(၂၀၂၅) ခုနှစ်အစောပိုင်းတွင် မိန်းကလေးအဖွဲ့သစ်တစ်ဖွဲ့ ပွဲဦးထွက်လာမည်ဟု SM Entertainment ကုမ္ပဏီကြေညာ

 236

Pika (NP News) - နိုဝင်ဘာ ၇

(၂၀၂၅) ခုနှစ်အစောပိုင်းတွင် မိန်းကလေးအဖွဲ့သစ်တစ်ဖွဲ့ ပွဲဦးထွက်လာမည့် အစီအစဉ်များကို SM Entertainment ကုမ္ပဏီက ထုတ်ပြန်ပြသခဲ့ကြောင်း သိရသည်။

အဆိုပါပွဲဦးထွက်မှုသည် (၂၀၂၀)ခုနှစ်တွင် Aespa မိန်းကလေးအဖွဲ့ထွက်ပေါ်လာပြီးနောက်ပိုင်း SM Entertainment ကုမ္ပဏီ၏ ပထမဆုံးအကြိမ် မိန်းကလေးအဖွဲ့တစ်ဖွဲ့ ပွဲဦးထွက်လာခြင်းဖြစ်ကြောင်းလည်း သိရသည်။ SM Entertainment ကုမ္ပဏီသည် နိုဝင်ဘာလ(၅)ရက်တွင် အဆိုပါကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ SM Entertainment ကုမ္ပဏီ၏ ပူးတွဲစီအီးအို Cheol Hyuk က "ကျွန်တော်တို့ရဲ့ ရှိရင်းစွဲ အနုပညာရှင်အဖွဲ့တွေအပြင် SM Entertainment ဟာ အနုပညာရှင်အသစ်တွေကို ပြီးခဲ့တဲ့နှစ်တည်းက ဆက်တိုက်ပွဲထုတ်ခဲ့တာဖြစ်ပြီး K-pop ရဲ့ မျိုးဆက်တွေအားလုံးမှာ ကျယ်ပြန့်တဲ့ဖန်တီးမှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။ လာမယ့်နှစ်မှာ မိန်းကလေးအဖွဲ့သစ်တစ်ဖွဲ့ ပွဲဦးထွက်လာမှုနဲ့အတူ ကျွန်တော်တို့ရဲ့အနုပညာရှင်လမ်းကြောင်းကို ပိုမိုခိုင်မာအောင်လုပ်ဆောင်နိုင်တော့မှာပါ"ဟု ပြောဆိုခဲ့သည်။

SM Entertainment ကုမ္ပဏီသည် (၂၀၂၄)ခုနှစ် တတိယသုံးလပတ်တွင် ဝင်ငွေ(၉)ရာခိုင်နှုန်း ဝမ် (၂၄၂ ဒသမ ၂)ဘီလျံကျဆင်းခဲ့ပြီး လုပ်ငန်းလည်ပတ်မှုအမြတ်များလည်း ကျဆင်းသွားခဲ့ကြောင်း သိရသည်။ အဆိုပါကျဆင်းမှုသည် လက်အောက်ခံကုမ္ပဏီများ၏ရောင်းချမှုအား လျော့ကျလာခြင်းနှင့် ၎င်း၏ ပထမဆုံးဗြိတိသျှယောက်ျားလေးအဖွဲ့ Dear Alice အတွက် ထုတ်လုပ်မှုစရိတ်များ တိုးမြင့်လာခြင်းကြောင့်ဖြစ်ကြောင်း ပြောဆိုထားသည်။

SM Entertainment ကုမ္ပဏီသည် လက်ရှိအနုပညာရှင်များအတွက် ၎င်း၏အစီအစဉ်များကို မျှဝေခဲ့ပြီး အနုပညာလှုပ်ရှားမှုနှင့်ပတ်သက်ပြီး ဝင်ငွေများတည်ငြိမ်စေရန်အတွက် လက်ရှိအနုပညာရှင်များကို မြှင့်တင်ပေးနိုင်ရန် အာရုံစိုက်နေကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် NCT Dream နှင့် Red Velvet ကဲ့သို့သော ပရိသတ်အနှစ်သက်ဆုံးအဖွဲ့များကို အယ်လ်ဘမ်အသစ်ထုတ်ခြင်း၊ ရောင်းကုန်များနှင့် ကမ္ဘာလုံးဆိုင်ရာ ဖျော်ဖြေပွဲအရေအတွက် တိုးလာအောင်လုပ်ဆောင်ပေးခြင်းဖြင့် ပံ့ပိုးကူညီပေးရန် SM Entertainment ကုမ္ပဏီက စီစဉ်နေကြောင်းလည်း သိရသည်။

zawgyi version
(၂၀၂၅) ခုႏွစ္အေစာပိုင္းတြင္ မိန္းကေလးအဖြဲ႕သစ္တစ္ဖြဲ႕ ပြဲဦးထြက္လာမည္ဟု SM Entertainment ကုမၸဏီေၾကညာ
Pika (NP News) - ႏိုဝင္ဘာ ၇

(၂၀၂၅) ခုႏွစ္အေစာပိုင္းတြင္ မိန္းကေလးအဖြဲ႕သစ္တစ္ဖြဲ႕ ပြဲဦးထြက္လာမည့္ အစီအစဥ္မ်ားကို SM Entertainment ကုမၸဏီက ထုတ္ျပန္ျပသခဲ့ေၾကာင္း သိရသည္။

အဆိုပါပြဲဦးထြက္မႈသည္ (၂၀၂၀)ခုႏွစ္တြင္ Aespa မိန္းကေလးအဖြဲ႕ထြက္ေပၚလာၿပီးေနာက္ပိုင္း SM Entertainment ကုမၸဏီ၏ ပထမဆုံးအႀကိမ္ မိန္းကေလးအဖြဲ႕တစ္ဖြဲ႕ ပြဲဦးထြက္လာျခင္းျဖစ္ေၾကာင္းလည္း သိရသည္။ SM Entertainment ကုမၸဏီသည္ ႏိုဝင္ဘာလ(၅)ရက္တြင္ အဆိုပါေၾကညာခ်က္ကို ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။ SM Entertainment ကုမၸဏီ၏ ပူးတြဲစီအီးအို Cheol Hyuk က "ကြၽန္ေတာ္တို႔ရဲ႕ ရွိရင္းစြဲ အႏုပညာရွင္အဖြဲ႕ေတြအျပင္ SM Entertainment ဟာ အႏုပညာရွင္အသစ္ေတြကို ၿပီးခဲ့တဲ့ႏွစ္တည္းက ဆက္တိုက္ပြဲထုတ္ခဲ့တာျဖစ္ၿပီး K-pop ရဲ႕ မ်ိဳးဆက္ေတြအားလုံးမွာ က်ယ္ျပန႔္တဲ့ဖန္တီးမႈေတြကို လုပ္ေဆာင္ခဲ့ပါတယ္။ လာမယ့္ႏွစ္မွာ မိန္းကေလးအဖြဲ႕သစ္တစ္ဖြဲ႕ ပြဲဦးထြက္လာမႈနဲ႔အတူ ကြၽန္ေတာ္တို႔ရဲ႕အႏုပညာရွင္လမ္းေၾကာင္းကို ပိုမိုခိုင္မာေအာင္လုပ္ေဆာင္ႏိုင္ေတာ့မွာပါ"ဟု ေျပာဆိုခဲ့သည္။

SM Entertainment ကုမၸဏီသည္ (၂၀၂၄)ခုႏွစ္ တတိယသုံးလပတ္တြင္ ဝင္ေငြ(၉)ရာခိုင္ႏႈန္း ဝမ္ (၂၄၂ ဒသမ ၂)ဘီလ်ံက်ဆင္းခဲ့ၿပီး လုပ္ငန္းလည္ပတ္မႈအျမတ္မ်ားလည္း က်ဆင္းသြားခဲ့ေၾကာင္း သိရသည္။ အဆိုပါက်ဆင္းမႈသည္ လက္ေအာက္ခံကုမၸဏီမ်ား၏ေရာင္းခ်မႈအား ေလ်ာ့က်လာျခင္းႏွင့္ ၎၏ ပထမဆုံးၿဗိတိသွ်ေယာက္်ားေလးအဖြဲ႕ Dear Alice အတြက္ ထုတ္လုပ္မႈစရိတ္မ်ား တိုးျမင့္လာျခင္းေၾကာင့္ျဖစ္ေၾကာင္း ေျပာဆိုထားသည္။

SM Entertainment ကုမၸဏီသည္ လက္ရွိအႏုပညာရွင္မ်ားအတြက္ ၎၏အစီအစဥ္မ်ားကို မွ်ေဝခဲ့ၿပီး အႏုပညာလႈပ္ရွားမႈႏွင့္ပတ္သက္ၿပီး ဝင္ေငြမ်ားတည္ၿငိမ္ေစရန္အတြက္ လက္ရွိအႏုပညာရွင္မ်ားကို ျမႇင့္တင္ေပးႏိုင္ရန္ အာ႐ုံစိုက္ေနေၾကာင္း ေျပာၾကားခဲ့သည္။ ထို႔ျပင္ NCT Dream ႏွင့္ Red Velvet ကဲ့သို႔ေသာ ပရိသတ္အႏွစ္သက္ဆုံးအဖြဲ႕မ်ားကို အယ္လ္ဘမ္အသစ္ထုတ္ျခင္း၊ ေရာင္းကုန္မ်ားႏွင့္ ကမာၻလုံးဆိုင္ရာ ေဖ်ာ္ေျဖပြဲအေရအတြက္ တိုးလာေအာင္လုပ္ေဆာင္ေပးျခင္းျဖင့္ ပံ့ပိုးကူညီေပးရန္ SM Entertainment ကုမၸဏီက စီစဥ္ေနေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.