သင်္ကြန်ပွဲတော်သည် ယူနက်စကို၏ပဏာမစာရင်းတွင် ပါဝင်လာသောကြောင့် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်ရန် သေချာသလောက်ရှိနေ
3790
စော (NP News) - နိုဝင်ဘာ ၇
မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်သည် ယူနက်စကို၏ပဏာမစာရင်းတွင် ပါဝင်လာသောကြောင့် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်ရန် သေချာသလောက်ရှိနေကြောင်း သာသနmရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက NP News ကိုပြောသည်။
ယူနက်စကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ တင်သွင်းထားသည့် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်သည် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းအဖြစ် ယူနက်စကို၏ ပဏာမစာရင်းတွင် ပါဝင်လာကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန၏ အချက်အလက်များအရ သိရသည်။
“ကျွန်တော်တို့ သုံးသပ်ချက်အရဆိုရင်တော့ ဒီဟာက စာရင်းရပြီဖြစ်တဲ့အတွက်ကြောင့် သေချာသလောက်ဖြစ်သွားပြီ။ သေချာသလောက်ဖြစ်သွားပြီတဲ့အတွက် ဒီဇင်ဘာမှာ ကျင်းပမဲ့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံမှာ အတည်ပြုလိုက်ရင် ရပြီပေါ့နော်။အဓိကက ဒီ List ထွက်လာဖို့ပဲ အရေးကြီးတာပေ့ါ။ ဒီ List ထဲမှာ အခုပါပြီလေ”ဟု ဦးကျော်မျိုးဝင်းက သုံးသပ်ပြောကြားသည်။
(၁၉)ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ညီလာခံကို ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့၌ လာမည့် ဒီဇင်ဘာလ ၂ ရက်မှ ၇ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။ အဆိုပါ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ညီလာခံတွင် မြန်မာနိုင်ငံမှတင်သွင်းထားသည့် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် အဆိုပြုစာတွဲနှင့် ပတ်သက်၍ တရားဝင်ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။
ထိုသို့တင်ပြထားကြသည့် အဆိုပြုစာတွဲများအနက် ယူနက်စကို၏ ပဏာမအဆုံးအဖြတ်၌ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းအဖြစ် သတ်မှတ်မည့် အဆိုပြုစာတွဲများထဲတွင် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်စာတွဲ ပါဝင်နေလျက်ရှိသည်ကို ယူနက်စကို၏ Website တွင် တွေ့ရှိရကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနကလည်း အသိပေးထုတ်ပြန်ထားသည်။
zawgyi version
သၾကၤန္ပြဲေတာ္သည္ ယူနက္စကို၏ပဏာမစာရင္းတြင္ ပါဝင္လာေသာေၾကာင့္ ကမာၻ႔ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္ျဖစ္ရန္ ေသခ်ာသေလာက္ရွိေန
ေစာ (NP News) - ႏိုဝင္ဘာ ၇
ျမန္မာ့႐ိုးရာႏွစ္သစ္ကူးအတာသၾကၤန္ပြဲေတာ္သည္ ယူနက္စကို၏ပဏာမစာရင္းတြင္ ပါဝင္လာေသာေၾကာင့္ ကမာၻ႔ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္ျဖစ္ရန္ ေသခ်ာသေလာက္ရွိေနေၾကာင္း သာသနmေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန၊ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာနမွ ၫႊန္ၾကားေရးမႉး ဦးေက်ာ္မ်ိဳးဝင္းက NP News ကိုေျပာသည္။
ယူနက္စကို ကမာၻ႔ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္စာရင္းသို႔ တင္သြင္းထားသည့္ ျမန္မာ့႐ိုးရာႏွစ္သစ္ကူးအတာသၾကၤန္ပြဲေတာ္သည္ ကမာၻ႔ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္စာရင္းအျဖစ္ ယူနက္စကို၏ ပဏာမစာရင္းတြင္ ပါဝင္လာေၾကာင္း သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီး ဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
“ကြၽန္ေတာ္တို႔ သုံးသပ္ခ်က္အရဆိုရင္ေတာ့ ဒီဟာက စာရင္းရၿပီျဖစ္တဲ့အတြက္ေၾကာင့္ ေသခ်ာသေလာက္ျဖစ္သြားၿပီ။ ေသခ်ာသေလာက္ျဖစ္သြားၿပီတဲ့အတြက္ ဒီဇင္ဘာမွာ က်င္းပမဲ့ ကမာၻ႔ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္ညီလာခံမွာ အတည္ျပဳလိုက္ရင္ ရၿပီေပါ့ေနာ္။အဓိကက ဒီ List ထြက္လာဖို႔ပဲ အေရးႀကီးတာေပ့ါ။ ဒီ List ထဲမွာ အခုပါၿပီေလ”ဟု ဦးေက်ာ္မ်ိဳးဝင္းက သုံးသပ္ေျပာၾကားသည္။
(၁၉)ႀကိမ္ေျမာက္ ကမာၻ႔ျဒပ္မဲ့ယဥ္ေက်းမႈ အေမြအႏွစ္ညီလာခံကို ပါရာေဂြးႏိုင္ငံ၊ အာဆြန္စီယြန္ၿမိဳ႕၌ လာမည့္ ဒီဇင္ဘာလ ၂ ရက္မွ ၇ ရက္အထိ က်င္းပျပဳလုပ္သြားမည္ျဖစ္ ေၾကာင္း သိရသည္။ အဆိုပါ ကမာၻ႔ျဒပ္မဲ့ယဥ္ေက်းမႈ အေမြအႏွစ္ညီလာခံတြင္ ျမန္မာႏိုင္ငံမွတင္သြင္းထားသည့္ ျမန္မာ့႐ိုးရာႏွစ္သစ္ကူးအတာသၾကၤန္ပြဲေတာ္ အဆိုျပဳစာတြဲႏွင့္ ပတ္သက္၍ တရားဝင္ဆုံးျဖတ္မည္ျဖစ္ေၾကာင္း သိရသည္။
ထိုသို႔တင္ျပထားၾကသည့္ အဆိုျပဳစာတြဲမ်ားအနက္ ယူနက္စကို၏ ပဏာမအဆုံးအျဖတ္၌ ကမာၻ႔ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္စာရင္းအျဖစ္ သတ္မွတ္မည့္ အဆိုျပဳစာတြဲမ်ားထဲတြင္ ျမန္မာ့႐ိုးရာႏွစ္သစ္ကူးအတာသၾကၤန္ပြဲေတာ္စာတြဲ ပါဝင္ေနလ်က္ရွိသည္ကို ယူနက္စကို၏ Website တြင္ ေတြ႕ရွိရေၾကာင္း သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာနကလည္း အသိေပးထုတ္ျပန္ထားသည္။