Twice အဖွဲ့ဝင် ဆာနာ အမေရိကန်ဒေါ်လာ ၄၅ သန်းတန်ဖိုးရှိ လက်ဝတ်ရတနာများ ဝတ်ဆင်

 95

ရောင်နီ (NP News) - နိုဝင်ဘာ ၉

Twice အဖွဲ့ဝင် ဆာနာဟာ သောကြာနေ့ (နိုဝင်ဘာ ၈ ရက်) က ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ Ginza မှာ ကျောက်မျက် ရတနာ Graff က ကျင်းပတဲ့ ပွဲတစ်ခုမှာ ယန်း ၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၅ သန်း) တန်တဲ့ လက်ဝတ်ရတနာ တွေကို ၀တ်ဆင်ပြီး တက်ရောက်ခဲ့ပါတယ်။

သူမဟာ ဗဟိုစိန် ၁၀၂.၃၈ ကာရက်ကို အရံစိန် ၂၀၅ ကာရက်ကျော်နဲ့ ခြယ်သစီရင်ထားတဲ့လည်ဆွဲတစ်ခုကို ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။ လည်ဆွဲရဲ့ဗဟိုစိန်ကို Meya Prosperity စိန်ကြမ်းကနေ ဖြတ်တောက်အလှဆင် ထားတာဖြစ်ပြီး ကမ္ဘာမှာ၂၉ ခုမြောက် အကြီးဆုံးစိန်လည်း ဖြစ်ပါတယ်။ အဆိုပါ လည်ဆွဲနဲ့အတူ ဆာနာဟာ စိန်လက်စွပ်တစ်ကွင်း၊ စိန်နားကပ်နဲ့ စိန်လက်ကောက်တစ်လက်တို့ကို တွဲဖက်ဝတ်ဆင်ထားတာကြောင့် အဲဒီနေ့က သူမ ဝတ်ဆင်ခဲ့တာဟာ စုစုပေါင်း စိန်တန်ဖိုး ၂၅၂ ကာရက်ခန့် ရှိမယ်လို့ သိရပါတယ်။
ဆာနာဟာ လက်ရှိ Twice အဖွဲ့ဝင် Momo ၊ မီနာတို့နဲ့ အတူ ၃ ယောက် သီချင်း အယ်လ်ဘမ်သစ် Haute Couture ကို ပရိုမိုးရှင်းလုပ်ဖို့ ဂျပန်နိုင်ငံမှာ ရှိနေပြီး ဖျော်ဖြေရေးတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

Zawgyi Version;
Twice အဖြဲ႕ဝင္ ဆာနာ အေမရိကန္ေဒၚလာ ၄၅ သန္းတန္ဖိုးရွိ လက္ဝတ္ရတနာမ်ား ဝတ္ဆင္
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၉

Twice အဖြဲ႕ဝင္ ဆာနာဟာ ေသာၾကာေန႔ (ႏိုဝင္ဘာ ၈ ရက္) က ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳၿမိဳ႕၊ Ginza မွာ ေက်ာက္မ်က္ ရတနာ Graff က က်င္းပတဲ့ ပြဲတစ္ခုမွာ ယန္း ၇ ဘီလီယံ (အေမရိကန္ေဒၚလာ ၄၅ သန္း) တန္တဲ့ လက္ဝတ္ရတနာ ေတြကို ၀တ္ဆင္ၿပီး တက္ေရာက္ခဲ့ပါတယ္။

သူမဟာ ဗဟိုစိန္ ၁၀၂.၃၈ ကာရက္ကို အရံစိန္ ၂၀၅ ကာရက္ေက်ာ္နဲ႔ ျခယ္သစီရင္ထားတဲ့လည္ဆြဲတစ္ခုကို ဝတ္ဆင္ခဲ့တာျဖစ္ပါတယ္။ လည္ဆြဲရဲ႕ဗဟိုစိန္ကို Meya Prosperity စိန္ၾကမ္းကေန ျဖတ္ေတာက္အလွဆင္ ထားတာျဖစ္ၿပီး ကမာၻမွာ၂၉ ခုေျမာက္ အႀကီးဆုံးစိန္လည္း ျဖစ္ပါတယ္။ အဆိုပါ လည္ဆြဲနဲ႔အတူ ဆာနာဟာ စိန္လက္စြပ္တစ္ကြင္း၊ စိန္နားကပ္နဲ႔ စိန္လက္ေကာက္တစ္လက္တို႔ကို တြဲဖက္ဝတ္ဆင္ထားတာေၾကာင့္ အဲဒီေန႔က သူမ ဝတ္ဆင္ခဲ့တာဟာ စုစုေပါင္း စိန္တန္ဖိုး ၂၅၂ ကာရက္ခန႔္ ရွိမယ္လို႔ သိရပါတယ္။
ဆာနာဟာ လက္ရွိ Twice အဖြဲ႕ဝင္ Momo ၊ မီနာတို႔နဲ႔ အတူ ၃ ေယာက္ သီခ်င္း အယ္လ္ဘမ္သစ္ Haute Couture ကို ပ႐ိုမိုးရွင္းလုပ္ဖို႔ ဂ်ပန္ႏိုင္ငံမွာ ရွိေနၿပီး ေဖ်ာ္ေျဖေရးေတြ လုပ္ေဆာင္ေနတာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.