒသခံေတြက ဒီေကာင္ေတြကို မေက်နပ္ဘူး။ သူတို႔ကို ေထာက္ခံတဲ့သူ မရွိဘူးလား ဆိုေတာ့ ရွိတယ္။ ေအာ္ရီဂ်င္နယ္ အနီေတြေပါ့။ သို႔ေသာ္ ၾကားေနနဲ႔ ဒီ သူတို႔ကိုမႀကိဳက္တဲ့သူနဲ႔က စပါယ္ရွယ္ သတင္းေပးတာ။ သတင္းေပးရင္လည္း အမွန္ေတြပဲ သတင္းေပးတာ။
ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။