မြောက်ကိုရီးယားနဲ့အပြန်အလှန်ကာကွယ်ရေးဆိုင်ရာသဘောတူစာချုပ်ကို ဥပဒေအဖြစ် ရုရှားသမ္မတ လက်မှတ်ရေးထိုး

 358

Pika (NP News) - နိုဝင်ဘာ ၁ဝ

ရုရှားသမ္မတပူတင်ဟာ မြောက်ကိုရီးယားနိုင်ငံနဲ့ အပြန်အလှန်ကာကွယ်ရေးဆိုင်ရာပြဋ္ဌာန်းချက်တွေပါဝင်တဲ့ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးသဘောတူစာချုပ်ကို ဥပဒေအဖြစ် တရားဝင်လက်မှတ်ရေးထိုးခဲ့တယ် လို့ သိရပါတယ်။
ပြီးခဲ့တဲ့ဇွန်လတုန်းက ပူတင်နဲ့မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းတို့ လက်မှတ်ရေးထိုးခဲ့တဲ့ ကာကွယ်ရေး သဘောတူစာချုပ်အရ လက်နက်ကိုင်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့မယ်ဆိုရင် တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် အကူအညီတွေပေးဖို့ ကတိပြုထားကြတာဖြစ်တယ်လို့လည်း သိရပါတယ်။

ရုရှားအထက်လွှတ်တော်ဟာ အဲဒီသဘောတူစာချုပ်ကို ယခုသီတင်းပတ်အတွင်း တရားဝင်အတည်ပြုပေးခဲ့ပြီး အောက်လွှတ်တော်က ပြီးခဲ့တဲ့လမှာ ထောက်ခံပေးခဲ့တယ်လို့လည်း သိရပါတယ်။ ဥပဒေပြုရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းတွေကို အလေးပေးဖော်ပြတဲ့ အစိုးရဝက်ဘ်ဆိုက်တစ်ခုမှာ တင်ထားတဲ့ အဲဒီအတည်ပြုချက်ကို ပူတင်က လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
အဲဒီသဘောတူစာချုပ်ဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှား-ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ရုရှားနဲ့ မြောက်ကိုရီးယားတို့ကြား ပိုမိုနီးကပ်တဲ့ဆက်ဆံရေးတွေကို ပေါင်းစည်းထားတဲ့ သဘောတူစာချုပ်တစ်ခုဖြစ်တယ် လို့လည်း သိရပါတယ်။ဒါ့ပြင် ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့အတွက် မြောက်ကိုရီးယားဟာ ရုရှားကို စစ်လက်နက် ပစ္စည်းတွေ ထောက်ပံ့ပေးခဲ့တယ်လို့ တောင်ကိုရီးယားနဲ့အနောက်အုပ်စုနိုင်ငံတွေရဲ့စွပ်စွဲပြောဆိုမှုတွေလည်း ရှိခဲ့ ဖူးပါတယ်။ ဒါပေမယ့်လည်း ရုရှားကို စစ်လက်နက်ပစ္စည်းထောက်ပံ့ပေးတာမျိုး မရှိခဲ့ဘူးလို့ မြောက်ကိုရီးယား အစိုးရက ပြန်လည်ငြင်းဆိုခဲ့ပါတယ်။ ယူကရိန်းနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲမှာ ရုရှားဘက်ကနေ ပါဝင်တိုက်ခိုက်ပေးဖို့ အတွက် မြောက်ကိုရီးယားဟာ ၎င်းရဲ့စစ်သားတွေကို ရုရှားကို စေလွှတ်ခဲ့တယ်ဆိုတဲ့ အနောက်အုပ်စုနိုင်ငံတွေရဲ့ စွပ်စွဲပြောဆိုချက်တွေ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထွက်ပေါ်လာခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း အနောက်အုပ်စုနိုင်ငံတွေရဲ့ စွပ်စွဲပြောဆိုချက်တွေကို ရုရှားနဲ့ မြောက်ကိုရီးယားတို့က အတည်ပြုတာမျိုး ဒါမှမဟုတ် ငြင်းဆိုတာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။

Zawgyi Version;
ေျမာက္ကိုရီးယားနဲ႔အျပန္အလွန္ကာကြယ္ေရးဆိုင္ရာသေဘာတူစာခ်ဳပ္ကို ဥပေဒအျဖစ္ ႐ုရွားသမၼတ လက္မွတ္ေရးထိုး
Pika (NP News) - ႏိုဝင္ဘာ ၁ဝ

႐ုရွားသမၼတပူတင္ဟာ ေျမာက္ကိုရီးယားႏိုင္ငံနဲ႔ အျပန္အလွန္ကာကြယ္ေရးဆိုင္ရာျပ႒ာန္းခ်က္ေတြပါဝင္တဲ့ မဟာဗ်ဴဟာေျမာက္မိတ္ဖက္ဆက္ဆံေရးသေဘာတူစာခ်ဳပ္ကို ဥပေဒအျဖစ္ တရားဝင္လက္မွတ္ေရးထိုးခဲ့တယ္ လို႔ သိရပါတယ္။
ၿပီးခဲ့တဲ့ဇြန္လတုန္းက ပူတင္နဲ႔ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းတို႔ လက္မွတ္ေရးထိုးခဲ့တဲ့ ကာကြယ္ေရး သေဘာတူစာခ်ဳပ္အရ လက္နက္ကိုင္တိုက္ခိုက္မႈေတြျဖစ္ပြားခဲ့မယ္ဆိုရင္ တစ္ဖက္နဲ႔တစ္ဖက္ အျပန္အလွန္ အကူအညီေတြေပးဖို႔ ကတိျပဳထားၾကတာျဖစ္တယ္လို႔လည္း သိရပါတယ္။

႐ုရွားအထက္လႊတ္ေတာ္ဟာ အဲဒီသေဘာတူစာခ်ဳပ္ကို ယခုသီတင္းပတ္အတြင္း တရားဝင္အတည္ျပဳေပးခဲ့ၿပီး ေအာက္လႊတ္ေတာ္က ၿပီးခဲ့တဲ့လမွာ ေထာက္ခံေပးခဲ့တယ္လို႔လည္း သိရပါတယ္။ ဥပေဒျပဳေရးဆိုင္ရာ လုပ္ထုံး လုပ္နည္းေတြကို အေလးေပးေဖာ္ျပတဲ့ အစိုးရဝက္ဘ္ဆိုက္တစ္ခုမွာ တင္ထားတဲ့ အဲဒီအတည္ျပဳခ်က္ကို ပူတင္က လက္မွတ္ေရးထိုးခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
အဲဒီသေဘာတူစာခ်ဳပ္ဟာ ၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလမွာ ႐ုရွား-ယူကရိန္းစစ္ပြဲစတင္ျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း ႐ုရွားနဲ႔ ေျမာက္ကိုရီးယားတို႔ၾကား ပိုမိုနီးကပ္တဲ့ဆက္ဆံေရးေတြကို ေပါင္းစည္းထားတဲ့ သေဘာတူစာခ်ဳပ္တစ္ခုျဖစ္တယ္ လို႔လည္း သိရပါတယ္။ဒါ့ျပင္ ယူကရိန္းစစ္ပြဲမွာ အသုံးျပဳဖို႔အတြက္ ေျမာက္ကိုရီးယားဟာ ႐ုရွားကို စစ္လက္နက္ ပစၥည္းေတြ ေထာက္ပံ့ေပးခဲ့တယ္လို႔ ေတာင္ကိုရီးယားနဲ႔အေနာက္အုပ္စုႏိုင္ငံေတြရဲ႕စြပ္စြဲေျပာဆိုမႈေတြလည္း ရွိခဲ့ ဖူးပါတယ္။ ဒါေပမယ့္လည္း ႐ုရွားကို စစ္လက္နက္ပစၥည္းေထာက္ပံ့ေပးတာမ်ိဳး မရွိခဲ့ဘူးလို႔ ေျမာက္ကိုရီးယား အစိုးရက ျပန္လည္ျငင္းဆိုခဲ့ပါတယ္။ ယူကရိန္းနဲ႔ျဖစ္ပြားေနတဲ့စစ္ပြဲမွာ ႐ုရွားဘက္ကေန ပါဝင္တိုက္ခိုက္ေပးဖို႔ အတြက္ ေျမာက္ကိုရီးယားဟာ ၎ရဲ႕စစ္သားေတြကို ႐ုရွားကို ေစလႊတ္ခဲ့တယ္ဆိုတဲ့ အေနာက္အုပ္စုႏိုင္ငံေတြရဲ႕ စြပ္စြဲေျပာဆိုခ်က္ေတြ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထြက္ေပၚလာခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါေပမယ့္လည္း အေနာက္အုပ္စုႏိုင္ငံေတြရဲ႕ စြပ္စြဲေျပာဆိုခ်က္ေတြကို ႐ုရွားနဲ႔ ေျမာက္ကိုရီးယားတို႔က အတည္ျပဳတာမ်ိဳး ဒါမွမဟုတ္ ျငင္းဆိုတာမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.