မူဆယ်- မန္တလေး- ကျောက်ဖြူရထားလမ်းသစ် ဖောက်လုပ်ရေးစီမံကိန်းကို နယ်မြေအခြေအနေအရ စတင်ဖောက်လုပ်နိုင်မည့်နေရာများ၌ လုပ်ငန်းစတင်သွားမည်
5039
ယွန်း (NP News)- နိုဝင်ဘာ ၇
မူဆယ်- မန္တလေး- ကျောက်ဖြူရထားလမ်းသစ် ဖောက်လုပ်ရေးစီမံကိန်းကို နယ်မြေအခြေအနေအရ စတင်ဖောက်လုပ်နိုင်မည့်နေရာများ၌ လုပ်ငန်းစတင်သွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက အသိပေးပြောကြားသည်။
နစကဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Mr. Li Qiang အဖွဲ့အား နိုဝင်ဘာ(၆)ရက်တွင် ကူမင်းမြို့ရှိ Haigeng Garden Hotel ၌ တွေ့ဆုံစဥ်အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံပေါင်း (၅၂) နိုင်ငံအနက် တရုတ်နိုင်ငံသည် ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံသည့်နိုင်ငံဖြစ်၍ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ၊ စီမံကိန်းများနှင့် နိုင်ငံသားများ၏ လုံခြုံဘေးကင်းရေးကို အထူးအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း နစကဥက္ကဋ္ဌက ပြောသည်။ အလားတူ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးနှင့် နည်းပညာအကူအညီများ၊ ပူးပေါင်းဆောင်ရွက်မှုများ၊ စွမ်းအင်ကဏ္ဍလုံခြုံရေးအတွက် ဆက်လက်ဆွေးနွေးပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မူဆယ်-မန္တလေး- ကျောက်ဖြူ ရထားလမ်းသစ်ဖောက်လုပ်ရေးစီမံကိန်းအား နယ်မြေဒေသအခြေအနေအရ စတင်ဖောက်လုပ်နိုင်မည့် နေရာများ၌ လုပ်ငန်းစတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နစကဥက္ကဋ္ဌက အသိပေးထားသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူမင်းမြို့သို့ ရောက်ရှိနေစဉ် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်နေသည့် တရုတ်နိုင်ငံမှ လုပ်ငန်းရှင်များ၊ ဆောင်ရွက်လိုသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ရာ စီးပွားရေးအရ တက်ကြွသည့်အမြင်များနှင့် ထက်သန်သည့် ပူးပေါင်းဆောင်ရွက်မှုများကို တွေ့မြင်ခဲ့ရပြီး မြန်မာဘက်မှ လိုအပ်သောအကူအညီနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။
အဆိုပါ စီမံကိန်းကို ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှ မန္တလေး၊ မန္တလေးမြို့မှ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အထိ မီးရထားလမ်းများ ဖောက်လုပ်ရန် စီစဉ်ထားကြောင်း သိရပြီး မူဆယ်မြို့မှ ကျောက်ဖြူမြို့အထိ ဖောက်လုပ်မည့် မီးရထားလမ်းအရှည်သည် ကီလိုမီတာ (၁ဝဝဝ)ကျော်ရှိနေကြောင်း သိရသည်။ တရုတ်နှင့် မြန်မာနိုင်ငံကြား ဆက်သွယ်ဖောက်လုပ်မည့် မီးရထားလမ်းစီမံကိန်းကို အဆင့်နှစ်ဆင့်ဖြင့် ပိုင်းခြားပြုလုပ်သွားမည်ဖြစ်ပြီး စီမံကိန်းပထမအဆင့်တွင် မူဆယ်-မန္တလေး ချိတ်ဆက်မည့် မီးရထားလမ်းဖောက်လုပ်ခြင်းဖြစ်ပြီး အရှည် (၄ဝ၁)ကီလိုမီတာ ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ နှင့် တရုတ် Eryuan Engineering Group အုပ်စုသည် အရှည် (၄၃၁)ကီလိုမီတာရှိသော မူဆယ်-မန္တလေး ရထားလမ်းဖောက်လုပ်ခြင်းစီမံကိန်းနှင့်ပတ်သက်ပြီး နားလည်မှုစာချွန်လွှာကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၂၂ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး မန္တလေး-ကျောက်ဖြူမီးရထားလမ်း ဖောက်လုပ်မည့် စီမံကိန်းနှင့်ပတ်သက်သော နားလည်မှုစာချွန်လွှာကို မြန်မာအစိုးရ နှင့် China Railway Eryuan Engineering Group ကြား ၂ဝ၂၁ ခုနှစ် ဇန်နဝါရီ ၁ဝ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။
zawgyi version
မူဆယ္- မႏၲေလး- ေက်ာက္ျဖဴရထားလမ္းသစ္ ေဖာက္လုပ္ေရးစီမံကိန္းကို နယ္ေျမအေျခအေနအရ စတင္ေဖာက္လုပ္ႏိုင္မည့္ေနရာမ်ား၌ လုပ္ငန္းစတင္သြားမည္
ယြန္း(NP News)- ႏိုဝင္ဘာ ၇
မူဆယ္- မႏၲေလး- ေက်ာက္ျဖဴရထားလမ္းသစ္ ေဖာက္လုပ္ေရးစီမံကိန္းကို နယ္ေျမအေျခအေနအရ စတင္ေဖာက္လုပ္ႏိုင္မည့္ေနရာမ်ား၌ လုပ္ငန္းစတင္သြားမည္ျဖစ္ေၾကာင္း နစကဥကၠ႒က အသိေပးေျပာၾကားသည္။
နစကဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံဝန္ႀကီးခ်ဳပ္ H.E. Mr. Li Qiang အဖြဲ႕အား ႏိုဝင္ဘာ(၆)ရက္တြင္ ကူမင္းၿမိဳ႕ရွိ Haigeng Garden Hotel ၌ ေတြ႕ဆုံစဥ္အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ျမန္မာႏိုင္ငံတြင္ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံၾကသည့္ ႏိုင္ငံေပါင္း (၅၂) ႏိုင္ငံအနက္ တ႐ုတ္ႏိုင္ငံသည္ ဒုတိယအမ်ားဆုံး ရင္းႏွီးျမႇဳပ္ႏွံသည့္ႏိုင္ငံျဖစ္၍ တ႐ုတ္ႏိုင္ငံ၏ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား၊ စီမံကိန္းမ်ားႏွင့္ ႏိုင္ငံသားမ်ား၏ လုံၿခဳံေဘးကင္းေရးကို အထူးအေလးထားေဆာင္႐ြက္လ်က္ရွိပါေၾကာင္း နစကဥကၠ႒က ေျပာသည္။ အလားတူ ျမန္မာႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ စီးပြားေရးႏွင့္ နည္းပညာအကူအညီမ်ား၊ ပူးေပါင္းေဆာင္႐ြက္မႈမ်ား၊ စြမ္းအင္က႑လုံၿခဳံေရးအတြက္ ဆက္လက္ေဆြးေႏြးပူးေပါင္း ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ မူဆယ္-မႏၲေလး- ေက်ာက္ျဖဴ ရထားလမ္းသစ္ေဖာက္လုပ္ေရးစီမံကိန္းအား နယ္ေျမေဒသအေျခအေနအရ စတင္ေဖာက္လုပ္ႏိုင္မည့္ ေနရာမ်ား၌ လုပ္ငန္းစတင္ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း နစကဥကၠ႒က အသိေပးထားသည္။
ျမန္မာႏိုင္ငံ၏ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ကူမင္းၿမိဳ႕သို႔ ေရာက္ရွိေနစဥ္ ျမန္မာႏိုင္ငံ၌ ရင္းႏွီးျမႇဳပ္ႏွံမႈေဆာင္႐ြက္ေနသည့္ တ႐ုတ္ႏိုင္ငံမွ လုပ္ငန္းရွင္မ်ား၊ ေဆာင္႐ြက္လိုသူမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးမႈမ်ား ေဆာင္႐ြက္ခဲ့ရာ စီးပြားေရးအရ တက္ႂကြသည့္အျမင္မ်ားႏွင့္ ထက္သန္သည့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ေတြ႕ျမင္ခဲ့ရၿပီး ျမန္မာဘက္မွ လိုအပ္ေသာအကူအညီႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း နစကဥကၠ႒က ေျပာၾကားသည္။
အဆိုပါ စီမံကိန္းကို ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕မွ မႏၲေလး၊ မႏၲေလးၿမိဳ႕မွ ရခိုင္ျပည္နယ္ ေက်ာက္ျဖဴၿမိဳ႕အထိ မီးရထားလမ္းမ်ား ေဖာက္လုပ္ရန္ စီစဥ္ထားေၾကာင္း သိရၿပီး မူဆယ္ၿမိဳ႕မွ ေက်ာက္ျဖဴၿမိဳ႕အထိ ေဖာက္လုပ္မည့္ မီးရထားလမ္းအရွည္သည္ ကီလိုမီတာ (၁ဝဝဝ)ေက်ာ္ရွိေနေၾကာင္း သိရသည္။ တ႐ုတ္ႏွင့္ ျမန္မာႏိုင္ငံၾကား ဆက္သြယ္ေဖာက္လုပ္မည့္ မီးရထားလမ္းစီမံကိန္းကို အဆင့္ႏွစ္ဆင့္ျဖင့္ ပိုင္းျခားျပဳလုပ္သြားမည္ျဖစ္ၿပီး စီမံကိန္းပထမအဆင့္တြင္ မူဆယ္-မႏၲေလး ခ်ိတ္ဆက္မည့္ မီးရထားလမ္းေဖာက္လုပ္ျခင္းျဖစ္ၿပီး အရွည္ (၄ဝ၁)ကီလိုမီတာ ရွိေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံ ႏွင့္ တ႐ုတ္ Eryuan Engineering Group အုပ္စုသည္ အရွည္ (၄၃၁)ကီလိုမီတာရွိေသာ မူဆယ္-မႏၲေလး ရထားလမ္းေဖာက္လုပ္ျခင္းစီမံကိန္းႏွင့္ပတ္သက္ၿပီး နားလည္မႈစာခြၽန္လႊာကို ၂ဝ၁၈ ခုႏွစ္ ေအာက္တိုဘာလ ၂၂ ရက္တြင္ လက္မွတ္ေရးထိုးခဲ့ၿပီး မႏၲေလး-ေက်ာက္ျဖဴမီးရထားလမ္း ေဖာက္လုပ္မည့္ စီမံကိန္းႏွင့္ပတ္သက္ေသာ နားလည္မႈစာခြၽန္လႊာကို ျမန္မာအစိုးရ ႏွင့္ China Railway Eryuan Engineering Group ၾကား ၂ဝ၂၁ ခုႏွစ္ ဇန္နဝါရီ ၁ဝ ရက္တြင္ လက္မွတ္ေရးထိုးခဲ့သည္။