နာမည်ကျော် WBC ၏ Title match ပွဲစဉ်တစ်ပွဲကို မြန်မာနိုင်ငံတွင် ပြုလုပ်ရန်စီစဉ်နေ
1300
သန့်ဇင် (NP News) - နိုဝင်ဘာ ၈
လာမည့် (၂၀၂၅) ခုနှစ်တွင်လာမည့်နှစ်အတွင်း နာမည်ကျော် WBC (World Boxing Council) ၏ Title match ပွဲစဉ် တစ်ပွဲကို မြန်မာနိုင်ငံတွင် ပြုလုပ်ရန် စီစဉ်နေကြောင်း MBC(Myanmar Boxing Commission) မှ တာဝန်ရှိသူဦးကျော်ဝင်းထွန်းက NP News သို့ ပြောသည်။
မြန်မာနိုင်ငံတွင် professional boxing ကစားသမားများ ပေါ်ထွန်းလာရေးအတွက် Myanmar Boxing Commission (MBC) သည် ဂျပန်နိုင်ငံမှ Japan Boxing Commission (JBC) နှင့် မေလ (၂၄) ရက်တွင် MOU လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
WBC နှင့် WBO ပြိုင်ပွဲများ၌ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် မြန်မာနိုင်ငံ၏ ပထမဆုံး PROFESSIONAL BOXING လက်ရည်စစ်ပြိုင်ပွဲများကို ပြီးခဲ့သည့်ရက်ပိုင်းက ကျင်းပခဲ့ပြီးနောက် WBC တွင် Manber ဝင်ခွင့်ရရှိခဲ့ကြောင်း သိရသည်။ ထို့နောက် လာမည့် (၂၀၂၅) ခုနှစ်တွင် WBC Title match ပွဲစဉ်များမှ ပွဲစဉ်တစ်ပွဲကို မြန်မာနိုင်ငံ တွင် Myanmar Boxing Commission (MBC) ကဦးစီး၍ ကျင်းပပြုလုပ်ရန်စီစဉ်နေကြောင်း ဦးကျော် ဝင်းထွန်းက ဆိုသည်။
“နောက်နှစ်ထဲမှာ WBC Title Match မှာ တစ်ပွဲကို မြန်မာနိုင်ငံမှာလုပ်ဖို့စီစဉ်နေတယ်။ နောက် နှစ် (၂၀၂၅) ခုနှစ် (၃) လပိုင်း ဒါမှမဟုတ် (၆) လ ပိုင်းလောက်မှာ လုပ်ဖြစ်ဖို့များတယ်။ ကျွန်တော်တို့ BMC ကပဲ ဦးဆောင်ပြီးကျင်းပမှာပါ။ ပွဲပါမစ်က တစ်ခါလုပ်ရင် တစ်ခါလျှောက်ရတယ်” ဟု ၎င်းက ဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် Professional Boxing သမားများ ပေါ်ထွက်စေရန်နှင့် လူငယ်များ Boxing အာကစားကို စိတ်ဝင်စားမှု မြင့်တက်စေရန် (၂)လလျှင်တစ်ကြိမ် ကြေးစားလက်ဝှေ့ Professional Boxing ပွဲများ ကျင်းပရန်ရှိကြောင်း သိရသည်။ “ဒါက မျိုးဆက်သစ်ထွက်လာဖို့ပါ။ မြန်မာ နိုင်ငံမှာက Boxing အားကစားကို စိတ်ဝင်စားတဲ့လူက နည်းတယ်။ နောက်ပြီးတော့ ကစားသမားလည်း ရှားတယ်။ ဘာလို့ ကစားသမားရှားလဲဆိုတော့ မြန်မာ့ရိုးရာ လက်ဝှေ့ အဖွဲ့ချုပ်အောက်မှာဆိုရင် ကစား သမားတွေ အများကြီးရှိတယ်။ ဘာလို့လဲဆိုတော့ သူက ပရော်ဖက်ရှင်နယ်ဖြစ်တဲ့အတွက်။ ထိုးရင် ထိုးကြေး ရတယ်။ အခုအစ်ကိုတို့က ကြေးစားလောကကို ဖော်ဆောင်တဲ့အတွက် လူသိလည်း နည်း သေးလို့ပါ ” ဟု ဦးကျော်ဝင်းထွန်းကဆိုသည်။
ထို့ကြောင့် Boxing အားကစားသည် အကြီးစား တိုက်ခိုက်ရေးအားကစားနည်းများအတွင်း ထိုးကြေး အမြင့်ဆုံး အားကစားတစ်မျိုး ဖြစ်သည့်အတွက် မြန်မာလူငယ်များအနေဖြင့် ကြေးစားလက်ဝှေ့ Professional Boxing စိတ်ဝင်စားသင့်ကြောင်း ၎င်းကအကြံပြု ပြောဆိုထားသည်။ “ မြန်မာနိုင်ငံမှာ က ပရော်ဖက်ရှင်နယ်မရှိသေးတဲ့အတွက် အခုလို ဖြစ်လာတာပေါ့လေ။ အမှန်တကယ် နိုင်ငံခြားမှာ သွားထိုး ပြီဆိုရင်တော့ ထိုးကြေးတွေလည်း မြင့်လာမယ်။ ကစားသမားတွေအတွက် အနာဂတ်လည်း အရမ်း ကောင်းလာမှာပေါ့လေ။ အဲဒီအတွက်ကို ကစားသမားရွေးထုတ်ဖို့ကို ရည်ရွယ်ပြီးတော့ (၂၀၂၅)ခုနှစ်၊ ၂လပိုင်းဒါမှမဟုတ်(၃)လပိုင်းနောက်ဆုံး ထားပြီးတော့ ကိုယ်ပိုင် GYM ၊ Boxing GYM ပေါ့နော် အဲဒါ တွေဖွင့်မယ်။ နောက်ပြီးတော့(၂)လကို တစ်ကြိမ် လောက်ကို မျိုးဆက်သစ် ကစားသမားတွေ ထွက်ပေါ်လာအောင် လုပ်ပေးမယ် ”ဟု ၎င်းဆိုသည်။
zawgyi version
နာမည္ေက်ာ္ WBC ၏ Title match ပြဲစဥ္တစ္ပြဲကို ျမန္မာႏိုင္ငံတြင္ ျပဳလုပ္ရန္စီစဥ္ေန
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၈
လာမည့္ (၂၀၂၅) ခုႏွစ္တြင္လာမည့္ႏွစ္အတြင္း နာမည္ေက်ာ္ WBC (World Boxing Council) ၏ Title match ပြဲစဥ္ တစ္ပြဲကို ျမန္မာႏိုင္ငံတြင္ ျပဳလုပ္ရန္ စီစဥ္ေနေၾကာင္း MBC(Myanmar Boxing Commission) မွ တာဝန္ရွိသူဦးေက်ာ္ဝင္းထြန္းက NP News သို႔ ေျပာသည္။
ျမန္မာႏိုင္ငံတြင္ professional boxing ကစားသမားမ်ား ေပၚထြန္းလာေရးအတြက္ Myanmar Boxing Commission (MBC) သည္ ဂ်ပန္ႏိုင္ငံမွ Japan Boxing Commission (JBC) ႏွင့္ ေမလ (၂၄) ရက္တြင္ MOU လက္မွတ္ေရးထိုးခဲ့ေၾကာင္း သိရသည္။
WBC ႏွင့္ WBO ၿပိဳင္ပြဲမ်ား၌ ဝင္ေရာက္ ယွဥ္ၿပိဳင္ႏိုင္ရန္ ျမန္မာႏိုင္ငံ၏ ပထမဆုံး PROFESSIONAL BOXING လက္ရည္စစ္ၿပိဳင္ပြဲမ်ားကို ၿပီးခဲ့သည့္ရက္ပိုင္းက က်င္းပခဲ့ၿပီးေနာက္ WBC တြင္ Manber ဝင္ခြင့္ရရွိခဲ့ေၾကာင္း သိရသည္။ ထို႔ေနာက္ လာမည့္ (၂၀၂၅) ခုႏွစ္တြင္ WBC Title match ပြဲစဥ္မ်ားမွ ပြဲစဥ္တစ္ပြဲကို ျမန္မာႏိုင္ငံ တြင္ Myanmar Boxing Commission (MBC) ကဦးစီး၍ က်င္းပျပဳလုပ္ရန္စီစဥ္ေနေၾကာင္း ဦးေက်ာ္ ဝင္းထြန္းက ဆိုသည္။
“ေနာက္ႏွစ္ထဲမွာ WBC Title Match မွာ တစ္ပြဲကို ျမန္မာႏိုင္ငံမွာလုပ္ဖို႔စီစဥ္ေနတယ္။ ေနာက္ ႏွစ္ (၂၀၂၅) ခုႏွစ္ (၃) လပိုင္း ဒါမွမဟုတ္ (၆) လ ပိုင္းေလာက္မွာ လုပ္ျဖစ္ဖို႔မ်ားတယ္။ ကြၽန္ေတာ္တို႔ BMC ကပဲ ဦးေဆာင္ၿပီးက်င္းပမွာပါ။ ပြဲပါမစ္က တစ္ခါလုပ္ရင္ တစ္ခါေလွ်ာက္ရတယ္” ဟု ၎က ဆိုသည္။
ထို႔ျပင္ ျမန္မာႏိုင္ငံတြင္ Professional Boxing သမားမ်ား ေပၚထြက္ေစရန္ႏွင့္ လူငယ္မ်ား Boxing အာကစားကို စိတ္ဝင္စားမႈ ျမင့္တက္ေစရန္ (၂)လလွ်င္တစ္ႀကိမ္ ေၾကးစားလက္ေဝွ႔ Professional Boxing ပြဲမ်ား က်င္းပရန္ရွိေၾကာင္း သိရသည္။ “ဒါက မ်ိဳးဆက္သစ္ထြက္လာဖို႔ပါ။ ျမန္မာ ႏိုင္ငံမွာက Boxing အားကစားကို စိတ္ဝင္စားတဲ့လူက နည္းတယ္။ ေနာက္ၿပီးေတာ့ ကစားသမားလည္း ရွားတယ္။ ဘာလို႔ ကစားသမားရွားလဲဆိုေတာ့ ျမန္မာ့႐ိုးရာ လက္ေဝွ႔ အဖြဲ႕ခ်ဳပ္ေအာက္မွာဆိုရင္ ကစား သမားေတြ အမ်ားႀကီးရွိတယ္။ ဘာလို႔လဲဆိုေတာ့ သူက ပေရာ္ဖက္ရွင္နယ္ျဖစ္တဲ့အတြက္။ ထိုးရင္ ထိုးေၾကး ရတယ္။ အခုအစ္ကိုတို႔က ေၾကးစားေလာကကို ေဖာ္ေဆာင္တဲ့အတြက္ လူသိလည္း နည္း ေသးလို႔ပါ ” ဟု ဦးေက်ာ္ဝင္းထြန္းကဆိုသည္။
ထို႔ေၾကာင့္ Boxing အားကစားသည္ အႀကီးစား တိုက္ခိုက္ေရးအားကစားနည္းမ်ားအတြင္း ထိုးေၾကး အျမင့္ဆုံး အားကစားတစ္မ်ိဳး ျဖစ္သည့္အတြက္ ျမန္မာလူငယ္မ်ားအေနျဖင့္ ေၾကးစားလက္ေဝွ႔ Professional Boxing စိတ္ဝင္စားသင့္ေၾကာင္း ၎ကအႀကံျပဳ ေျပာဆိုထားသည္။ “ ျမန္မာႏိုင္ငံမွာ က ပေရာ္ဖက္ရွင္နယ္မရွိေသးတဲ့အတြက္ အခုလို ျဖစ္လာတာေပါ့ေလ။ အမွန္တကယ္ ႏိုင္ငံျခားမွာ သြားထိုး ၿပီဆိုရင္ေတာ့ ထိုးေၾကးေတြလည္း ျမင့္လာမယ္။ ကစားသမားေတြအတြက္ အနာဂတ္လည္း အရမ္း ေကာင္းလာမွာေပါ့ေလ။ အဲဒီအတြက္ကို ကစားသမားေ႐ြးထုတ္ဖို႔ကို ရည္႐ြယ္ၿပီးေတာ့ (၂၀၂၅)ခုႏွစ္၊ ၂လပိုင္းဒါမွမဟုတ္(၃)လပိုင္းေနာက္ဆုံး ထားၿပီးေတာ့ ကိုယ္ပိုင္ GYM ၊ Boxing GYM ေပါ့ေနာ္ အဲဒါ ေတြဖြင့္မယ္။ ေနာက္ၿပီးေတာ့(၂)လကို တစ္ႀကိမ္ ေလာက္ကို မ်ိဳးဆက္သစ္ ကစားသမားေတြ ထြက္ေပၚလာေအာင္ လုပ္ေပးမယ္ ”ဟု ၎ဆိုသည္။