အိမ်ဖြူတော်အရာရှိချုပ်ရာထူးအတွက် အမေရိကန်ရွေးကောက်ခံသမ္မတက အမည်စာရင်းတင်သွင်း
1453
ဂျန်ဇက် (NP News) - နိုဝင်ဘာ ၈
အမေရိကန်သမ္မတ ရွေးကောက်ပွဲကျင်းပခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ သမ္မတအဖြစ် ရွေးကောက်ခံရတဲ့ ဒေါ်နယ်ထရမ့်ဟာ အစိုးရအဖွဲ့အသစ်ကို အမြန်ဆုံးဖွဲ့စည်းနိုင်ဖို့ လှုပ်ရှားနေပြီး နိုဝင်ဘာလ ၇ ရက်မှာ သူရဲ့မဲဆွယ်စည်းရုံးရေးအဖွဲ့မန်နေဂျာတစ်ဦးဖြစ်တဲ့ ဆူဆီဝီလက်စ်ကို သမ္မတအိမ်ဖြူတော် အရာရှိချုပ်အဖြစ် ခန့်အပ်မယ်လို့ ကြေညာလိုက်ပါတယ်။
ဆူဆိဝီလက်စ်ကို သမ္မတအိမ်ဖြူတော်အရာရှိချုပ် ဟာ အမေရိကန်အစိုးရအဖွဲ့အသစ်မှာ တာဝန်ယူဖို့ ရွေးကောက်ခံဒေါ်နယ်ထရမ့် က ပထမဆုံးအမည်စာရင်းတင်သွင်းခန့်အပ်ခံရမယ်သူ ဖြစ်လာဖွယ်ရှိနေကြောင်း သိရပါတယ်။
ဒေါ်နယ်ထရမ့်ဟာ အမေရိကန်သမ္မတအဖြစ် လာမယ့်ဇန်နဝါရီ ၂ဝ ရက်နေ့မှာ စတင်တာဝန်ယူသွားမှာဖြစ်ရာ အမေရိကန်အစိုးရအဖွဲ့အသစ်မှာ ပါဝင်မယ့်သူတွေကို ရွေးချယ်ခန့်အပ်တော့မှာဖြစ်ကြောင်း သိရပါတယ်။
၎င်းဟာ ရွေးကောက်ပွဲ အောင်နိုင်မှုမှာ အဓိကကျတဲ့ ထိပ်တန်းနေရာ တာဝန်ယူခဲ့သူပါ။ ဒါ့အပြင် အမေရိကန်သမိုင်းမှာတော့ ပထမဦးဆုံး အမျိုးသမီး အိမ်ဖြူတော်အရာရှိချုပ်လည်း ဖြစ်လာပါမယ်။
အမေရိကန်သမိုင်းမှာ အကြီးဆုံး နိုင်ငံရေးအောင်နိုင်မှုတစ်ခုအဖြစ် Susie Wiles ဟာ သူ့ကို ကူညီခဲ့သလို၊ ၂၀၁၆ ခုနှစ် နဲ့ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးတွေကိုလည်း အောင်မြင်အောင် စွမ်းဆောင်ခဲ့သူဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်က ချီးကျူးပါတယ်။
ဆူဆိဝီလက်စ်ဟာ ဖလော်ရီဒါမှာ အခြေစိုက်နေထိုင်ပြီး၊ ရီပတ်ပလစ်ကန်ပါတီရဲ့နိုင်ငံရေး မဟာဗျူဟာ ရေးဆွဲသူအဖြစ် သိထားကြပါတယ်။ အိမ်ဖြူတော်အရာရှိချုပ်နေရာဟာ သမ္မတရုံးတစ်ခုလုံးမှာ တာဝန်အကြီးဆုံးဖြစ်ပြီး၊ သမ္မတဆီကို တိုက်ရိုက်ပေါက်မြောက်တဲ့နေရာဖြစ်ပါတယ်။
Zawgyi Version;
အိမ္ျဖဴေတာ္အရာရွိခ်ဳပ္ရာထူးအတြက္ အေမရိကန္ေ႐ြးေကာက္ခံသမၼတက အမည္စာရင္းတင္သြင္း
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၈
အေမရိကန္သမၼတ ေ႐ြးေကာက္ပြဲက်င္းပခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာပဲ သမၼတအျဖစ္ ေ႐ြးေကာက္ခံရတဲ့ ေဒၚနယ္ထရမ့္ဟာ အစိုးရအဖြဲ႕အသစ္ကို အျမန္ဆုံးဖြဲ႕စည္းႏိုင္ဖို႔ လႈပ္ရွားေနၿပီး ႏိုဝင္ဘာလ ၇ ရက္မွာ သူရဲ႕မဲဆြယ္စည္း႐ုံးေရးအဖြဲ႕မန္ေနဂ်ာတစ္ဦးျဖစ္တဲ့ ဆူဆီဝီလက္စ္ကို သမၼတအိမ္ျဖဴေတာ္ အရာရွိခ်ဳပ္အျဖစ္ ခန႔္အပ္မယ္လို႔ ေၾကညာလိုက္ပါတယ္။
ဆူဆိဝီလက္စ္ကို သမၼတအိမ္ျဖဴေတာ္အရာရွိခ်ဳပ္ ဟာ အေမရိကန္အစိုးရအဖြဲ႕အသစ္မွာ တာဝန္ယူဖို႔ ေ႐ြးေကာက္ခံေဒၚနယ္ထရမ့္ က ပထမဆုံးအမည္စာရင္းတင္သြင္းခန႔္အပ္ခံရမယ္သူ ျဖစ္လာဖြယ္ရွိေနေၾကာင္း သိရပါတယ္။
ေဒၚနယ္ထရမ့္ဟာ အေမရိကန္သမၼတအျဖစ္ လာမယ့္ဇန္နဝါရီ ၂ဝ ရက္ေန႔မွာ စတင္တာဝန္ယူသြားမွာျဖစ္ရာ အေမရိကန္အစိုးရအဖြဲ႕အသစ္မွာ ပါဝင္မယ့္သူေတြကို ေ႐ြးခ်ယ္ခန႔္အပ္ေတာ့မွာျဖစ္ေၾကာင္း သိရပါတယ္။
၎ဟာ ေ႐ြးေကာက္ပြဲ ေအာင္ႏိုင္မႈမွာ အဓိကက်တဲ့ ထိပ္တန္းေနရာ တာဝန္ယူခဲ့သူပါ။ ဒါ့အျပင္ အေမရိကန္သမိုင္းမွာေတာ့ ပထမဦးဆုံး အမ်ိဳးသမီး အိမ္ျဖဴေတာ္အရာရွိခ်ဳပ္လည္း ျဖစ္လာပါမယ္။
အေမရိကန္သမိုင္းမွာ အႀကီးဆုံး ႏိုင္ငံေရးေအာင္ႏိုင္မႈတစ္ခုအျဖစ္ Susie Wiles ဟာ သူ႔ကို ကူညီခဲ့သလို၊ ၂၀၁၆ ခုႏွစ္ နဲ႔ ၂၀၂၀ ျပည့္ႏွစ္ေ႐ြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးေရးေတြကိုလည္း ေအာင္ျမင္ေအာင္ စြမ္းေဆာင္ခဲ့သူျဖစ္တယ္လို႔ ေဒၚနယ္ထရမ့္က ခ်ီးက်ဴးပါတယ္။
ဆူဆိဝီလက္စ္ဟာ ဖေလာ္ရီဒါမွာ အေျခစိုက္ေနထိုင္ၿပီး၊ ရီပတ္ပလစ္ကန္ပါတီရဲ႕ႏိုင္ငံေရး မဟာဗ်ဴဟာ ေရးဆြဲသူအျဖစ္ သိထားၾကပါတယ္။ အိမ္ျဖဴေတာ္အရာရွိခ်ဳပ္ေနရာဟာ သမၼတ႐ုံးတစ္ခုလုံးမွာ တာဝန္အႀကီးဆုံးျဖစ္ၿပီး၊ သမၼတဆီကို တိုက္႐ိုက္ေပါက္ေျမာက္တဲ့ေနရာျဖစ္ပါတယ္။