ပါကစ္စတန်နိုင်ငံက ရထားဘူတာရုံတစ်ခုမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၂၄)ဦး သေဆုံး

 201

Pika (NP News) - နိုဝင်ဘာ ၁ဝ

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Quetta မြို့မှာရှိတဲ့ ရထားဘူတာရုံတစ်ခုမှာ နိုဝင်ဘာလ(၉)ရက်က ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းလူ(၂၄)ဦးသေဆုံးခဲ့ပြီး အခြားလူ(၄၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ အခြားအရာရှိတွေက ပြောကြားခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံဟာ တောင်ဘက်က ခွဲထွက်ရေးလက်နက်ကိုင်အဖွဲ့နဲ့ အနောက်မြောက်ဘက်က အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့တွေရဲ့တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။ ရထားဘူတာရုံမှာ ဗုံးပေါက်ကွဲမှု ကြောင့် လက်ရှိအချိန်အထိ အနည်းဆုံးလူ(၂၄)ဦးသေဆုံးထားတယ်လို့ ဘလိုချီစတန်ပြည်နယ် ရဲတပ်ဖွဲ့ စစ်ဆေးရေးမှူးချုပ် Mouzzam Jah Ansari က ပြောကြားခဲ့ပါတယ်။

၎င်းက "အဓိကပစ်မှတ်ထားခံခဲ့ရတာက ခြေလျင်ကျောင်းက တပ်မတော်သားတွေပါ။ ထိခိုက်ဒဏ်ရာရရှိတဲ့လူတွေ ထဲက အများအပြားဟာ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပါတယ်။ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့လူတွေအားလုံးကို ဆေးရုံကို ပို့ဆောင်ထားပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။
အဲဒီဗုံးပေါက်ကွဲမှုဟာ အသေခံဗုံးတစ်လုံးကြောင့်လို့ ယူဆရပြီး နောက်ထပ်အသေးစိတ်အချက်အလက်တွေကို သိရဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ ရဲတပ်ဖွဲ့ရဲ့အကြီးတန်းစစ်ဆင်ရေး အကြီးအကဲ Muhammad Baloch က ပြောကြားခဲ့ပါတယ်။
Muhammad Baloch က "Peshawar-bound အမြန်ရထားဟာ ၎င်းရဲ့ဦးတည်ရာနေရာကို မထွက်ခွာခင် ရထားဘူတာရုံမှာ ရှိနေစဉ်အချိန်အတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်" လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့ကမှ ၎င်းတို့မှာ တာဝန်ရှိတယ်လို့ ထုတ်ဖော်ပြောကြား ထားတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။

Zawgyi Version;
ပါကစၥတန္ႏိုင္ငံက ရထားဘူတာ႐ုံတစ္ခုမွာ ဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး အနည္းဆုံးလူ(၂၄)ဦး ေသဆုံး
Pika (NP News) - ႏိုဝင္ဘာ ၁ဝ

ပါကစၥတန္ႏိုင္ငံ အေနာက္ေတာင္ပိုင္း Quetta ၿမိဳ႕မွာရွိတဲ့ ရထားဘူတာ႐ုံတစ္ခုမွာ ႏိုဝင္ဘာလ(၉)ရက္က ဗုံးေပါက္ကြဲမႈတစ္ခုျဖစ္ပြားခဲ့ရာ အနည္းလူ(၂၄)ဦးေသဆုံးခဲ့ၿပီး အျခားလူ(၄၀)ေက်ာ္ ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ရဲတပ္ဖြဲ႕နဲ႔ အျခားအရာရွိေတြက ေျပာၾကားခဲ့ပါတယ္။

ပါကစၥတန္ႏိုင္ငံဟာ ေတာင္ဘက္က ခြဲထြက္ေရးလက္နက္ကိုင္အဖြဲ႕နဲ႔ အေနာက္ေျမာက္ဘက္က အစၥလာမ္မစ္ စစ္ေသြးႂကြအဖြဲ႕ေတြရဲ႕တိုက္ခိုက္မႈေတြနဲ႔ ရင္ဆိုင္ေနရတာလည္းျဖစ္ပါတယ္။ ရထားဘူတာ႐ုံမွာ ဗုံးေပါက္ကြဲမႈ ေၾကာင့္ လက္ရွိအခ်ိန္အထိ အနည္းဆုံးလူ(၂၄)ဦးေသဆုံးထားတယ္လို႔ ဘလိုခ်ီစတန္ျပည္နယ္ ရဲတပ္ဖြဲ႕ စစ္ေဆးေရးမႉးခ်ဳပ္ Mouzzam Jah Ansari က ေျပာၾကားခဲ့ပါတယ္။

၎က "အဓိကပစ္မွတ္ထားခံခဲ့ရတာက ေျခလ်င္ေက်ာင္းက တပ္မေတာ္သားေတြပါ။ ထိခိုက္ဒဏ္ရာရရွိတဲ့လူေတြ ထဲက အမ်ားအျပားဟာ စိုးရိမ္ရတဲ့အေျခအေနမွာ ရွိေနပါတယ္။ ထိခိုက္ဒဏ္ရာရရွိခဲ့တဲ့လူေတြအားလုံးကို ေဆး႐ုံကို ပို႔ေဆာင္ထားပါတယ္" လို႔ ေျပာဆိုခဲ့ပါတယ္။
အဲဒီဗုံးေပါက္ကြဲမႈဟာ အေသခံဗုံးတစ္လုံးေၾကာင့္လို႔ ယူဆရၿပီး ေနာက္ထပ္အေသးစိတ္အခ်က္အလက္ေတြကို သိရဖို႔အတြက္ စုံစမ္းစစ္ေဆးမႈေတြကို ဆက္လက္လုပ္ေဆာင္ေနတယ္လို႔ ရဲတပ္ဖြဲ႕ရဲ႕အႀကီးတန္းစစ္ဆင္ေရး အႀကီးအကဲ Muhammad Baloch က ေျပာၾကားခဲ့ပါတယ္။
Muhammad Baloch က "Peshawar-bound အျမန္ရထားဟာ ၎ရဲ႕ဦးတည္ရာေနရာကို မထြက္ခြာခင္ ရထားဘူတာ႐ုံမွာ ရွိေနစဥ္အခ်ိန္အတြင္း ဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့တာျဖစ္ပါတယ္" လို႔ ေျပာခဲ့ပါတယ္။ ဒါေပမယ့္လည္း အဲဒီဗုံးေပါက္ကြဲမႈနဲ႔ပတ္သက္ၿပီး ဘယ္အဖြဲ႕ကမွ ၎တို႔မွာ တာဝန္ရွိတယ္လို႔ ထုတ္ေဖာ္ေျပာၾကားထားတာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.