အသက်(၁၆)နှစ်အောက် ကလေးငယ်တွေကို ဆိုရှယ်မီဒီယာအသုံးပြုခွင့်ပိတ်ပင်ဖို့ ဩစတြေးလျအစိုးရ ကြိုးပမ်းနေ
224
Pika (NP News) - နိုဝင်ဘာ ၇
ဩစတြေးလျနိုင်ငံတွင်းမှာရှိတဲ့ အသက်(၁၆)နှစ်အောက် ကလေးငယ်တွေကို ဆိုရှယ်မီဒီယာတွေ အသုံးပြုခွင့်ကနေ ပိတ်ပင်သွားမယ်လို့ ဩစတြေးလျဝန်ကြီးချုပ် အန်သိုနီအယ်လ်ဘာနိစ်က နိုဝင်ဘာလ(၇)ရက်မှာ ကတိပြုပြောဆိုခဲ့ပါတယ်။
ဖေ့စ်ဘွတ်နဲ့ TikTok လိုမျိုး ဆိုရှယ်မီဒီယာပလက်ဖောင်းတွေဟာ ကလေးငယ်တွေအပေါ် ထိခိုက်နစ်နာမှုတွေ ရှိလာစေနိုင်တာကြောင့် ယခုလိုပိတ်ပင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ အန်သိုနီအယ်လ်ဘာနိစ်က ပြောကြားခဲ့သည်။ လူငယ်အသုံးပြုသူတွေဟာ ထိခိုက်နစ်နာမှုတွေ ရှိခဲ့တယ်လို့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က တာဝန်ရှိသူတွေက သတိပြုမိခဲ့မယ်ဆိုရင် နည်းပညာကုမ္ပဏီကြီးတွေဟာ အသက်ကန့်သတ်ချက်ကို ပြဌာန်းဖို့အတွက် တာဝန်ရှိပြီး ဒဏ်ငွေပေးဆောင်ရလိမ့်မယ်လို့ အန်သိုနီအယ်လ်ဘာနိစ်က ပြောကြားခဲ့ပါတယ်။
ဩစတြေးလျဟာ ဆိုရှယ်မီဒီယာတွေကို ရှင်းလင်းပစ်ဖို့ ကြိုးပမ်းနေတဲ့နိုင်ငံတွေကြားထဲက ရှေ့ပြေးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး အဆိုပြုထားတဲ့ အသက်ကန့်သတ်ချက်ဟာ ကလေးသူငယ်တွေအတွက်ရည်ရွယ်တဲ့ ကမ္ဘာ့အတင်းကြပ်ဆုံးအစီအစဉ်ဖြစ်လာနိုင်ဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။ အန်သိုနီအယ်လ်ဘာနိစ်က "ဒီတစ်ခုက အမေတွေနဲ့ အဖေတွေအတွက်ပါ။ ဆိုရှယ်မီဒီယာတွေက ကလေးသူငယ်တွေကို တကယ်ဒုက္ခပေးနေတာမလို့ ဒီလိုကန့်သတ်မှုတွေ လုပ်ဆောင်ဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့တာပါ"လို့ ပြောဆိုခဲ့ပါတယ်။
အဲဒီဥပဒေအသစ်တွေကို ယခုနိုဝင်ဘာလနှောင်းပိုင်းမှာ လွှတ်တော်ကို မတင်သွင်းမီ ပြည် နယ်နဲ့တိုင်းဒေသကြီးခေါင်းဆောင်တွေဆီကို ယခုသီတင်းပတ်အတွင်း အရင်တင်သွင်းပြသသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီဥပဒေတွေကို အတည်ပြုပြီးတာနဲ့တစ်ပြိုင် နက် တားမြစ်ပိတ်ပင်မှုတွေကို အကောင်အထည်ဖော်ဖို့အတွက် ဆိုရှယ်မီဒီယာပလက် ဖောင်းတွေကို (၁)နှစ်အချိန်ပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ အန်သိုနီအယ်လ်ဘာနိစ်က "ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာပလက်ဖောင်းတွေမှာ တာဝန်ရှိပါတယ်။ ဒီကိစ္စက မိဘတွေ ဒါမှမဟုတ် လူငယ်တွေမှာ တာဝန်မရှိပါဘူး"လို့ ပြောဆိုခဲ့ပါတယ်။
zawgyi version
အသက္(၁၆)ႏွစ္ေအာက္ ကေလးငယ္ေတြကို ဆိုရွယ္မီဒီယာအသုံးျပဳခြင့္ပိတ္ပင္ဖို႔ ဩစေၾတးလ်အစိုးရ ႀကိဳးပမ္းေန
Pika (NP News) - ႏိုဝင္ဘာ ၇
ဩစေၾတးလ်ႏိုင္ငံတြင္းမွာရွိတဲ့ အသက္(၁၆)ႏွစ္ေအာက္ ကေလးငယ္ေတြကို ဆိုရွယ္မီဒီယာေတြ အသုံးျပဳခြင့္ကေန ပိတ္ပင္သြားမယ္လို႔ ဩစေၾတးလ်ဝန္ႀကီးခ်ဳပ္ အန္သိုနီအယ္လ္ဘာနိစ္က ႏိုဝင္ဘာလ(၇)ရက္မွာ ကတိျပဳေျပာဆိုခဲ့ပါတယ္။
ေဖ့စ္ဘြတ္နဲ႔ TikTok လိုမ်ိဳး ဆိုရွယ္မီဒီယာပလက္ေဖာင္းေတြဟာ ကေလးငယ္ေတြအေပၚ ထိခိုက္နစ္နာမႈေတြ ရွိလာေစႏိုင္တာေၾကာင့္ ယခုလိုပိတ္ပင္ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္တယ္လို႔ အန္သိုနီအယ္လ္ဘာနိစ္က ေျပာၾကားခဲ့သည္။ လူငယ္အသုံးျပဳသူေတြဟာ ထိခိုက္နစ္နာမႈေတြ ရွိခဲ့တယ္လို႔ စည္းကမ္းထိန္းသိမ္းေရးအဖြဲ႕က တာဝန္ရွိသူေတြက သတိျပဳမိခဲ့မယ္ဆိုရင္ နည္းပညာကုမၸဏီႀကီးေတြဟာ အသက္ကန႔္သတ္ခ်က္ကို ျပဌာန္းဖို႔အတြက္ တာဝန္ရွိၿပီး ဒဏ္ေငြေပးေဆာင္ရလိမ့္မယ္လို႔ အန္သိုနီအယ္လ္ဘာနိစ္က ေျပာၾကားခဲ့ပါတယ္။
ဩစေၾတးလ်ဟာ ဆိုရွယ္မီဒီယာေတြကို ရွင္းလင္းပစ္ဖို႔ ႀကိဳးပမ္းေနတဲ့ႏိုင္ငံေတြၾကားထဲက ေရွ႕ေျပးႏိုင္ငံတစ္ႏိုင္ငံျဖစ္ၿပီး အဆိုျပဳထားတဲ့ အသက္ကန႔္သတ္ခ်က္ဟာ ကေလးသူငယ္ေတြအတြက္ရည္႐ြယ္တဲ့ ကမာၻ႔အတင္းၾကပ္ဆုံးအစီအစဥ္ျဖစ္လာႏိုင္ဖြယ္ရွိေနတယ္လို႔လည္း သိရပါတယ္။ အန္သိုနီအယ္လ္ဘာနိစ္က "ဒီတစ္ခုက အေမေတြနဲ႔ အေဖေတြအတြက္ပါ။ ဆိုရွယ္မီဒီယာေတြက ကေလးသူငယ္ေတြကို တကယ္ဒုကၡေပးေနတာမလို႔ ဒီလိုကန႔္သတ္မႈေတြ လုပ္ေဆာင္ဖို႔ ကြၽန္ေတာ္ဆုံးျဖတ္ခဲ့တာပါ"လို႔ ေျပာဆိုခဲ့ပါတယ္။
အဲဒီဥပေဒအသစ္ေတြကို ယခုႏိုဝင္ဘာလေႏွာင္းပိုင္းမွာ လႊတ္ေတာ္ကို မတင္သြင္းမီ ျပည္ နယ္နဲ႔တိုင္းေဒသႀကီးေခါင္းေဆာင္ေတြဆီကို ယခုသီတင္းပတ္အတြင္း အရင္တင္သြင္းျပသသြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။ အဲဒီဥပေဒေတြကို အတည္ျပဳၿပီးတာနဲ႔တစ္ၿပိဳင္ နက္ တားျမစ္ပိတ္ပင္မႈေတြကို အေကာင္အထည္ေဖာ္ဖို႔အတြက္ ဆိုရွယ္မီဒီယာပလက္ ေဖာင္းေတြကို (၁)ႏွစ္အခ်ိန္ေပးသြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။ အန္သိုနီအယ္လ္ဘာနိစ္က "ဒီကိစၥေတြနဲ႔ပတ္သက္ၿပီး ဆိုရွယ္မီဒီယာပလက္ေဖာင္းေတြမွာ တာဝန္ရွိပါတယ္။ ဒီကိစၥက မိဘေတြ ဒါမွမဟုတ္ လူငယ္ေတြမွာ တာဝန္မရွိပါဘူး"လို႔ ေျပာဆိုခဲ့ပါတယ္။