ပတ်စ်ပို့ သက်တမ်းတိုးပေးသည်ဟု ဆိုကာ တောင်ကိုရီးယားရှိ NUG ကိုယ်စားလှယ်ရုံးက ပြည်သူတွေကို လိမ်လည်ရန် ကြိုးပမ်းနေ
15916
သုတကျော် (NP News) - နိုဝင်ဘာ ၉
ပတ်စ်ပို့ သက်တမ်းတိုးပေးသည်ဟု ဆိုကာ တောင်ကိုရီးယားနိုင်ငံတွင် ဖွင့်ခွင့်ရထားသော NUG ၏ ကိုယ်စားလှယ် ရုံးက မသိနားမလည်သူများထံမှ ငွေယူရန် ကြိုးပမ်းနေကြောင်း NP News က ရရှိထားသည့်သတင်း အချက်အလက်များ နှင့် စုံစမ်းမေးမြန်းထားသည့်အချက်အလက်များအရ သိရသည်။
အဆိုပါ ရုံးမှ ပတ်စ်ပို့ သက်တမ်းတိုးပေးနေပြီဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ အခြေစိုက်နှင့် ပြည်ပရောက် အကြမ်းဖက်အားပေးအချို့က ၎င်းတို့၏ လူမှုကွန်ယက်ဖေ့စ်ဘွတ်ခ်စာမျက်နှာများထက်တွင် ပြောကြားခြင်းများ ယခု ရက်ပိုင်းတွင် တိုးလာပြီး အဆိုပါ ရုံးကို ပုံအပ်ကာ ပတ်စ်ပို့ သွားရောက်တိုးသူအချို့ ရှိကြောင်းလည်း စုံစမ်း သိရှိရသည်။
“ပတ်စ်ပို့လို့တောင် ပြောမရဘူး ထင်တယ်။ ဒါက အဲဒီမှာ ဆက်နေထိုင်ခွင့်ရမယ့်ဟာမျိုးပေါ့။ တောင်ကိုရီးယား အစိုးရက ဘယ်လိုလက်ခံလဲတော့ မသိဘူး။ ဒါပေမယ့် ပတ်စ်ပို့လို့ ပြောရအောင်က ဒီဟာကြီး ကိုင်ပြီး ဘယ်နိုင်ငံကို သွားလို့ရလဲ။ အနည်းဆုံး ဒါကြီး ကိုင်ပြီး ကိုယ့်နိုင်ငံတောင် ပြန်လို့မရတာကြီးကို။ ပတ်စ်ပို့ ဆိုပြီး မသိနားမလည်တဲ့ သူတွေ အထူးသဖြင့် အိုဗာစတေး သမားတွေဆီက ငွေယူချင်တာမျိုးဖြစ်မယ်။ ဒါမှမဟုတ် ပိန်းတဲ့သူတွေဆီက ဖြစ်မှာပေါ့။ ဒါပေမယ့် ဒါလည်း ဘာမှတော့ မထူးဘူး။ နားလှည့် ပါရိုက်သဘောပါပဲ” ဟု တောင်ကိုရီးယားနိုင်ငံ ရောက် အမည်မဖော်လိုသော သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
ထိုသို့ ပတ်စ်ပို့စ် သက်တမ်းတိုးပေးသည်ဟု သတင်းများ စထွက်စဉ် အောက်တိုဘာလလယ်ပိုင်းက တောင်ကိုရီး ယားနိုင်ငံဆိုင်ရာမြန်မာသံရုံးက ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ရာ အဆိုပါ စာအတွင်း မြန်မာနိုင်ငံသားများ အနေဖြင့် မိမိတို့၏ နိုင်ငံကူးလက်မှတ်များအား အတုအပ ပြုလုပ်ထားသော တရားမဝင် တံဆိပ်တုံးများကို အသုံးပြု ပြီး သက်တမ်းတိုးမြှင့်ထားသည့် နိုင်ငံကူးလက်မှတ်ကဲ့သို့ တရားမဝင် လုပ်ဆောင်ပေးခံရခြင်း/ကိုင်ဆောင် အသုံးပြုခြင်းများမှ သတိပြုရှောင်ရှားနိုင်စေရေး၊ မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်အသုံးပြုရာ၌ သတိပြုရန် အချက်များကို သတိပြုလိုက်နာနိုင်စေရေး၊ မသမာသူများ၏ စည်းရုံးသိမ်းသွင်းမှုများအား သတိပြု ရှောင်ရှားနိုင် စေရေးနှင့် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်အသုံးပြုခြင်းဆိုင်ရာစည်းကမ်းများကို ဖောက်ဖျက်မိခြင်းကြောင့် မိခင်နိုင်ငံနှင့် အိမ်ရှင်နိုင်ငံတို့မှ ဥပဒေအရ အရေးယူခံရနိုင်ပြီး စိစစ်တွေ့ရှိပါက နိုင်ငံကူးလက်မှတ်အား ဖျက်သိမ်းခြင်းနှင့် အမည်မည်းစာရင်းသွင်း ခြင်းတို့ကို ဆောင်ရွက်သွားမည်ဟုလည်း ဖော်ပြထားသည်။
“မြန်မာနိုင်ငံကူး လက်မှတ်က အရေးကြီး စာရွက်စာတမ်း ဖြစ်တာကြောင့် မြန်မာနိုင်ငံမှာတော့ ဝါဇီက ရိုက်တာ။ ဝါဇီက ရိုက်ပြီးမှ လိုအပ်တဲ့ ကုတ်တွေကို ဒီကျမှ ပြန်ထည့်တာလေ။ အဲဒီ နိုင်ငံကူးလက်မှတ် စာအုပ်ကိုကော သူက ရမှာလားပေါ့နော်။ သက်တမ်းတိုးတယ် ဆိုတဲ့နေရာမှာ တံဆိပ်တုံးထုပြီး သက်တမ်းတိုးတဲ့နည်းမသုံးဘူး ဆို စာအုပ် အသစ်ထုတ်ပေးရမယ်။ သူက အဲဒီ စာအုပ်အသစ်ကို ထုတ်ပေးမှာလားပေါ့” ဟု အငြိမ်းစား ရဲမှူးကြီး တစ်ဦးက မေးခွန်းထုတ် ပြောကြားသည်။
Zawgyi Version;
ပတ္စ္ပို႔ သက္တမ္းတိုးေပးသည္ဟု ဆိုကာ ေတာင္ကိုရီးယားရွိ NUG ကိုယ္စားလွယ္႐ုံးက ျပည္သူေတြကို လိမ္လည္ရန္ ႀကိဳးပမ္းေန
သုတေက်ာ္ (NP News) - ႏိုဝင္ဘာ ၉
ပတ္စ္ပို႔ သက္တမ္းတိုးေပးသည္ဟု ဆိုကာ ေတာင္ကိုရီးယားႏိုင္ငံတြင္ ဖြင့္ခြင့္ရထားေသာ NUG ၏ ကိုယ္စားလွယ္႐ုံးက မသိနားမလည္သူမ်ားထံမွ ေငြယူရန္ ႀကိဳးပမ္းေနေၾကာင္း NP News က ရရွိထားသည့္သတင္း အခ်က္အလက္မ်ား ႏွင့္ စုံစမ္းေမးျမန္းထားသည့္အခ်က္အလက္မ်ားအရ သိရသည္။
အဆိုပါ ႐ုံးမွ ပတ္စ္ပို႔ သက္တမ္းတိုးေပးေနၿပီျဖစ္ေၾကာင္း ေတာင္ကိုရီးယားႏိုင္ငံ အေျခစိုက္ႏွင့္ ျပည္ပေရာက္ အၾကမ္းဖက္အားေပးအခ်ိဳ႕က ၎တို႔၏ လူမႈကြန္ယက္ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာမ်ားထက္တြင္ ေျပာၾကားျခင္းမ်ား ယခု ရက္ပိုင္းတြင္ တိုးလာၿပီး အဆိုပါ ႐ုံးကို ပုံအပ္ကာ ပတ္စ္ပို႔ သြားေရာက္တိုးသူအခ်ိဳ႕ ရွိေၾကာင္းလည္း စုံစမ္း သိရွိရသည္။
“ပတ္စ္ပို႔လို႔ေတာင္ ေျပာမရဘူး ထင္တယ္။ ဒါက အဲဒီမွာ ဆက္ေနထိုင္ခြင့္ရမယ့္ဟာမ်ိဳးေပါ့။ ေတာင္ကိုရီးယား အစိုးရက ဘယ္လိုလက္ခံလဲေတာ့ မသိဘူး။ ဒါေပမယ့္ ပတ္စ္ပို႔လို႔ ေျပာရေအာင္က ဒီဟာႀကီး ကိုင္ၿပီး ဘယ္ႏိုင္ငံကို သြားလို႔ရလဲ။ အနည္းဆုံး ဒါႀကီး ကိုင္ၿပီး ကိုယ့္ႏိုင္ငံေတာင္ ျပန္လို႔မရတာႀကီးကို။ ပတ္စ္ပို႔ ဆိုၿပီး မသိနားမလည္တဲ့ သူေတြ အထူးသျဖင့္ အိုဗာစေတး သမားေတြဆီက ေငြယူခ်င္တာမ်ိဳးျဖစ္မယ္။ ဒါမွမဟုတ္ ပိန္းတဲ့သူေတြဆီက ျဖစ္မွာေပါ့။ ဒါေပမယ့္ ဒါလည္း ဘာမွေတာ့ မထူးဘူး။ နားလွည့္ ပါ႐ိုက္သေဘာပါပဲ” ဟု ေတာင္ကိုရီးယားႏိုင္ငံ ေရာက္ အမည္မေဖာ္လိုေသာ သတင္းရင္းျမစ္တစ္ဦးက ဆိုသည္။
ထိုသို႔ ပတ္စ္ပို႔စ္ သက္တမ္းတိုးေပးသည္ဟု သတင္းမ်ား စထြက္စဥ္ ေအာက္တိုဘာလလယ္ပိုင္းက ေတာင္ကိုရီး ယားႏိုင္ငံဆိုင္ရာျမန္မာသံ႐ုံးက ထုတ္ျပန္ခ်က္တစ္ေစာင္ ထုတ္ျပန္ခဲ့ရာ အဆိုပါ စာအတြင္း ျမန္မာႏိုင္ငံသားမ်ား အေနျဖင့္ မိမိတို႔၏ ႏိုင္ငံကူးလက္မွတ္မ်ားအား အတုအပ ျပဳလုပ္ထားေသာ တရားမဝင္ တံဆိပ္တုံးမ်ားကို အသုံးျပဳ ၿပီး သက္တမ္းတိုးျမႇင့္ထားသည့္ ႏိုင္ငံကူးလက္မွတ္ကဲ့သို႔ တရားမဝင္ လုပ္ေဆာင္ေပးခံရျခင္း/ကိုင္ေဆာင္ အသုံးျပဳျခင္းမ်ားမွ သတိျပဳေရွာင္ရွားႏိုင္ေစေရး၊ ျမန္မာႏိုင္ငံကူးလက္မွတ္ ကိုင္ေဆာင္အသုံးျပဳရာ၌ သတိျပဳရန္ အခ်က္မ်ားကို သတိျပဳလိုက္နာႏိုင္ေစေရး၊ မသမာသူမ်ား၏ စည္း႐ုံးသိမ္းသြင္းမႈမ်ားအား သတိျပဳ ေရွာင္ရွားႏိုင္ ေစေရးႏွင့္ ႏိုင္ငံကူးလက္မွတ္ ကိုင္ေဆာင္အသုံးျပဳျခင္းဆိုင္ရာစည္းကမ္းမ်ားကို ေဖာက္ဖ်က္မိျခင္းေၾကာင့္ မိခင္ႏိုင္ငံႏွင့္ အိမ္ရွင္ႏိုင္ငံတို႔မွ ဥပေဒအရ အေရးယူခံရႏိုင္ၿပီး စိစစ္ေတြ႕ရွိပါက ႏိုင္ငံကူးလက္မွတ္အား ဖ်က္သိမ္းျခင္းႏွင့္ အမည္မည္းစာရင္းသြင္း ျခင္းတို႔ကို ေဆာင္႐ြက္သြားမည္ဟုလည္း ေဖာ္ျပထားသည္။
“ျမန္မာႏိုင္ငံကူး လက္မွတ္က အေရးႀကီး စာ႐ြက္စာတမ္း ျဖစ္တာေၾကာင့္ ျမန္မာႏိုင္ငံမွာေတာ့ ဝါဇီက ႐ိုက္တာ။ ဝါဇီက ႐ိုက္ၿပီးမွ လိုအပ္တဲ့ ကုတ္ေတြကို ဒီက်မွ ျပန္ထည့္တာေလ။ အဲဒီ ႏိုင္ငံကူးလက္မွတ္ စာအုပ္ကိုေကာ သူက ရမွာလားေပါ့ေနာ္။ သက္တမ္းတိုးတယ္ ဆိုတဲ့ေနရာမွာ တံဆိပ္တုံးထုၿပီး သက္တမ္းတိုးတဲ့နည္းမသုံးဘူး ဆို စာအုပ္ အသစ္ထုတ္ေပးရမယ္။ သူက အဲဒီ စာအုပ္အသစ္ကို ထုတ္ေပးမွာလားေပါ့” ဟု အၿငိမ္းစား ရဲမႉးႀကီး တစ္ဦးက ေမးခြန္းထုတ္ ေျပာၾကားသည္။