အရှေ့အလယ်ပိုင်းဒေသ အီရန်နယ်မြေအနီးသို့ အမေရိကန်၏ (F-15) တိုက်လေယာဉ်များ ရောက်ရှိ
1484
Pika (NP News) - နိုဝင်ဘာ ၁ဝ
အမေရိကန်၏ (F-15) တိုက်လေယာဉ်များသည် နိုဝင်ဘာလ(၇)ရက်တွင် အရှေ့အလယ်ပိုင်းဒေသကို ရောက်ရှိလာ ခဲ့ပြီဖြစ်ကြောင်း အမေရိကန် စစ်တပ်က ထုတ်ပြန်ကြေညာခဲ့သည်။
အီရန်နိုင်ငံကို သတိပေးသည့်အနေဖြင့် အရှေ့အလယ်ပိုင်းဒေသတွင် (B-52) ဗုံးကြဲလေယာဉ်များအပြင် အခြား စစ်လက်နက်ပစ္စည်းများကို ဖြန့်ကြက်ချထားမည်ဖြစ်ကြောင်း အမေရိကန်အစိုးရက ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင်(F-15) တိုက်လေယာဉ်များ၏ ရောက်ရှိမှုထွက်ပေါ်လာခြင်းဖြစ်သည်။
အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ အမေရိကန်စစ်ဌာနချုပ်က “ဒီနေ့မှာတော့ အမေရိကန်လေတပ်ရဲ့(F-15) တိုက်လေယာဉ်တွေဟာ အမေရိကန် ဗဟိုကွပ်ကဲမှုဌာန တာဝန်ကျရာနေရာကို ရောက်ရှိလာပါပြီ” ဟု ပြောဆိုခဲ့ သည်။ ဗုံးကြဲလေယာဉ်များ၊ တိုက်လေယာဉ်များ၊ ဆီဖြည့်လေယာဉ်များနှင့် ပဲ့ထိန်းဒုံးကျည်ကာကွယ်ရေးဖျက် သင်္ဘောများကို အရှေ့အလယ်ပိုင်းဒေသသို့ စေလွှတ်ထားကြောင်း အမေရိကန်အစိုးရက ပြီးခဲ့သည့် နိုဝင်ဘာလ(၁) ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ပင်တဂွန်စစ်ဌာနချုပ်ပြောရေးဆိုခွင့်ရှိသူ လေတပ်ဗိုလ်ချုပ်ကြီး ပက်ရိုက်ဒါက “အီရန်နဲ့ ၎င်းရဲ့မိတ်ဖက်နိုင်ငံတွေ ဒါမှမဟုတ် အီရန်ကျောထောက်နောက်ခံပြုလက်နက်ကိုင်အဖွဲ့တွေဟာ ဒေသအတွင်းမှာရှိတဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေ ဒါမှမဟုတ် အကျိုးစီးပွားတွေကို ပစ်မှတ်ထားဖို့အတွက် ဒီအခိုက်အတန့်ကို အသုံးပြုခဲ့မယ်ဆိုရင် ကျွန်တော်တို့ပြည်သူတွေကို ကာကွယ်ဖို့အတွက် လုပ်ဆောင်ဖို့လိုအပ်တဲ့အစီအစဉ်တွေအားလုံးကို အမေရိကန်က လုပ်ဆောင်သွားမှာပါ” ဟု ပြောခဲ့သည်။
အစ္စရေး-ဟားမတ်စ် စစ်ပွဲစတင်ခဲ့သည့် (၂၀၂၃) ခုနှစ် အောက်တိုဘာလမှ စတင်ပြီး ပြီးခဲ့သည့်နှစ်အတွင်း အမေရိကန်၏ လေယာဉ်တင်သင်္ဘောနှစ်စင်းသည် အရှေ့အလယ်ပိုင်းဒေသတွင် ရှိနေခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ ပြီးခဲ့သည့်အောက်တိုဘာလတွင် အီရန် နှင့် အစ္စရေးကြား တိုက်ရိုက်အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန် စစ်တပ်၏ ဖြန့်ကြက်ချထားမှုအသစ်ထွက်ပေါ်လာခြင်းဖြစ်သည်။
ထို့ပြင် အမေရိကန်သည် စစ်မျက်နှာစာနှစ်ခုဖွင့်ထားသည့်အစ္စရေးကို တိုက်ခိုက်ခံရမှုများမှ ကာကွယ်နိုင်ရန် အတွက် ကူညီပေးသွားမည်ဟု ကတိပြုထားကြောင်းလည်းသိရသည်။
Zawgyi Version;
အေရွ႕အလယ္ပိုင္းေဒသ အီရန္နယ္ေျမအနီးသို႔ အေမရိကန္၏ (F-15) တိုက္ေလယာဥ္မ်ား ေရာက္ရွိ
Pika (NP News) - ႏိုဝင္ဘာ ၁ဝ
အေမရိကန္၏ (F-15) တိုက္ေလယာဥ္မ်ားသည္ ႏိုဝင္ဘာလ(၇)ရက္တြင္ အေရွ႕အလယ္ပိုင္းေဒသကို ေရာက္ရွိလာ ခဲ့ၿပီျဖစ္ေၾကာင္း အေမရိကန္ စစ္တပ္က ထုတ္ျပန္ေၾကညာခဲ့သည္။
အီရန္ႏိုင္ငံကို သတိေပးသည့္အေနျဖင့္ အေရွ႕အလယ္ပိုင္းေဒသတြင္ (B-52) ဗုံးႀကဲေလယာဥ္မ်ားအျပင္ အျခား စစ္လက္နက္ပစၥည္းမ်ားကို ျဖန႔္ၾကက္ခ်ထားမည္ျဖစ္ေၾကာင္း အေမရိကန္အစိုးရက ထုတ္ျပန္ေၾကညာခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာတြင္(F-15) တိုက္ေလယာဥ္မ်ား၏ ေရာက္ရွိမႈထြက္ေပၚလာျခင္းျဖစ္သည္။
အေရွ႕အလယ္ပိုင္းေဒသဆိုင္ရာ အေမရိကန္စစ္ဌာနခ်ဳပ္က “ဒီေန႔မွာေတာ့ အေမရိကန္ေလတပ္ရဲ႕(F-15) တိုက္ေလယာဥ္ေတြဟာ အေမရိကန္ ဗဟိုကြပ္ကဲမႈဌာန တာဝန္က်ရာေနရာကို ေရာက္ရွိလာပါၿပီ” ဟု ေျပာဆိုခဲ့ သည္။ ဗုံးႀကဲေလယာဥ္မ်ား၊ တိုက္ေလယာဥ္မ်ား၊ ဆီျဖည့္ေလယာဥ္မ်ားႏွင့္ ပဲ့ထိန္းဒုံးက်ည္ကာကြယ္ေရးဖ်က္ သေဘၤာမ်ားကို အေရွ႕အလယ္ပိုင္းေဒသသို႔ ေစလႊတ္ထားေၾကာင္း အေမရိကန္အစိုးရက ၿပီးခဲ့သည့္ ႏိုဝင္ဘာလ(၁) ရက္တြင္ ထုတ္ျပန္ေၾကညာခဲ့သည္။
ပင္တဂြန္စစ္ဌာနခ်ဳပ္ေျပာေရးဆိုခြင့္ရွိသူ ေလတပ္ဗိုလ္ခ်ဳပ္ႀကီး ပက္႐ိုက္ဒါက “အီရန္နဲ႔ ၎ရဲ႕မိတ္ဖက္ႏိုင္ငံေတြ ဒါမွမဟုတ္ အီရန္ေက်ာေထာက္ေနာက္ခံျပဳလက္နက္ကိုင္အဖြဲ႕ေတြဟာ ေဒသအတြင္းမွာရွိတဲ့ အေမရိကန္ တပ္ဖြဲ႕ဝင္ေတြ ဒါမွမဟုတ္ အက်ိဳးစီးပြားေတြကို ပစ္မွတ္ထားဖို႔အတြက္ ဒီအခိုက္အတန႔္ကို အသုံးျပဳခဲ့မယ္ဆိုရင္ ကြၽန္ေတာ္တို႔ျပည္သူေတြကို ကာကြယ္ဖို႔အတြက္ လုပ္ေဆာင္ဖို႔လိုအပ္တဲ့အစီအစဥ္ေတြအားလုံးကို အေမရိကန္က လုပ္ေဆာင္သြားမွာပါ” ဟု ေျပာခဲ့သည္။
အစၥေရး-ဟားမတ္စ္ စစ္ပြဲစတင္ခဲ့သည့္ (၂၀၂၃) ခုႏွစ္ ေအာက္တိုဘာလမွ စတင္ၿပီး ၿပီးခဲ့သည့္ႏွစ္အတြင္း အေမရိကန္၏ ေလယာဥ္တင္သေဘၤာႏွစ္စင္းသည္ အေရွ႕အလယ္ပိုင္းေဒသတြင္ ရွိေနခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။ ၿပီးခဲ့သည့္ေအာက္တိုဘာလတြင္ အီရန္ ႏွင့္ အစၥေရးၾကား တိုက္႐ိုက္အျပန္အလွန္ပစ္ခတ္မႈမ်ား ျဖစ္ပြားခဲ့ၿပီးေနာက္ အေမရိကန္ စစ္တပ္၏ ျဖန႔္ၾကက္ခ်ထားမႈအသစ္ထြက္ေပၚလာျခင္းျဖစ္သည္။
ထို႔ျပင္ အေမရိကန္သည္ စစ္မ်က္ႏွာစာႏွစ္ခုဖြင့္ထားသည့္အစၥေရးကို တိုက္ခိုက္ခံရမႈမ်ားမွ ကာကြယ္ႏိုင္ရန္ အတြက္ ကူညီေပးသြားမည္ဟု ကတိျပဳထားေၾကာင္းလည္းသိရသည္။