စက်ရုပ်လူသား ရေးဆွဲတဲ့ ပထမဆုံးအနုပညာလက်ရာကို ကန်ဒေါ်လာ ၁ သန်းကျော်နဲ့ လေလံအောင်
636
ရောင်နီ(NP News) - နိုဝင်ဘာ ၉
Ai Da အမည်ရှိ စက်ရုပ်လူသားအမျိုးသမီး ရေးဆွဲတဲ့ ဗြိတိန်အကျော်အမော်၊ အင်္ဂလိပ် သင်္ချာပညာရှင် အာလန်တာ ရင်းရဲ့ပုံတူဟာ ကြာသပတေးနေ့ (နိုဝင်ဘာ ၇ ရက်) က ကန်ဒေါ်လာ ၁ သန်းကျော်နဲ့လေလံတင် ရောင်းထွက် သွားခဲ့ပါတယ်။
စက်ရုပ် Ai-Da က ဖန်တီးထားတဲ့ 2.2m အရွယ်အစားရှိ သင်္ချာပညာရှင် အာလန်တာရင်းရဲ့ပုံတူပန်းချီကို Sotheby's Digital Art Sale မှာ အမေရိကန်ဒေါ်လာ ၁၈၀,၀၀၀ နဲ့ လေလံစတင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁,၀၈၄၈၀၀ နဲ့ ရောင်းထွက်သွားခဲ့တာဖြစ်ပါတယ်။
ဒါဟာ စက်ရုပ်လူသား ပညာရှင်တစ်ဦးရဲ့ပထမဆုံး အနုပညာလက်ရာအတွက် စံချိန်တင်ဈေးနဲ့ လေလံတင် ရောင်းချမှုဖြစ်ပြီး ဒီနေ့ခေတ်ရဲ့ AI နည်းပညာတွေ၊ ကမ္ဘာ့အနုပညာဈေးကွက်ကြား ကြီးထွားလာနေတာကို ထင်ဟပ်စေတယ်လို့ လေလံပွဲက ပြောကြားပါတယ်။
AI Da စက်ရုပ်ကို ကမ္ဘာ့ပထမဆုံး ကွန်ပြူတာ ပရိုဂရမ်မာ အဒါလပ်ဖ်လေ့ကို အစွဲပြုပြီး ခေတ်ပြိုင် အနုပညာ ပါရဂူ အိုင်ဒန်မဲလ်လာ က တီထွင်ဖန်တီးခဲ့တာဖြစ်ပါတယ်။ စက်ရုပ်ပေမယ့် လူနဲ့မခြားအောင် မျက်နှာ၊ မျက်လုံးကြီးကြီးနဲ့ အညိုရောင်ဆံပင်တု တပ်ဆင်ပေးထားတာတွေ့ရပါတယ်။
Zawgyi Version;
စက္႐ုပ္လူသား ေရးဆြဲတဲ့ ပထမဆုံးအႏုပညာလက္ရာကို ကန္ေဒၚလာ ၁ သန္းေက်ာ္နဲ႔ ေလလံေအာင္
ေရာင္နီ(NP News) - ႏိုဝင္ဘာ ၉
Ai Da အမည္ရွိ စက္႐ုပ္လူသားအမ်ိဳးသမီး ေရးဆြဲတဲ့ ၿဗိတိန္အေက်ာ္အေမာ္၊ အဂၤလိပ္ သခ်ၤာပညာရွင္ အာလန္တာ ရင္းရဲ႕ပုံတူဟာ ၾကာသပေတးေန႔ (ႏိုဝင္ဘာ ၇ ရက္) က ကန္ေဒၚလာ ၁ သန္းေက်ာ္နဲ႔ေလလံတင္ ေရာင္းထြက္ သြားခဲ့ပါတယ္။
စက္႐ုပ္ Ai-Da က ဖန္တီးထားတဲ့ 2.2m အ႐ြယ္အစားရွိ သခ်ၤာပညာရွင္ အာလန္တာရင္းရဲ႕ပုံတူပန္းခ်ီကို Sotheby's Digital Art Sale မွာ အေမရိကန္ေဒၚလာ ၁၈၀,၀၀၀ နဲ႔ ေလလံစတင္ခဲ့ၿပီး အေမရိကန္ေဒၚလာ ၁,၀၈၄၈၀၀ နဲ႔ ေရာင္းထြက္သြားခဲ့တာျဖစ္ပါတယ္။
ဒါဟာ စက္႐ုပ္လူသား ပညာရွင္တစ္ဦးရဲ႕ပထမဆုံး အႏုပညာလက္ရာအတြက္ စံခ်ိန္တင္ေဈးနဲ႔ ေလလံတင္ ေရာင္းခ်မႈျဖစ္ၿပီး ဒီေန႔ေခတ္ရဲ႕ AI နည္းပညာေတြ၊ ကမာၻ႔အႏုပညာေဈးကြက္ၾကား ႀကီးထြားလာေနတာကို ထင္ဟပ္ေစတယ္လို႔ ေလလံပြဲက ေျပာၾကားပါတယ္။
AI Da စက္႐ုပ္ကို ကမာၻ႔ပထမဆုံး ကြန္ျပဴတာ ပ႐ိုဂရမ္မာ အဒါလပ္ဖ္ေလ့ကို အစြဲျပဳၿပီး ေခတ္ၿပိဳင္ အႏုပညာ ပါရဂူ အိုင္ဒန္မဲလ္လာ က တီထြင္ဖန္တီးခဲ့တာျဖစ္ပါတယ္။ စက္႐ုပ္ေပမယ့္ လူနဲ႔မျခားေအာင္ မ်က္ႏွာ၊ မ်က္လုံးႀကီးႀကီးနဲ႔ အညိဳေရာင္ဆံပင္တု တပ္ဆင္ေပးထားတာေတြ႕ရပါတယ္။