မြန်မာနိုင်ငံ၏အရေးသည် တရုတ်၏ အိမ်နီးချင်းနိုင်ငံအရေး ဖြစ်သဖြင့် နိုင်ငံတကာမျက်နှာစာ၌ မြန်မာနိုင်ငံဘက်မှ ရပ်တည်မည်ဟု တရုတ်ပြော

 1473

ထွန်းမွန်သက် (NP News) - နိုဝင်ဘာလ ၇

မြန်မာနိုင်ငံ၏အရေးသည် တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ အရေးပင် ဖြစ်သောကြောင့် နိုင်ငံတကာမျက်နှာစာ၌ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ်၌ ရပ်တည်ဆောင်ရွက်သွားမည်ဟု တရုတ်နိုင်ငံဝန်ကြီးချုပ် Mr. Li Qiang က ပြောသည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr. Li Qiang တို့သည် နိုဝင်ဘာ ၆ ရက် မွန်းလွဲပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့ရှိ Haigeng Garden Hotel ၌ တွေ့ဆုံ‌ရာ ၌ Mr. Li Qiang က အထက်ပါအတိုင်း ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် နိုင်ငံရေးအရ ပြောင်းလဲဖြစ်ပေါ်မှုများ၊ စိန်ခေါ်မှုများကို နှစ်နိုင်ငံအကြား ခိုင်မြဲသည့်ဆက်ဆံရေးဖြင့် အတူတကွလက်တွဲကျော်ဖြတ်နိုင်ခဲ့ကြပြီး ဆက်လက်၍လည်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း Mr. Li Qiang က ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အစဉ်အမြဲထောက်ခံကြောင်း၊ နှစ်နိုင်ငံအကြားသာမက ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတို့၌ ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

zawgyi version
ျမန္မာႏိုင္ငံ၏အေရးသည္ တ႐ုတ္၏ အိမ္နီးခ်င္းႏိုင္ငံအေရး ျဖစ္သျဖင့္ ႏိုင္ငံတကာမ်က္ႏွာစာ၌ ျမန္မာႏိုင္ငံဘက္မွ ရပ္တည္မည္ဟု တ႐ုတ္ေျပာ
ထြန္းမြန္သက္ -

ျမန္မာႏိုင္ငံ၏အေရးသည္ တ႐ုတ္ႏိုင္ငံ၏ အိမ္နီးခ်င္းႏိုင္ငံ အေရးပင္ ျဖစ္ေသာေၾကာင့္ ႏိုင္ငံတကာမ်က္ႏွာစာ၌ တ႐ုတ္ႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံအေပၚ၌ ရပ္တည္ေဆာင္႐ြက္သြားမည္ဟု တ႐ုတ္ႏိုင္ငံဝန္ႀကီးခ်ဳပ္ Mr. Li Qiang က ေျပာသည္။

ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ ဝန္ႀကီးခ်ဳပ္ Mr. Li Qiang တို႔သည္ ႏိုဝင္ဘာ ၆ ရက္ မြန္းလြဲပိုင္းက တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ ကူမင္းၿမိဳ႕ရွိ Haigeng Garden Hotel ၌ ေတြ႕ဆုံ‌ရာ ၌ Mr. Li Qiang က အထက္ပါအတိုင္း ထည့္သြင္းေဆြးေႏြးခဲ့ျခင္းျဖစ္သည္။

ထို႔ျပင္ ႏိုင္ငံေရးအရ ေျပာင္းလဲျဖစ္ေပၚမႈမ်ား၊ စိန္ေခၚမႈမ်ားကို ႏွစ္ႏိုင္ငံအၾကား ခိုင္ၿမဲသည့္ဆက္ဆံေရးျဖင့္ အတူတကြလက္တြဲေက်ာ္ျဖတ္ႏိုင္ခဲ့ၾကၿပီး ဆက္လက္၍လည္း ခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို တိုးျမႇင့္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းလည္း Mr. Li Qiang က ဆိုသည္။

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကလည္း ျမန္မာႏိုင္ငံအေနျဖင့္ တ႐ုတ္တစ္ႏိုင္ငံတည္းမူဝါဒကို အစဥ္အၿမဲေထာက္ခံေၾကာင္း၊ ႏွစ္ႏိုင္ငံအၾကားသာမက ေဒသတြင္းႏွင့္ ႏိုင္ငံတကာ မ်က္ႏွာစာတို႔၌ ပိုမိုနီးကပ္စြာ ပူးေပါင္း ေဆာင္႐ြက္သြားႏိုင္မည္ဟု ယုံၾကည္ေၾကာင္း ေဆြးေႏြးေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.