အများပြည်သူရုံးပိတ်ရက်များကို မှားယွင်းဖော်ပြထားသည့် ပြက္ခဒိန်ထုတ်ဝေသူများအား ခေါ်ယူသတိပေး
27310
နာမူ (NP News) - နိုဝင်ဘာ ၁ဝ
အများပြည်သူရုံးပိတ်ရက်များကို မှားယွင်းဖော်ပြထားသည့် ပြက္ခဒိန်ထုတ်ဝေသူများအား ခေါ်ယူသတိပေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ် နှင့် ၂၀၂၅ ခုနှစ်များအတွက် ထုတ်ဝေသော အောက်ဖော်ပြပါ ပြက္ခဒိန်များတွင် အများပြည်သူရုံးပိတ်ရက်များကို မှားယွင်းဖော်ပြထားသည်ကိုတွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။
မှားယွင်းဖော်ပြခဲ့သော ထုတ်ဝေသူများ နှင့် ပြက္ခဒိန်အမည်များမှာ ရွှေနိုင်ငံပိုစတာနှင့် စာပေဖြန့်ချိရေးမှ ဦးမောင်မောင်လှက ၂၀၂၄ ခုနှစ် ရွှေနိုင်ငံပြက္ခဒိန် ၊ ရွှေဝင်းဝါစာပေမှ ဦးလှဝင်းက ၂၀၂၄ ခုနှစ် စန်းမြမြ တရုတ်-အင်္ဂလိပ်-မြန်မာ သုံးဘာသာပြက္ခဒိန် နှင့် ၂၀၂၄ ခုနှစ် ရွှေနှစ်သစ်ပြက္ခဒိန်၊ အောင်မျိုးစာပေမှ ဦးအောင်မျိုးသန့်က ၂၀၂၄ ခုနှစ် ဝေဒိကပြက္ခဒိန် နှင့် ၂၀၂၄ ခုနှစ် ရှေးဟောင်းသမိုင်းဝင်မွေတော်ကက္ကူဘုရား ပြက္ခဒိန်တို့ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အစ္စလာမ့်မီးတိုက်စာပေမှ ဦးမိုဟာမက်ဆာလာဟူဒင်က ၂၀၂၄ ခုနှစ် အစ္စလာမ့်မီးအိမ် ပြက္ခဒိန်၊ မြတ်သဇင်စာပေမှ ဦးချစ်ဆွေက ၂၀၂၅ ခုနှစ် ရွှေပြည်သာမြို့နယ် အစ္စလာမ်ဘာသာရေးအကျိုးဆောင်အဖွဲ့၊ မြို့နယ် မွတ်စလင်သာရေး၊ နာရေး အသင်းပြက္ခဒိန်နှင့် ၂၀၂၅ ခုနှစ် ဟချ်နှင့် အွမ္မ်ရာဟ်ခရီးသွားလမ်းညွှန် အစ္စလာမ်ဘာသာ ရေး ပြက္ခဒိန်၊ ဆွေသဟာစာပေမှ ဦးမျိုးသိန်းက ၂၀၂၅ ခုနှစ် အောင်မဟာ မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်တို့လည်း ပါဝင်ကြောင်း သိရသည်။
ထို့ကြောင့် မှားယွင်းစွာဖော်ပြထားသော ထုတ်ဝေသူများကို ပြန်ကြားရေးဝန်ကြီးဌာနမှ ခေါ်ယူ၍ အများပြည်သူ ရုံးပိတ်ရက်များကို မှန်ကန်စွာဖော်ပြထုတ်ဝေရန် သတိပေးမှတ်တမ်းတင်ကာ ဝန်ခံကတိလက်မှတ်ရေးထိုးစေခဲ့ကြောင်း သိရသည်။
အဆိုပါပြက္ခဒိန်များတွင် ယခုနှစ်၊ နိုဝင်ဘာ ၁၄ ရက် (ကြသပတေးနေ့)၊ ၂၀၂၅ ခုနှစ် ဇွန်လ ၁၀ ရက်၊ ဒီဇင်ဘာလ ၄ ရက်၊ စက်တင်ဘာလ ၂၉ ရက် နှင့် ဒီဇင်ဘာလ ၂၉ ရက်တို့သည် အမှန်တကယ် အများပြည်သူရုံးပိတ်ရက်များ မဟုတ် ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက အသိပေးထားသည်။
ပြန်ကြားရေးဝန်ကြီးဌာနသည် ၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်း နှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ ၊ နည်းဥပဒေများနှင့်အညီ ပုံနှိပ်ခြင်း နှင့် ထုတ်ဝေခြင်းလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Zawgyi Version;
အမ်ားျပည္သူ႐ုံးပိတ္ရက္မ်ားကို မွားယြင္းေဖာ္ျပထားသည့္ ျပကၡဒိန္ထုတ္ေဝသူမ်ားအား ေခၚယူသတိေပး
နာမူ (NP News) - ႏိုဝင္ဘာ ၁ဝ
အမ်ားျပည္သူ႐ုံးပိတ္ရက္မ်ားကို မွားယြင္းေဖာ္ျပထားသည့္ ျပကၡဒိန္ထုတ္ေဝသူမ်ားအား ေခၚယူသတိေပးခဲ့ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
ျပန္ၾကားေရးဝန္ႀကီးဌာနအေနျဖင့္ ၂၀၂၄ ခုႏွစ္ ႏွင့္ ၂၀၂၅ ခုႏွစ္မ်ားအတြက္ ထုတ္ေဝေသာ ေအာက္ေဖာ္ျပပါ ျပကၡဒိန္မ်ားတြင္ အမ်ားျပည္သူ႐ုံးပိတ္ရက္မ်ားကို မွားယြင္းေဖာ္ျပထားသည္ကိုေတြ႕ရွိရေၾကာင္း ထုတ္ျပန္ထားသည္။
မွားယြင္းေဖာ္ျပခဲ့ေသာ ထုတ္ေဝသူမ်ား ႏွင့္ ျပကၡဒိန္အမည္မ်ားမွာ ေ႐ႊႏိုင္ငံပိုစတာႏွင့္ စာေပျဖန႔္ခ်ိေရးမွ ဦးေမာင္ေမာင္လွက ၂၀၂၄ ခုႏွစ္ ေ႐ႊႏိုင္ငံျပကၡဒိန္ ၊ ေ႐ႊဝင္းဝါစာေပမွ ဦးလွဝင္းက ၂၀၂၄ ခုႏွစ္ စန္းျမျမ တ႐ုတ္-အဂၤလိပ္-ျမန္မာ သုံးဘာသာျပကၡဒိန္ ႏွင့္ ၂၀၂၄ ခုႏွစ္ ေ႐ႊႏွစ္သစ္ျပကၡဒိန္၊ ေအာင္မ်ိဳးစာေပမွ ဦးေအာင္မ်ိဳးသန႔္က ၂၀၂၄ ခုႏွစ္ ေဝဒိကျပကၡဒိန္ ႏွင့္ ၂၀၂၄ ခုႏွစ္ ေရွးေဟာင္းသမိုင္းဝင္ေမြေတာ္ကကၠဴဘုရား ျပကၡဒိန္တို႔ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ အစၥလာမ့္မီးတိုက္စာေပမွ ဦးမိုဟာမက္ဆာလာဟူဒင္က ၂၀၂၄ ခုႏွစ္ အစၥလာမ့္မီးအိမ္ ျပကၡဒိန္၊ ျမတ္သဇင္စာေပမွ ဦးခ်စ္ေဆြက ၂၀၂၅ ခုႏွစ္ ေ႐ႊျပည္သာၿမိဳ႕နယ္ အစၥလာမ္ဘာသာေရးအက်ိဳးေဆာင္အဖြဲ႕၊ ၿမိဳ႕နယ္ မြတ္စလင္သာေရး၊ နာေရး အသင္းျပကၡဒိန္ႏွင့္ ၂၀၂၅ ခုႏွစ္ ဟခ်္ႏွင့္ အြမၼ္ရာဟ္ခရီးသြားလမ္းၫႊန္ အစၥလာမ္ဘာသာ ေရး ျပကၡဒိန္၊ ေဆြသဟာစာေပမွ ဦးမ်ိဳးသိန္းက ၂၀၂၅ ခုႏွစ္ ေအာင္မဟာ မဂၤလာအခါေပးေဗဒင္ ျပကၡဒိန္တို႔လည္း ပါဝင္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ မွားယြင္းစြာေဖာ္ျပထားေသာ ထုတ္ေဝသူမ်ားကို ျပန္ၾကားေရးဝန္ႀကီးဌာနမွ ေခၚယူ၍ အမ်ားျပည္သူ ႐ုံးပိတ္ရက္မ်ားကို မွန္ကန္စြာေဖာ္ျပထုတ္ေဝရန္ သတိေပးမွတ္တမ္းတင္ကာ ဝန္ခံကတိလက္မွတ္ေရးထိုးေစခဲ့ေၾကာင္း သိရသည္။
အဆိုပါျပကၡဒိန္မ်ားတြင္ ယခုႏွစ္၊ ႏိုဝင္ဘာ ၁၄ ရက္ (ၾကသပေတးေန႔)၊ ၂၀၂၅ ခုႏွစ္ ဇြန္လ ၁၀ ရက္၊ ဒီဇင္ဘာလ ၄ ရက္၊ စက္တင္ဘာလ ၂၉ ရက္ ႏွင့္ ဒီဇင္ဘာလ ၂၉ ရက္တို႔သည္ အမွန္တကယ္ အမ်ားျပည္သူ႐ုံးပိတ္ရက္မ်ား မဟုတ္ ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာနက အသိေပးထားသည္။
ျပန္ၾကားေရးဝန္ႀကီးဌာနသည္ ၂၀၁၄ ခုႏွစ္၊ ပုံႏွိပ္ျခင္း ႏွင့္ ထုတ္ေဝျခင္း လုပ္ငန္းဥပေဒ ၊ နည္းဥပေဒမ်ားႏွင့္အညီ ပုံႏွိပ္ျခင္း ႏွင့္ ထုတ္ေဝျခင္းလုပ္ငန္းမ်ားကို ႀကီးၾကပ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။